Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 11, 2018

ဘုန္းႀကီး နဲ႔ အပ်ိဳႀကီး ေတြ႔ၾကေလေသာအခါ…။

မွတ္မွတ္ရရ ဗုဒၶတကၠသိုလ္(ရန္ကုန္)တြင္ ဓမၼာစရိယ (ဘီေအ) တန္းေနာက္ဆုံးႏွစ္တက္ေရာက္ေနစဥ္ကျဖစ္၏။ ဘြဲ႕ယူစာတမ္းေရးတင္ရန္အတြက္ ပရင္တာတလုံးမျဖစ္မေနလို႔အပ္ေန၍ အတန္းေဖာ္သူငယ္ခ်င္းတပါးနဲ႔ ေပါင္းၿပီး ပရင္တာတလုံးဝယ္ရန္ ၾကည့္ျမင္တိုင္ ညေစ်းလမ္းက ကြန္ပ်ဴတာဆိုင္တစ္ဆိုင္သို႔ ၀င္လိုက္ၾက၏။

ဆိုင္ထဲတြင္ လူမ်ားမ်ားစားစားမေတြ႕ရပဲ ေစ်းဝယ္သူအခ်ိဳ႕နဲ႔ ၀န္းထမ္းဒကာမေလးတေယာက္ ၊ ေနာက္ ေငြရွင္းေကာင္တာတြင္ထိုင္ေနသည့္ ဆိုင္ရွင္ဟုထင္ရသည့္ အသက္ ၃၀ ေက်ာ္ ၄၀ ၀န္းက်င္ ခန႔္ မ်က္ႏွာထားခပ္တင္းတင္း ဒကာမတေယာက္တို႔သာရွိ၏။

၀န္ထမ္းဒကာမေလးက တျခားေစ်းဝယ္သူတို႔ကို ပစၥည္းျပေနရ၍ မိမိတို႔ထံသို႔ မလာနိုင္ေပ။ ထို႔ေၾကာင့္ ပိုင္ရွင္ဒကာမႀကီးက ထိုင္ရာမွထလာၿပီး

“ဦးဇင္းေလးေတြ ဘာဝယ္ခ်င္လို႔လဲဘုရား၊ တပည့္ေတာ္က အပ်ိဳးႀကီးဆိုေတာ့ ဆိုင္မွာ ၀န္ထမ္းသိပ္မထားဘူး”

“ပစၥည္းမွန္၊ေစ်းမွန္ဖို႔ေတာ့ တာဝန္ယူတယ္ဘုရား၊ တပည့္ေတာ္က အပ်ိဳႀကီးဆိုေတာ့ ေစ်းအရမ္းႀကီးတင္မထားသလို ပစၥည္းအတုလဲ မတင္ဘူးဘုရား”

“၀ယ္မဲ့ ပစၥည္းကိုေတာ့ ေသျခာ စိတ္ႀကိဳက္ေရြးၿပီးမွ ၀ယ္ပါဘုရား၊ တပည့္ေတာ္က အပ်ိဳႀကီးဆိုေတာ့ အလုပ္ရႈပ္လို႔ ျပန္လဲမေပးဘူးဘုရား”

ဟုမဆီမဆိုင္ သူအပ်ိဳႀကီးျဖစ္ေၾကာင္းကို နားၾကားျမင္းကပ္ေအာင္ အဆက္မျပတ္ေၾကာ္ညာဝင္ေနသည့္ေလ၏။

“ပရင္တာေလး ၾကည့္ခ်င္လို႔ပါ ဒကာမႀကီး”

မိမိ၏ “ဒကာမႀကီး”ဟုဆိုေသာ စကားေၾကာင့္ အပ်ိဳႀကီးချမာ မ်က္ႏွာပ်က္သြားၿပီး

“ဦးဇင္းေလးေတြကလဲ တပည့္ေတာ္က အပ်ိဳးႀကီး ဆိုေတာ့ သူမ်ားအထင္မေသးေအာင္ ခတ္တန္းတန္းေန လို႔ပါ အသက္က ၄၀ ေတာင္မျပည့္ေသးပါဘူး ၊ ဦးဇင္းတို႔နဲ႔ တပည့္ေတာ္ အသက္သိပ္မကြာေလာက္ပါဘူး၊ဒကာမေလးလို႔ မေခၚခ်င္ေတာင္ ဒကာမလို႔ေခၚလို႔ရပါတယ္ ” ဟု အပ်ိဳႀကီး ဋီကာခ်ဲ႕ေနျပန္ေလေတာ့၏။

