Byထက်အာကာကျော်On Tue, 2018-01-09 04:30Locationရန်ကုန်Issue No.No.1682 Tuesday, January 9, 2018
တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင်များ အပြောင်းအလဲပြုလုပ်မည့်အခြေ အနေကို ပြည်ထောင်စုအစိုးရအဖွဲ့က အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထံ အကြောင်းကြားထားကြောင်း ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြော သည်။
တိုင်းဒေသကြီးသုံးခုမှ ဝန် ကြီးချုပ်တစ်ဦးနှင့် ဝန်ကြီးများကို အပြောင်းအလဲပြုလုပ်မည့် အခြေအနေနှင့် ပတ်သက်၍ 7Day Daily သတင်းစာ၏ ဆက်သွယ် မေးမြန်းမှုကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ ဝင် ဦးဉာဏ်ဝင်းက ယင်းသို့ပြော ကြားခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ပါတီက လုပ် တာမဟုတ်ပါဘူး။ အစိုးရအဖွဲ့က လုပ်တာပါ။ သူတို့လုပ်တာကို ကျွန်တော်တို့ပြောတာ မကောင်း ပါဘူး’’ ဟု ဦးဉာဏ်ဝင်းက ပြော သည်။
သို့သော်အပြောင်းအလဲပြု လုပ်မည့် တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးအရေ အတွက်ကို ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။
ဦးဉာဏ်ဝင်းက ပြည်ထောင် စုအစိုးရအဖွဲ့ကို မေးမြန်းရန် ပြောကြားသော်လည်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကမူ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရ၏ ထုံးစံအ တိုင်း ထုတ်ပြန်လေ့မရှိကြောင်း ပြောကြားသည်။
‘‘ကျွန်တော်တို့အစိုးရဘက် က အဲဒီလိုကိစ္စတွေ ဘယ်တုန်းက မှ Publish မလုပ်ပါဘူး။ ကျွန် တော်တို့ တရားဝင် Statement ထုတ်တဲ့အခါပဲ ထုတ်ပါတယ်။ ကြိုတင်ပြီးတော့ ဘယ်သူ့တော့ ဘာလုပ်မယ်။ ဘယ်နေရာတော့ ဘာလုပ်မယ်။ ဘယ်လို ဘာပြော လေ့ ပြောထမရှိပါဘူး’’ ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီး ချုပ်များနှင့် လွှတ်တော်ဥက္ကဋ္ဌများ သည် အစိုးရအဖွဲ့ရုံးစိုက်ရာ နေ ပြည်တော်သို့ ရောက်ရှိနေသည်။
ဗဟိုဘဏ္ဍာရေးကော်မရှင် အစည်းအဝေးနှင့် စီမံကိန်းကော် မရှင် အစည်းအဝေးနှစ်ခု တက် ရောက်ရန် နေပြည်တော်သို့ ဇန်န ဝါရီ ၈ ရက်နှင့် ၉ ရက် နှစ်ရက် ကြာ ရောက်ရှိနေကြောင်း မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက် တာအောင်မိုးညိုက ပြောကြား သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က တိုင်းဒေသကြီး ဝန်ကြီးများ၏ အပြောင်းအလဲနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်း ဖြေကြားသည်။
‘‘ကိုယ်လည်းအတည်မပြု နိုင်ဘူး။ အတည်မပြုနိုင်သေးပါ ဘူး’’ ဟု ဦးဝင်းထိန်က ပြော သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဗဟိုကော်မတီဝင်တစ် ဦးကမူ အပြောင်းအလဲပြုလုပ်ရန် စာရင်းတွင် ဧရာဝတီတိုင်းဒေသ ကြီးဝန်ကြီးချုပ် မန်းဂျော်နီ ပါဝင် ပြီး အစားထိုးခန့်အပ်မှုကို လေး၊ ငါးဦးထက်ပိုမိုပြုလုပ်မည် မဟုတ် ကြောင်း မှတ်ချက်ပြုသည်။
အခြားဗဟိုကော်မတီတစ် ဦးကလည်း လက်ရှိနုတ်ထွက်စာ တင်ထားသည့် မကွေးတိုင်းဒေသ ကြီးမှ ဝန်ကြီးနှစ်ဦးနှင့် ဧရာဝတီ တိုင်းဒေသကြီးမှ ဝန်ကြီးတစ်ဦး၊ ရခိုင်ပြည်နယ်လွှတ်တော်မှ စွပ်စွဲ ပြစ်တင်ခံထားရသည့် ဝန်ကြီးတစ်ဦးတို့ကို အပြောင်းအလဲပြုလုပ် မည်ဟု ပြောကြားသည်။
7Day
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 8, 2018
တိုင်းနှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင်အချို့ အပြောင်းအလဲ ပြုလုပ်မည်ကို ပါတီသို့ အသိပေး
တိုင်းနှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင်အချို့ အပြောင်းအလဲ ပြုလုပ်မည်ကို ပါတီသို့ အသိပေး
Reviewed by MP4 YoU
on
January 08, 2018
Rating: 5
Reviewed by MP4 YoU
on
January 08, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment