Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 2, 2018

” ကပ္ဆိုး “I Phone ကိုင္ဖို႔ ဘ၀ကို သိန္း၂၀နဲ႔ေရာင္းခဲ႔တဲ႔ ၉တန္းေက်ာင္းသူ (မိဘေတြသတိထားနိုင္ဖို႔ ေဒၚျမရဲ႔ ရင္ဖြင္႔စကားလံုးမ်ား)


ဒီစာကိုေရးသင့္မေရးသင့္ စဥ္းစားေနတာၾကာၿပီ။
ဒါေပမယ့္ ေနာက္ဆံုး ေရးသင့္တယ္ထင္လို႔ ရင္ကြဲနာ ဗလပြနဲ႔ ေရးလိုက္ရပါတယ္။

ေဒၚျမေနတဲ့ လမ္းထဲမွာ ေဒၚျမနဲ႔ သိပ္ရင္းနွီးတဲ့ ကေလးမေလးတစ္ေယာက္ရွိတယ္.. ။
သူ ၅ တန္းေက်ာင္းသူဘဝကတုန္းက ေဒၚျမ အဂၤလိပ္စာ ျပေပးဖူးတယ္။ ေစတနာ ဂိုက္ ဆိုပါေတာ့ …

ေခ်ာေခ်ာႏုႏု ျဖဴျဖဴဥဥ နဲ႔ ကေလးမေလးဟာ ေဒၚျမ ညီမေလး အရင္းေလး လိုပါပဲ။ အခ်ိန္ေတြကုန္တာ ျမန္တယ္လို႔ ခံစားရတာဟာ သူကေလးကိုယ့္ေရွ႕မွာ ၾကက္ေတာင္စည္းကေလးဘဝကေန အပ်ိဳေပါက္ကေလး ျဖစ္လာတာျမင္ရတဲ့ အခါတိုင္းေပါ့။

တေန႔ေဒၚျမ အလုပ္ကိစၥနဲ႔ ေရာက္လာတဲ့ ႏိုင္ငံျခား ဧည့္သည္ေတြ ႀကိဳဖို႔ ေလဆိပ္သြားမယ္လုပ္တယ္။ ကားေမာင္းလာရင္း ဘစ္ကားဂိတ္မွာ သူ႔ကို ေတြ႕လိုက္တယ္။
ဒါနဲ႔ ဘယ္သြားမလို႔လည္းေမးေတာ့ လွည္းတန္းက က်ဴရွင္ကို.. တဲ့ ။
ကိုယ္လည္း ျပည္လမ္းကေန ေလဆိပ္သြားမွာမို႔ လမ္းၾကံဳေနတာနဲ႔ လာလာ မႀကီးလိုက္ပို႔ေပးမယ္ဆိုၿပီး ကားေပၚေခၚတင္တယ္။

သူ႔ဆီ ဖုန္းတစ္ေကာ ဝင္အလာမွာ ရင္ကြဲနာ စပါေတာ့တယ္။ ေခတ္ကာလ ေရစီးေၾကာင္းအရ ၉ တန္းေက်ာင္းသူတစ္ေယာက္ hand phone ကိုင္တာ ျပႆနာမဟုတ္သလို ၊ ကိုင္ထားတဲ့ ဖုန္းဆီ ဖုန္းဝင္လာတာဟာ ဘာျပႆနာမွ မဟုတ္ပါဘူး။ ဒါေပမယ့္ သူထုတ္ကိုင္လိုက္တဲ့ ဖုန္းက ေနာက္ဆံုးေပၚ iphoneအသစ္ႀကီး ျဖစ္ေနတာက ျပႆနာပါ။

ေဒၚျမခ်က္ျခင္း ကားကို လမ္းေဘးထိုးရပ္လိုက္တယ္။ ေနာက္ကားေတြ ဟြန္းတီးလာေတာ့ တကၠသိုလ္ သထံုလမ္းထဲ ေကြ႕ဝင္လိုက္တယ္။ သူဖုန္းေျပာလို႔ အၿပီးမွာ ေဒၚျမရဲ႕ ရင္ကြဲနာ .. interview စပါေတာ့တယ္။

အဲ့ဒီဖုန္းဘယ္ကရလဲ ဆိုေတာ့ အိမ္က ဝယ္ေပးတာလို႔ ေျဖပါတယ္။ သူ႔အိမ္က အဲ့ဒီေလာက္ထိ မျပည့္စံုတာ ေဒၚျမ အသိဆံုးပါ။ သူအမ်ိဳးမ်ိဳး လိမ္ပါတယ္။ အသက္ ၁၅ ႏွစ္ကေလးမ တစ္ေယာက္ရဲ႕ ႐ိုးစင္းလြန္းတဲ့ လိမ္ညာစကား ေတြနဲ႔ေပါ့။ ေနာက္ဆံုး ေဒၚျမ အတင္းအက်ပ္ ၿခိမ္းေျခာက္ေမးမွ သိခဲ့ရတဲ့ အမွန္တရားက သိပ္ေၾကာက္စရာ ေကာင္းပါတယ္ .. ။ တကယ့္ကို ရင္ကြဲနာပါပဲ။