မိမိလည္း အျမင္ကပ္လွတာမို႔

“ဟာ… ဒကာမအႀကီး…ႀကီး ကလဲ အသက္ႀကီးလို႔ မ်က္မွန္ပါ၀ါထပ္တိုးရေတာ့မယ္နဲ႔တူတယ္၊ ဦးဇင္းက ခုမွ ၂၄-ႏွစ္ပဲရွိေသးတာ ၊ဘယ္ကလာသိပ္မကြာရမွာလဲ၊ သားအမိေလာက္ ကြာတယ္”

ဟုဘုဆပ္ဆပ္ျပန္၍ ပက္လိုက္ရာ အပ်ိဳႀကီးမ်က္ႏွာ ေလျဖတ္ထားသလို မဲ့ရြဲ႕သြားၿပီး

“ဟင္း ..ကိုယ္ေတာ္ေတြမို႔ မေျပာလိုက္ခ်င္ေတာ့ဘူး၊ အသက္ေလး (၂၀) နီးပါးေလာက္ေလးကြာတာကို မစာမနာေျပာရက္တယ္၊ လူမႈေရးလဲနားမလည္၊ စာနာရေကာင္းမွန္းလဲ မသိဘူး၊ ဘယ္သိပါလဲ ဘုန္းႀကီးပါဆိုမွ စာနာတတ္တဲ့ ႏွလုံးထား ေသာ့ခတ္ထားတာကို”

စသည့္ျဖင့္ မၾကားတၾကား ေမတၱာပြား၍ေနပါေတာ့သည္။

မိမိတို႔လည္း အပ်ိဳႀကီးျဖစ္အင္ကိုေတြ႕ၿပီး စိတ္ထဲကက်ိတ္ရယ္ေနမိေလ၏။ အပ်ိဳႀကီးလဲ ပရင္တာတလုံးကို ေဆာင့္ႀကီးေအာင့္ႀကီးယူလာျပၿပီး ၊မတတ္သာတဲ့ အသံဟန္ပန္နဲ႔ စာျပန္ျပသလိုရွင္းျပ၏၊ မိမိတို႔လဲ ေစ်းႀကီးလို႔ ေနာက္တလုံးျပပါ၊ ပုံစံမႀကိဳက္လို႔၊ ကာလမႀကိဳက္လို႔ စသည္ျဖင့္ စိတ္ႀကိဳက္မေတြ႕သျဖင့္ တစ္လုံးၿပီးတစ္လုံးေရြးေနရာ၊ ၾကာလာေတာ့ အပ်ိဳႀကီးက စိတ္မရွည္တဲ့ ေလသံနဲ႔၊

“ကဲ့ …. ဦးဇင္းအႀကီးႀကီးေတြ ေရြးေနတာလဲ တစ္ဆိုင္လုံးကုန္ေတာ့မယ္၊ ေနာက္ေရြးဖို႔ လူပဲက်န္ေတာ့တယ္ဘုရား၊ ဦးဇင္းတို႔ ဒီေလာက္ ေခ်းမ်ား။အေရြးမ်ားလို႔ မိန္းမ မရပဲ ဘုန္းႀကီးျဖစ္ေနတာ” ဟုတြယ္ေလေတာ့၏။

ဒီေတာ့မိမိလည္း ဗီဇကတားမရေတာ့ပဲ

“ ေအာင္မယ္……. ဒကာမအႀကီး ..ႀကီးပဲ ..မႀကိဳက္ရင္ျပန္လဲမေပးဘူး ၊စိတ္ႀကိဳက္ေရြးဆိုလို႔ ေရြးေနတာေလ၊ ၀ယ္ၿပီးလို႔ မေတာ္ပ်က္သြားရင္ ဒီဆိုင္ကိုထပ္လာၿပီး ျပင္လိုက္၊လဲလိုက္လုပ္ေနရရင္ ၊ ဒကာမအႀကီး….ႀကီး နဲ႔ ဖူးစာဆုံေနမွာစို႔လို႔ေရြးေနတာဗ်၊ ”

