Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, August 30, 2020

ဆေးရုံကလက်မခံတော့တဲ့တီဘီသမားကို အရှင်းပျောက်သွားစေခဲ့တဲ့ အဖိုးတန်ဆေးပင်

ဆေးရုံကလက်မခံတော့တဲ့တီဘီသမားကို အရှင်းပျောက်သွားစေခဲ့တဲ့ အဖိုးတန်ဆေးပင်

ဆေးရုံက ပြန်လွှတ် လိုက်တဲ့ အဆုတ် တီဘီ သမားတစ်ယောက် တောမှာ အလေ့ကျပေါက်တဲ့ အပင်ရဲ့ အစွမ်းသတ္တိကြောင့် ရောဂါပျောက်ကင်းပြီး အသက် ရှည်ရှည် နေသွားရတဲ့ အကြောင်း ဖေါက်သည်ချပါရစေ။

ကျွန်တော်တို့ အိမ်နား မှာ ကိုကံမြင့် ဆိုတဲ့လူ တစ်ယောက်ရှိပါတယ်။သူ့ပုံက အရိုးပေါ်အရေတင်။ချောင်း တစ်ဟွတ်ဟွတ်နဲ့ သွေးအန်နေပါပြီ။ တိုတိုပြောကြစို့ရဲ့။အခြေအနေက အနှုတ်လက္ခဏာပြနေပြီ။ အနီးဆုံး အင်္ဂပူဆေးရုံတင်တယ်။

အင်္ဂပူက ဟင်္သာတ ဆေးရုံ လွှဲတယ်။ဟင်္သာတ ဆေးရုံက ပုသိမ်တိုင်းဆေးရုံ ထပ်လွှဲပြန်တယ် ။ ပုသိမ်ဆေးရုံမှာ တစ်ပါတ် လောက် ကြာတော့ ရောဂါက မသက်သာ။

ပုသိမ်ဆေးရုံက သောက်ဆေး တစ်လစာ ပေးပြီး တစ်လနေမှ ပြန်လာပြပါပေါ့။ ဒီလိုနဲ့ အိမ်ပြန် ရောက်တော့ သူ့ကိုဘယ်သူက ညွှန်တယ်မသိ ဈေးကို အင်ဖက်လာ ရောင်းတဲ့ သူတွေကို ငဖုန်းကြီးပင် တစ်ပင်လုံး အမြစ်ပါမကျန် ရသလောက်ဝယ်မယ် ဆိုပြီးမှာတော့တာပဲ။

ဒီအပင်က အင်တောတွေ ထည်းမှာ အင်မတန် ပေါတာ။ ကိုကံမြင့်က အပင်တွေရလာတော့ အရွက်တွေကို သုံးခွက် တစ်ခွက်တင် ကြိုပြီးသောက်တော့တာပါပဲ။ ကျန်တဲ့ အရွက်တွေကို နေရိပ်ထည်းမှာ အခြောက်လှမ်းပြီး လဘက်ခြောက်နဲ့ ရောပြီး လဘက်ရည်သောက်တယ်။

အမြစ်အစိုကို ကျောက်ပျဉ် မှာ သွေးပြီး သောက်တယ်။ တစ်လလောက် ကြာတော့ ချောင်းဆိုးရင် သွေးမပါတော့ဘူး။ အသားအရေ ကလည်း စိုစိုပြည်ပြည်လေး ဖြစ်စပြုလာတယ်။

ဆေးပင်ကို ထပ်မှာပြီး ဆက်ကာဆက်ကာ သောက်တယ်။ သုံးလေးလ ကြာတော့ လူ့ကို စိုစိုပြည်ပြည်နဲ့ ဝဖြိုးလာတယ်။ သေလူကနေ ဒီလိုပုံမြင်ရတော့ ဘယ်သူမှ မယုံနိုင်ဖြစ်ကုန်တယ်။နောက်ဆေးရုံပြန်ပြတော့ ဆရောဝန်တွေ မျက်လုံးပြူးကုန်တယ်။

အဲဒါ ငဖုန်းကြီးပင်( အချို့က လောက်သေပင် လို့လည်း ခေါ်ပါတယ်) ပင်ရဲ့အစွမ်းထက်ပုံပါ။မိတ်ဆွေတို့ကို မေတ္တာဖြင့် ဖေါက်သည်ချလိုက်ပါတယ်။ မိတ်ဆွေအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြည့်စုံနိုင်ကြပါစေ။

အောက်မှာ အပင်ပုံ ကလေးတွေ ဗဟုသုတ အလို့ငှာ တင်ပေးလိုက်ပါတယ်။ ပဋ္ဌမပုံက အပင်ပေါက်စ ကလေးရဲ့ပုံပါ။ နောက်ပုံတွေက အင်ပင်မှာ နွယ်ပါတ် တက်နေတဲ့ အပင်ကြီးရဲ့ပုံပါ။

credit -မူရင်း

Zawgyi

ေဆး႐ုံကလက္မခံေတာ့တဲ့တီဘီသမားကို အရွင္းေပ်ာက္သြားေစခဲ့တဲ့ အဖိုးတန္ေဆးပင္

ေဆး႐ုံက ျပန္လႊတ္ လိုက္တဲ့ အဆုတ္ တီဘီ သမားတစ္ေယာက္ ေတာမွာ အေလ့က်ေပါက္တဲ့ အပင္ရဲ႕ အစြမ္းသတၱိေၾကာင့္ ေရာဂါေပ်ာက္ကင္းၿပီး အသက္ ရွည္ရွည္ ေနသြားရတဲ့ အေၾကာင္း ေဖါက္သည္ခ်ပါရေစ။

