Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 4, 2017
ဒုရဲအုပ်လောင်း အပတ်စဉ် (၈၉) ရဲသူရ တပ်ခွဲ(၁)မှ ဌာနခွဲမှူး ရဲ -၅၄၈၈ ရဲမှူး ဇေယျာလင်းအောင် ၏ သင်တန်း သားများ အပေါ် လူမဆန်စွာ နှိပ်စက် အနိုင်ကျင့်ခဲ့မှုဖြစ်စဉ်
ရဲအရာရှိ လေ့ကျင့်ရေးကျောင်း(ဇီးပင်ကြီး) တွင်တက်ရောက်
နေတဲ့ ဒုရဲအုပ်လောင်း အပတ်စဉ် (၈၉) ရဲသူရ တပ်ခွဲ(၁)မှ
ဌာနခွဲမှူး ရဲ -၅၄၈၈ ရဲမှူး ဇေယျာလင်းအောင် ၏ သင်တန်း
သားများ အပေါ် လူမဆန်စွာ နှိပ်စက် အနိုင်ကျင့်ခဲ့မှုဖြစ်စဉ်အား
ပြည်ထဲရေး ၀န်ကြီးနှင့် ရဲချုပ် သိရှိနိုင်စေရေးအတွက်
ရေး သား တင်ပြ အစီရင်ခံခြင်း
==============================
ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) ဒုရဲအုပ်လောင်း
အပတ်စဉ် ( ၈၉) မှာ ၁-၁၂-၂၀၁၇ ရက်နေ့ မနက် ၁နာရီ
၁၅မိနစ်ချိန်ခန့် က သင်တန်းအိတ်ဆောင် တာဝန်ကျ
သင်တန်းသားများကိုလူမဆန်စွာ ညှင်းပန်း နှိပ်စက်
အနိုင်ထက်ကျင့် နှိပ်စက်ပီးအပြစ်ပေး အရေးယူမှု
တစ်ခု ကို ရဲသူရတပ်ခွဲဌာန ဌာနခွဲမှုး ရဲမူး
ဇေယျာလင်းအောင် က တမင်တကာ ရည်ရွယ်ချက်
ရှိရှိဖြင့်လုပ်ဆောင်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်
ရဲ ၅၄၈၈ ရဲမှူး ဇေယျာလင်းအောင်ဟာ DSA အပတ်စဉ်
( ၄၆ ) က နေဆင်းလာခဲ့တဲ့ သူတစ်ဦးဖြစ်ပီးတော့ မြန်မာ
နိုင်ငံရဲတပ်ဖွဲ့ထဲ ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဟာ
(၁) နှစ်ကျော်ကျော်လေး ပဲ ရှိပါသေးတယ် ..သူဟာ ဆိုယင်
ရဲသူရ တပ်ခွဲဌာန ..ဌာနခွဲမှူး တာဝန်ထမ်းဆောင်နေရာကနေ
လုံခြုံရေး ရဲတပ်ရင်း(၄)ရွှေစာရံ ကို အပြောင်းအရွှေ့ အမိန့်
ထုတ်ပြန်ခံ ထားရတဲ့သူ တစ်ဦး လည်း ဖြစ်ပါတယ်
အခု လုပ်သွားခဲ့တဲ့ ဖြစ်စဉ် က မပြောင်းရွှေ့ခင် မနက်ခင်း
အစော ကြီးပိုင်းမှာ သင်တန်းသား ဒုရဲအုပ်လောင်းတွေ
အပေါ် ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ခဲ့
တာဖြစ်ပီး မှ အဲဒီနေ့ (၁-၁၂-၂၀၁၇) ရက်နေ့ သောကြာနေ့
ညနေပိုင်းမှာ အလုပ်စွန့်သွားခဲ့တာပါ
ရဲ ၅၄၈၈ ရဲမှူး ဇေယျာလင်းအောင် ဟာ ၁-၁၂-၂၀၁၇ ရက်နေ့
မနက် ၁ နာရီ ၁၅ မိနစ်ခန့်မှာ အရက်များမူးရူးပြီး ရဲသူရတပ်ခွဲ(၁)
ကိုရောက်ရှိလာပြီး အိတ်ဆောင် (၈)ဆောင်မှ မနက် (၁)နာရီမှ