“သူမ်ားက် ေခ်းမ်ားလို႔ ဘုန္းႀကီးျဖစ္တယ္ေလး ဘာေလးနဲ႔၊ ဒကာမအႀကီး …..ႀကီးလဲ ၊ ခုလိုဆက္ဆံေရးက်ဲ၊ အေျပာဆိုးလို႔ အပ်ိဳႀကီးျဖစ္ေနတာဗ် သိလား”

ဟုခ်ဲလိုက္ေလရာ အနားမွာေစ်းဝယ္ေနသည့္ ဒကာမတဦး ရယ္ၾကဲၾကဲနဲ႔၊

“ ဘုန္းႀကီးေရာ၊ အပ်ိဳႀကီးေရာ ဘဝတူေတြပါဘုရား၊ အတူတူနဲ႔အႏူးႏူး၊ ဘူ ဘူခ်င္း တေပါက္မစြန္းခ်င္ပါနဲ႔၊ ႏႈတ္ခမ္းပဲ့အခ်င္းခ်င္း မီးမႈတ္မေနၾကပါနဲ႔ ဘုရား၊ရန္ျဖစ္ေနတာနဲ႔ပဲ ၾကာရင္ သံေယာဇဥ္ျဖစ္ေနဦးမယ္ေနာ္ ”

ဟုၾသဘာေပးေလရာ အပ်ိဳႀကီးလည္း မိိမိကိုမ်က္ေစာင္းတခ်က္ထိုးၿပီး

“ကန္ေတာ့ဆြမ္းပါ ဘုရား”

လို႔ဆိုကာ အရွက္လြန္သြားေလသလားေတာ့မေျပာတတ္ေပ၊ အေယာင္ေယာင္ အမွားမွားနဲ႔ ပရင္တာတြဲတဲ့ ၀ါယာႀကိဳကို ပါးစပ္ထဲထိုးထဲ့ၿပီး အခန္းထဲဝင္ေျပးေလေတာ့၏။

မိမိလည္း “ၾကာရင္” ဆိုတဲ့ အသံကိုနားထဲအဖန္ဖန္ၾကားေယာင္ၿပီး သုတ္ေခ်တင္လွည့္ေျပးခဲ့ရ၏။ ထိုအခ်ိန္မွစ၍ အႏွီးအပ်ိဳႀကီးဆိုင္တည္ရွွိရာ ၾကည့္ျမင္တိုင္ ညေစ်းလမ္းသို႔ မေရာက္သည္မွာ ယေန႔တိုင္ပင္ျဖစ္၏……။

(ဘဝအမေမာေၾကာ၊ တခဏ ပဲျဖစ္ျဖစ္ေျပေလ်ာ့ နိုင္ၾကပါေစ)

ဓမၼဝီရ အရွင္ေတဇနိယ (ဗုဒၶဂယာ၊အိႏၵိယ)
# Unicode Version ျဖင့္ ဖတ္ပါ #
မှတ်မှတ်ရရ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင် ဓမ္မာစရိယ (ဘီအေ) တန်းနောက်ဆုံးနှစ်တက်ရောက်နေစဉ်ကဖြစ်၏။ ဘွဲ့ယူစာတမ်းရေးတင်ရန်အတွက် ပရင်တာတလုံးမဖြစ်မနေလို့အပ်နေ၍ အတန်းဖော်သူငယ်ချင်းတပါးနဲ့ ပေါင်းပြီး ပရင်တာတလုံးဝယ်ရန် ကြည့်မြင်တိုင် ညဈေးလမ်းက ကွန်ပျူတာဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ကြ၏။

ဆိုင်ထဲတွင် လူများများစားစားမတွေ့ရပဲ ဈေးဝယ်သူအချို့နဲ့ ဝန်းထမ်းဒကာမလေးတယောက် ၊ နောက် ငွေရှင်းကောင်တာတွင်ထိုင်နေသည့် ဆိုင်ရှင်ဟုထင်ရသည့် အသက် ၃၀ ကျော် ၄၀ ဝန်းကျင် ခန့် မျက်နှာထားခပ်တင်းတင်း ဒကာမတယောက်တို့သာရှိ၏။

