Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 2, 2018

သစ်​လုပ်​ငန်းရှင်​ ခရိုနီကြီး​ဦးခင်​​မောင်​​လေးရဲ့ သားများနဲ့ သူငယ်​ချင်း​တွေ ရန်​ငြိုး​တွေ​ကြောင့်​ အပြစ်​မရှိဘဲ အသတ်​ခံလိုက်​ရတဲ့ ​ရဲ​ထွေး​အောင်​ (​ခေါ်) ​အောင်​ရဲ​ထွေး



မင်းမဲ့စရိုက်​ဆန်ပြီး အင်​မတန်​မှ မိုက်​ရူးရဲဆန်​​လွန်းတဲ လုပ်​ရပ်​ပါ။
ရဲ​ထွေး​အောင်​ အသတ်​မခံရခင်​ (၄)ည​လောက်​အလိုက ရဲ​ထွေး​အောင်​အကို ​နေဇင်​လတ်​ နဲ့ အခုပုံထဲက သန်းထွဋ်​​အောင်​ (​ခေါ်) သားကြီး တို့ အဖွဲ့ နဲ့ Brave Bar မှာ မီးခြစ်​ငှါးတဲ့ကိစ္စက​နေ စဖြစ်​တာပါ။
အဲ့ဒီ​နေ့က ရဲ​ထွေး​အောင်​က Brave Bar ကို သူ့ရဲ့ချစ်​သူရယ်​ , Funny ရိုက်​တဲ့ ရဲရင့်​ရယ်​ , သူ့အကိုဖြစ်​သူ ​နေဇင်​လတ်​ရယ်​ 
လေး​ယောက်​ အတူလာခဲ့ပါတယ်​။ ထားပါ။ ပြသနာစဖြစ်​တဲ့ အ​ကြောင်းရင်း ပြန်​​ပြောပြပါ့မယ်​။

ရဲ​ထွေး​အောင်​အကိုဖြစ်​သူ ​နေ​ဇင်​လတ်​က တဖက်​ဝိုင်းက သန်းထွဋ်​​အောင်​ (​ခေါ်) သားကြီးဆီမှာ မီးခြစ်​ရှိလားဆိုပြီး သွား​ငှါးပါတယ်​။ 
သန်းထွဋ်​​အောင်​(​ခေါ်) သားကြီးက မူးမူးရူးရူးနဲ့ ``မရှိဘူး ... ရှိလည်း မငှါးနိုင်​ဘူး´´လို့​ ပြန်​တုံ့ပြန်​​ပြောလိုက်​ရာက​နေ အ​ချေအတင်
စကားများကြပြီး ပြသနာ​တွေဖြစ်​ကြပါတယ်​။ စကားများရာက​နေ
နေဇင်​လတ်​ပခုံးကို သားကြီးက ​ဆောင့်​တွန်းလိုက်ချိန်မှာ ​နေဇင်​လတ်​က နာရီချွတ်​ပြီး နာရီနဲ့ တစ်​ဖက်​က သန်းထွဋ်​​အောင်​(​ခေါ်) သားကြီး ကို ပြန်​ရိုက်​ခဲ့ပါတယ်​။ ပြသနာ​တွေတက်​လာ​တော့ Bar က Security ​တွေနဲ့ တခြားဝိုင်းက အသိမိတ်​​ဆွေ​တွေ ဝင်​ရှင်း​ပေး​ပေမယ့်​လည်း ပြသနာက မပြီးသွားပါဘူး။ ဝင်​ဆွဲတဲ့လူ​တွေနဲ့ သန်းထွဋ်​​အောင်​(ခ) သားကြီး တို့အဖွဲ့နဲ့ ပြသနာ​တွေတက်​ကြပါ​သေးတယ်​။ အဲ့ဒီ​နေ့က သန်းထွဋ်​​အောင်​(​ခေါ်) သားကြီးက မ​ကျေနပ်​လို့ဆိုပြီး ​နေဇင်​လတ်​ လိပ်​စာကို ရိုရှမ်း ဆိုတဲ့လူဆီက​နေ ​တောင်းပါတယ်​။ ရိုရှမ်း ဆိုတာ ရဲ​ထွေး​အောင်​ အခုရိုက်​​နေတဲ့ ရုပ်​ရှင်​ကြီး (ဒိုင်​ယာရီ ဇာတ်​ကားရဲ့ ပရိုဂျူဆာ)ပါ။ သူလည်း အဲ့ဒီ​နေ့က ဝင်​ဆွဲတဲ့သူ​တွေထဲမှာ ပါတယ်​လို့ ယူဆရပါတယ်​။ အဲ့ဒီ ရိုရှမ်းကို ​မေးလို့မရလို့​ သားကြီးတို့အဖွဲ့က ရိုရှမ်းဆိုတဲ့ လူကိုပါ အဲ့ညကပဲ ဝိုင်းဝန်းထိုးကြိတ်​ခဲ့ပါ​သေးတယ်​။ ကိုယ်​​တွေ သိသ​လောက်​​ပြောရရင်​ အဲ့ညက အဆို​တော်​ ယုန်​​လေးတို့နဲ့လည်း ပြသနာ တက်​ခဲ့ပါ​သေးတယ်​။ ဒါ​ပေမယ့်​ သူတို​နဲ့တက်​တဲ့ပြသနာက ရိုးရိုးပဲပြီးသွားပါတယ်​။
အဲ့လို​တွေ ပြသနာတက်​နေချိန်​မှာ ရဲ​ထွေး​အောင်​ဟာ Taxi ငှါးပြီး ပြန်​သွားပါပြီ။ ဒီပြသနာ​တွေကို သူဘာမှ မသိခဲ့ပါဘူး။

