Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 13, 2018

အစိုးရအဖွဲ့ဝန်ကြီးနှစ်ယောက်နုတ်ထွက်သွားသည့်ကိစ္စ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် စိတ်မကောင်းဖြစ် မျက်ရည်ကျ


မကွေး ဇန်နဝါရီလ ၁၁ ရက်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးနှစ်ယောက်နုတ်ထွက်သွားသည့်ကိစ္စနှင့်ပါတ်သက်၍ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ စိတ်မကောင်းကြောင်း မီဒီယာများကိုမျက်ရည်ကျ၍ပြောကြားခဲ့သည်။
အဆိုပါပြောကြားမှုကို ဇန်နဝါရီလ (၁၁)ရက်နေ့က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးခန်းမတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံ စဉ်ပြောကြား ခဲ့ခြင်းဖြစ်သည်။
"ဝန်ကြီးနှစ်ပါးလုံးကကျွန်တော်တို့နဲ့ အင်မတန်းခက်ခဲကြမ်းတန်းတဲ့ အချိန်ကာလတွေမှာ ကျွန်တော်တို့ညီကိုတွေ အေးအတူပူအမျှ အတူရုံးကန်ခဲ့ရ တာစိတ်မကောင်းပါ ဘူး တစ်ကယ်စိတ်မကောင်းပါဘူး " ဟု မျက်ရည်ကျ၍ ဝန်ကြီးချုပ်ကပြောသည်။
ယင်းတွေ့ ဆုံ ပွဲတွင် နုတ်ထွက်သွားသည့်ဝန်ကြီးနှစ်ယောက်နေရာ ခန့်အပ်ရန်အတွက်ဝန်ကြီးချုပ်တစ်ယောက် ထဲခန့်အပ်မရကြောင်း တိုင်းအစိုးရအ ဖွဲ့ဝန်ကြီး များနှင့် တိုင်ပင်ကြောင်း ထို့ပြင်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ| ဒုဥက္ကဌများနှင့် တိုင်ပင် နေကြောင်းခန့်သင့်ခန့်ထိုက် တဲ့သူတွေကိုခန့်အပ် မည်ဖြစ်ကြောင်းပြောသည်။
"ခန့်အပ်ရင်လည်း လွှတ်တော်ကိုစည်းမျှဉ်းစည်းကမ်းတွေနဲ့အညီတင်ပြပြီး သူတို့ကြိုက်မကြိုက်ဖူးဆို တာဆုံးဖြတ်မှာပါ ဝန်ကြီးလက္ခာတွေနဲ့ညီမညီသူ တို့ဆုံးဖြတ်ကြမှာပါ " ဟုဝန်ကြီးချုပ် ကပြောသည်။
နောက်ထပ် ဝန်ကြီးနှစ်ပါး ခန့်အပ်ရန်အတွက်နောက် တစ်ပါတ်လွှတ်တော် တွင် တင်သွင်းမည် ဖြစ်ကြောင်း ဘယ်သူတွေဘယ်ဝါတွေဆို တာကိုတော့ မပြော နိုင်သေးကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက် တာအောင်မိုးညိုကပြောသည်။
ZZ/Democracytoday

No comments:

Post a Comment