ဝန်ထမ်းဒကာမလေးက တခြားဈေးဝယ်သူတို့ကို ပစ္စည်းပြနေရ၍ မိမိတို့ထံသို့ မလာနိုင်ပေ။ ထို့ကြောင့် ပိုင်ရှင်ဒကာမကြီးက ထိုင်ရာမှထလာပြီး

“ဦးဇင်းလေးတွေ ဘာဝယ်ချင်လို့လဲဘုရား၊ တပည့်တော်က အပျိုးကြီးဆိုတော့ ဆိုင်မှာ ဝန်ထမ်းသိပ်မထားဘူး”

“ပစ္စည်းမှန်၊ဈေးမှန်ဖို့တော့ တာဝန်ယူတယ်ဘုရား၊ တပည့်တော်က အပျိုကြီးဆိုတော့ ဈေးအရမ်းကြီးတင်မထားသလို ပစ္စည်းအတုလဲ မတင်ဘူးဘုရား”

“ဝယ်မဲ့ ပစ္စည်းကိုတော့ သေခြာ စိတ်ကြိုက်ရွေးပြီးမှ ဝယ်ပါဘုရား၊ တပည့်တော်က အပျိုကြီးဆိုတော့ အလုပ်ရှုပ်လို့ ပြန်လဲမပေးဘူးဘုရား”

ဟုမဆီမဆိုင် သူအပျိုကြီးဖြစ်ကြောင်းကို နားကြားမြင်းကပ်အောင် အဆက်မပြတ်ကြော်ညာဝင်နေသည့်လေ၏။

“ပရင်တာလေး ကြည့်ချင်လို့ပါ ဒကာမကြီး”

မိမိ၏ “ဒကာမကြီး”ဟုဆိုသော စကားကြောင့် အပျိုကြီးခမြာ မျက်နှာပျက်သွားပြီး

“ဦးဇင်းလေးတွေကလဲ တပည့်တော်က အပျိုးကြီး ဆိုတော့ သူများအထင်မသေးအောင် ခတ်တန်းတန်းနေ လို့ပါ အသက်က ၄၀ တောင်မပြည့်သေးပါဘူး ၊ ဦးဇင်းတို့နဲ့ တပည့်တော် အသက်သိပ်မကွာလောက်ပါဘူး၊ဒကာမလေးလို့ မခေါ်ချင်တောင် ဒကာမလို့ခေါ်လို့ရပါတယ် ” ဟု အပျိုကြီး ဋီကာချဲ့နေပြန်လေတော့၏။

မိမိလည်း အမြင်ကပ်လှတာမို့

“ဟာ… ဒကာမအကြီး…ကြီး ကလဲ အသက်ကြီးလို့ မျက်မှန်ပါဝါထပ်တိုးရတော့မယ်နဲ့တူတယ်၊ ဦးဇင်းက ခုမှ ၂၄-နှစ်ပဲရှိသေးတာ ၊ဘယ်ကလာသိပ်မကွာရမှာလဲ၊ သားအမိလောက် ကွာတယ်”

ဟုဘုဆပ်ဆပ်ပြန်၍ ပက်လိုက်ရာ အပျိုကြီးမျက်နှာ လေဖြတ်ထားသလို မဲ့ရွဲ့သွားပြီး

“ဟင်း ..ကိုယ်တော်တွေမို့ မပြောလိုက်ချင်တော့ဘူး၊ အသက်လေး (၂၀) နီးပါးလောက်လေးကွာတာကို မစာမနာပြောရက်တယ်၊ လူမှုရေးလဲနားမလည်၊ စာနာရကောင်းမှန်းလဲ မသိဘူး၊ ဘယ်သိပါလဲ ဘုန်းကြီးပါဆိုမှ စာနာတတ်တဲ့ နှလုံးထား သော့ခတ်ထားတာကို”

စသည့်ဖြင့် မကြားတကြား မေတ္တာပွား၍နေပါတော့သည်။

မိမိတို့လည်း အပျိုကြီးဖြစ်အင်ကိုတွေ့ပြီး စိတ်ထဲကကျိတ်ရယ်နေမိလေ၏။ အပျိုကြီးလဲ ပရင်တာတလုံးကို ဆောင့်ကြီးအောင့်ကြီးယူလာပြပြီး ၊မတတ်သာတဲ့ အသံဟန်ပန်နဲ့ စာပြန်ပြသလိုရှင်းပြ၏၊ မိမိတို့လဲ ဈေးကြီးလို့ နောက်တလုံးပြပါ၊ ပုံစံမကြိုက်လို့၊ ကာလမကြိုက်လို့ စသည်ဖြင့် စိတ်ကြိုက်မတွေ့သဖြင့် တစ်လုံးပြီးတစ်လုံးရွေးနေရာ၊ ကြာလာတော့ အပျိုကြီးက စိတ်မရှည်တဲ့ လေသံနဲ့၊

