Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 12, 2017

မာဆက္က မိန္းကေလးရဲ့ရင္ဖြင့္သံ


 ေခါင္းတစ္ေယာက္ေအာက္က ဖာသည္မေလးတစ္ေယာက္ရဲ႕ ေၾကကြဲစြာ မရွက္တမ္း ရင္ဖြင့္သံုမ်ား…

သီတင္းကြၽတ္ၿပီ…ဝါထြက္ၿပီ…။ တမင္သက္သက္ ေခါင္းစဥ္တပ္ၿပီး လူစုၾကတယ္..။ ဝါတြင္းသံုးလ ေအာင့္အီးထားၾကတဲ့ အ ေသာက္အစားကိစၥေလးေတြကို စတင္ဖြင့္လွစ္ၾကမယ္ဆိုၿပီး..၊ တကယ္ေတာ့.. လူေတြက…..ကိုယ့္ သတ္မွတ္ခ်က္ နဲ႔ကိုယ္ သြားေနၾကတာပါ..။

အျဖစ္ႏိုင္ဆံုးကေတာ့..ကိုယ္နဲ႔ဘယ္ေလာက္ထိလိုက္ဖက္မလဲဆိုတဲ့ေပတံနဲ႔..။
ညေနေစာင္း… ေက်ာက္ကုန္းမွာဆံုၾကမယ္..၊ YAMMYမွာလူစံုေတာ့ ငါးနာရီဝန္းက်င္.. အင္းစိန္ဘက္ကလာတဲ့သူလည္း ရွိတယ္.. ေတာင္ဥကၠလာဘက္ကလာသူလည္းရွိတယ္။ အားလံုးက ေလးဆယ္ေက်ာ္အိမ္ေထာင္သည္ေတြခ်ည္းပဲ..။ ဘီယာေလာက္နဲ႔စတင္ဖြင့္လွစ္လိုက္ၾကမယ္ဆိုေပမယ့္ ဝိုင္းအလယ္ေလာက္မွာ အနက္ေတာင့္ေတြ..အနီေတာ င့္ေတြပါ လာ တယ္။

ဘာလဲ…ေပ်ာ္ေပ်ာ္ပါးပါးေပါ့။ ကိုယ့္စီးပြားကိုယ္ရွာႏိုင္ၾကသူေတြပဲဟာ။ မိသားစုတစ္ခုကို တင့္ေတာင္းတင့္တယ္ အ ျပင္ လွ်ံလန္ေနေအာင္ထားႏိုင္ၾကသူေတြေတာင္ပါေနတဲ့ဟာကို။ ဝိုင္းက မီးေပါင္ျမင့္လာနဲ႔အတူ ဟိုေခါင္းစဥ္.. ဒီေခါင္ စဥ္ ေတြ ေရာေႏွာပါဝင္လာပါေတာ့တယ္။ ေကတီဗြီသြားမယ္…မာဆက္သြားမယ္။

အိမ္ေထာင္သည္ေတြျဖစ္ေနတဲ့အတြက္.. ဒါ့ထက္ေတာ့ စည္းမေက်ာ္ၾကပါဘူး။ အေပ်ာ္လြန္တဲ့သေဘာေလာက္ ပဲရွိပါ တယ္..။

ေငြေၾကးသံုးစြဲႏိုင္သူေတြျဖစ္တဲ့အေလွ်ာက္..ကုန္က်စရိတ္ကိုဘယ္ေတာ့မွ စာရင္းတို႔စရာမလို၊ စားပြဲထိုးေလး လွမ္း ေခၚၿပီး YAMMY ကထြက္ေတာ့ ႏွစ္ေသာင္ေက်ာ္သံုးေသာင္းေပးခဲ့ရတယ္။ ဒါကိုေတာင္ သူေပးမယ္ ငါေပးမယ္နဲ႔..။ ဝင္ေငြၾကမ္းတဲ့ လူေတြမ်ားေျပာပါတယ္။