New Year ညမှာ ရဲ​ထွေး​အောင်ဟာ သူ့အကိုအ​ပေါ်ကို ငြိုးထားတဲ့ ခရိုနီသား​တွေရဲ့ ရန်​စလက်​ကျ​​န်​ တွေ​​ကြောင့်​ ပါတီက​နေ ဆွဲထုတ်​ခံရပြီး ဝိုင်းဝန်းရိုက်​နှက်​ခြင်းကို ခံခဲ့ရတာပါ။ ။ သူ့ကိုရိုက်​တဲ့သူ​တွေက အရင်​ညက သူ့အကိုနဲ့ Brave Bar မှာ ငြိခဲ့တဲ့ သန်းထွဋ်​​အောင်​ (​ခေါ်) သားကြီး , ​ကျော်​ဇဲ , ​အောင်​​လေး , သားငယ်​ တို့အဖွဲ့ပဲဖြစ်​ပါတယ်​။ သူတို့က ရဲ​ထွေး​အောင်​ကို ​​ခေါ်ထုတ်​ပြီး အဖွဲ့လိုက်​ ထိုးကြိတ်​ကြတာပါ။ CCTV မှတ်​တမ်း​တွေရယ်​ ရဲ​တွေရထားတဲ့ ဓာတ်​ပုံ​တွေရယ်​ ယှဉ်​လိုက်​ရင်​ သိပါလိမ့်​မယ်​။
အဆိုပါ 4 ​ယောက်​က ဒီပြသနာမှာ လုံးဝ​သေချာတဲ့ လူသတ်​တရားခံ​တွေပါ။
Club ရဲ့ CCTV ​တွေမှာ 6 ​ယောက်​ဝိုင်းရိုက်​​နေတယ်​ဆိုတာကလည်း မဟုတ်​ပါဘူး။ ​ဆွဲတဲ့သူ​တွေရယ်​ လူရှုပ်​​နေတာ​တွေရယ်​​ကြောင့်​ လူအုပ်​နဲ့ ဝိုင်းရိုက်​တယ်​လို့ထင်​ရတာပါ။ ရိုက်​တာ​တော့ လူအုပ်​လိုက်​ပါပဲ။ ဒါ​ပေမယ့်​ အဲ့ဒီ​လေး​ကောင်​ပါ။
အဲ့လို လူတစ်​​ယောက်​ကို ရက်​ရက်​စက်​စက်​နဲ့ ကြက်​က​လေး/ ငှက်​က​လေးလို သတ်​သွားတဲ့အဖွဲ့က သူ​တွေက
မွတ်​စလင်​ကုလား (၂) ​ယောက်
ဗမာ (၂) ​ယောက်​ စုစု​ပေါင်း (၄) ​ယောက်​ပါ။
သူတို့​တွေကို​အထင်​မ​သေးပါနဲ့။
အကုန်​လုံးက ခရိုနီသားသမီး​တွေချည်းပါပဲ။
အရင်​က စစ်​အစိုးရလက်​ထက်​တုန်းက စစ်​အစိုးရနဲ့​တောင်​ ပတ်​သတ်​မှုကြီး​တွေ အများကြီးရှိခဲ့ဘူးတဲ့ လူ​တွေချည်းပါပဲ။
အဲ့ထက်​ပို​ကောင်းတဲ့ Cover က သူတို့က ဖိုးလပြည့်​ သူငယ်​ချင်း​တွေဖြစ်​​နေတဲ့ အချက်​ပါပဲ။ ရဲ​တွေကလည်း သူတို့ တရားခံဆိုတာကို သိပါတယ်​။ ရဲ​ထွေး​အောင်​​ဆေးရုံတက်​​နေရတဲ့ မနက်​ပိုင်းကထဲက ဓာတ်​ပုံ​တွေ ရဲစခန်းမှာ ရထားပြီးသားပါ။ ဒါ​ပေမယ့်​ ဖမ်းဆီးဖို့အတွက်​ကျ​တော့ ​ဝေ့ဝိုက်​​နေတယ်​လို့ သိရပါတယ်​။
ဘာ့​ကြောင့်​လည်း ?
ဒီနိုင်​ငံမှာ ဖိုးလပြည့်​နဲ့ခင်​ရင်​ လူတစ်​​ယောက်​ကို ကြက်​သတ်​/ ငှက်​သတ်​သလို သတ်​လို့ရပါသလား ?
သူတို့ကို ဒီအချိန်​မှာ သွားရှာရင်​​တော့ ​တွေ့မယ်​မထင်​​တော့ပါဘူး။
အကုန်​လုံးက တိမ်း​ရှောင်​ကုန်​ပြီလို့ ယူဆရပါမယ်​။ ဘာသတင်းအစနမှ မကြားရ​တော့ပါဘူး။
ဒါ​ပေမယ့်​ ခုထိ သတင်းရ​သေးတာက သားငယ်​ ဆိုတဲ့တစ်​​ယောက်​ (ဓာတ်​ပုံထဲတွင်​ ဘယ်​ဘက်​အခြမ်းတွင်​ရပ်​​နေ​သောတစ်​​ယောက်​) ကျန်​ပါ​သေးတယ်​။
သူ့ကိုဖမ်းပီး ​ခေါ်စစ်​ရင်​ အကုန်​သိရမယ်​လို့ ထင်​ပါတယ်​။
တရားခံ​တွေ အားလုံးကို
Photo ​တွေနဲ့တစ်​ကွ တင်​​ပေးလိုက်​ပါတယ်​။
မတရား အသတ်​ခံလိုက်​ရတဲ့ လူသတ်​တရားခံ​တွေကိုလည်း
ပြည်​သူ့ရဲ​ ​တွေအ​နေနဲ့ မိ​အောင်​ဖမ်း​​စေချင်​ပါတယ်​။ အဲ့​နေ့ကလည်း ခရိုနီ ဦးခင်​​မောင်​​လေးရဲ့အိမ်​ကို သွားရှာတယ်​လို့် သိရပါတယ်​။ ဒါ​ပေမယ့်​ သူတို့ကိုပဲ မ​တွေ့ခဲ့တာပဲလား ... အိမ်​ထဲဝင်​ပီး အရှာမခံခိုင်းတာ​ကြောင့်​ပဲလား ဘာ​ကြောင့်​မှန်းမသိဘဲ ဒီတိုင်း ပြန်​လာခဲ့ကြတာလည်း သိပါတယ်​။ ပြည်​သူ့ရဲကို ပြည်​သူ​တွေ အယုံကြည်​မဲ့သွားမယ့်​ ဖြစ်​ရပ်​မျိုး​တော့ မလုပ်​​လောက်​ဘူးလို့ ယုံကြည်​ထားပါတယ်​။

