Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 11, 2018

ရင္ထဲစို႔ႏွင့္ေအာင္ ခံစားရတယ္ တူမေလးေရ.. စိတ္မေကာင္းလိုက္တာ

မေန႔က ေရာက္လာတဲ့ ကေလးက ၁၁ ႏွစ္ေက်ာ္ပဲရွိေသးတယ္သဲေရ…ကေလးက ငူငူငိုင္ငိုင္နဲ႔…။

-ဟာ…ကေလးက ဗိုက္ႀကီး၂ နဲ႔လား…။

-ဟင္ က်ားကိုက္ပါတယ္ဆို အေပါက္ႀကီးနဲ႔လားတဲ့…..။

သူငယ္ခ်င္းျဖစ္သူ မာမီကြတ္(မာမီကြတ္ ခိုကိုးရာမဲ့ ကိုယ္ဝန္ေဆာင္မ်ားကူညီေရး) နဲ႔ စကားေျပာရင္း အမွတ္မထင္သိလိုက္ရတဲ့….လူမမယ္ကိုယ္၀န္ေဆာင္ေလးအေၾကာင္း….။

ၾကားၾကားခ်င္းကိုရင္ထဲ ေအာင့္သြားလိုက္တာဆိုတာ…။

အသက္ ၁၁ ႏွစ္ေက်ာ္ကေလးေလးမွာ ကိုယ္၀န္က ခုႏွစ္လတဲ့…။

ဘယ္လိုမ်ား ျဖစ္ရတာလဲဆိုေတာ့ အကိုတစ္၀မ္းကြဲရဲ႕ လက္ခ်က္တဲ့…..။

တိုင္းရင္းသားေတြပီပီ…ျမန္မာစကားလည္း ေသခ်ာေရလည္ေအာင္ မတတ္…အဲ့ဒီအျပင္..တရားခံကိုေတာင္ ျပႆနာျပန္မရွာရဲတဲ့…အင္အားနည္း မိသားစုက ေပါက္ဖြားလာတဲ့ လူမမယ္ေလး…။

လက္တည့္စမ္းခံလိုက္ရတာလား…ဘယ္လိုလား မသိသလိုကေလးကသူ ကိုယ္၀န္ရွိေနတာကိုလည္း နားမလည္…..ဒီလိုနဲ႔ ထြက္လာတဲ့ ဗိုက္လံုးလံုးေသးေသးေလးထဲက လႈပ္ေနတယ္လို႔ သူ႔အတန္းကဆရာမေတြသိေတာ့..ဆရာမက အေမျဖစ္သူနဲ႔ ေဆးရံုသြားျပရင္းမွ ကိုယ္၀န္ရွိေနတာ သိလိုက္ၾကရတဲ့ဘ၀….။

ကိုယ့္သမီး နုနုဖက္ဖက္ေလး ထိတ္လန္႔တၾကားျဖစ္ေနတာကို ျမင္ေတာ့ မေအျဖစ္သူမွာလည္း မ်က္ရည္ေလး တလည္လည္…ကေလးကလည္း ဘာဆို ဘာမွ ေျပာႏိုင္ေလာက္ေအာင္ ၿငိမ္က်သြားၿပီး အခ်ိန္တိုင္း ေငးငိုင္ ငူငိုင္ရင္း စိတ္ဒဏ္ရာေတြအႀကီးက်ယ္ရေနေလေတာ့…

ပထမဆံုးဒီ ကိုယ္၀န္ေဆာင္ေလးကို စိတ္သက္သာေစမယ့္နည္းလမ္းကိုပဲအရင္ ရွာေနရတယ္တဲ့…။ကေလးကို ေက်ာင္းက တာ၀န္ရွိသူ ဆရာမရဲ႕အခ်ိတ္ဆက္နဲ႔ မာမီကြတ္ဆီအေရာက္ ဆရာမေတြနဲ႔ မိဘကိုယ္တိုင္ လာပို႔ခဲ့တာျဖစ္ေပမယ့္…

သူ႕အေမဟာ မာမီကြတ္ဆီေရာက္ဖို႔အတြက္ေတာင္အတိုးနဲ႔ေငြေခ်းၿပီး လမ္းစရိတ္လုပ္လာခဲ့တာပါတဲ့…(ဒါေတာင္ ေမြးၿပီးခ်ိန္ထိ ေမြးစရိတ္ကအစေန၊စား စရိတ္အားလံုး မာမီကြတ္က တာ၀န္ယူေပးထားေပလို႔ )