အေပါက္ဝကိုဝင္လိုက္ကတည္းက ကားေနရာခ်ေပးတဲ့ေကာင္ေလးအတြက္ တစ္ေထာင္မ်ိဳး ႏွစ္ေထာင္မ်ိဳး၊ ပင္တိုင္ေဖာက္ သည္ေတြကေတာ့ သူ႔အမွတ္အသားနဲ႔သူ စာရင္းေပးၾကတယ္။ ဘီယာပုလင္းေတြေထာင္…….. အေၾကာ္အေလွာ္ေတြနဲ႔အ ခန္းက်ဥ္းေလးထဲက ပြဲေတာ္၊ စီးပြားေရးအေၾကာင္းေတြ…ေျပာၾကတယ္။ မိသားစုအေၾကာင္းေတြ….ေျပာၾကတယ္။ အေပါင္း အ သင္းမိတ္ေဆြေတြအေၾကာင္းကို ရယ္ပြဲဖြဲ႔ၾကတယ္။

တစ္ေယာက္ၿပီးတစ္ေယာက္ ကေလးမေလးေတြဝင္လာၾကတယ္။ ခဏေလးေဘးမွာ ဖယ္ေနၾက.. ဒီမွာေကာင္းေရာင္းေ ကာင္းဝယ္ေတြေဆြးေႏြးေနၾကတယ္။ ကားမွာကပ္ထားတဲ့စတစ္ကာက ေအာ္ရီဂ်င္ နယ္ျဖစ္တာေၾကာင့္.. ေမာ္ေတာ္ ပီ ကယ္က လက္သည္းနဲ႔ ကုတ္ခြာလည္းမရတဲ့အေၾကာင္း..၊ စပိုင္ကင္မရာပါတဲ့မ်က္မွန္တစ္လက္အေၾကာင္းေျပာေ တာ့ ေကာင္မေလးေတြက သူတို႔ကိုယ္သူတို႔ မလံုမလဲနဲ႔ ဖံုးၾကဖိၾက။

ဒါကိုပင္ ဝိုင္းဝန္း…သေဘာက်ေနၾကတယ္။ တကယ္လည္း မလံုမလဲတခ်ိဳ႕ပါလာတယ္။ ႏႈတ္ခမ္းနီ အရဲသားနဲ ႔၊ ေမြးရန႔ံေ တြကလည္း ခ်ိဳခ်ိဳအီအီ၊ အဲယာကြန္းကို အရွိန္ထပ္ျမႇင့္ခိုင္းတယ္။ ဝိတ္တာေကာင္ေလးကိုလည္း တစ္ေထာင္မ်ိဳး ႏွစ္ေ ထာင္မ်ိဳးပစ္ခတ္ေပးၿပီး မေခၚပဲ ခဏ ခဏ ဝင္မလာနဲ႔ခိုင္းတယ္။ အခုခ်ိန္ထိ ေကာင္မေလးေတြမွာ က်ိဳးၾကည့္ ေၾကာ င္ၾကည့္..။
နံရံမွာကပ္ေပးထာတဲ့နာရီက..တစ္ခ်က္ခ်က္ေရြ႕ေနတယ္။ အဲဒီအတြက္ ဂရုကိုမစိုက္ၾကတာ..၊ ဒန္းေလာ့ေမြ႔ယာ ထူၾကီးေ တြ ရဲ့ေျခရင္းမွာ ကေလးမေလးေတြက က်ံဳ႕က်ဳ႕ံထိုင္ၾကတယ္။

ေဖာက္သည္ေတြကေတာ့ တရင္းတႏွီး၊ အသင့္ယူ လာတဲ့ စႏိုးတာဝါျဖဴျဖဴေအးေအးေလးေတြေဖာက္ၿပီး.. ေျခဖဝါးတိုင္းကို ဖြဖြကေလးပြတ္သပ္တိုက္ခြၽတ္လို႔၊ မ်က္ရည္ေတြမ်ား …ေတြေတြ က်ေနမလား…လို႔၊ ေျခေထာက္ဆိုတာ…….လူတစ္ကိုယ္လံုးရဲ့ အနိမ္႔က်ဆံုးေနရာ၊ သူစိမ္းေယာက္်ားတစ္ေ ယာက္ရဲ့ေျခဖဝါးကို ကိုယ့္ရဲ့တယုတယလေမြးျမဴထားတဲ့လက္နဲ႔ ပယ္ပယ္နယ္နယ္ကိုင္တြယ္ေနရတယ္.. ၊လက္ …ထမ င္းစားတဲ့လက္..။

