Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 27, 2018

ခ်ယ္ရီဦးကုမၸဏီရဲ႕ နာရီအလုံး (၉၀၀)ေက်ာ္ လိမ္လည္ တင္သြင္းမႈျကီ

ခ်ယ္ရီဦးကုမၺဏီက Romanson နာရီအလံုး ၉၀၀ေက်ာ္ လိမ္လည္တင္သြင္းမႈ ျပည္ေထာင္စုအစိုးရအဖြဲ႔မွ ျပန္လည္စစ္ေဆးမည္
—- — —- —
Naing မိသားစုပိုင္ နာမည္ေက်ာ္ ခ်ယ္ရီဦးနာရီကုမၺဏီက ဆြစ္ဇာလန္နိုင္ငံလုပ္ ကမၻာေက်ာ္နာရီအမွတ္တံဆိပ္ျဖစ္သည့္ Romanson နာရီအလံုး ၉၀၀ ေက်ာ္ကို ျပဳလုပ္သည့္ နိုင္ငံအမွတ္အသားမပါဘဲ ကိုရီးယားနိုင္ငံထုတ္ဟု တင္သြင္းလာမႈကို ျပည္ေထာင္စုအစိုးရအဖြဲ႔မွ အစမွအဆံုး ျပန္လည္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၃ ရက္ေန႔က ေလေၾကာင္းမွတဆင့္ ခ်ယ္ရီဦးကုမၺဏီအမည္ျဖင့္တင္သြင္းလာေသာ နာရီမ်ားကို ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ တာ၀န္က်ေသာအေကာက္ခြန္ဌာနႏွင့္ Mobile Team အဖြဲ႔တို႔ ပူးေပါင္းစစ္ေဆးခဲ့ရာ လိုင္စင္ႏွင့္ အေရအတြက္တူေသာ္လည္း ထုတ္လုပ္သည့္နိုင္ငံ(Made In)မပါရွိသည့္နာရီအလံုး ၈၀၀ႏွင့္ ဆြစ္ဇာလန္နိုင္ငံထုတ္(Swiss Made)ပါ နာရီ ၁၃၇လံုး စုစုေပါင္း နာရီ ၉၃၇လံုး စစ္ေဆးေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

“အေကာက္ခြန္စစ္ေဆးေရးအဖြဲ႔၀င္ ဒုအေကာက္ခြန္မွဴးဦးျဖိဳးစံက စစ္ေဆးေတြ႔ရွိမႈကင္းရွင္းတယ္ဆိုုျပီး လက္မွတ္ထိုးေပးလိုက္ေတာ့ နာရီေတြအားလံုး ကုမၺဏီက ထုတ္ယူသြားတယ္၊ သူ႕အေနနဲ႔ ဒုအေကာက္ခြန္မွဴးဆိုေပမယ့္ Mobile Team အဖြဲ႔က တာ၀န္ခံမဟုတ္ဘူး၊ အဲဒါကို က်ေနာ္တို႔နဲ႔ မတိုင္ပင္ဘဲ ဒီအတိုင္း တာ၀န္ေပါ့ေလ်ာ့စြာ လက္မွတ္ထိုးေပးလိုက္တယ္၊

အခု သူ႕ကိုလည္း သက္ဆိုင္ရာဌာနက အေရးယူထားတယ္၊ ကိစၥကို အစအဆံုးျပန္စစ္ေဆးဖို႔ ျပည္ေထာင္စုအစိုးရအဖြဲ႔ကို စာတင္လိုက္တယ္၊ အခု ျဖစ္စဥ္အားလံုးကို သက္ဆိုင္ရာဌာနဆိုင္ရာအားလံုးပူးေပါင္းစစ္ေဆးမယ္”ဟု စီးပြား/ကူးသန္း၀န္ၾကီးဌာန၊ Mobile Team စစ္ေဆးေရးအဖြဲ႔မွ ညႊန္ၾကားေရးမွဴးဦးတင္ရဲ၀င္း က ေျပာသည္။

တင္သြင္းလာသည့္နာရီမ်ားအနက္ ၁၃၇လံုးမွာ ဆြစ္ဇာလန္နိုင္ငံထုတ္ျဖစ္ေၾကာင္း၊ နာရီဒိုင္ခြက္ႏွင့္ ေအာက္ခံအဖံုးတို႔တြင္ အထင္အရွားပါရွိေသာ္လည္း အေကာက္ခြန္တာ၀န္ရွိသူက ကိုရီးယားထုတ္ဟုသတ္မွတ္ကာ ထုတ္ယူခြင့္ျပဳခဲ့သလို က်န္အလံုး ၈၀၀မွာလည္း နာရီဒိုင္ခြက္တြင္ Romanson တံဆိပ္သာပါရွိသည့္အတြက္ ျမန္မာနိုင္ငံေရာက္မွ ဆြစ္ဇာလန္မွ ထုတ္သည္ဟု ရုိတ္ႏွိပ္ကာ ေစ်းတင္ေရာင္းခ်နိုင္ေသာေၾကာင့္ တိုင္းျပည္အတြက္မ်ားစြာ နစ္နာေၾကာင္း၊ တင္သြင္းတန္ဖိုးမွာလည္း ေဒၚလာ ၄၀ သာ ျဖစ္သည့္အတြက္ Romanson အစစ္ျဖစ္ရန္ မေသခ်ာေၾကာင္း ညႊန္မွဴးက ဆက္လက္ေျပာၾကားသည္။