“ေျပာရရင္ ဒါကအကို ၀မ္းကြဲကေစာ္ကားတာ…ၿငိမ္းဆီမွာ မိန္းမနဲ႔ ကေလးရွိတဲ့ အကိုအႀကီးဆံုးက ညီမ အရင္းခ်ာအငယ္ဆံုးေလးကို ေစာ္ကားလို႔ ဗိုက္ႀကီးၿပီးေမြးလိုက္ရတဲ့ကေလးေတာင္ရွိတယ္…

ေျပာရရင္ေတာ့ ရင္နာစရာေတြခ်ည္းပဲ…မနက္ျဖန္ဆိုရင္…ေက်ာင္းက ေရခဲေခ်ာင္းသည္ကဓါးေထာက္ မုဒိမ္းက်င့္လို႔ ကိုယ္၀န္ရသြားတယ္ဆိုတဲ့ ၁၅ႏွစ္အရြယ္ကေလးမေလးေရာက္မယ္…ရင္ထဲမွာလည္း စုတ္ျပတ္ေနၿပီ…ခံစားရလြန္းလို႔…။

အခုကေလးကေတာ့ စာအုပ္ေတြဖတ္မလားေမးၾကည့္တာ နည္းနည္း ျပန္တတ္ၾကြလာတယ္…”

အဲ့ဒီကေလးကို ၾကည့္ရင္း ေတြးမိတာ…လူမမယ္ကေလးေတြအတြက္ လံုၿခံဳမႈနဲ႔ အမွန္တရား..တျဖည္းျဖည္းေ၀၀ါးေနတယ္ပဲေျပာရမလား…

ဒီကေလးမေလးလို တရားခံကို လံုး၀ လြတ္ၿငိမ္းေပးရင္း…

တစ္ဘက္သတ္ အရံႈးေပးရင္း ၿငိမ္ခံလိုက ္ရတဲ့…

တိတ္တဆိတ္ေျဖရွင္းလိုက္ရတဲ့သူေတြဘယ္ေလာက္ေတာင္မ်ားေနၿပီလဲ…။

ကေလးမေလးကေတာ့ သူ႔အရိပ္မည္းႀကီးရဲ႕ေနာက္ဆက္တြဲ အတြက္ႀကိဳတင္ေၾကာက္ရြံ႕ စိုးထိတ္မႈေတြနဲ႔…။

ဒါေတြၿပီးရင္ေတာ့…သူ…ေက်ာင္းေတာ့..ျပန္တတ္ခ်င္တယ္တဲ့…။

ခုေတာ့…သူစာပဲဖတ္ခ်င္ေနတယ္…။ ။

Naw Yar Maung
# Unicode Version ျဖင့္ ဖတ္ပါ #
မနေ့က ရောက်လာတဲ့ ကလေးက ၁၁ နှစ်ကျော်ပဲရှိသေးတယ်သဲရေ…ကလေးက ငူငူငိုင်ငိုင်နဲ့…။

-ဟာ…ကလေးက ဗိုက်ကြီး၂ နဲ့လား…။

-ဟင် ကျားကိုက်ပါတယ်ဆို အပေါက်ကြီးနဲ့လားတဲ့…..။

သူငယ်ချင်းဖြစ်သူ မာမီကွတ်(မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များကူညီရေး) နဲ့ စကားပြောရင်း အမှတ်မထင်သိလိုက်ရတဲ့….လူမမယ်ကိုယ်ဝန်ဆောင်လေးအကြောင်း….။

ကြားကြားချင်းကိုရင်ထဲ အောင့်သွားလိုက်တာဆိုတာ…။

အသက် ၁၁ နှစ်ကျော်ကလေးလေးမှာ ကိုယ်ဝန်က ခုနှစ်လတဲ့…။

ဘယ်လိုများ ဖြစ်ရတာလဲဆိုတော့ အကိုတစ်ဝမ်းကွဲရဲ့ လက်ချက်တဲ့…..။

တိုင်းရင်းသားတွေပီပီ…မြန်မာစကားလည်း သေချာရေလည်အောင် မတတ်…အဲ့ဒီအပြင်..တရားခံကိုတောင် ပြဿနာပြန်မရှာရဲတဲ့…အင်အားနည်း မိသားစုက ပေါက်ဖွားလာတဲ့ လူမမယ်လေး…။

