Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 25, 2018

လူမွုကြန္ယက္ေပၚကဂယက္အား ဒါရိုက္တာညိုမင္းလြင္ရွင္းလင္း

အကယ္ဒမီေပးပဲြၿပီးေနာက္ေန ့စေန ေန ့ညေနပိုင္းမွာ လူမွုကြန္ယက္ေပၚမွာ ၿပန့္က်ဲေနတဲ့ စခရင္ေရွာ့ပ္ ေတြထြက္လာအၿပီးမွာ ပါ၀င္စကားေၿပာထားၾကတဲ့ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားက ခ်က္ခ်င္း ပရိုဖိုင္ဓာတ္ပံုေတြေၿပာင္းအၿပီးတိတ္တိတ္ေနေနၾကတာပါ။ ဒါေပမယ့္ အားလံုးအတူတူ ပရိုဖိုင္ဓာတ္ပံုေတြေၿပာင္းသြားၾကလုိ့ အြန္လုိင္းေပၚကသူအေတာ္မ်ားမ်ား ဒါဟာ အတု မဟုတ္ပဲ အစစ္ဆိုတာ သိသြားၾကပါတယ္။အားလံုးထဲမွာ ဒါဟာ အမွန္ၿဖစ္ေၾကာင္းပထမဆံုး၀န္ခံလုိက္သူကေတာ့ ဒါရိုက္တာ ညိဳမင္းလြင္ ၿဖစ္ၿပီး သူ့ရဲ့ အၿမင္ကို ယခုလုိရွင္းလင္းထားပါတယ္။

ဒီအခ်ိန္က ကြ်န္ေတာ့္ဆီကေနတစ္ခုခုၾကားခ်င္ေနၾကမယ့္အခ်ိန္လို႔ပဲနားလည္ထားပါတယ္၊ဒါေပမယ့္ အခုအခ်ိန္မွာ အတိအက် ဘာမွေျပာစရာရွိမေနေသးတဲ့အတြက္လည္း ေျပာသမွ်နားေထာင္လိုက္ရံုအျပင္တျခားနည္းလမ္းမရွိပါဘူး၊ ရွိရင္လည္း အဲဒီလမ္းကိုကြ်န္ေတာ္ေရြးမွာမဟုတ္ပါဘူး၊ေသေသခ်ာခ်ာတစ္စံုတစ္ခုကိုမေျပာႏိုင္သေရြ႕ ဘာမွလည္းေျပာေနမွာမဟုတ္ပါဘူး၊ညိဳမင္းလြင္ အတင္းေျပာတယ္လို႔ယူဆခ်င္ရင္လည္း အဲဒီလိုပဲယူဆၿပီး လြတ္လပ္စြာကဲ့ရဲ႕ရႈတ္ခ်ႏိုင္ပါတယ္၊





ကြ်န္ေတာ့္ account ကို hack ခံရပါတယ္ေတြ၊ဘာေတြလည္း ဘယ္တုန္းကမွမေျပာခဲ့ဖူးပါဘူး၊Comment ကိုအရင္ကလည္းမပိတ္ခဲ့သလို အခုလည္းမပိတ္ထားပါဘူး၊အခုအခ်ိန္မွာ ေသခ်ာေျပာႏိုင္တာတစ္ခုပဲရွိပါတယ္၊အခု ခီလင္မယားဆိုတာကို ကြ်န္ေတာ္ မနာလိုဝန္တိုစိတ္ဘယ္တုန္းကမွမရွိခဲ့ဘူး ဆိုတာကိုေတာ့ မည္သူတစ္ဦးတစ္ေယာက္ယံုသည္ျဖစ္ေစ၊မယံုသည္ျဖစ္ေစ အေသအခ်ာေျပာႏိုင္ပါတယ္၊နည္းနည္းေတာ့ရွင္းလင္းေအာင္ထပ္ေျပာရရင္ သူတို႔ဝင္လာလို႔ ငါတို႔ရပ္တည္လို႔မရေတာ့ဘူး လို႔ေယာင္ၿပီးေတာ့ေတာင္ မေတြးခဲ့ဖူးဘူးဗ်၊ သူတို႔ပိုေတာ္တယ္ေျပာေျပာ၊ ပိုသာတယ္ေျပာေျပာ မနာလိုစရာလည္းမရွိဘူး၊ ေနာက္လူငယ္ေတြက ကြ်န္ေတာ္တို႔ထက္သာႏိုင္ပါတယ္ လို႔လည္း ကြ်န္ေတာ္ကိုယ္တိုင္က အႀကိမ္ေပါင္းမ်ားစြာေျပာခဲ့ဖူးၿပီးသား၊ပါးစပ္ကေျပာၿပီး လက္ေတြ႕မွာ တကယ္မကူညီဘူးထင္ရင္လည္း ကြ်န္ေတာ့္ဆီေရာက္ခဲ့ဖူးတဲ့အသစ္ေတြကိုသာ ေမးၾကည့္လိုက္ၾကပါ၊