“Romanson ဆိုတာ တကယ့္ကမၻာေက်ာ္ Swiss တံဆိပ္အမွတ္အသားပါ၊ တလံုးကို အနည္းဆံုး ၁ သိန္းခြဲကေန အမ်ားဆံုး ၆ သိန္းအထိ တန္ေၾကးရွိတယ္၊ အဲဒါကို တဖက္နိုင္ငံကေန ဘယ္နိုင္ငံထုတ္လုပ္တယ္ဆိုတာ မပါဘဲနဲ႔ ဒီအတိုင္းေစ်းေပါေပါနာရီေတြ တင္သြင္းလာျပီး ဒီေရာက္မွ Swiss Made လို႔ကပ္ျပီး ေစ်းတင္ေရာင္းခ်လိုက္ရင္ေတာ့ ျပည္သူေတြနစ္နာပါလိမ့္မယ္၊ အဲဒါေၾကာင့္ ဘရန္းဆိုတိုင္း အတုအစစ္ခြဲျခားတတ္တဲ့ တတ္ကြ်မ္းသူနဲ႔ တိုင္ပင္ျပီးမွ ၀ယ္သင့္တယ္”ဟု မဟာဗႏၶဳလလမ္းရွိ နာရီအေရာင္းဆိုင္တဆိုင္မွ အေရာင္းမန္ေနဂ်ာတဦးက အၾကံျပဳသည္။

ခ်ယ္ရီဦးကုမၺဏီသည္ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္၊ ေမာ္လျမိဳင္ျမိဳ႕တို႔တြင္ နာရီအေရာင္းျပခန္းမ်ားစြာ ဖြင့္လွစ္ေရာင္းခ်ေနေသာ သက္တမ္းရင့္ နာရီအေရာင္းဆိုင္တဆိုင္ျဖစ္ျပီး Swiss Made နာရီမ်ားကို ျမန္မာနိုင္ငံကိုယ္စားလွယ္အေနႏွင့္ ၀ယ္ယူေရာင္းခ်ေနေသာ ဆိုင္ျဖစ္ေၾကာင္း သိရသည္။

“နာရီခြက္ႏွင့္ ဒိုင္ခြက္ေတြက Swiss Made ေတြပါ၊ ကိုရီးယားနိုင္ငံမွာ တပ္ဆင္ျပီး ျမန္မာနိုင္ငံကိုတဆင့္ ျပန္သြင္းပါတယ္၊ အခုျပႆနာႏွင့္ ပတ္သက္လို႔ ဘာမွ မသိရွိပါဘူး”ဟု ခ်ယ္ရီဦးအေရာင္းတာ၀န္ခံတဦးက ဆိုသည္။

  ျမတ္ထြဋ္ေက်ာ္ SNM Media
# Unicode Version ျဖင့္ ဖတ္ပါ #
ချယ်ရီဦးကုမ္ဗဏီက Romanson နာရီအလုံး ၉၀၀ကျော် လိမ်လည်တင်သွင်းမှု ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြန်လည်စစ်ဆေးမည်
—- — —- —
Naing မိသားစုပိုင် နာမည်ကျော် ချယ်ရီဦးနာရီကုမ္ဗဏီက ဆွစ်ဇာလန်နိုင်ငံလုပ် ကမ္ဘာကျော်နာရီအမှတ်တံဆိပ်ဖြစ်သည့် Romanson နာရီအလုံး ၉၀၀ ကျော်ကို ပြုလုပ်သည့် နိုင်ငံအမှတ်အသားမပါဘဲ ကိုရီးယားနိုင်ငံထုတ်ဟု တင်သွင်းလာမှုကို ပြည်ထောင်စုအစိုးရအဖွဲ့မှ အစမှအဆုံး ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၃ ရက်နေ့က လေကြောင်းမှတဆင့် ချယ်ရီဦးကုမ္ဗဏီအမည်ဖြင့်တင်သွင်းလာသော နာရီများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ကျသောအကောက်ခွန်ဌာနနှင့် Mobile Team အဖွဲ့တို့ ပူးပေါင်းစစ်ဆေးခဲ့ရာ လိုင်စင်နှင့် အရေအတွက်တူသော်လည်း ထုတ်လုပ်သည့်နိုင်ငံ(Made In)မပါရှိသည့်နာရီအလုံး ၈၀၀နှင့် ဆွစ်ဇာလန်နိုင်ငံထုတ်(Swiss Made)ပါ နာရီ ၁၃၇လုံး စုစုပေါင်း နာရီ ၉၃၇လုံး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အကောက်ခွန်စစ်ဆေးရေးအဖွဲ့ဝင် ဒုအကောက်ခွန်မှူးဦးဖြိုးစံက စစ်ဆေးတွေ့ရှိမှုကင်းရှင်းတယ်ဆိုပြီး လက်မှတ်ထိုးပေးလိုက်တော့ နာရီတွေအားလုံး ကုမ္ဗဏီက ထုတ်ယူသွားတယ်၊ သူ့အနေနဲ့ ဒုအကောက်ခွန်မှူးဆိုပေမယ့် Mobile Team အဖွဲ့က တာဝန်ခံမဟုတ်ဘူး၊ အဲဒါကို ကျနော်တို့နဲ့ မတိုင်ပင်ဘဲ ဒီအတိုင်း တာဝန်ပေါ့လျော့စွာ လက်မှတ်ထိုးပေးလိုက်တယ်၊