မနက် (၂) နာရီ ထိ တာဝန်ကျကင်း သင်တန်းသား (၈) ဦး ကို
အကြောင်းမဲ့ လက်ထောက်မှောက်ခိုင်းခြင်း လက်ထောက်
မှောက်တာကို သာမန် မှောက်ခိုင်းခြင်းမဟုတ်ပဲ လက်ဖမိုးအား
အထဲသို့ခေါက်၍လက်ကောက်ဝတ်ရိုးနှင့် ထောက်ခိုင်းခြင်း ကို
စေခိုင်း ပြုလုပ်ခိုင်းခဲ့ပါတယ်
ထိုသို့လက်ထောက်မှောက်နေချိန်တွင် ခေါင်းအားခြေထောက်
နှင့်ကန်ခြင်း မျက်နှာအားဒူးနှင့်တိုက်ခြင်း လက်ထောက်မှောက်
နေရာမှ ကြာလာ၍ ဒူးထောက်မိသောသင်တန်းသားအား
ဆံပင်ဆွဲ၍ပါးရိုက် ခြင်း လက်ထောက်မှောက်ရာမှာဒူးထောက်
မိသောသင်တန်းသားအား ပေါက်တူးအရိုးနှင့်ရိုက်ခြင်းများ
လုပ်သည့်အပြင် ပါးစပ်မှလည်း " မင်းတို့ရဲအရာရှိကျောင်းလီးပဲ
ရဲ ၅၄၈၈ ဇေယျာလင်းအောင် မကျေနပ်တိုင် စောက်ဂရုမစိုက်ဖူး
ပုခုံးကအပွင့် မင်းတို့ရဲက ပေးထားတာမဟုတ်ဘူး မင်းတို့ရဲတွေ
စောက်သုံးမကျလို့ အုပ်ချုပ်ဖို့ တပ်ကပြောင်းလာတာကွ "
ဟု မိုက်ရိုင်း ရင့်သီးစွာ စိန်ခေါ် စော်ကား ပြောကြားခဲ့ပါတယ်
သင်တန်းသားတစ်ယောက်ကို မှောက်နေတုန်း မျက်နှာဒူးနဲ့
တိုက်လို့ အဲ့ဒီ သင်တန်းသားက မော့ ကြည့်တာကို
မင်းက ဘာလဲမိုက်လား ဘာညာနဲ့စိန်ခေါ်ခဲ့ပါသေးတယ်
ဒီလိုမျိုး လုပ်သွားတာကို ဘယ်သင်တန်းသားကမှ ပြန်မလုပ်ရဲ
ပါဘူး ...တကယ်လို့ သီးမခံနိုင်တော့ လို့ တစ်ခုခုပြန်လုပ်
လိုက်ယင် RTU ထိသွားတော့မှာပါ အဲဒီ သင်တန်းမှာ
သင်တန်းသားများ ကို တစ်ခုခု ဆို RTU နဲ့ ချည်းကိုင်ပေါက်ပီး
အနိုင်ကျင့်တဲ့ဖြစ်စဉ်တွေ လည်း မကြာခန ရှိခဲ့တယ်လို့
သိရပါတယ်
အဲဒီလိုမျိုး မနက် (၁) နာရီကနေ မနက်(၂) နာရီ ကင်းတာဝန်ကျ
သင်တန်းသား များ ကို လူမဆန်တဲ့ နည်းဖြင့် လက်ထောက်
မှောက် ခိုင်းထားတဲ့ အချိန်မှာပဲ မနက် (၂) နာရီကနေ မနက်
(၃) နာရီ တာဝန်ကျ ကင်းသမား (၈) ဦး ကို ခေါ်ယူပီးတော့
ရပ်ကြည့်ခိုင်းထားခဲ့ပါတယ် တဖန် ထပ်မံပီးတော့
မနက် (၂) နာရီကနေ မနက် (၃) နာရီ တာဝန်ကျ ကင်းသမား
(၈) ဦးကိုလည်း သူတို့ ကင်းချိန်အတွင်မှာ ထပ်မံပီးတော့
လူမဆန်သော နည်းလမ်းဖြစ်တဲ့ အထက်ဖော်ပြပါ လက်ထောက်
မှောက်နည်း အတိုင်း အပြစ်ပေး ပြုလုပ်ခဲ့ပီးတော့
ပထမအဖွဲ့ ကို အပြစ်ပေးစဉ်က စကားလုံးများ အတိုင်း
ရဲတပ်ဖွဲ့အား ဆဲဆိုကြိမ်းမောင်း ပြောဆိုခဲ့ပါတယ်