႐ုပ္ရွင္ေလာကဆိုတာ သမုဒၵရာေရပါပဲ၊ တစ္ေယာက္ထပ္တိုးလာလို႔လည္း ေလ်ာ့သြားစရာမရွိပါဘူး၊ၿပီးေတာ့ အမ်ားစြပ္စြဲေနတဲ့အတိုင္းေျပာရရင္ သူတို႔လင္မယားႏွစ္ေယာက္ရဲ႕အလုပ္လုပ္ပံု လုပ္နည္းစနစ္က လက္ရွိဒီက ထုတ္လုပ္သူမ်ားနဲ႔လည္း အံဝင္ခြင္က်မျဖစ္ေနေသးဘူးဗ်၊ အဲဒီေတာ့ လြယ္လြယ္ေလးစဥ္းစားၾကည့္ရင္ကို သူတို႔ဝင္လာလို႔ ငါတို႔လုပ္လို႔မရေတာ့ဘူးလို႔ ကြ်န္ေတာ္ေတာ့ ေယာင္ၿပီးေတာ့ေတာင္မေတြးခဲ့ဖူဘူး၊ပရိသတ္မသိေပမယ့္ ကြယ္ရာမွာ ကြ်န္ေတာ္ႀကိမ္ဖန္မ်ားစြာေျပာခဲ့ဖူးတဲ့စကားတစ္ခြန္းရွိပါတယ္၊႐ုပ္ရွင္ေလာကကိုတကယ္ေျပာင္းခ်င္ရင္ ႏွစ္ဘက္စလံုးကေလွ်ာ့ဖို႔လိုတယ္ လို႔။ထုတ္လုပ္သူေတြအေနနဲ႔ကလည္း ေငြရွာတဲ့ကား ငါးကား႐ိုက္ရင္ ခီနဲ႔လည္း သူလုပ္ခ်င္တာလုပ္ပါေစဆိုၿပီး တစ္ကားကိုေတာ့ အရွံုးအျမတ္ထည့္မတြက္ပဲ ကမ္းလွမ္းၿပီး႐ိုက္သင့္တယ္ လို႔။တဘက္ကလည္း အရမ္းေတြေလွ်ာက္မေျပာပဲ ပူးေပါင္းသင့္တယ္ လို႔။( အဲဒါေတြက အျပင္မွာေျပာခဲ့တာဗ် )ကြ်န္ေတာ္ေျပာခဲ့တာေတြကို ၾကားဖူးခဲ့တဲ့လူေတြလည္းရွိခ်င္ရွိမွာေပါ့၊ ဒီအခ်ိန္မွာ အဲဒါေတြကိုလိုက္သက္ေသထူေနရတာကိုက ကေလးကလားႏိုင္လြန္းပါတယ္၊ဒါေပမယ့္ အဲဒါနဲ႔ပဲ သူတို႔ကိုလံုးဝအမွားမကင္းဘူးေတာ့လည္း ေျပာလို႔မရဘူးဗ်၊သူတို႔မွာလည္း အမွားဆိုတာရွိတာပဲ၊ အဲဒါကိုေထာက္ျပေျပာဆိုသင့္တယ္လို႔လည္း ကြ်န္ေတာ္ေတာ့ျမင္တာပါပဲ၊ဒါေပမယ့္ ျပႆနာက သတို႔မွားေနတယ္လို႔ျမင္ၿပီး တစ္ခုခုေျပာခ်င္ရင္ေတာင္ ဘယ္မွာမွ ေျပာလို႔မရႏိုင္ေတာ့တာလည္း အမွန္ပဲ၊ကြ်န္ေတာ့္အေနနဲ႔ကေတာ့ ေျပာခ်င္တာ အဲဒါပါပဲ၊အပိုေတြပါကြာ လို႔ထင္ျမင္ယူဆၿပီး ဆက္လက္ဆဲဆိုခ်င္သပဆိုရင္လည္း ဆက္လက္ဆဲဆိုႏိုင္ပါတယ္၊အရင္တုန္းကလည္း သူတို႔ကိုမမုန္းခဲ့သလို အခုလည္းမုန္းစရာမရွိပါဘူး၊