အခု သူ့ကိုလည်း သက်ဆိုင်ရာဌာနက အရေးယူထားတယ်၊ ကိစ္စကို အစအဆုံးပြန်စစ်ဆေးဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို စာတင်လိုက်တယ်၊ အခု ဖြစ်စဉ်အားလုံးကို သက်ဆိုင်ရာဌာနဆိုင်ရာအားလုံးပူးပေါင်းစစ်ဆေးမယ်”ဟု စီးပွား/ကူးသန်းဝန်ကြီးဌာန၊ Mobile Team စစ်ဆေးရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးတင်ရဲဝင်း က ပြောသည်။

တင်သွင်းလာသည့်နာရီများအနက် ၁၃၇လုံးမှာ ဆွစ်ဇာလန်နိုင်ငံထုတ်ဖြစ်ကြောင်း၊ နာရီဒိုင်ခွက်နှင့် အောက်ခံအဖုံးတို့တွင် အထင်အရှားပါရှိသော်လည်း အကောက်ခွန်တာဝန်ရှိသူက ကိုရီးယားထုတ်ဟုသတ်မှတ်ကာ ထုတ်ယူခွင့်ပြုခဲ့သလို ကျန်အလုံး ၈၀၀မှာလည်း နာရီဒိုင်ခွက်တွင် Romanson တံဆိပ်သာပါရှိသည့်အတွက် မြန်မာနိုင်ငံရောက်မှ ဆွစ်ဇာလန်မှ ထုတ်သည်ဟု ရိုတ်နှိပ်ကာ ဈေးတင်ရောင်းချနိုင်သောကြောင့် တိုင်းပြည်အတွက်များစွာ နစ်နာကြောင်း၊ တင်သွင်းတန်ဖိုးမှာလည်း ဒေါ်လာ ၄၀ သာ ဖြစ်သည့်အတွက် Romanson အစစ်ဖြစ်ရန် မသေချာကြောင်း ညွှန်မှူးက ဆက်လက်ပြောကြားသည်။

“Romanson ဆိုတာ တကယ့်ကမ္ဘာကျော် Swiss တံဆိပ်အမှတ်အသားပါ၊ တလုံးကို အနည်းဆုံး ၁ သိန်းခွဲကနေ အများဆုံး ၆ သိန်းအထိ တန်ကြေးရှိတယ်၊ အဲဒါကို တဖက်နိုင်ငံကနေ ဘယ်နိုင်ငံထုတ်လုပ်တယ်ဆိုတာ မပါဘဲနဲ့ ဒီအတိုင်းဈေးပေါပေါနာရီတွေ တင်သွင်းလာပြီး ဒီရောက်မှ Swiss Made လို့ကပ်ပြီး ဈေးတင်ရောင်းချလိုက်ရင်တော့ ပြည်သူတွေနစ်နာပါလိမ့်မယ်၊ အဲဒါကြောင့် ဘရန်းဆိုတိုင်း အတုအစစ်ခွဲခြားတတ်တဲ့ တတ်ကျွမ်းသူနဲ့ တိုင်ပင်ပြီးမှ ဝယ်သင့်တယ်”ဟု မဟာဗန္ဓုလလမ်းရှိ နာရီအရောင်းဆိုင်တဆိုင်မှ အရောင်းမန်နေဂျာတဦးက အကြံပြုသည်။

ချယ်ရီဦးကုမ္ဗဏီသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်မြို့တို့တွင် နာရီအရောင်းပြခန်းများစွာ ဖွင့်လှစ်ရောင်းချနေသော သက်တမ်းရင့် နာရီအရောင်းဆိုင်တဆိုင်ဖြစ်ပြီး Swiss Made နာရီများကို မြန်မာနိုင်ငံကိုယ်စားလှယ်အနေနှင့် ဝယ်ယူရောင်းချနေသော ဆိုင်ဖြစ်ကြောင်း သိရသည်။

“နာရီခွက်နှင့် ဒိုင်ခွက်တွေက Swiss Made တွေပါ၊ ကိုရီးယားနိုင်ငံမှာ တပ်ဆင်ပြီး မြန်မာနိုင်ငံကိုတဆင့် ပြန်သွင်းပါတယ်၊ အခုပြဿနာနှင့် ပတ်သက်လို့ ဘာမှ မသိရှိပါဘူး”ဟု ချယ်ရီဦးအရောင်းတာဝန်ခံတဦးက ဆိုသည်။

 မြတ်ထွဋ်ကျော် SNM Media

No comments:

Post a Comment