Facebook ေပၚက အေကာင့္တစ္ခု ဆက္သြယ္လာတယ္။ နည္းနည္းရင္းနွီးလာေတာ့ စဆြယ္တယ္ ႏိုင္ငံျခားက အပ်ိဳစင္ဘဝကို ေလလံတင္ၿပီး ေငြရွာတဲ့ ေက်ာင္းသူ ေတြအေၾကာင္း ၊ ဒီေခတ္ႀကီးမွာ sex ကိစၥဟာ သမီးရည္းစား ျဖစ္တာနဲ႔ ပါလာတတ္တာမ်ိဳးဆိုတဲ့ အေၾကာင္း ၊ ရည္းစားနဲ႔ အလကား မအိပ္ခင္ အပ်ိဳစင္ ဘဝကိုတန္ရာတန္ေၾကးနဲ႔ ေရာင္းခ်သင့္ေၾကာင္း၊ ကိုယ့္ခ်စ္သူဆိုတာ ကိုယ့္ကို တကယ္ခ်စ္ရင္ အပ်ိဳစစ္စစ္ မစစ္စစ္ လက္သင့္ခံမွာသာ ျဖစ္ေၾကာင္း ၊ ခုဆို အနယ္နယ္ အရပ္ရပ္က ေက်ာင္းသူေတြ လည္း ခုလိုဂအပ်ိဳစင္ဘဝကို ေရာင္းခ်ေနၾကေၾကာင္း စသည္ျဖင့္ အမ်ိဳးမ်ိဳး ေျပာတယ္ တဲ့။ သူစဥ္းစားတယ္ ။ မွန္ေနတာပဲ.. လို႔ေတြးခဲ့တယ္။ သူ႔သူငယ္ခ်င္းေတြလည္း ဘဲနဲ႔ ေဟာ္တယ္သြားေနတာ ျမင္ေနရတာပဲ တဲ့။ သူလည္း ရည္းစားထားေတာ့မွာမို႔ ဒီ sex ကိစၥဟာ မၾကာခင္ သူရင္ဆိုင္ရေတာ့ ကိစၥလို႔ သူေတြးခဲ့တယ္။ သူကိုယ္တိုင္လည္း စမ္းသပ္ခ်င္ေနၿပီ ။ ဒီေတာ့ .. သူ႔အပ်ိဳစင္ဘဝက အလကားလား … တန္ဖိုးနဲ႔လား သူေတြးတယ္။

ေနာက္ဆံုး သူ႔ အပ်ိဳစင္ဘဝကို သိန္း ၂၀ နဲ႔ သူတန္ဖိုးျဖတ္ခဲ့တယ္ တဲ့။ သိန္း ၂၀ ဆိုတာ တရက္ မုန္႔ဖိုး ၁၅၀၀ ပဲရတဲ့ ကေလးတစ္ေယာက္အတြက္ သိပ္ကိုမ်ားျပားတဲ့ ေငြပမာဏပါ။ ေဒၚျမေလ နားေထာင္ရင္းနဲ႔ ရင္ဘတ္ေတြေအာင့္လာတယ္။အလုပ္ကိစၥၿပီးတာနဲ႔ ဆက္သြယ္လာတဲ့ ဘက္က ဘေလာ့ၿပီး အဆက္အသြယ္ အကုန္ ျဖတ္ လိုက္တယ္။ ဖုန္းနံပါတ္တစ္ခုပဲခ်န္ခဲ့တယ္။ ေငြလိုရင္ ထပ္ဆက္သြယ္ပါ ပထမအႀကိမ္ေလာက္ မရေတာ့ ေပမယ့္ ဒုတိယ အႀကိမ္ဆိုလည္း မနည္းပါဘူး ဆိုလို႔ ။ သူဒုတိယအႀကိမ္ .. ။

