Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 8, 2018

ဓါတ်တိုင်မှ ဓါတ်ကြိုးပျတ်ကြရာ အောက်တွင် သွားလာနေသူ (၂)ဦးသေဆုံး



ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရေဥက္ကံအုပ်စု သောင်ကြီးလေးရပ်ကွက် ခရေလမ်းထိပ်တွင် ဇန်န၀ါရီလ ၈ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့် က ဓါတ်တိုင်မှ ဓါတ်ကြိုးပျတ်ကြရာ အောက်တွင် သွားလာနေသူ လူ ၃ ဦးဓါတ်လိုက်ရာ ၂ ဦးသေဆုံးသွားကြောင်း သိရသည်။


ဓါတ်လိုက်ခံရသူ ဦးကြိုင်ဦး(ဘ)ဦးရဲဝင်း (၃၇)နှစ် ဈေးရောင်း (ခရေလမ်းနေ) ၊ ဦးအုန်းမြင့် (ဘ) ဦးမောင်တင်(၆၀)နှစ် ဆိုက်ကားနင်း (ပတ္တမြားလမ်းနေ)တို့မှာ သေဆုံးပြီး ၊ ဒေါ်ချို ချို လွင် (၄၀)နှစ် (ခရေလမ်းနေ)မှာ လှိုင်သာယာပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ၍ သက်သာနေပါပြီ၊ မေတ္တာပါရမီလူမှုကူညီရေးအသင်း(လှိုင်သာယာ)မှ အချိန်နှင့် တပြေးညီ ကူညီပို့ဆောင်ပေးသော်လည်း နှစ်ယောက်မှာ စိတ်မကောင်းစွာ အသက်ဆုံးရှုံးသွားပါသည်။


 ဆေးရုံမှ ဦးကြိုင်ဦးအား ပီအာ (၀၁)ဖြင့်၎င်း ၊ ဦးအုန်းမြင့်အား ပီအာ (၀၂)ဖြင့်၎င်း စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

Tin Naing Tun

No comments:

Post a Comment