အသားခ်င္းထိတာမ်ား… မဟုတ္ဘူး…အဲဒီမွာကိေလသာေတြ အမ်ားၾကီးပါတယ္..။
ဆန႔္ေပးထာတဲ့ေပါင္ႏွစ္ေခ်ာင္းၾကားဝင္ၿပီး ေျခသလံုးတစ္ဘက္ကိုေပါင္ေပၚဆြဲတင္လိုက္တယ္၊ ၿပီးမွ..လက္ေမာင္း သား ဝင္း ဝင္းေလးလႈပ္တဲ့ထိ လက္ဖ်ံနဲ႔ ပြတ္ေျခေပးရတယ္။ အဲယားကြန္းခန္းထဲမွာ ကိုယ္ေငြ႔ေတြေရာယွက္လို႔..။ အရက္န႔ံ ခ်ဥ္စူးစူး ေတြကို က်ိတ္မွိတ္မ်ိဳခ်ေနရမွာေပါ့..၊ ေပါင္ခြၾကားတည့္တည့္ကို ဖေနာင့္နဲ႔ေထာက္ၿပီး.. အပူထုတ္ေ ပးမ ယ္ျပင္ေတာ့.. တစ္ ေယာက္က ဒဏ္မခံႏိုင္ဘူး..လက္နဲ႔မွ..တဲ့..၊ ကဲ…စဥ္းစားသာၾကည့္ေပတာ့..၊ ကိုယ့္လင္ကိုယ့္သား မဟုတ္တဲ့ သူစိမ္းေယာက္်ားကို..။

စီးကရက္မီးခိုးေငြ႔ေတြမႊန္ထူေနတယ္။ ေလခ်ဥ္တက္တဲ့ အရက္သံေတြနဲ႔၊ ဒီၾကားထဲ ဟုတ္တိပတ္တိ အႏွိပ္မခံပဲ ရည္းစား လိုလို ဘာလိုလို အတြဲဇာတ္ခင္းေနတဲ့လူကရွိေသး၊ ငုတ္တုတ္ထိုင္ခိုင္းၿပီး ေနာက္ေၾကာကိုဒူးနဲ႔ေထာက္.. လက္ႏွစ္ဘက္ ကို ေနာက္ကသိမ္းယူေတာ့ ကေလးမေလးရဲ႕ရင္သားေတြက ေက်ာမွာလာမကပ္ေပဘူးလား။ ေရွ႕ကိုအားယူလိုက္ခ်ိန္က ကိုရီးယားကားထဲကလို ေနာက္က ခိုးနမ္းေတာ့မယ့္အတိုင္း..။ မလြယ္လွပါဘူး..။ အဲယားကြန္းေအးေအး ၾကားမွာ ေခြၽး ပ်ံေန ပါလိမ့္မယ္..။
တစ္နာရီ..တစ္ဆက္ရွင္..၊ ေဘလ္ယူခဲ့………………။

တစ္ေယာက္ကို သံုးေထာင့္ငါးရာ…။ ေစ်းခ်ိဳလြန္းအားၾကီးမေနဘူးလား၊ ေပးလိုက္ရတာေတြအမ်ားႀကီး၊ လက္ခ်ိဳးေရလို႔ မႏိုင္၊ ရွိသမွ်အကုန္နီးပါး၊ ျပဳစုေပးရခ်က္က.. ႏိုင္းမက၊ ရေတာ့..သံုးေထာင့္ငါးရာ..၊ “ကြၽန္မတို႔ရတာမဟုတ္ပါဘူး.. ဆိုင္ကရတာ ပါ..၊ ကြၽန္မတို႔က..