ကြၽန္ေတာ္တို႔ အိမ္နား မွာ ကိုကံျမင့္ ဆိုတဲ့လူ တစ္ေယာက္ရွိပါတယ္။သူ႔ပုံက အ႐ိုးေပၚအေရတင္။ေခ်ာင္း တစ္ဟြတ္ဟြတ္နဲ႔ ေသြးအန္ေနပါၿပီ။ တိုတိုေျပာၾကစို႔ရဲ႕။အေျခအေနက အႏႈတ္လကၡဏာျပေနၿပီ။ အနီးဆုံး အဂၤပူေဆး႐ုံတင္တယ္။

အဂၤပူက ဟသၤာတ ေဆး႐ုံ လႊဲတယ္။ဟသၤာတ ေဆး႐ုံက ပုသိမ္တိုင္းေဆး႐ုံ ထပ္လႊဲျပန္တယ္ ။ ပုသိမ္ေဆး႐ုံမွာ တစ္ပါတ္ ေလာက္ ၾကာေတာ့ ေရာဂါက မသက္သာ။

ပုသိမ္ေဆး႐ုံက ေသာက္ေဆး တစ္လစာ ေပးၿပီး တစ္လေနမွ ျပန္လာျပပါေပါ့။ ဒီလိုနဲ႔ အိမ္ျပန္ ေရာက္ေတာ့ သူ႔ကိုဘယ္သူက ၫႊန္တယ္မသိ ေစ်းကို အင္ဖက္လာ ေရာင္းတဲ့ သူေတြကို ငဖုန္းႀကီးပင္ တစ္ပင္လုံး အျမစ္ပါမက်န္ ရသေလာက္ဝယ္မယ္ ဆိုၿပီးမွာေတာ့တာပဲ။

ဒီအပင္က အင္ေတာေတြ ထည္းမွာ အင္မတန္ ေပါတာ။ ကိုကံျမင့္က အပင္ေတြရလာေတာ့ အ႐ြက္ေတြကို သုံးခြက္ တစ္ခြက္တင္ ႀကိဳၿပီးေသာက္ေတာ့တာပါပဲ။ က်န္တဲ့ အ႐ြက္ေတြကို ေနရိပ္ထည္းမွာ အေျခာက္လွမ္းၿပီး လဘက္ေျခာက္နဲ႔ ေရာၿပီး လဘက္ရည္ေသာက္တယ္။

အျမစ္အစိုကို ေက်ာက္ပ်ဥ္ မွာ ေသြးၿပီး ေသာက္တယ္။ တစ္လေလာက္ ၾကာေတာ့ ေခ်ာင္းဆိုးရင္ ေသြးမပါေတာ့ဘူး။ အသားအေရ ကလည္း စိုစိုျပည္ျပည္ေလး ျဖစ္စျပဳလာတယ္။

ေဆးပင္ကို ထပ္မွာၿပီး ဆက္ကာဆက္ကာ ေသာက္တယ္။ သုံးေလးလ ၾကာေတာ့ လူ႔ကို စိုစိုျပည္ျပည္နဲ႔ ဝၿဖိဳးလာတယ္။ ေသလူကေန ဒီလိုပုံျမင္ရေတာ့ ဘယ္သူမွ မယုံႏိုင္ျဖစ္ကုန္တယ္။ေနာက္ေဆး႐ုံျပန္ျပေတာ့ ဆေရာဝန္ေတြ မ်က္လုံးျပဴးကုန္တယ္။

အဲဒါ ငဖုန္းႀကီးပင္( အခ်ိဳ႕က ေလာက္ေသပင္ လို႔လည္း ေခၚပါတယ္) ပင္ရဲ႕အစြမ္းထက္ပုံပါ။မိတ္ေဆြတို႔ကို ေမတၱာျဖင့္ ေဖါက္သည္ခ်လိုက္ပါတယ္။ မိတ္ေဆြအားလုံး စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာနဲ႔ ျပည့္စုံႏိုင္ၾကပါေစ။

ေအာက္မွာ အပင္ပုံ ကေလးေတြ ဗဟုသုတ အလို႔ငွာ တင္ေပးလိုက္ပါတယ္။ ပ႒မပုံက အပင္ေပါက္စ ကေလးရဲ႕ပုံပါ။ ေနာက္ပုံေတြက အင္ပင္မွာ ႏြယ္ပါတ္ တက္ေနတဲ့ အပင္ႀကီးရဲ႕ပုံပါ။

credit -မူရင္း

No comments:

Post a Comment