“ကဲ့ …. ဦးဇင်းအကြီးကြီးတွေ ရွေးနေတာလဲ တစ်ဆိုင်လုံးကုန်တော့မယ်၊ နောက်ရွေးဖို့ လူပဲကျန်တော့တယ်ဘုရား၊ ဦးဇင်းတို့ ဒီလောက် ချေးများ။အရွေးများလို့ မိန်းမ မရပဲ ဘုန်းကြီးဖြစ်နေတာ” ဟုတွယ်လေတော့၏။

ဒီတော့မိမိလည်း ဗီဇကတားမရတော့ပဲ

“ အောင်မယ်……. ဒကာမအကြီး ..ကြီးပဲ ..မကြိုက်ရင်ပြန်လဲမပေးဘူး ၊စိတ်ကြိုက်ရွေးဆိုလို့ ရွေးနေတာလေ၊ ဝယ်ပြီးလို့ မတော်ပျက်သွားရင် ဒီဆိုင်ကိုထပ်လာပြီး ပြင်လိုက်၊လဲလိုက်လုပ်နေရရင် ၊ ဒကာမအကြီး….ကြီး နဲ့ ဖူးစာဆုံနေမှာစို့လို့ရွေးနေတာဗျ၊ ”

“သူများကျ ချေးများလို့ ဘုန်းကြီးဖြစ်တယ်လေး ဘာလေးနဲ့၊ ဒကာမအကြီး …..ကြီးလဲ ၊ ခုလိုဆက်ဆံရေးကျဲ၊ အပြောဆိုးလို့ အပျိုကြီးဖြစ်နေတာဗျ သိလား”

ဟုချဲလိုက်လေရာ အနားမှာဈေးဝယ်နေသည့် ဒကာမတဦး ရယ်ကြဲကြဲနဲ့၊

“ ဘုန်းကြီးရော၊ အပျိုကြီးရော ဘဝတူတွေပါဘုရား၊ အတူတူနဲ့အနူးနူး၊ ဘူ ဘူချင်း တပေါက်မစွန်းချင်ပါနဲ့၊ နှုတ်ခမ်းပဲ့အချင်းချင်း မီးမှုတ်မနေကြပါနဲ့ ဘုရား၊ရန်ဖြစ်နေတာနဲ့ပဲ ကြာရင် သံယောဇဉ်ဖြစ်နေဦးမယ်နော် ”

ဟုသြဘာပေးလေရာ အပျိုကြီးလည်း မိမိကိုမျက်စောင်းတချက်ထိုးပြီး

“ကန်တော့ဆွမ်းပါ ဘုရား”

လို့ဆိုကာ အရှက်လွန်သွားလေသလားတော့မပြောတတ်ပေ၊ အယောင်ယောင် အမှားမှားနဲ့ ပရင်တာတွဲတဲ့ ဝါယာကြိုကို ပါးစပ်ထဲထိုးထဲ့ပြီး အခန်းထဲဝင်ပြေးလေတော့၏။

မိမိလည်း “ကြာရင်” ဆိုတဲ့ အသံကိုနားထဲအဖန်ဖန်ကြားယောင်ပြီး သုတ်ချေတင်လှည့်ပြေးခဲ့ရ၏။ ထိုအချိန်မှစ၍ အနှီးအပျိုကြီးဆိုင်တည်ရှှိရာ ကြည့်မြင်တိုင် ညဈေးလမ်းသို့ မရောက်သည်မှာ ယနေ့တိုင်ပင်ဖြစ်၏……။

(ဘဝအမမောကြော၊ တခဏ ပဲဖြစ်ဖြစ်ပြေလျော့ နိုင်ကြပါစေ)

ဓမ္မဝီရ အရှင်တေဇနိယ (ဗုဒ္ဓဂယာ၊အိန္ဒိယ)

No comments:

Post a Comment