CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, November 4, 2017
ကြယ္လြန္ ၿပီးတဲ့ေနာက္ ဝိညာဥ္ ဘဝ နဲ႔ အိမ္ မွာ ၇ ရက္ေနတယ္ဆုိတာ ဟုတ္သလား
မိ႐ုိးဖလာ ဗုဒၶဘာသာဝင္ အေတာ္မ်ားမ်ားပင္ ဘဝ ေဟာင္းမွ ဘဝ သစ္သုိ႔ ေျပာင္းၾကရာ၌ ေသလွ်င္ေသျခင္း မိမိ တုိ႔ အိမ္မွ ထြက္မသြားပဲ ကြန္လြန္ သူ တုိင္း ၇-ရက္လည္ေအာင္ ေစာင့္္ေနသည္ဟု ယူဆေနၾကပါ၏။ထုိ႔ျပင္ ရက္လည္ သပိတ္သြတ္ မွ သာဓု ေခၚကာ ေရာက္ရမည့္ဘဝကုိ ေျပာင္းသြားသည္ဟု အေတြးတိမ္စြာျဖင့္လည္း အထင္လြဲေနၾကပါ၏။
အမွန္အားျဖင့္ ထုိသုိ႔ ထင္ျမင္ယူဆေနျခင္းမွာ လြဲမွားေနပါ၏။ထုိကိစၥ႐ွင္းလင္းရလ်ွင္ ပဋိသေႏၶ စိတ္ ေစတသိတ္ႏွင့္ ကမၼဇ႐ုပ္တုိ႔၏ ပထမဆုံးျဖစ္တည္ရာ ဥပါဒ္ခဏ ကုိ ပဋိသေႏၶ ဟုေခၚပါ၏။ထုိ႔သုိ႔ ပဋိသေႏၶ ေနၾကေသာ အမ်ဳိးအစားက ၃-မ်ဳိး႐ွိပါ၏။
၁။သံေသဒဇ ပဋိသေႏၶ
၂။ျသပပါတိက ပဋိသေႏၶ
၃။ဂဗၻေသယ်က ပဋိသေႏၶ ဆုိၿပီး၃-မ်ဳိး႐ွိပါတယ္။
ထုိ သတၱဝါ သုံးမ်ဳိးအနက္ ၿပိတၱာ သရဲ၊မွင္စာ၊တေစၦ၊ဘီလူး၊အစ႐ွိတဲ့ ျပိတၱာ အမ်ဳိးအစားတုိ့က ကုိယ္အထင္အ႐ွားျဖင့္ ဘြားခနဲ ေပၚလာၾကတဲ့ “ျသပပါတိက “သတၱဝါ အမ်ဳိးအစားမွာ ပါဝင္ပါတယ္။
ထုိ ၿပိတၱာ အမ်ဳိးအစားေတြကုိ “ေသထရည္ျပဳ၊ သာဓုေခၚလတ္၊လႉခံျမတ္မွ၊ေသသူရ၏”ဆုိတဲ့အတုိင္း မိမိတုိ႔အတြက္ ရည္မွန္းၿပီး သံဃာေတာ္ တုိ႔အား လႉဒါန္မႈ ျပဳကာ အမွ်ေပးေဝရာ၌ သာဓု ေခၚဆုိႏုိင္ခြင့္ရၿပီဆုိမွ ထုိၿပိတၱာဘုံဘဝမွ လြတ္ေျမာက္ႏုိင္ၾကမွာျဖစ္ပါတယ္။လူတစ္ေယာက္ကြယ္လြန္ၿပီးသည့္ေနာက္ဝိညာဥ္ဘဝျဖင့္ အိမ္မွာ ၇-ရင္ေနသည္ဟူေသာအယူဆမွာ လုံးဝမဟုတ္ပါေခ်။
သုိ႔ရာတြင္ ေတြးေခၚေျမာ္ျမင္မႈနည္းပါးစြာျဖင့္ ကြယ္လြန္သူ၏ အနီးမွာ စားေသာက္ဖြယ္ရာမ်ား ျပင္ဆင္ထားျခင္း၊ အေခါင္းတလားကုိ သယ္ယူသည့္အခါမွာလည္းပဲ အေခါင္းေပၚမွာ စားၿမိန္စာထုပ္ကုိ တင္ေပးလုိက္ျခင္း၊ မီးသႃဂိၤဟ္ ျခင္းမျပဳပဲ အုတ္ဂူသြင္းသည့္အခါ အုတ္ဂူ တြင္းသုိ႔ အစားအေသာက္မ်ား၊အဝတ္အထည္မ်ား ထည့္ေပးလုိက္ျခင္းအစ႐ွိတဲ့ ေကြၽးေမြးျခင္း ေပးကမ္းျခင္းတုိ႔မွာ ကြန္လြန္သူ အဖုိ႔ စားေသာက္ သုံးစြဲႏုိင္ျခင္းမ႐ွိသည့္အတြက္ အက်ဳိးမဲ့ျဖစ္႐ုံးမကပဲ က်န္ရစ္သူတုိ႔အဖုိ႔လဲ အခ်ိန္ကုန္ ေငြကုန္ျခင္း သာ အဖတ္တင္ပါလိမ့္မယ္။
