Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 8, 2018

တိုင်းဒေသကြီး ဝန်ကြီးချုပ်အချို့နှင့်ဝန်ကြီးများ အပြောင်းအလဲသတင်း NLDပါတီ ပြောရေးဆိုခွင့်ရှိသူ အတည်ပြု


ရန်ကုန်၊ ဇန်နဝါရီ ၈

တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ဝန်ကြီးအချို့ အပြောင်းအလဲ ပြုလုပ်ရန် သတင်းများ ထွက်ပေါ်နေမှုအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အပြောင်းအလဲလုပ်မည်ဆိုသည်မှာ မှန်ကြောင်း The Voice သတင်းစာသို့ အတည်ပြုပြောကြားသည်။

တိုင်းဒေသကြီး ဝန်ကြီးများ အပြောင်းအလဲ၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော် ပါဝင်ကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက The Voice သတင်းစာသို့ ပြောကြားသည်။

“မကွေးတိုင်းက ဦးနေမျိုးကျော်တစ်ခုတော့ မှန်တယ်လို့ သိထားရတယ်။ ကျန်တာကတော အတည်မပြုနိုင်ဘူး”ဟု ဦးဉာဏ်ဝင်းကပြောသည်။

ယင်းသို့ အပြောင်းအလဲ ပြုလုပ်ရာတွင် ပဲခူးတိုင်းဝန်ကြီးချုပ်၊ ဧရာဝတီ တိုင်းဝန်ကြီးချုပ်၊ မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်တို့လည်း ပါဝင်ကြောင်း NLDပါတီ၏ အမည်မဖော်လိုသော ထိပ်ပိုင်းခေါင်းဆောင် အချို့ထံမှ သိရသည်။

သို့သော် NLD ပါတီပြောရေးဆို ခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ ပဲခူးတိုင်း ဝန်ကြီးချုပ်၊ ဧရာဝတီ တိုင်းဝန်ကြီးချုပ်တို့ ပါကြောင်းကိုမူ အတည်မပြုနိုင်ကြောင်း ငြင်းဆိုသည်။

အလားတူ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းသည် ကျန်းမာရေး အခြေအနေကြောင့် တာဝန်မှ ရပ်နားခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ ဇန်နဝါရီ ၂ ရက်နေ့၌ နုတ်ထွက်စာ တင်ထားပြီးဖြစ်ကြောင်း မီဒီယာများကို ၎င်းကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့သည်။

မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်သည် လက်ရှိ တာဝန်ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို စွမ်းဆောင်၌ အားရကျေနပ်မှု မရှိ၍ နုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတထံ စာရေးသားတင်ပြပြီးဖြစ်ကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောဆိုထားပြီးဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဦးမင်းအောင်ကို ၎င်း၏တာဝန်နှင့် လုပ်ပိုင်ခွင့်များအပေါ် တာဝန်ကျေပွန်မှု မရှိ၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ လက်မှတ်ရေးထိုးပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ပြီးဖြစ်သည်။

The Voice

No comments:

Post a Comment