စခန်းမှာလည်း တိကျတဲ့ information ရှိ​နေတာ​တောင်
မဖမ်းနိုင်​ဘူးဆိုရင်​ မြန်​မာနိုင်​ငံမှာ​နေရတဲ့ ကျွန်​​တော်​တို့ လူလတ်​တန်းစား​တွေရဲ့ ဘဝဟာ အရမ်းကို လုံခြုံမှု အားနည်း​နေပါပြီ။

ကျွန်​​တော်​တို့ဟာ အမှန်​တရားဘက်​က ရပ်​တည်​​ပေး​နေမှာဖြစ်​လို့် ဒီအမှုကို ဖမ်းမိ​စေချင်​ပါတယ်​။ အများသိ​အောင်​လည်း ဝိုင်းပြီး Sharing လုပ်​​ပေးကြပါ။
ဒီ Acc Report မိလို့ ပျက်​သွားရင်​လည်း တခြား Acc ​တွေက​နေ ဒီစာ​တွေကိုပဲ ထပ်​တင်​​ပေးပါ့မယ်​။ အရင်​ဒီ Acc ပိုင်​ရှင်​က ​သေသွားလို့် သူ့ Acc က​နေတင်​တာပါ။ ဒီအ​ကောင့်​ပျက်​သွားလည်း နည်းပညာသမား​တွေကို အကူအညီ​တောင်းပြီး တခြား Acc များစွာက​နေ Media ​တွေသိ​အောင်​ မျှ​ဝေသွားမှာပါ။
ကျွန်​​တော့်​ Page ​တွေက​နေလည်း အကုန်​သိ​အောင်​ Boots လုပ်​ပြီး တင်​သွားပါ့မယ်​။

အမှန်​တရားရဲ့ ဘက်​​တော်​သားတစ်​ဦး

Credit to Niki Htun








No comments:

Post a Comment