Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 25, 2018

မႀကိဳက္တာကို မႀကိဳက္ဘူး ေျပာခြင့္ မရွိဘူးလား ဆိုတဲ့ ခင္၀င့္၀ါ


Zawgyi

ခီေမာင္ႏွံအား ေျပာဆိုအတင္းတုပ္ထားေသာ ဂရုခ်က္၌ ပါဝင္ေသာ ခင္ဝင့္ဝါမွ ဝန္ခံရွင္းလင္းကာ “မႀကိဳက္တာကို မႀကိဳက္ဘူး ေျပာခြင့္ မရွိဘူးလား “ဟု ေဝဖန္ေျပာဆိုေနသူမ်ားအား ေမးလိုက္ၿပီ . .

အကယ္ဒမီေပးပြဲ ေနာက္ေန႔မွာပင္ အႏုပညာရွင္ (၁၂)ဦး ပါဝင္ေသာ ဂရုခ်က္မွ ခီေမာင္ႏွံအား ႀကိဳဆိုပုံမ်ားဆိုၿပီး chat listမွာ အႏုပညာရွင္မ်ား စုေပါင္း၍ ခီေမာင္ႏွံအား ေဝဖန္အပုတ္ခ်ထားေသာ စကားမ်ား စခရင္ေခ်ာ့ေတြနဲ႔ ေပၚထြက္လာခဲ့တာ ျဖစ္ပါတယ္။

ဂရုခ်က္ထဲမွာေတာ့ ရုပ္ရွင္ဥကၠ႒ဦးဇင္ဝိုင္း၊ ေနမင္း၊ေက်ာ္ေက်ာ္၊ေျပဇင္၊ဇာဂနာ၊ညိဳမင္းလြင္၊ ကိုေပါက္၊ သင္ဇာႏြယ္ဝင္း၊ခင္ဝင့္ဝါ၊သက္မြန္ျမင့္၊ စိုးျမတ္နႏၵာ၊ သြန္းဆက္ စသည္ျဖင့္ အႏုပညာရွင္စံုစံုလင္လင္ ပါဝင္ၾကပါတယ္။

ညိဳမင္းလြင္ႏွင့္ကိုေပါက္တို႔မွ ဝန္ခံရွင္းလင္းခဲ့ေသာ္လည္း ဇာဂနာႏွင့္ သင္ဇာႏြယ္ဝင္းတို႔မွ ျငင္းဆန္ခဲ့ၾကၿပီး ။ ရုပ္ရွင္အစည္းအရုံး ဥကၠ႒ ဇင္ဝိုင္းမွ “ေျဖဆိုလိုျခင္း မရွိ”ေၾကာင္း ေျပာထားသလို။ ေနမင္းကလည္း “ဦးေႏွာက္ စဥ္းစားပါ”ဆိုၿပီး ျငင္းဆန္ခဲ့ၿပီးေနာက္

ယခုအခါ ဂရုခ်က္၌ ပါဝင္ခဲ့သူ ခင့္ဝင့္ဝါမွ ဝန္ခံေျဖရွင္းလိုက္ျပန္. . .

“ကိုယ့္ကို ေတာ္ပါတယ္ တတ္ပါတယ္ လို႔ ဘယ္ေသာ္ အခါ မေျပာခဲ့ပါဘူး အၿမဲတမ္းနိမ့္ခ် ၿပီး ဘဲေျပာတတ္ ပါတယ္ ။ သူမ်ားကို ေဝဖန္ႏိုင္ဖို႔ အစြမ္းအစလဲ ဝင့္ဝါမွာ မရွိပါဖူးရွင့္။ ဝင့္ဝါက ပုတုစဥ္လူသားတစ္ေယာက္ပါ။ ႀကိဳက္တာကို ႀကိဳက္တယ္ ေျပာခြင့္၊ မႀကိဳက္တာကို မႀကိဳက္ဖူး ေျပာခြင့္ မရွိဖူးလားဟင္။ သူတစ္ပါး နစ္နာလိုစိတ္ သူတစ္ပါး ထိခိုက္ပါေစ ဆိုတဲ့ စိတ္ကို မရွိခဲ့ပါဖူး ။ ” ဆိုၿပီး ေျပာၾကားေျဖရွင္းလိုက္ပါသည္။

(စာလုံးေပါင္းမွာ မူရင္းအတိုင္း ေဖၚျပထားျခင္းသာ ျဖစ္သည္။)