ထိုကဲ့သို့ ဒုတိယ အဖွဲ့အား လည်း လက်ထောက်မှောက်
ခိုင်း ထားအချိန်တွင် ပထမအဖွဲ့မှ တာဝန်ကျ ကင်းသမား
(၈)ဦးအားလည်း ဒုတိယအဖွဲ့အား အရေးယူမှု ပြုလုပ်ထား
ခဲ့ပုံ ကို ရပ်ကြည့်ခိုင်းထားခဲ့ပါတယ် သူပေးတဲ့ အပြစ်ဒဏ်ကို
မလုပ်နိုင်လို့ ငိုယိုမိတဲ့ သင်တန်း သား တွေ ကိုလည်း
" မင်းတို့ ကောင်တွေ ယောက်ကျား မဟုတ်ဘူးလား
DSAမှာ ငါလုပ်နိုငိလို့ မင်းတို့ကိုခိုင်းတာ အခုလို့ကြံ့ခိုင်
ရေးညံ့လို့ မင်းတို့ရဲတွေသေတာတဲ့" ဟု ဆိုကာ စကားဖြင့်
လည်း ထပ်မံ စော်ကား ခဲ့ပြန်ပါတယ်
ရဲ ၅၄၈၈ ရဲမှူး ဇေယျာလင်းအောင် ဒီလိုမျိုး လူမဆန်စွာ
မတရားညှင်းပန်း နှီပ်စက် အနိုင်ကျင့် စော်ကားသွားခဲ့တဲ့
ဖြစ်စဉ်ဖြစ်ရပ်မှန်တွေ ကို အခုအချိန်ထိ အဲဒီ သင်တန်းကျောင်း
က ကျောင်းအုပ်ကြီး နဲ့ ဒု - ကျောင်းအုပ်ကြီး ရော မသိရှိ
သေးပါဘူး ဒီလိုမျိုး အနိုင်ထက် စီးနင်း မတရား အနိုင်ကျင့်
သွားခဲ့တာကိုနည်းပြမှူး ချုပ်လည်း မသိရှိသေးပါဘူး
ဒီလိုမျိုး မတရားလုပ်ဆောင် ပြီးမှ ဌာနခွဲမှူး ရဲမှူး ဇေယျာလင်း
အောင်က သူ့လက်အောက်က တပ်ခွဲမှူး ၃ ပွင့် ဒု-ရဲမှူး ကို
သူမပြောင်းခင် ဒီလိုမျိုး မတရား ဒဏ်ပေး အနိုင်ကျင့် နှိပ်စက်
သွားခဲ့တာ ကိုအနှိပ်စက် ခံလိုက်ရတဲ့ သူတွေကနေfb ပေါ်
မတင်ဖို့ကို တင်းတင်း ကျပ်ကျပ် တားမြစ် ခိုင်းထားပီးတော့
အဲဒီဖြစ်စဉ်ကိုလည်း တပ်ခွဲထဲမှာ တင် ဖုံးဖိ ခိုင်းထားခဲ့ပါတယ်
သင်တန်းသားတွေကိုတော့ တပ်ခွဲမှူးက မင်းတို့ တစ်ခုခုလုပ်ယင်
RTU လုပ်ပစ်လိုက်မယ် RTU လုပ်မယ် နဲ့ခြိမ်းခြောက်ထား
လိုက်တော့ ဒီလိုမျိုး မတရား ခံလိုက်ရမှန်းသိရက်နဲ့ အားလုံးက
က ကြောက်ပီးတော့ မပြောရဲဘူး ဖြစ်နေကြပါတယ်
အခုလည်း တပ်ခွဲမှူး ကနေ ဒီဖြစ်စဉ် ကို သတင်းတင်မယ်
ဆိုယင်တင်တဲ့ကောင်သတင်းပေးတဲ့ကောင်ဘယ်သူဆိုတာ
ဘာဆော့ဝဲနဲ့ ညာလုပ်လို့ရတယ် စုံစမ်းလို့ရတယ် ဘာလုပ်ပြီး
စုံစမ်းမယ် သိရင်RTUလုပ်မယ် ဆိုပီးတော့ ခြိမ်းခြောက်
အနိုင်ကျင့် ထားတယ် လို့လည်း သိရပါတယ်
အခု ဖြစ်သွားခဲ့တဲ့ ရဲသူရ တပ်ခွဲ၁ ဒုရဲအုပ်လောင်းအပတ်စဉ်
၈၉ ၂၀၁၆ မှာ အကြီးဆုံးက တော့ အခု ပြစ်မှု ကိုကျူးလွန်
သွားခဲ့တဲ့ ဌာနခွဲမှူး ရဲမှူး ဇေယျာလင်းအောင်က အကြီးဆုံး
ဖြစ်ပီးတော့သူ့အောက်မှာက တပ်ခွဲမှူး ရဲ ၃ ပွင့် ဒု-ရဲမှူး
