Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 27, 2018

ဂရုချက်ခေါင်းဆောင်နဲ့ နောက်ဆက်တွဲပြောဆိုမှု စခရင်ရှော့များ ထပ်မံ ပေါက်ကြား


အကယ်ဒမီပေးပွဲပြီတာနဲ့အတူ ဖေ့စ်ဘွက်တစ်ခုလုံးကို ပွတ်လောရိုက်စေခဲ့တဲ့ ဂရုချက်ကိစ္စရဲ့ နောက်ဆက်တွဲ စကားများနဲ့ ယင်းဂရုကိုပဲ့ကိုင်သူတို့အကြောင်း ထပ်မံပေါက်ကြားလာပြန်ပါတယ်။ ဂရုချက်ကိစ္စဟာ အနုပညာလောကသားများကို သိက္ခာကျ အရှက်ရစေခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ မတ်လ ၂၇ ရက်မှာတော့ ယင်းဂရုချက် နောက်ဆက်တွဲလှုပ်ရှားနေမှုများကို ဒါရိုက်တာကိုပေါက်ရဲ့ အကောင့် အဟက်ခံရတာကနေ ထပ်မံပေါက်ကြားလာတာ ဖြစ်ပါတယ်။ အဲ့ဒိလို ပေါက်ကြားပြီး ထွက်ပေါ်လာတဲ့ စခရင်ချော့တွေထဲမှာတော့ ခင်ဝင့်ဝါ၊ သွန်းဆက်၊ ဇာဂနာ၊ သန္တာဗိုလ်၊ ကျော်ကျော်၊ နေမင်း၊ မောင်သီ၊ စိုးမြတ်နန္ဒာ၊ ထားထက်ထက်၊ နန်းခင်ဇေယျာ၊ ဆုမြတ်နိုးဦး၊ သင်ဇာနွယ်ဝင်း စသူတို့ စကားပြောထားတာ တွေ့ရပါတယ်။


ဒီကရုရဲ့ ကွန်ထိုးလုပ်သူကတော့ စိုးမြတ်နန္ဒာဖြစ်ပြီး ခုလိုဖြစ်သွားတဲ့အတွက် ပေါက်ကွဲပြီး ဂရုထဲကရှိတဲ့ လူတွေအများကြီးကို လောလောဆယ် ထုတ်ပယ်နေပါတယ်။ ဂရုနာမည်ကတော့ မင်းသား၊ မင်းသမီးများ ဆိုတာပဲဖြစ်ပါတယ်။ ဒီဂရုဟာဆိုရင် ဖေ့စ်ဘွက်သုံးတဲ့ ထိပ်တန်းမင်းသားမင်းသမီးတွေ အားလုံးနီးပါးပါဝင်တဲ့ အကြီးဆုံးဂရုလည်းဖြစ်ပါတယ်။
roadofcele.com

















 

No comments:

Post a Comment