ရတဲ့ေငြေတြနဲ႔ ဖုန္းအသစ္ဝယ္တယ္။ အိမ္ကို ကံစမ္းမဲေပါက္တာလို႔ ေျပာလို႔ အေမက ဝမ္းေတြသာေနတာတဲ့။ အဝတ္အစားအသစ္ေတြ ဝယ္တယ္ ။ အိမ္က သတိမထားမိပါဘူးတဲ့။ သမီးရဲ႕ တခ်ိဳ႕သူငယ္ခ်င္းေတြ လည္း ခ်ိတ္ၾကတယ္။ အဆင္ေျပၾကတယ္။ သူတို႔က ေက်ာင္းတတ္ေနတဲ့ သမီးတို႔လို ကေလး ေတြကို အဓိကထားတယ္ ။ တခ်ိဳ႕ သူငယ္ခ်င္းေတြက ေရႊေတြ ဝယ္ၿပီး ဖြက္ထားတယ္တဲ့။ တခ်ိဳ႕က သူငယ္ခ်င္းေတြ ဒကာခံတာလို႔ အိမ္ကို လိမ္ေျပာၿပီး ခရီးေတြေတာင္ ထြက္ၾကတာတဲ့။ အဲ့ဒီလို အဆြယ္ခံရတဲ့ အထဲမွာ ေယာက္်ားေလးေတြလည္းပါတယ္။ သူတို႔က ေစ်းပိုရတယ္ … တဲ့။ ေတာ္ရံု ႏုႏြဲ႕ေနတဲ့ ကေလးေတြ ကိုေရြးၿပီး လိင္တူ ဝါသနာပါလာေအာင္ ျမဴဆြယ္ၿပီးမွ ေစ်းကြက္တင္တယ္ .. တဲ့။ အဝတ္အစားသစ္ေတြ ဖုန္းအသစ္ေတြ အိတ္အသစ္ေတြ ေနာက္ဆံုးေပၚ အသံုးအေဆာင္ေတြ …
ဘုရားဘုရား ….
ဘုရားကယ္ပါ…. ။

ေဒၚျမ ရင္ဘတ္တစ္ခုလံုးနာၿပီး ေအာ္ငိုခ်င္လာတယ္။
ဆိုးရြားလိုက္တဲ့ေခတ္ႀကီးရယ္ …
အပ်ိဳစင္ဘဝတန္ဖိုးဆိုတာ အဲ့ဒါမဟုတ္ဘူးလို႔ .. ဘယ္လိုရွင္းျပရပါ့မလဲ။ သူဆံုးရႈံးသြားတာ အပ်ိဳစင္ဘဝ မဟုတ္ဘူး ။ တန္ဖိုးအရွိဆံုး ငယ္ရြယ္လန္းဆန္းတဲ့ တတ္ႂကြေနတဲ့ လူငယ္တစ္ေယာက္ရဲ႕ ႀကိဳးစားခ်င္စိတ္ ဆိုတာ သူနားမလည္ေလာက္ေတာ့ဘူး။

ကူးစက္ႏိုင္တဲ့ ေရာဂါဆိုးေတြ …
ေငြအေခ်ာင္လိုခ်င္တဲ့ စိတ္႐ိုင္းေတြ …
ေငြတန္ဖိုးနားမလည္ေတာ့တဲ့ စိတ္မိုက္ေတြ နဲ႔ …
ေနာက္တခါ သူေငြလို တိုင္း…..
ၾကာလာရင္…..

ေဒၚျမေျပာခဲ့ဖူးတယ္ ။ ပညာမဲ့ လူတန္းစား လက္ထဲ ဆိုရွယ္နက္ဝက္ ထည့္ေပးတာဟာ အ႐ူးလက္ထဲမီးတုတ္ ထည့္ေပးလိုက္သလိုပဲ။ ဘယ္လို ပညာေပးရမလဲ ? ။ ဘယ္လိုတားမလဲ။ မပြင့္သင့္တဲ့ မ်က္စိေတြပြင့္တယ္။ အတုမခိုးသင့္တာေတြခိုးတယ္။ Facebook မွာ လိုခ်င္စရာေတြမ်ားတယ္။
အိမ္က ဝယ္မေပးႏိုင္တဲ့ အခါ…
သူငယ္ခ်င္းေတြၾကားမွာ မ်က္ႏွာမငယ္ခ်င္တဲ့ အခါ …

ကိုယ့္တဘို႔ပဲၾကည့္တဲ့ ေအာက္တန္းစား ေငြရွာသူ ေအာက္တန္းစား လူယုတ္မာ ေခါင္းေတြ လက္ထဲမွာ သူ႔လို ကေလးသာသာ ႐ိုးသားျဖဴစင္တဲ့ လူငယ္ ဘယ္ေလာက္မ်ားမ်ား ဘဝပ်က္ၿပီးခဲ့ၾကၿပီလဲ???
ေဒၚျမ ရင္ကြဲနာက်တယ္ .. ဆက္မေတြးရဲဘူး။
ဒါဟာ ေခတ္ကာလရဲ႕ ကပ္ဆိုးႀကီးပဲလား??