စခရင္ေရွာ့မ်ား ေပၚထြက္လာေသာ အႏုပညာရွင္မ်ားထဲမွာပင္ ဝန္ခံသူေတြ ျငင္းဆန္သူေတြနဲ႔ ဂယက္ထေနေသာ ခီေမာင္ႏွံအား အုပ္စုဖြဲ႕ေဝဖန္အတင္းတုပ္ပြဲႀကီးသည္ မည့္သို႔မည္ပုံ ဆက္လက္ ျဖစ္ပြားကာ မည္သို႔ အဆုံးသတ္မည္ဆိုတာကေတာ့ အလြန္ပင္ စိတ္ဝင္စားဖြယ္ေပတည္း။
 Credit – Hlataw

ခီမောင်နှံအား ပြောဆိုအတင်းတုပ်ထားသော ဂရုချက်၌ ပါဝင်သော ခင်ဝင့်ဝါမှ ဝန်ခံရှင်းလင်းကာ “မကြိုက်တာကို မကြိုက်ဘူး ပြောခွင့် မရှိဘူးလား “ဟု ဝေဖန်ပြောဆိုနေသူများအား မေးလိုက်ပြီ . .

အကယ်ဒမီပေးပွဲ နောက်နေ့မှာပင် အနုပညာရှင် (၁၂)ဦး ပါဝင်သော ဂရုချက်မှ ခီမောင်နှံအား ကြိုဆိုပုံများဆိုပြီး chat listမှာ အနုပညာရှင်များ စုပေါင်း၍ ခီမောင်နှံအား ဝေဖန်အပုတ်ချထားသော စကားများ စခရင်ချော့တွေနဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

 ဂရုချက်ထဲမှာတော့ ရုပ်ရှင်ဥက္ကဋ္ဌဦးဇင်ဝိုင်း၊ နေမင်း၊ကျော်ကျော်၊ပြေဇင်၊ဇာဂနာ၊ညိုမင်းလွင်၊ ကိုပေါက်၊ သင်ဇာနွယ်ဝင်း၊ခင်ဝင့်ဝါ၊သက်မွန်မြင့်၊ စိုးမြတ်နန္ဒာ၊ သွန်းဆက် စသည်ဖြင့် အနုပညာရှင်စုံစုံလင်လင် ပါဝင်ကြပါတယ်။

ညိုမင်းလွင်နှင့်ကိုပေါက်တို့မှ ဝန်ခံရှင်းလင်းခဲ့သော်လည်း ဇာဂနာနှင့် သင်ဇာနွယ်ဝင်းတို့မှ ငြင်းဆန်ခဲ့ကြပြီး ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဇင်ဝိုင်းမှ “ဖြေဆိုလိုခြင်း မရှိ”ကြောင်း ပြောထားသလို။ နေမင်းကလည်း “ဦးနှောက် စဉ်းစားပါ”ဆိုပြီး ငြင်းဆန်ခဲ့ပြီးနောက်

ယခုအခါ ဂရုချက်၌ ပါဝင်ခဲ့သူ ခင့်ဝင့်ဝါမှ ဝန်ခံဖြေရှင်းလိုက်ပြန်. . .

“ကိုယ့်ကို တော်ပါတယ် တတ်ပါတယ် လို့ ဘယ်သော် အခါ မပြောခဲ့ပါဘူး အမြဲတမ်းနိမ့်ချ ပြီး ဘဲပြောတတ် ပါတယ် ။ သူများကို ဝေဖန်နိုင်ဖို့ အစွမ်းအစလဲ ဝင့်ဝါမှာ မရှိပါဖူးရှင့်။ ဝင့်ဝါက ပုတုစဉ်လူသားတစ်ယောက်ပါ။ ကြိုက်တာကို ကြိုက်တယ် ပြောခွင့်၊ မကြိုက်တာကို မကြိုက်ဖူး ပြောခွင့် မရှိဖူးလားဟင်။ သူတစ်ပါး နစ်နာလိုစိတ် သူတစ်ပါး ထိခိုက်ပါစေ ဆိုတဲ့ စိတ်ကို မရှိခဲ့ပါဖူး ။ ” ဆိုပြီး ပြောကြားဖြေရှင်းလိုက်ပါသည်။



(စာလုံးပေါင်းမှာ မူရင်းအတိုင်း ဖေါ်ပြထားခြင်းသာ ဖြစ်သည်။)

စခရင်ရှော့များ ပေါ်ထွက်လာသော အနုပညာရှင်များထဲမှာပင် ဝန်ခံသူတွေ ငြင်းဆန်သူတွေနဲ့ ဂယက်ထနေသော ခီမောင်နှံအား အုပ်စုဖွဲ့ဝေဖန်အတင်းတုပ်ပွဲကြီးသည် မည့်သို့မည်ပုံ ဆက်လက် ဖြစ်ပွားကာ မည်သို့ အဆုံးသတ်မည်ဆိုတာကတော့ အလွန်ပင် စိတ်ဝင်စားဖွယ်ပေတည်း။

Category: ေက်ာ္ၾကားသူမ်ား Tags: hlataw

No comments:

Post a Comment