Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 11, 2018

ကျောက်မဲတွင် ကျွဲ/နွားတင်ယာဉ်တစ်စီး ပစ်ခတ်ခံရပြန်



ဇွန်လ ၁၁ ရက် မနက်၂ နာရီခန့်ကကျောက်မဲမြို့နယ် မန်တန်ကျေးရွာအနီးပြည်ထောင်စုကားလမ်းမကြီးရဲ့ မိုင်တိုင်အမှတ်(၉၆/၂-၃)ကြားမှာ မြန်မာ့ရတနာကုမ္ပဏီ(မူဆယ်) ရဲ့ တရားဝင်စာရွက်စာတမ်းတွေနဲ့ တင်ဆောင်မောင်းနှင်လာတဲ့ ကျွဲ/နွားတင်ယာဉ် ၅ စီးထဲက ၁၂ဘီး အဖြူရောင်ယာဉ်ဟာ ညအိပ်ရပ်နားဖို့အတွက် လမ်းဘေးရပ်တန့်ချိန်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ကျောက်မဲမြို့မ ရဲစခန်းက သိရပါတယ်။


ဒီလိုပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်းဟာ ၀ဲ/ယာခြေသလုံး ရှပ်ထိဒဏ်ရာ(၁)ချက်စီ(မစိုးရိမ်ရ) ရခဲ့ပြီး အသက် (၅၃)နှစ်အရွယ် နွားထိန်းက ၀ဲဘက်ခြေဖ၀ါးအောက်ရှပ်ထိဒဏ်ရာ(၁)ချက်
(မစိုးရိမ်ရ) တို့ ရရှိခဲ့တဲ့အတွက် ကျောက်မဲပြည်သူ့ဆေးရုံကြီး ကို ပို့ဆောင်ကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။

မန္တလေး- မူဆယ် ပြည်ထောင်စု ကားလမ်းမှာ တရုတ်နိုင်ငံကို တင်ပို့မယ့် နွားတင်ကားတွေ မကြာခဏ လက်နက်ငယ်တွေနဲ့ ပတ်ခတ်တိုက်ခိုက် ခံရလေ့ရှိပြီး အခု နောက်ဆုံးအကြိမ်
တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

သတင်း- သီပေါကိုလတ်
ဓာတ်ပုံ၊ကျောက်မဲရဲတပ်ဖွဲ့
Central News Bureau
https://www.facebook.com/onenewsonline

No comments:

Post a Comment