ေဒၚျမအေနနဲ႔ ဘာမွ မလုပ္ေပးႏိုင္ဘူး။ မတားဆီးႏိုင္ဘူး။ မေျပာင္းလဲေပးႏိုင္ဘူး။ ေနာက္ဆံုး လုပ္ေပးႏိုင္တာတစ္ခုက နီးစပ္ရာ မိဘေတြကို သတိေပးတာပါပဲ။
မိဘေတြ သတိထားေပးၾကပါ..
ကိုယ့္သားသမီး က …
ကိုယ္ေပးတာထက္ ေငြပိုသံုးလာတဲ့အခါ..
ဟိုက ဒီက လက္ေဆာင္ေတြ ရလာတဲ့အခါ ..
ကံစမ္းမဲေတြ ေပါက္တာပါ ဆိုလာတဲ့အခါ …
အလွျပင္ ပစၥည္းေတြ အိတ္အသစ္ေတြ သူ႔ဟာသူ ဝယ္လာတဲ့အခါ
သူငယ္ခ်င္းေမြးေန႔ဆိုၿပီး ဆိုင္ေကာင္းေကာင္းေတြ တတ္စားတဲ့အခါ … ။

စိတ္ခ်ပါ မႀကီး .. သမီးေနာက္မလုပ္ေတာ့ပါဘူး ဆိုၿပီး ကားေပၚက ဆင္းသြားတဲ့ သူ႔ေလသံမွာ အာမခံျခင္း မပါဘူး။ ေပါ့ေပါ့ပါးပါးေလးပဲ..
ေပါ့ပါးလြန္းလို႔ ေငြဆိုတဲ့ ေလနဲ႔ အတူ ဘဝတစ္ခုလံုး လြင့္ေၾကပ်က္စီးသြားမွာ အမ စိတ္ပူမိတယ္ ခေလးရယ္… ။ ။