ဘယ္အရာမဆိုအေကာင္းဘက္ကပဲေတြးတဲ့အတြက္ အခုလည္း ကြ်န္ေတာ့္အေပၚကို ယံုၾကည္မႈရွိတဲ့လူက်န္ခဲ့ေသးရင္ က်န္သေလာက္အျမတ္လို႔ပဲေတြးၿပီး ဆက္အေျပာခံေနလိုက္မွာပါပဲ၊ကြ်န္ေတာ့္အေနနဲ႔ကေတာ့ လူပုဂၢိဳလ္ခ်စ္ျခင္း၊မုန္းျခင္းလံုးဝမရွိတဲ့အတြက္ အခု ကြ်န္ေတာ္ေျပာသမွ်စကားအားလံုးအတြက္ ကြ်န္ေတာ္တာဝန္ယူပါတယ္ လို႔ေျပာပါရေစ၊
ညိဳမင္းလြင္



[Unicode]
အကယ်ဒမီပေးပွဲပြီးနောက်နေ့စနေ နေ့ညနေပိုင်းမှာ လူမှုကွန်ယက်ပေါ်မှာ ပြန့်ကျဲနေတဲ့ စခရင်ရှော့ပ် တွေထွက်လာအပြီးမှာ ပါဝင်
စကားပြောထားကြတဲ့ အနုပညာရှင်တော်တော်များများက ချက်ချင်း ပရိုဖိုင်ဓာတ်ပုံတွေပြောင်းအပြီးတိတ်တိတ်နေနေကြတာပါ။ ဒါပေမယ့် အားလုံးအတူတူ ပရိုဖိုင်ဓာတ်ပုံတွေပြောင်းသွားကြလို့ အွန်လိုင်းပေါ်ကသူအတော်များများ ဒါဟာ အတု မဟုတ်ပဲ အစစ်ဆိုတာ သိသွားကြပါတယ်။အားလုံးထဲမှာ ဒါဟာ အမှန်ဖြစ်ကြောင်းပထမဆုံးဝန်ခံလိုက်သူကတော့ ဒါရိုက်တာ ညိုမင်းလွင် ဖြစ်ပြီး သူ့ရဲ့ အမြင်ကို ယခုလိုရှင်းလင်းထားပါတယ်။ဒီအချိန်က ကျွန်တော့်ဆီကနေတစ်ခုခုကြားချင်နေကြမယ့်အချိန်လို့ပဲနားလည်ထားပါတယ်၊ဒါပေမယ့် အခုအချိန်မှာ အတိအကျ ဘာမှပြောစရာရှိမနေသေးတဲ့အတွက်လည်း ပြောသမျှနားထောင်လိုက်ရုံအပြင်တခြားနည်းလမ်းမရှိပါဘူး၊ ရှိရင်လည်း အဲဒီလမ်းကိုကျွန်တော်ရွေးမှာမဟုတ်ပါဘူး၊သေသေချာချာတစ်စုံတစ်ခုကိုမပြောနိုင်သရွေ့ ဘာမှလည်းပြောနေမှာမဟုတ်ပါဘူး၊ညိုမင်းလွင် အတင်းပြောတယ်လို့ယူဆချင်ရင်လည်း အဲဒီလိုပဲယူဆပြီး လွတ်လပ်စွာကဲ့ရဲ့ရှုတ်ချနိုင်ပါတယ်၊ကျွန်တော့် account ကို hack ခံရပါတယ်တွေ၊ဘာတွေလည်း ဘယ်တုန်းကမှမပြောခဲ့ဖူးပါဘူး၊Comment ကိုအရင်ကလည်းမပိတ်ခဲ့သလို အခုလည်းမပိတ်ထားပါဘူး၊အခုအချိန်မှာ သေချာပြောနိုင်တာတစ်ခုပဲရှိပါတယ်၊အခု ခီလင်မယားဆိုတာကို ကျွန်တော် မနာလိုဝန်တိုစိတ်ဘယ်တုန်းကမှမရှိခဲ့ဘူး ဆိုတာကိုတော့ မည်သူတစ်ဦးတစ်ယောက်ယုံသည်ဖြစ်စေ၊မယုံသည်ဖြစ်စေ အသေအချာပြောနိုင်ပါတယ်၊နည်းနည်းတော့ရှင်းလင်းအောင်ထပ်ပြောရရင် သူတို့ဝင်လာလို့ ငါတို့ရပ်တည်လို့မရတော့ဘူး လို့ယောင်ပြီးတော့တောင် မတွေးခဲ့ဖူးဘူးဗျ၊ သူတို့ပိုတော်တယ်ပြောပြော၊ ပိုသာတယ်ပြောပြော မနာလိုစရာလည်းမရှိဘူး၊ နောက်လူငယ်တွေက ကျွန်တော်တို့ထက်သာနိုင်ပါတယ် လို့လည်း ကျွန်တော်ကိုယ်တိုင်က အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပြီးသား၊ပါးစပ်ကပြောပြီး