လခေျခာက္ေသာင္းေလာက္နဲ႔လုပ္ၾကရတာ”၊ တြက္ၾကည့္ေ တာ့…..တစ္ရ က္ႏွစ္ေ ထာင္..၊ အလုပ္ခ်ိန္နာရီ နဲ႔စားခ်လိုက္ရင္ တစ္နာရီစာလုပ္အားက တစ္ေထာင္မျပည့္..။ အထဲမွာ … မွာၿပီးစားေသာ က္ၾကတာ ေသာင္းဂဏန္းဆို ေတာ့ ကေလးမေလးေတြအတြက္ မုန္႔ဖိုးဆိုၿပီး ထပ္ထုတ္ၾကတယ္။ တစ္ေယာက္ ကေျပာ တယ္…”ပါးပါးေလးပါ” တဲ့၊ ဟုတ္ ပါ့…ေတာ္ေတာ္တန္ဘိုးနည္းတဲ့ မိန္းမေတြပဲ….။

Credit: ကိုကံညိဳ (ႀကီး)

#Unicode Version#
သီတင်းကျွတ်ပြီ…ဝါထွက်ပြီ…။ တမင်သက်သက် ခေါင်းစဉ်တပ်ပြီး လူစုကြတယ်..။ ဝါတွင်းသုံးလ အောင့်အီးထားကြတဲ့ အ သောက်အစားကိစ္စလေးတွေကို စတင်ဖွင့်လှစ်ကြမယ်ဆိုပြီး..၊ တကယ်တော့.. လူတွေက…..ကိုယ့် သတ်မှတ်ချက် နဲ့ကိုယ် သွားနေကြတာပါ..။

အဖြစ်နိုင်ဆုံးကတော့..ကိုယ်နဲ့ဘယ်လောက်ထိလိုက်ဖက်မလဲဆိုတဲ့ပေတံနဲ့..။
ညနေစောင်း… ကျောက်ကုန်းမှာဆုံကြမယ်..၊ YAMMYမှာလူစုံတော့ ငါးနာရီဝန်းကျင်.. အင်းစိန်ဘက်ကလာတဲ့သူလည်း ရှိတယ်.. တောင်ဥက္ကလာဘက်ကလာသူလည်းရှိတယ်။ အားလုံးက လေးဆယ်ကျော်အိမ်ထောင်သည်တွေချည်းပဲ..။ ဘီယာလောက်နဲ့စတင်ဖွင့်လှစ်လိုက်ကြမယ်ဆိုပေမယ့် ဝိုင်းအလယ်လောက်မှာ အနက်တောင့်တွေ..အနီတော င့်တွေပါ လာ တယ်။

ဘာလဲ…ပျော်ပျော်ပါးပါးပေါ့။ ကိုယ့်စီးပွားကိုယ်ရှာနိုင်ကြသူတွေပဲဟာ။ မိသားစုတစ်ခုကို တင့်တောင်းတင့်တယ် အ ပြင် လျှံလန်နေအောင်ထားနိုင်ကြသူတွေတောင်ပါနေတဲ့ဟာကို။ ဝိုင်းက မီးပေါင်မြင့်လာနဲ့အတူ ဟိုခေါင်းစဉ်.. ဒီခေါင် စဉ် တွေ ရောနှောပါဝင်လာပါတော့တယ်။ ကေတီဗွီသွားမယ်…မာဆက်သွားမယ်။

အိမ်ထောင်သည်တွေဖြစ်နေတဲ့အတွက်.. ဒါ့ထက်တော့ စည်းမကျော်ကြပါဘူး။ အပျော်လွန်တဲ့သဘောလောက် ပဲရှိပါ တယ်..။

ငွေကြေးသုံးစွဲနိုင်သူတွေဖြစ်တဲ့အလျှောက်..ကုန်ကျစရိတ်ကိုဘယ်တော့မှ စာရင်းတို့စရာမလို၊ စားပွဲထိုးလေး လှမ်း ခေါ်ပြီး YAMMY ကထွက်တော့ နှစ်သောင်ကျော်သုံးသောင်းပေးခဲ့ရတယ်။ ဒါကိုတောင် သူပေးမယ် ငါပေးမယ်နဲ့..။ ဝင်ငွေကြမ်းတဲ့ လူတွေများပြောပါတယ်။