ျမခြါညိဳ
အမွန္တကယ္ ၾကံဳခဲ့ရတဲ့ ကိုယ္ေတြ႕ ျဖစ္ရပ္မွန္မို႔ မိဘေတြ သတိထားႏိုင္ေအာင္ ရင္နာနာနဲ႔ တင္ေပးလိုက္ရပါတယ္။
..............................
လိုုင္းေပါ္မွာ ပလူပ်ံေနတယ္ ...... ပထမ ပံုုျပင္လိုုလိုု ၾကားဖူးနား၀ လိုုလိုု စာသား တစ္ခုုနဲ႕ တဲြတင္တယ္ .... သိပ္ျပသနာ မဟုုတ္ေသးလိုု႕ ၾကည့္ေကာင္းေကာင္းနဲ႕ ၾကည့္ေနလိုုက္တယ္ .....
ေနာက္ သိပ္မၾကာဘူး ..... iPhone လိုုခ်င္လိုု႕ ဘ၀ကိုုေရာင္းစားတယ္ ဘာညာ လုုပ္ၾကံ ဇာတ္လမ္းလား ၊ တကယ္လား မသိဘူး .....
ဒီပံုုကိုု သံုုးျပီး ထပ္တင္တယ္ ...... Photo Credit လံုုး၀ေပးမထားဘူး ..... မသိရင္ ပံုုထဲက ကေလးမ ကပဲ ကိုုယ့္ဘ၀ ကိုုယ္ ေရာင္းစား သလိုုလိုု ဘာလိုုလိုု......
တကယ္ဆိုုရင္ ေဆာင္းပါး ေရးျပီး သံုုးစရာ ပံုုမရွိရင္ ကိုုယ့္ ညီမ အရင္းေလးေတြ ကိုု ဒီလိုု သရုုပ္ေဆာင္ခိုုင္းျပီး ဓာတ္ပံုုရိုုက္၊ ျပီးမွ သတင္း ေဆာင္းပါး တင္၊ ပံုုက လဲ ကိုုယ္ကိုုယ္တိုုင္ ဖန္းတီးမႈ ျဖစ္မွာေပါ့......
တကယ္ေတာ့ ဒီပံုုကိုု က်ေနာ္တိုု႕ အဖဲြ႕ ရိုုက္ကြင္း တစ္ခုုကိုု ခရီးအေ၀းၾကီး ၊ ကုုန္က်စရိတ္ အမ်ားၾကီး အကုုန္က်ခံ ျပီး ၃ ရက္ၾကာ သြားရိုုက္ခဲ့ၾကတဲ့ ေယာေျမ Photography Trip မွာ ပါ၀င္ကူညီ သရုုပ္ေဆာင္ေပးတဲ့ ညီမေလး ရဲ႕ ျပန္ခါနီး ေပါ့ေပါ့ပါးပါး အ၀တ္အစား လဲထားတုုန္း ၊ ရုုတ္တရက္ အေတြးေပါ္သြားတဲ့ ကိုု Zaw Zaw က ခဏထိုုင္ခိုုင္းျပီး အားလံုုး ၀ိုုင္းရိုုက္ခဲ့ၾကတဲ့ ပံုုပါ ......
ပံုုထဲမွာ ပါတဲ့ အမိ်ုုးသမီးၾကီးက က်ေနာ့္ အစ္မ ပါ.......
ရိုုက္ထားတဲ့ အိမ္က က်ေနာ့္ အေဖ ေမြးခဲ့တဲ့ (ခ်က္ျမဳပ္) အိမ္ပါ .......
ဒီပံုုထဲက ျပခ်င္ ေပးခ်င္တဲ့ Message က အခုုေခတ္ ဖုုန္းေတြ ၊ တက္ဘလက္ေတြ နဲ႕ပဲ အလုုပ္ရႈပ္ေန၊ ၀တ္ခ်င္စားခ်င္တဲ့ စိတ္ကိုု ေရွ႕တန္းတင္ .... မိဘ ရဲ႕ အပူေတြ ၊ လူမႈ ဒုုကၡ ေတြကိုု နားမလည္၊ အိမ္အလုုပ္ေတြကိုု ကူညီရေကာင္းမွန္း မသိတဲ့ ေခတ္သစ္ရဲ႕ သားပ်ိုု သမီးပ်ိဳမ်ား ကိုု ပုုခံုုးပုုတ္ လန္႕နိုုးလာေအာင္ ၾကံဆ ျပီး ရိုုက္ခဲ့ၾကတာပါ .....
ေဆာင္းပါး တခုုေရးရာမွာ ပိုုင္ရွင္ဆီကိုု လဲ ခြင့္မေတာင္း၊ ပံုု ခရက္ဒစ္လဲ မေပးပဲ ..... သံုုးခ်င္ရာသံုုး ၊ လုုပ္ခ်င္ရာ လုုပ္လိုု႕ ရေနျပီလား ......
ရွယ္ထားတဲ့ .လူေတြေရာ ..... မူရင္း Post ပိုုင္ရွင္နဲ႕ သတင္းဆိုုက္ေတြေရာ .....
Post ကိုု ဖ်က္မလား .....
ပံုု ခရက္ဒစ္ေပး ျပီး ေဆာင္းပါးနဲ႕ ဘာမွ မဆိုုင္ေၾကာင္း ထည့့္ေရးမလား .....
တရားစဲြရမလား ဆိုုတာ ......
အေျဖေပးပါ .......
မူရင္း Post တင္သူ ျမခြာညိဳ ကေလာင္ နဲ႕ တင္ထားတာကိုု လိုုက္ၾကည့္ျပီးပါျပီ ..... သူ႕ရဲ႕ မူရင္း Post မွာ အျခား ပံုုတစ္ပံုုကိုု သံုုးထားပါတယ္ .... သူ႕ ရည္ရြယ္ခ်က္ နဲ႕ ထိေရာက္မႈ အတန္ ရွိတဲ့ ေဆာင္းပါး တင္ဆက္ပံုုပါ ..... အက်ိဳးရွိ စာေပပါ .... က်ေနာ္ မစြတ္စြဲပါဘူး ..... ေလးစားပါတယ္ .....
က်ေနာ္ ကိုုယ္တိုုင္လဲ သမီး ၃ ေယာက္ေမြးထားတဲ့ ဖခင္ အေနနဲ႕ Sex Education ကိုု event တစ္ခုုလုုပ္ျပီးေတာင္ ၾကိုုးစားခဲ့ေသးတဲ့ အတြက္ နားလည္ခံစားနိုုင္ပါတယ္ .....
ျပသနာက ဒုုတိယ Copy လုုပ္ျပီး ပံုုကိုု စည္းမရွိကမ္းမရွိ တင္တဲ့ သူပါပဲ ..... ျပီးေတာ့ အရင္းျမစ္ Post ကိုု ဘယ္ကမွန္းမသိ ေကာက္စားတဲ့ Myanmar Live သတင္း ဆိုုက္က Admin ေတြကိုု Mention ေခါ္ေပးပါ...... သူတိုု႕ ၁ ဦးခ်င္း သတင္းဆိုုက္ တစ္ခုု တည္ေထာင္ ထားျပီး စာနယ္ဇင္း က်င့္၀တ္ ဘယ္ေလာက္ ေက်လဲဆိုုတာ ၁ ေယာက္ခ်င္း ေမးခြန္းေတြ အျပန္အလွန္ေမးျပီး ေဆြးေနြး ၾကည့္ရေအာင္လိုု႕ က်ေနာ္ စိန္ေခါ္ပါတယ္ ..... 2nd Post တင္သူကိုု ေဖာ္ထုုတ္ေပးပါ ..... Myanmar Live admin လူသိရွင္ၾကား ေတာင္းပန္ေပးပါ .....
ထူးေ၀
09-453336221
........................