လက်တည့်စမ်းခံလိုက်ရတာလား…ဘယ်လိုလား မသိသလိုကလေးကသူ ကိုယ်ဝန်ရှိနေတာကိုလည်း နားမလည်…..ဒီလိုနဲ့ ထွက်လာတဲ့ ဗိုက်လုံးလုံးသေးသေးလေးထဲက လှုပ်နေတယ်လို့ သူ့အတန်းကဆရာမတွေသိတော့..ဆရာမက အမေဖြစ်သူနဲ့ ဆေးရုံသွားပြရင်းမှ ကိုယ်ဝန်ရှိနေတာ သိလိုက်ကြရတဲ့ဘဝ….။

ကိုယ့်သမီး နုနုဖက်ဖက်လေး ထိတ်လန့်တကြားဖြစ်နေတာကို မြင်တော့ မအေဖြစ်သူမှာလည်း မျက်ရည်လေး တလည်လည်…ကလေးကလည်း ဘာဆို ဘာမှ ပြောနိုင်လောက်အောင် ငြိမ်ကျသွားပြီး အချိန်တိုင်း ငေးငိုင် ငူငိုင်ရင်း စိတ်ဒဏ်ရာတွေအကြီးကျယ်ရနေလေတော့…

ပထမဆုံးဒီ ကိုယ်ဝန်ဆောင်လေးကို စိတ်သက်သာစေမယ့်နည်းလမ်းကိုပဲအရင် ရှာနေရတယ်တဲ့…။ကလေးကို ကျောင်းက တာဝန်ရှိသူ ဆရာမရဲ့အချိတ်ဆက်နဲ့ မာမီကွတ်ဆီအရောက် ဆရာမတွေနဲ့ မိဘကိုယ်တိုင် လာပို့ခဲ့တာဖြစ်ပေမယ့်…

သူ့အမေဟာ မာမီကွတ်ဆီရောက်ဖို့အတွက်တောင်အတိုးနဲ့ငွေချေးပြီး လမ်းစရိတ်လုပ်လာခဲ့တာပါတဲ့…(ဒါတောင် မွေးပြီးချိန်ထိ မွေးစရိတ်ကအစနေ၊စား စရိတ်အားလုံး မာမီကွတ်က တာဝန်ယူပေးထားပေလို့ )

“ပြောရရင် ဒါကအကို ဝမ်းကွဲကစော်ကားတာ…ငြိမ်းဆီမှာ မိန်းမနဲ့ ကလေးရှိတဲ့ အကိုအကြီးဆုံးက ညီမ အရင်းချာအငယ်ဆုံးလေးကို စော်ကားလို့ ဗိုက်ကြီးပြီးမွေးလိုက်ရတဲ့ကလေးတောင်ရှိတယ်…

ပြောရရင်တော့ ရင်နာစရာတွေချည်းပဲ…မနက်ဖြန်ဆိုရင်…ကျောင်းက ရေခဲချောင်းသည်ကဓါးထောက် မုဒိမ်းကျင့်လို့ ကိုယ်ဝန်ရသွားတယ်ဆိုတဲ့ ၁၅နှစ်အရွယ်ကလေးမလေးရောက်မယ်…ရင်ထဲမှာလည်း စုတ်ပြတ်နေပြီ…ခံစားရလွန်းလို့…။

အခုကလေးကတော့ စာအုပ်တွေဖတ်မလားမေးကြည့်တာ နည်းနည်း ပြန်တတ်ကြွလာတယ်…”

အဲ့ဒီကလေးကို ကြည့်ရင်း တွေးမိတာ…လူမမယ်ကလေးတွေအတွက် လုံခြုံမှုနဲ့ အမှန်တရား..တဖြည်းဖြည်းေ၀ဝါးနေတယ်ပဲပြောရမလား…

ဒီကလေးမလေးလို တရားခံကို လုံး၀ လွတ်ငြိမ်းပေးရင်း…

တစ်ဘက်သတ် အရှုံးပေးရင်း ငြိမ်ခံလိုက ်ရတဲ့…

တိတ်တဆိတ်ဖြေရှင်းလိုက်ရတဲ့သူတွေဘယ်လောက်တောင်များနေပြီလဲ…။

ကလေးမလေးကတော့ သူ့အရိပ်မည်းကြီးရဲ့နောက်ဆက်တွဲ အတွက်ကြိုတင်ကြောက်ရွံ့ စိုးထိတ်မှုတွေနဲ့…။

ဒါတွေပြီးရင်တော့…သူ…ကျောင်းတော့..ပြန်တတ်ချင်တယ်တဲ့…။

ခုတော့…သူစာပဲဖတ်ချင်နေတယ်…။ ။

Naw Yar Maung

No comments:

Post a Comment