Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 4, 2017

လေယာဉ်ပျံသန်းနေစဉ်လေယာဉ်အပိုင်းအစတစ်ခုအိမ်အမိုးပေါ်ပြုတ်ကျ


ပုသိမ် l ဒီဇင်ဘာလ ၄ရက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၂)နယ်မြေ ငါးအောက်ချောင်းတိုးချဲ့ရပ်ကွက် အမှတ်(၄)ရှိ ကိုသက်၏နေအိမ်အမိုးပေါ်သို့ ဒီဇင်ဘာလ ၃ရက်န့ညနေ ၆နာရီခွဲခန့်တွင် ပျံသန်းနေသောလေယာဉ်တစ်စီး၏ အစိတ်အပိုင်းတစ်ခုပြုတ်ကျခဲ့သည်။
 ညနေ ၆နာရီခွဲခန့်တွင် ကိုသက်နှင့်သူ၏ဇနီးတို့မှာ ထမင်းစားသောက်အပြီးတွင် ဇနီးမှပန်းကန်ဆေးရန်အိမ်နောက်ဘက် ရေစင်သို့ထွက်လာစဉ် အိမ်အမိုးပေါ်မှာ ကြီးမားသောအသံကြီးကြားရ၍ အိမ်အပြင်ထွက်၍အိမ်ပတ်ပတ်လည်ကို လိုက်လံကြည့်ရှု့ခဲ့ရာ အမိုးတွင်စိုက်နေသော အဖြူရောင် အစကြီးတစ်စကိုတွေ့မြင်ခဲ့ရသည်။

အဆိုပါအဖြူရောင် အစကြီးကိုအမိုးပေါ်မှဒုတ်ဖြင့်ထိုးချခဲ့ပြီး မြေပေါ်သို့ကျ၍သွားရောက်၍ ကောက်ကြည့်ခဲ့ရာ လေယာဉ်အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းယခုလိုအိမ်ပိုင်ရှင်ကိုသက်ကပြောသည်။

 "ထမင်းစားပြီးထလာတော့ အိမ်နောက်ကအုန်းကနဲဆိုတဲ့အသံကြီးက နည်းတဲ့အသံကြီးမဟုတ်ဘူး ကြားရတာ အဲ့ဒါနဲ့ကျွန်တော်အိမ်ဘယ်သူအုပ်ခဲနဲ့ထုလည်းထွက်ကြည့်တယ် အပြင်မှာလည်းတစ်ယောက်မှမတွေ့ရဘူး အိမ်ထဲဝင်ကြည့်တော့ ကျွန်တော်ဇနီးကကြောက်ပြီး အပြင်ထွက်ပြေးလာတာပဲတွေ့တယ် အဲ့ဒါနဲ့မသင်္ကာလို့အိမ်ရဲ့အမိုးတွေကိုပတ်ကြည့်တော့ အမိုးမှာဆိုက်နေတဲ့ အဖြူရောင်အပြားကြီးကိုတွေ့တာပဲဟု"ပြောသည်။ ထိုအစိတ်အပိုင်းကို ယနေ့မနက်တွင် ပုသိမ်လေတပ်စစ်ဌာနချုပ်မှတာဝန်ရှိသူများ လာရောက်သိမ်းဆည်းခဲ့ပြီး ပုသိမ်လေတပ်စစ်ဌာနချုပ်မှာလေယာဉ်၏အစိတ်အပိုင်းမဟုတ်ကြောင်း l အပြန်ပုဂ္ဂလိကလေကြောင်းလိုင်းမှလေယာဉ်၏အစိတ်အပိုင်းဖြစ်နိုင်ကြောင်း l လေယာဉ်အစိတ်အပိုင်းပြုတ်ကျမှုကြောင့်ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းနှင့်အဆိုပါအစိတ်အပိုင်းကိုကျွမ်းကျင်ပညာရှင်များနှင့်စစ်ဆေးပြီး မည်သည့်လေယာဉ်မှဖြစ်ကြောင်းကိုသတင်းထုတ်ပြန်ပေးမည်ဟု ပုသိမ်လေတပ်ဌာနချုပ်မှတာဝန်ရှိသူတစ်ဦး
ကပြောကြားခဲ့သည်။

 ထက်ဝဠာမင်း

No comments:

Post a Comment