Unicode

” ကပ်ဆိုး “I Phone ကိုင်ဖို့ ဘဝကို သိန်း၂၀နဲ့ရောင်းခဲ့တဲ့ ၉တန်းကျောင်းသူ (မိဘတွေသတိထားနိုင်ဖို့ ဒေါ်မြရဲ့ ရင်ဖွင့်စကားလုံးများ)

ဒီစာကိုရေးသင့်မရေးသင့် စဉ်းစားနေတာကြာပြီ။
ဒါပေမယ့် နောက်ဆုံး ရေးသင့်တယ်ထင်လို့ ရင်ကွဲနာ ဗလပွနဲ့ ရေးလိုက်ရပါတယ်။

ဒေါ်မြနေတဲ့ လမ်းထဲမှာ ဒေါ်မြနဲ့ သိပ်ရင်းနှီးတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်.. ။
သူ ၅ တန်းကျောင်းသူဘဝကတုန်းက ဒေါ်မြ အင်္ဂလိပ်စာ ပြပေးဖူးတယ်။ စေတနာ ဂိုက် ဆိုပါတော့ …

ချောချောနုနု ဖြူဖြူဥဥ နဲ့ ကလေးမလေးဟာ ဒေါ်မြ ညီမလေး အရင်းလေး လိုပါပဲ။ အချိန်တွေကုန်တာ မြန်တယ်လို့ ခံစားရတာဟာ သူကလေးကိုယ့်ရှေ့မှာ ကြက်တောင်စည်းကလေးဘဝကနေ အပျိုပေါက်ကလေး ဖြစ်လာတာမြင်ရတဲ့ အခါတိုင်းပေါ့။

တနေ့ဒေါ်မြ အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေ ကြိုဖို့ လေဆိပ်သွားမယ်လုပ်တယ်။ ကားမောင်းလာရင်း ဘစ်ကားဂိတ်မှာ သူ့ကို တွေ့လိုက်တယ်။
ဒါနဲ့ ဘယ်သွားမလို့လည်းမေးတော့ လှည်းတန်းက ကျူရှင်ကို.. တဲ့ ။
ကိုယ်လည်း ပြည်လမ်းကနေ လေဆိပ်သွားမှာမို့ လမ်းကြုံနေတာနဲ့ လာလာ မကြီးလိုက်ပို့ပေးမယ်ဆိုပြီး ကားပေါ်ခေါ်တင်တယ်။

သူ့ဆီ ဖုန်းတစ်ကော ဝင်အလာမှာ ရင်ကွဲနာ စပါတော့တယ်။ ခေတ်ကာလ ရေစီးကြောင်းအရ ၉ တန်းကျောင်းသူတစ်ယောက် hand phone ကိုင်တာ ပြဿနာမဟုတ်သလို ၊ ကိုင်ထားတဲ့ ဖုန်းဆီ ဖုန်းဝင်လာတာဟာ ဘာပြဿနာမှ မဟုတ်ပါဘူး။ ဒါပေမယ့် သူထုတ်ကိုင်လိုက်တဲ့ ဖုန်းက နောက်ဆုံးပေါ် iphoneအသစ်ကြီး ဖြစ်နေတာက ပြဿနာပါ။

ဒေါ်မြချက်ခြင်း ကားကို လမ်းဘေးထိုးရပ်လိုက်တယ်။ နောက်ကားတွေ ဟွန်းတီးလာတော့ တက္ကသိုလ် သထုံလမ်းထဲ ကွေ့ဝင်လိုက်တယ်။ သူဖုန်းပြောလို့ အပြီးမှာ ဒေါ်မြရဲ့ ရင်ကွဲနာ .. interview စပါတော့တယ်။

အဲ့ဒီဖုန်းဘယ်ကရလဲ ဆိုတော့ အိမ်က ဝယ်ပေးတာလို့ ဖြေပါတယ်။ သူ့အိမ်က အဲ့ဒီလောက်ထိ မပြည့်စုံတာ ဒေါ်မြ အသိဆုံးပါ။ သူအမျိုးမျိုး လိမ်ပါတယ်။ အသက် ၁၅ နှစ်ကလေးမ တစ်ယောက်ရဲ့ ရိုးစင်းလွန်းတဲ့ လိမ်ညာစကား တွေနဲ့ပေါ့။ နောက်ဆုံး ဒေါ်မြ အတင်းအကျပ် ခြိမ်းခြောက်မေးမှ သိခဲ့ရတဲ့ အမှန်တရားက သိပ်ကြောက်စရာ ကောင်းပါတယ် .. ။ တကယ့်ကို ရင်ကွဲနာပါပဲ။