အပေါက်ဝကိုဝင်လိုက်ကတည်းက ကားနေရာချပေးတဲ့ကောင်လေးအတွက် တစ်ထောင်မျိုး နှစ်ထောင်မျိုး၊ ပင်တိုင်ဖောက် သည်တွေကတော့ သူ့အမှတ်အသားနဲ့သူ စာရင်းပေးကြတယ်။ ဘီယာပုလင်းတွေထောင်…….. အကြော်အလှော်တွေနဲ့အ ခန်းကျဉ်းလေးထဲက ပွဲတော်၊ စီးပွားရေးအကြောင်းတွေ…ပြောကြတယ်။ မိသားစုအကြောင်းတွေ….ပြောကြတယ်။ အပေါင်း အ သင်းမိတ်ဆွေတွေအကြောင်းကို ရယ်ပွဲဖွဲ့ကြတယ်။

တစ်ယောက်ပြီးတစ်ယောက် ကလေးမလေးတွေဝင်လာကြတယ်။ ခဏလေးဘေးမှာ ဖယ်နေကြ.. ဒီမှာကောင်းရောင်းေ ကာင်းဝယ်တွေဆွေးနွေးနေကြတယ်။ ကားမှာကပ်ထားတဲ့စတစ်ကာက အော်ရီဂျင် နယ်ဖြစ်တာကြောင့်.. မော်တော် ပီ ကယ်က လက်သည်းနဲ့ ကုတ်ခွာလည်းမရတဲ့အကြောင်း..၊ စပိုင်ကင်မရာပါတဲ့မျက်မှန်တစ်လက်အကြောင်းပြောေ တာ့ ကောင်မလေးတွေက သူတို့ကိုယ်သူတို့ မလုံမလဲနဲ့ ဖုံးကြဖိကြ။

ဒါကိုပင် ဝိုင်းဝန်း…သဘောကျနေကြတယ်။ တကယ်လည်း မလုံမလဲတချို့ပါလာတယ်။ နှုတ်ခမ်းနီ အရဲသားနဲ့၊ မွေးရနံ့ေ တွကလည်း ချိုချိုအီအီ၊ အဲယာကွန်းကို အရှိန်ထပ်မြှင့်ခိုင်းတယ်။ ဝိတ်တာကောင်လေးကိုလည်း တစ်ထောင်မျိုး နှစ်ေ ထာင်မျိုးပစ်ခတ်ပေးပြီး မခေါ်ပဲ ခဏ ခဏ ဝင်မလာနဲ့ခိုင်းတယ်။ အခုချိန်ထိ ကောင်မလေးတွေမှာ ကျိုးကြည့် ကြော င်ကြည့်..။
နံရံမှာကပ်ပေးထာတဲ့နာရီက..တစ်ချက်ချက်ရွေ့နေတယ်။ အဲဒီအတွက် ဂရုကိုမစိုက်ကြတာ..၊ ဒန်းလော့မွေ့ယာ ထူကြီးေ တွ ရဲ့ခြေရင်းမှာ ကလေးမလေးတွေက ကျုံ့ကျုံ့ထိုင်ကြတယ်။

ဖောက်သည်တွေကတော့ တရင်းတနှီး၊ အသင့်ယူ လာတဲ့ စနိုးတာဝါဖြူဖြူအေးအေးလေးတွေဖောက်ပြီး.. ခြေဖဝါးတိုင်းကို ဖွဖွကလေးပွတ်သပ်တိုက်ချွတ်လို့၊ မျက်ရည်တွေများ …တွေတွေ ကျနေမလား…လို့၊ ခြေထောက်ဆိုတာ…….လူတစ်ကိုယ်လုံးရဲ့ အနိမ့်ကျဆုံးနေရာ၊ သူစိမ်းယောက်ျားတစ်ေ ယာက်ရဲ့ခြေဖဝါးကို ကိုယ့်ရဲ့တယုတယလမွေးမြူထားတဲ့လက်နဲ့ ပယ်ပယ်နယ်နယ်ကိုင်တွယ်နေရတယ်.. ၊လက် …ထမ င်းစားတဲ့လက်..။