လက်တွေ့မှာ တကယ်မကူညီဘူးထင်ရင်လည်း ကျွန်တော့်ဆီရောက်ခဲ့ဖူးတဲ့အသစ်တွေကိုသာ မေးကြည့်လိုက်ကြပါ၊ ရုပ်ရှင်လောကဆိုတာ သမုဒ္ဒရာရေပါပဲ၊ တစ်ယောက်ထပ်တိုးလာလို့လည်း လျော့သွားစရာမရှိပါဘူး၊ပြီးတော့ အများစွပ်စွဲနေတဲ့အတိုင်းပြောရရင် သူတို့လင်မယားနှစ်ယောက်ရဲ့အလုပ်လုပ်ပုံ လုပ်နည်းစနစ်က လက်ရှိဒီက ထုတ်လုပ်သူများနဲ့လည်း အံဝင်ခွင်ကျမဖြစ်နေသေးဘူးဗျ၊ အဲဒီတော့ လွယ်လွယ်လေးစဉ်းစားကြည့်ရင်ကို သူတို့ဝင်လာလို့ ငါတို့လုပ်လို့မရတော့ဘူးလို့ ကျွန်တော်တော့ ယောင်ပြီးတော့တောင်မတွေးခဲ့ဖူးဘူး၊ပရိသတ်မသိပေမယ့် ကွယ်ရာမှာ ကျွန်တော်ကြိမ်ဖန်များစွာပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိပါတယ်၊ရုပ်ရှင်လောကကိုတကယ်ပြောင်းချင်ရင် နှစ်ဘက်စလုံးကလျှော့ဖို့လိုတယ်လို့…ထုတ်လုပ်သူတွေအနေနဲ့ကလည်း ငွေရှာတဲ့ကား ငါးကားရိုက်ရင် ခီနဲ့လည်း သူလုပ်ချင်တာလုပ်ပါစေဆိုပြီး တစ်ကားကိုတော့ အရှုံးအမြတထည့်မတွက်ပဲ ကမ်းလှမ်းပြီးရိုက်သင့်တယ် လို့…တဘက်ကလည်း အရမ်းတွေလျှောက်မပြောပဲ ပူးပေါင်းသင့်တယ် လို့…( အဲဒါတွေက အပြင်မှာပြောခဲ့တာဗျ )ကျွန်တော်ပြောခဲ့တာတွေကို ကြားဖူးခဲ့တဲ့လူတွေလည်းရှိချင်ရှိမှာပေါ့၊ ဒီအချိန်မှာ အဲဒါတွေကိုလိုက်သက်သေထူနေရတာကိုက ကလေးကလားနိုင်လွန်းပါတယ်၊ဒါပေမယ့် အဲဒါနဲ့ပဲ သူတို့ကိုလုံးဝအမှားမကင်းဘူးတော့လည်း ပြောလို့မရဘူးဗျ၊သူတို့မှာလည်း အမှားဆိုတာရှိတာပဲ၊ အဲဒါကိုထောက်ပြပြောဆိုသင့်တယ်လို့လည်း ကျွန်တော်တော့မြင်တာပါပဲ၊ဒါပေမယ့် ပြဿနာက သူတို့မှားနေတယ်လို့မြင်ပြီး တစ်ခုခုပြောချင်ရင်တောင် ဘယ်မှာမှ ပြောလို့မရနိုင်တော့တာလည်း အမှန်ပဲ၊ကျွန်တော့်အနေနဲ့ကတော့ ပြောချင်တာ အဲဒါပါပဲ၊အပိုတွေပါကွာ လို့ထင်မြင်ယူဆပြီး ဆက်လက်ဆဲဆိုချင်သပဆိုရင်လည်း ဆက်လက်ဆဲဆိုနိုင်ပါတယ်၊အရင်တုန်းကလည်း သူတို့ကိုမမုန်းခဲ့သလို အခုလည်းမုန်းစရာမရှိပါဘူး၊ ဘယ်အရာမဆိုအကောင်းဘက်ကပဲတွေးတဲ့အတွက် အခုလည်း ကျွန်တော့်အပေါ်ကို ယုံကြည်မှုရှိတဲ့လူကျန်ခဲ့သေးရင် ကျန်သလောက်အမြတ်လို့ပဲတွေးပြီး ဆက်အပြောခံနေလိုက်မှာပါပဲ၊ကျွန်တော့်အနေနဲ့ကတော့ လူပုဂ္ဂိုလ်ချစ်ခြင်း၊မုန်းခြင်းလုံးဝမရှိတဲ့အတွက် အခု ကျွန်တော်ပြောသမျှစကားအားလုံးအတွက် ကျွန်တော်တာဝန်ယူပါတယ် လို့ပြောပါရစေ၊ညိုမင်းလွင်

No comments:

Post a Comment