တစ်ဦးနဲ့ တပ်စုမှူးတွေက ၂ ပွင့် ရဲအုပ်တွေပဲဖြစ်ပါတယ်
တပ်စုက ၄ စုရှိပီးတော့သင်တန်းသား အိတ်ဆောင် က တော့
၈ ခုပဲ ဖြစ်ပါတယ် သင်တန်းဆင်းမှာကတော့ ၂၂-၁၂- ၂၀၁၇
ရက်နေ့မှာ ပဲဖြစ်ပါတယ်
သင်တန်း မဆင်းခင် ရက်ပိုင်း အလိုမှာ ဒီလိုမျိုး လူမဆန်ပဲ
အနိုင်ကျင့်ခဲ့တဲ့ လုပ်ရပ် ဖြစ်ပွားခဲ့ရခြင်းပဲ ဖြစ်ပါတယ်
အခု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာလည်း ဒုတိယ တာဝန်
အရှိဆုံးဖြစ်တဲ့တပ်ခွဲမှူး ဒု-ရဲမှူး ကိုယ်တိုင်က သင်တန်းသားတွေ
ဘက်မှာရပ်တည် ပေးမှု မရှိပဲ ဌာနတပ်ခွဲမှူး ရဲမှူး
ဇေယျာလင်းအောင်ဘက်က ပဲ ရပ်တည်ပေးခဲ့ပီးတော့
ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် FB ပေါ် မတင်ရလေအောင် နည်းလမ်း
မျိုးစုံစွာနဲ့ တားဆီးနေတယ် လို့လည်း သိရှိရပါတယ်...
တပ်ခွဲမှူး အနေနဲ့လည်း ဒီလိုမျိုး မတရား အနိုင်ကျင့်တဲ့
ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာ ကို သင်တန်းကျောင်းရဲ့ တာဝန်
အရှိဆုံးဖြစ်တဲ့ ကျောင်းအုပ်ကြီး..ဒု- ကျောင်းအုပ်ကြီးနဲ့
သင်တန်းမှူးချုပ်တို့ ကို သိရှိ အကြောင်းကြားခြင်း မရှိပဲ
ဖြစ်ရပ်ကို ဖုံးဖိ ကာကွယ်ပေးထားတာတဲ့ဖြစ်စဉ်မှာ သူပါ
အလိုတူ အလိုပါ ဖြစ်တယ်ဆိုတဲ့ အချက်ဟာ ထင်ရှား
ပေါ်လွင်နေပါတယ်
ဒါကြောင့် မို့ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း(ဇီးပင်ကြီး) မှာ
(၁-၁၂-၂၀၁၇) ရက်နေ့ မနက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လူမဆန်တဲ့
လုပ်ရပ် ကို ကာယကံမြောက်....၀စီကံမြောက်ပါ ကျူးလွန်ခဲ့
တဲ့ အခု လုံခြုံရေး ရဲတပ်ရင်း (၄) ရွှေစာရံကို ပြောင်းရွှေ့သွား
ခဲ့ပီ ဖြစ်တဲ့ ရဲမှူး ဇေယျာလင်းအောင် အား လည်းကောင်း
ဖြစ်စဉ် ကိုသိလျက်နဲ့ ဖုံးကွယ် ပေးထားပီး တာဝန်ရှိသူများထံ
သတင်း ပေးပို့ မတိုင်ကြားခဲ့တဲ့ ဒုတိယ တာဝန်အရှိဆုံးဖြစ်တဲ့
ဒု- ရဲမှူး အား လည်း ကောင်း လိုအပ်သလို စုံစမ်း စစ်ဆေး
အရေးယူ ပေးနိုင်ရေး နှင့် အဆိုပါ သင်တန်းကျောင်းမှ
မတရား နှိပ်စက် အနိုင်ကျင့်မှုဖြစ်စဉ် အား ပြည်ထဲရေး ၀န်ကြီး
နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချု့် သိရှိစေနိုင်ရေး အတွက်
တင်ပြ လိုက်ရပါတယ်
No comments:
Post a Comment