Facebook ပေါ်က အကောင့်တစ်ခု ဆက်သွယ်လာတယ်။ နည်းနည်းရင်းနှီးလာတော့ စဆွယ်တယ် နိုင်ငံခြားက အပျိုစင်ဘဝကို လေလံတင်ပြီး ငွေရှာတဲ့ ကျောင်းသူ တွေအကြောင်း ၊ ဒီခေတ်ကြီးမှာ sex ကိစ္စဟာ သမီးရည်းစား ဖြစ်တာနဲ့ ပါလာတတ်တာမျိုးဆိုတဲ့ အကြောင်း ၊ ရည်းစားနဲ့ အလကား မအိပ်ခင် အပျိုစင် ဘဝကိုတန်ရာတန်ကြေးနဲ့ ရောင်းချသင့်ကြောင်း၊ ကိုယ့်ချစ်သူဆိုတာ ကိုယ့်ကို တကယ်ချစ်ရင် အပျိုစစ်စစ် မစစ်စစ် လက်သင့်ခံမှာသာ ဖြစ်ကြောင်း ၊ ခုဆို အနယ်နယ် အရပ်ရပ်က ကျောင်းသူတွေ လည်း ခုလိုဂအပျိုစင်ဘဝကို ရောင်းချနေကြကြောင်း စသည်ဖြင့် အမျိုးမျိုး ပြောတယ် တဲ့။ သူစဉ်းစားတယ် ။ မှန်နေတာပဲ.. လို့တွေးခဲ့တယ်။ သူ့သူငယ်ချင်းတွေလည်း ဘဲနဲ့ ဟော်တယ်သွားနေတာ မြင်နေရတာပဲ တဲ့။ သူလည်း ရည်းစားထားတော့မှာမို့ ဒီ sex ကိစ္စဟာ မကြာခင် သူရင်ဆိုင်ရတော့ ကိစ္စလို့ သူတွေးခဲ့တယ်။ သူကိုယ်တိုင်လည်း စမ်းသပ်ချင်နေပြီ ။ ဒီတော့ .. သူ့အပျိုစင်ဘဝက အလကားလား … တန်ဖိုးနဲ့လား သူတွေးတယ်။

နောက်ဆုံး သူ့ အပျိုစင်ဘဝကို သိန်း ၂၀ နဲ့ သူတန်ဖိုးဖြတ်ခဲ့တယ် တဲ့။ သိန်း ၂၀ ဆိုတာ တရက် မုန့်ဖိုး ၁၅၀၀ ပဲရတဲ့ ကလေးတစ်ယောက်အတွက် သိပ်ကိုများပြားတဲ့ ငွေပမာဏပါ။ ဒေါ်မြလေ နားထောင်ရင်းနဲ့ ရင်ဘတ်တွေအောင့်လာတယ်။အလုပ်ကိစ္စပြီးတာနဲ့ ဆက်သွယ်လာတဲ့ ဘက်က ဘလော့ပြီး အဆက်အသွယ် အကုန် ဖြတ် လိုက်တယ်။ ဖုန်းနံပါတ်တစ်ခုပဲချန်ခဲ့တယ်။ ငွေလိုရင် ထပ်ဆက်သွယ်ပါ ပထမအကြိမ်လောက် မရတော့ ပေမယ့် ဒုတိယ အကြိမ်ဆိုလည်း မနည်းပါဘူး ဆိုလို့ ။ သူဒုတိယအကြိမ် .. ။

ရတဲ့ငွေတွေနဲ့ ဖုန်းအသစ်ဝယ်တယ်။ အိမ်ကို ကံစမ်းမဲပေါက်တာလို့ ပြောလို့ အမေက ဝမ်းတွေသာနေတာတဲ့။ အဝတ်အစားအသစ်တွေ ဝယ်တယ် ။ အိမ်က သတိမထားမိပါဘူးတဲ့။ သမီးရဲ့ တချို့သူငယ်ချင်းတွေ လည်း ချိတ်ကြတယ်။ အဆင်ပြေကြတယ်။ သူတို့က ကျောင်းတတ်နေတဲ့ သမီးတို့လို ကလေး တွေကို အဓိကထားတယ် ။ တချို့ သူငယ်ချင်းတွေက ရွှေတွေ ဝယ်ပြီး ဖွက်ထားတယ်တဲ့။ တချို့က သူငယ်ချင်းတွေ ဒကာခံတာလို့ အိမ်ကို လိမ်ပြောပြီး ခရီးတွေတောင် ထွက်ကြတာတဲ့။ အဲ့ဒီလို အဆွယ်ခံရတဲ့ အထဲမှာ ယောက်ျားလေးတွေလည်းပါတယ်။ သူတို့က စျေးပိုရတယ် … တဲ့။ တော်ရုံ နုနွဲ့နေတဲ့ ကလေးတွေ ကိုရွေးပြီး လိင်တူ ဝါသနာပါလာအောင် မြူဆွယ်ပြီးမှ စျေးကွက်တင်တယ် .. တဲ့။ အဝတ်အစားသစ်တွေ ဖုန်းအသစ်တွေ အိတ်အသစ်တွေ နောက်ဆုံးပေါ် အသုံးအဆောင်တွေ …
ဘုရားဘုရား ….
ဘုရားကယ်ပါ…. ။

