Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 27, 2018

သမီးျဖစ္သူ ဗိုက္ကားၿပီး ထြားလာတာေတြ႔လို႔ မိခင္ကေမးျမန္း လိုက္ေသာအခါ


ဗိုက္ကားၿပီး ထြားလာသည္ကို မသကၤာ၍အေမျဖစ္သူ ေခ်ာ့ေမာေမးျမန္းရာမွ အစ္မ ျဖစ္သူရဲ႕ေယာက်ၤားမွ အလိုမတူ မုဒိမ္းျပဳက်င့္မႈ ေပၚေပါက္

မုနိၿမီ ၊ စက္တင္ဘာ ၂၂

စစ္ကိုင္းတိုင္းေဒသႀကီး၊ ထီးက်ိဳက္ၿမိဳ႕နယ္၌ အလိုမတူ မုဒိမ္းျပဳက်င္ခံရျခင္း ေပၚေပါက္မႈ ျဖစ္ပြားခဲ့ေၾကာင္း စုံစမ္းသိရွိရပါသည္။

“လြန္ခဲ့ေသာ (၆)လခန္႔၊ ထီးက်ိဳက္ၿမိဳ႕နယ္ ေမာင္းကုန္း ေက်းရြာေနထိုင္သူ မ ——— အသက္(၁၇)ႏွစ္မွာ ႀကံအငွားခုတ္ခ်ိန္အတြင္း အလိုမတူ သားမယားျပဳက်င့္ခံရ ၿပီး၊ ထပ္မံ၍ ႏွစ္လအကြာတြင္တစ္ႀကိမ္၊ ေနအိမ္အတြင္းတစ္ႀကိမ္၊ (၃)ႀကိမ္ ျပဳက်င့္ျခင္းခံခဲ႔ရျပီး ယခုအခါ ဗိုက္ကားၿပီး ထြားလာသည္ကို မသကၤာ၍ အေမျဖစ္သူ ေခ်ာ႔ေမာ႔ ေမးျမန္းရာမွ တစ္အိမ္တည္းေန အစ္မျဖစ္သူ မမိုးမိုး၏ ေယာက္်ား ေမာင္မ်ဳိး(ခ)ငမ်ဳိး အသက္ (၄၀)ႏွစ္မွ အလိုမတူ မုဒိမ္းျပဳက်င့္ျခင္း ေပၚေပါက္၍ ထီးက်ိဳက္ရဲစခန္းသို႔ လာေရာက္တိုင္းသျဖင့္ ထီးက်ိဳက္ရဲစခန္းမွ အခ်ိန္မွီ တရားခံအား ဖမ္းဆီးေဆာင္ရြက္ခဲ့သည္ဟု” မုနိၿမီမွ စုံစမ္းသိရွိရပါသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သတ္၍ ထီးက်ိဳက္ရဲစခန္းသို႔ ဆက္သြယ္ေမးျမန္းရာ ၂၀၁၈ စက္တင္ဘာ ၂၂ရက္ေန႔ ညေန (၇)နာရီ (၄၀)မိနစ္ခန္႔တြင္ (ပ)၂၀၁/၂၀၁၈၊ ရာသဇာတ္ႀကီးပုဒ္မ ၃၇၆ျဖင့္ ထီးက်ဳိက္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးဘခ်စ္မွ တရားခံ ေမာင္မ်ဳိး(ခ) ငမ်ဳိး အသက္ (၄၀)ႏွစ္၊ေမာင္းကုန္းေက်းရြာေနထိုင္သူအား ဖမ္းဆီး၍ အမႈမွန္ ေပၚေပါက္ရန္ စစ္ေဆးေဆာင္ရြက္လၽွက္ရွိေၾကာင္း ေျဖၾကားသည္။

ျမင့္ေဆြ(ကသာ)/သာခိုင္(မုနိၿမီ)

# Unicode Version ျဖင့္ ဖတ္ပါ #
ဗိုက်ကားပြီး ထွားလာသည်ကို မသင်္ကာ၍အမေဖြစ်သူ ချော့မောမေးမြန်းရာမှ အစ်မ ဖြစ်သူရဲ့ယောင်္ကျားမှ အလိုမတူ မုဒိမ်းပြုကျင့်မှု ပေါ်ပေါက်

မုနိမြီ ၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးကျိုက်မြို့နယ်၌ အလိုမတူ မုဒိမ်းပြုကျင်ခံရခြင်း ပေါ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“လွန်ခဲ့သော (၆)လခန့်၊ ထီးကျိုက်မြို့နယ် မောင်းကုန်း ကျေးရွာနေထိုင်သူ မ ——— အသက်(၁၇)နှစ်မှာ ကြံအငှားခုတ်ချိန်အတွင်း အလိုမတူ သားမယားပြုကျင့်ခံရ ပြီး၊ ထပ်မံ၍ နှစ်လအကွာတွင်တစ်ကြိမ်၊ နေအိမ်အတွင်းတစ်ကြိမ်၊ (၃)ကြိမ် ပြုကျင့်ခြင်းခံခဲ့ရပြီး ယခုအခါ ဗိုက်ကားပြီး ထွားလာသည်ကို မသင်္ကာ၍ အမေဖြစ်သူ ချော့မော့ မေးမြန်းရာမှ တစ်အိမ်တည်းနေ အစ်မဖြစ်သူ မမိုးမိုး၏ ယောက်ျား မောင်မျိုး(ခ)ငမျိုး အသက် (၄၀)နှစ်မှ အလိုမတူ မုဒိမ်းပြုကျင့်ခြင်း ပေါ်ပေါက်၍ ထီးကျိုက်ရဲစခန်းသို့ လာရောက်တိုင်းသဖြင့် ထီးကျိုက်ရဲစခန်းမှ အချိန်မှီ တရားခံအား ဖမ်းဆီးဆောင်ရွက်ခဲ့သည်ဟု” မုနိမြီမှ စုံစမ်းသိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ ထီးကျိုက်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ၂၀၁၈ စက်တင်ဘာ ၂၂ရက်နေ့ ညနေ (၇)နာရီ (၄၀)မိနစ်ခန့်တွင် (ပ)၂၀၁/၂၀၁၈၊ ရာသဇာတ်ကြီးပုဒ်မ ၃၇၆ဖြင့် ထီးကျိုက်မြို့မရဲစခန်းမှူး ဒုရဲမှူးဘချစ်မှ တရားခံ မောင်မျိုး(ခ) ငမျိုး အသက် (၄၀)နှစ်၊မောင်းကုန်းကျေးရွာနေထိုင်သူအား ဖမ်းဆီး၍ အမှုမှန် ပေါ်ပေါက်ရန် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ဖြေကြားသည်။

မြင့်ဆွေ(ကသာ)/သာခိုင်(မုနိမြီ)


No comments:

Post a Comment