Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 13, 2018

ဦးအေးမြင့် (အောင်လံ) နိုင်ငံရေးအကျဉ်းသားဟောင်း ကွယ်လွန်


ကျ​နော်​​လေးစားချစ်​ခင်​ကြည်​ညိုရတဲ့ကို​အေးမြင့်​။
ကျ​နော်​ကို​အေးမြင့်​နဲ့သိကျွမ်းခဲ့တာနှစ်​၃၀​ကျော်​​လောက်​ရှိပါပြီ။
ကျ​နော်​​အောင်​လံမှာ​ဆေးခန်းဖွင့်​ပြီး
ရက်​အနည်းငယ်​အတွင်းမှာကို​အေးမြင့်​နဲ့သူ့မိတ်​​ဆွေတစုကနွမ်းပါးပြီး​ဆေးဘိုးမတတ်​နိုင်​ရှာတဲ့လူနာ​တွေကို​ခေါ်လာပြီး​ဆေးကုသ​ပေးကြပါတယ်​။
သူတို့​ချွေးနည်းစာထဲက​ငွေစုစိုက်​ထုတ်​ပြီးကု​ပေးကြရှာတာပါ။
သူတို့ကိုယ်​တိုင်​လည်းတကဲ့အ​ခြေခံလူတန်းစား​တွေပါ။သူတို့စိတ်​ဓာတ်​ကိုကျ​နော်​မ​လေးစားပဲမ​နေနိုင်​ပါ။ကျ​နော်​လည်းတတ်​နိုင်​သ​လောက်​ဒါနပြုခဲ့ပါတယ်​။
၈၈အ​ရေးခင်းပြီး​နောက်​ ​အောင်​လံမှာ ပထမဦးဆုံးနဲ့တ​ယောက်​ထဲ​ထောင်​သွင်းအကျဉ်းကျခဲံ့ရသူဟာ ကို​အေးမြင့်​ပါ။
ထောင်​ကလွတ်​လာပြီး nldပါတီဝင်​ပြီးနိုင်​ငံ​ရေးတက်​တက်​ကြွကြွဆက်​လုပ်​လို့ဒုအကြိမ်​​ထောင်​ကျခဲ့ရသူပါ။

သူ​ထောင်​ကျစဉ်​ကာလများမှာ သူ့ဇနီးကမိတ်​​ဆွေအ​ပေါင်းအသင်းများကိုဝန်​ထုတ်​ဝန်​ပိုးမဖြစ်​​စေပဲအိမ်​​ထောင်​ကို​ကောင်းစွာထိမ်းသိမ်း​စောင့်​​ရှောက်​နိုင်​သူပါ။
သူ​ထောင်​ကထွက်​လာ​တော့မြို့လူထုက​သူနဲ့ကောင်း​ကာင်း​စကားမ​ပြောရဲကြပါ။
ဘာလို့ဆိုသူ့​နောက်​က​ထောက်​လှမ်း​ရေး​တွေမပြတ်​လိုက်​​နေကြလို့ပါ။
သူကျ​နော့​ဆေးခန်း​တော့မကြာခဏလာပါတယ်​၊​ထောင်​ထဲအ​ကြောင်း​တွေနိုင်​ငံ​ရေးရည်​မှန်းချက်​​တွေ​ပြောဆို​ဆွေး​နွေးကြပါတယ်​။ထောက်​လှမ်း​ရေး​တွေက​စောင့်​သတင်းပို့လို့​ပေါ့။သူ​ကြောင့်​တဖက်​သားဒုက္ခ​ရောက်​မှာ​တော့သူစိုးရိမ်​​ကြောင်းသတိထား​ကြောင်း​တော့​ပြောပါတယ်​။
သူnldပါတီကိစ္စ​တွေလုပ်​ဖို့သွား​ရေးလာ​ရေး​ငွေလိုအပ်​ရင်​ကျ​နော့ကိုအသိ​ပေး​လေ့ရှိပါတယ်​။ကျ​နော်​တခါမှမငြင်းပါဘူးလိုအပ်​တာအမြဲဖြည့်​​ပေးပါတယ်​။
ကျ​နော့မိသားစုအ​ရေးကိစ္စ​တွေအကူညီ​တောင်းရင်​အမြဲထဲထဲဝင်​ဝင်​သူကူညီပါတယ်​။
၂၀၁၅​ရွေး​ကောက်​ပွဲမှာသူကမ​ကွေးတိုင်း​အောနိုင်​​ရေးဒုဥက္ကဌ ကျ​နော်​တို့ကမြို့နယ်​အဖွဲ့ဝင်​ အတူတွဲလုပ်​ကြ​တော့သူဟာတကယ်​ကိုအပင်​ပန်းခံနိုင်​သူပဲ မ​ကွေးတတိုင်းလုံးသူမ​ရောက်​ဖူးတဲ့​ကျေးရွာမရှိသ​လောက်​ပါ။တကဲ့ကိုတာဝန်​​ကျေပွန်​လွန်းသူပါ။
ရွေး​ကောက်​ပွဲမှာသူသာအမတ်​ဝင်​​ရွေးရင်​အများစုက​ထောက်​ခံကြမှာပါ။
ဒါ​ပေမဲ့သူက သူ့ထက်​ပညာအရည်​ချင်းမြင့်​သူ သူ့ထက်​ပိုလုပ်​ကိုင်​နိုင်​စွမ်းရှိမယ်​လို့ထင်​ရသူ​တွေကိုပုခုန်းထမ်းတင်​ပြီး​နောက်​တန်းက​နေခဲ့သူပါ။
ယခုလက်​ရှိနိုင်​ငံ​ရေးမှာအ​ခြေမြင့်​ပြီး​နေရာရ​နေကြသူ​တွေဟာသူနဲ့အတူ​ထောင်​ထဲမှာ​နေခဲ့ကြပြီးရင်းနှီးကြသူ​တွေပါ။သူ့အကျိုးအတွက်​ဘာမျှမ​တောင်းဆိုခဲ့သူပါ။
ဖခင်​တ​ယောက်​အ​နေနဲ့လည်းသူသာပညာနဲခဲ့တာ သူ့သမီး၃​ယောက်​စလုံးကို
ဘွဲ့ရပညာတတ်​​အောင်​​စောင့်​​ရှောက်​နိုင်​ခဲ့သူပါ။
သူဖြစ်​​စေချင်​တဲ့သူ​လျှောက်​ခဲ့တဲ့ ဒီမိုက​ရေစီခရီးလမ်းကမပြီးဆုံး​သေးပါ။
ကျ​နော်​တို့စည်းစည်းလုံးလုံးနဲ့ဆက်​​လျှောက်​လှမ်းကြပါဦးစို့။
ကျ​နော်​ချစ်​တဲ့ ​လေးစားတဲ့ကို​အေးမြင့်​ကိုဒီစာစု​လေးနဲ့ ရင်​ထဲခံစားချက်​ကို​ရေးတတ်​သလို​ရေးရင်းနဲ့ပဲ ဂုဏ်​ပြုအပ်​ပါတယ်​ခင်​ဗျား။

Kyi Win (facebook)

No comments:

Post a Comment