ဒေါ်မြ ရင်ဘတ်တစ်ခုလုံးနာပြီး အော်ငိုချင်လာတယ်။
ဆိုးရွားလိုက်တဲ့ခေတ်ကြီးရယ် …
အပျိုစင်ဘဝတန်ဖိုးဆိုတာ အဲ့ဒါမဟုတ်ဘူးလို့ .. ဘယ်လိုရှင်းပြရပါ့မလဲ။ သူဆုံးရှုံးသွားတာ အပျိုစင်ဘဝ မဟုတ်ဘူး ။ တန်ဖိုးအရှိဆုံး ငယ်ရွယ်လန်းဆန်းတဲ့ တတ်ကြွနေတဲ့ လူငယ်တစ်ယောက်ရဲ့ ကြိုးစားချင်စိတ် ဆိုတာ သူနားမလည်လောက်တော့ဘူး။

ကူးစက်နိုင်တဲ့ ရောဂါဆိုးတွေ …
ငွေအချောင်လိုချင်တဲ့ စိတ်ရိုင်းတွေ …
ငွေတန်ဖိုးနားမလည်တော့တဲ့ စိတ်မိုက်တွေ နဲ့ …
နောက်တခါ သူငွေလို တိုင်း…..
ကြာလာရင်…..

ဒေါ်မြပြောခဲ့ဖူးတယ် ။ ပညာမဲ့ လူတန်းစား လက်ထဲ ဆိုရှယ်နက်ဝက် ထည့်ပေးတာဟာ အရူးလက်ထဲမီးတုတ် ထည့်ပေးလိုက်သလိုပဲ။ ဘယ်လို ပညာပေးရမလဲ ? ။ ဘယ်လိုတားမလဲ။ မပွင့်သင့်တဲ့ မျက်စိတွေပွင့်တယ်။ အတုမခိုးသင့်တာတွေခိုးတယ်။ Facebook မှာ လိုချင်စရာတွေများတယ်။
အိမ်က ဝယ်မပေးနိုင်တဲ့ အခါ…
သူငယ်ချင်းတွေကြားမှာ မျက်နှာမငယ်ချင်တဲ့ အခါ …

ကိုယ့်တဘို့ပဲကြည့်တဲ့ အောက်တန်းစား ငွေရှာသူ အောက်တန်းစား လူယုတ်မာ ခေါင်းတွေ လက်ထဲမှာ သူ့လို ကလေးသာသာ ရိုးသားဖြူစင်တဲ့ လူငယ် ဘယ်လောက်များများ ဘဝပျက်ပြီးခဲ့ကြပြီလဲ???
ဒေါ်မြ ရင်ကွဲနာကျတယ် .. ဆက်မတွေးရဲဘူး။
ဒါဟာ ခေတ်ကာလရဲ့ ကပ်ဆိုးကြီးပဲလား??

ဒေါ်မြအနေနဲ့ ဘာမှ မလုပ်ပေးနိုင်ဘူး။ မတားဆီးနိုင်ဘူး။ မပြောင်းလဲပေးနိုင်ဘူး။ နောက်ဆုံး လုပ်ပေးနိုင်တာတစ်ခုက နီးစပ်ရာ မိဘတွေကို သတိပေးတာပါပဲ။
မိဘတွေ သတိထားပေးကြပါ..
ကိုယ့်သားသမီး က …
ကိုယ်ပေးတာထက် ငွေပိုသုံးလာတဲ့အခါ..
ဟိုက ဒီက လက်ဆောင်တွေ ရလာတဲ့အခါ ..
ကံစမ်းမဲတွေ ပေါက်တာပါ ဆိုလာတဲ့အခါ …
အလှပြင် ပစ္စည်းတွေ အိတ်အသစ်တွေ သူ့ဟာသူ ဝယ်လာတဲ့အခါ
သူငယ်ချင်းမွေးနေ့ဆိုပြီး ဆိုင်ကောင်းကောင်းတွေ တတ်စားတဲ့အခါ … ။

စိတ်ချပါ မကြီး .. သမီးနောက်မလုပ်တော့ပါဘူး ဆိုပြီး ကားပေါ်က ဆင်းသွားတဲ့ သူ့လေသံမှာ အာမခံခြင်း မပါဘူး။ ပေါ့ပေါ့ပါးပါးလေးပဲ..
ပေါ့ပါးလွန်းလို့ ငွေဆိုတဲ့ လေနဲ့ အတူ ဘဝတစ်ခုလုံး လွင့်ကြေပျက်စီးသွားမှာ အမ စိတ်ပူမိတယ် ခလေးရယ်… ။ ။

မြခွါညို
အမှန်တကယ် ကြံုခဲ့ရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်မို့ မိဘတွေ သတိထားနိုင်အောင် ရင်နာနာနဲ့ တင်ပေးလိုက်ရပါတယ်။

Credit အမမြ

No comments:

Post a Comment