အသားချင်းထိတာများ… မဟုတ်ဘူး…အဲဒီမှာကိလေသာတွေ အများကြီးပါတယ်..။
ဆန့်ပေးထာတဲ့ပေါင်နှစ်ချောင်းကြားဝင်ပြီး ခြေသလုံးတစ်ဘက်ကိုပေါင်ပေါ်ဆွဲတင်လိုက်တယ်၊ ပြီးမှ..လက်မောင်း သား ဝင်း ဝင်းလေးလှုပ်တဲ့ထိ လက်ဖျံနဲ့ ပွတ်ခြေပေးရတယ်။ အဲယားကွန်းခန်းထဲမှာ ကိုယ်ငွေ့တွေရောယှက်လို့..။ အရက်နံ့ ချဉ်စူးစူး တွေကို ကျိတ်မှိတ်မျိုချနေရမှာပေါ့..၊ ပေါင်ခွကြားတည့်တည့်ကို ဖနောင့်နဲ့ထောက်ပြီး.. အပူထုတ်ေ ပးမ ယ်ပြင်တော့.. တစ် ယောက်က ဒဏ်မခံနိုင်ဘူး..လက်နဲ့မှ..တဲ့..၊ ကဲ…စဉ်းစားသာကြည့်ပေတာ့..၊ ကိုယ့်လင်ကိုယ့်သား မဟုတ်တဲ့ သူစိမ်းယောက်ျားကို..။

စီးကရက်မီးခိုးငွေ့တွေမွှန်ထူနေတယ်။ လေချဉ်တက်တဲ့ အရက်သံတွေနဲ့၊ ဒီကြားထဲ ဟုတ်တိပတ်တိ အနှိပ်မခံပဲ ရည်းစား လိုလို ဘာလိုလို အတွဲဇာတ်ခင်းနေတဲ့လူကရှိသေး၊ ငုတ်တုတ်ထိုင်ခိုင်းပြီး နောက်ကြောကိုဒူးနဲ့ထောက်.. လက်နှစ်ဘက် ကို နောက်ကသိမ်းယူတော့ ကလေးမလေးရဲ့ရင်သားတွေက ကျောမှာလာမကပ်ပေဘူးလား။ ရှေ့ကိုအားယူလိုက်ချိန်က ကိုရီးယားကားထဲကလို နောက်က ခိုးနမ်းတော့မယ့်အတိုင်း..။ မလွယ်လှပါဘူး..။ အဲယားကွန်းအေးအေး ကြားမှာ ချွေး ပျံနေ ပါလိမ့်မယ်..။
တစ်နာရီ..တစ်ဆက်ရှင်..၊ ဘေလ်ယူခဲ့………………။

တစ်ယောက်ကို သုံးထောင့်ငါးရာ…။ ဈေးချိုလွန်းအားကြီးမနေဘူးလား၊ ပေးလိုက်ရတာတွေအများကြီး၊ လက်ချိုးရေလို့ မနိုင်၊ ရှိသမျှအကုန်နီးပါး၊ ပြုစုပေးရချက်က.. နိုင်းမက၊ ရတော့..သုံးထောင့်ငါးရာ..၊ “ကျွန်မတို့ရတာမဟုတ်ပါဘူး.. ဆိုင်ကရတာ ပါ..၊ ကျွန်မတို့က..

လခခြောက်သောင်းလောက်နဲ့လုပ်ကြရတာ”၊ တွက်ကြည့်ေ တာ့…..တစ်ရ က်နှစ်ေ ထာင်..၊ အလုပ်ချိန်နာရီ နဲ့စားချလိုက်ရင် တစ်နာရီစာလုပ်အားက တစ်ထောင်မပြည့်..။ အထဲမှာ … မှာပြီးစားသော က်ကြတာ သောင်းဂဏန်းဆို တော့ ကလေးမလေးတွေအတွက် မုန့်ဖိုးဆိုပြီး ထပ်ထုတ်ကြတယ်။ တစ်ယောက် ကပြော တယ်…”ပါးပါးလေးပါ” တဲ့၊ ဟုတ် ပါ့…တော်တော်တန်ဘိုးနည်းတဲ့ မိန်းမတွေပဲ….။
Credit: ကိုကံညို (ကြီး)

No comments:

Post a Comment