ထုိ႔သုိ႔ မေရာင္ရာ ဆီးလူးမည့္အစားသံဃာေတာ္အ႐ွင္သူျမတ္ေတြကုိ ပင့္ဖိတ္ၿပီးပစၥည္းေလးပါးကုိလႉဒါန္းကာ ေရစက္သြန္ခ်အမွ်ေပးေဝပါက ေပတဂတိမွာ ႐ွိေနၾကတဲ့မိမိတုိရဲ႕သက္ဆုိင္ရာ ကြယ္လြန္သူ ေတြ ရႏုိင္ၾကမွာပါလုိ႔. မွန္ကန္ေသာနည္းစနစ္ကုိ အၾကံျပဳရင္း။
Credit
#Unicode Version#
မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အတော်များများပင် ဘဝ ဟောင်းမှ ဘဝ သစ်သို့ ပြောင်းကြရာ၌ သေလျှင်သေခြင်း မိမိ တို့ အိမ်မှ ထွက်မသွားပဲ ကွန်လွန် သူ တိုင်း ၇-ရက်လည်အောင် စောင့််နေသည်ဟု ယူဆနေကြပါ၏။ထို့ပြင် ရက်လည် သပိတ်သွတ် မှ သာဓု ခေါ်ကာ ရောက်ရမည့်ဘဝကို ပြောင်းသွားသည်ဟု အတွေးတိမ်စွာဖြင့်လည်း အထင်လွဲနေကြပါ၏။
အမှန်အားဖြင့် ထိုသို့ ထင်မြင်ယူဆနေခြင်းမှာ လွဲမှားနေပါ၏။ထိုကိစ္စရှင်းလင်းရလျှင် ပဋိသန္ဓေ စိတ် စေတသိတ်နှင့် ကမ္မဇရုပ်တို့၏ ပထမဆုံးဖြစ်တည်ရာ ဥပါဒ်ခဏ ကို ပဋိသန္ဓေ ဟုခေါ်ပါ၏။ထို့သို့ ပဋိသန္ဓေ နေကြသော အမျိုးအစားက ၃-မျိုးရှိပါ၏။
၁။သံသေဒဇ ပဋိသန္ဓေ
၂။သြပပါတိက ပဋိသန္ဓေ
၃။ဂဗ္ဘသေယျက ပဋိသန္ဓေ ဆိုပြီး၃-မျိုးရှိပါတယ်။
ထို သတ္တဝါ သုံးမျိုးအနက် ပြိတ္တာ သရဲ၊မှင်စာ၊တစ္ဆေ၊ဘီလူး၊အစရှိတဲ့ ပြိတ္တာ အမျိုးအစားတို့က ကိုယ်အထင်အရှားဖြင့် ဘွားခနဲ ပေါ်လာကြတဲ့ “သြပပါတိက “သတ္တဝါ အမျိုးအစားမှာ ပါဝင်ပါတယ်။
ထို ပြိတ္တာ အမျိုးအစားတွေကို “သေထရည်ပြု၊ သာဓုခေါ်လတ်၊လှူခံမြတ်မှ၊သေသူရ၏”ဆိုတဲ့အတိုင်း မိမိတို့အတွက် ရည်မှန်းပြီး သံဃာတော် တို့အား လှူဒါန်မှု ပြုကာ အမျှပေးဝေရာ၌ သာဓု ခေါ်ဆိုနိုင်ခွင့်ရပြီဆိုမှ ထိုပြိတ္တာဘုံဘဝမှ လွတ်မြောက်နိုင်ကြမှာဖြစ်ပါတယ်။လူတစ်ယောက်ကွယ်လွန်ပြီးသည့်နောက်ဝိညာဉ်ဘဝဖြင့် အိမ်မှာ ၇-ရင်နေသည်ဟူသောအယူဆမှာ လုံးဝမဟုတ်ပါချေ။
သို့ရာတွင် တွေးခေါ်မြော်မြင်မှုနည်းပါးစွာဖြင့် ကွယ်လွန်သူ၏ အနီးမှာ စားသောက်ဖွယ်ရာများ ပြင်ဆင်ထားခြင်း၊ အခေါင်းတလားကို သယ်ယူသည့်အခါမှာလည်းပဲ အခေါင်းပေါ်မှာ စားမြိန်စာထုပ်ကို တင်ပေးလိုက်ခြင်း၊ မီးသဂြိၤဟ် ခြင်းမပြုပဲ အုတ်ဂူသွင်းသည့်အခါ အုတ်ဂူ တွင်းသို့ အစားအသောက်များ၊အဝတ်အထည်များ ထည့်ပေးလိုက်ခြင်းအစရှိတဲ့ ကျွေးမွေးခြင်း ပေးကမ်းခြင်းတို့မှာ ကွန်လွန်သူ အဖို့ စားသောက် သုံးစွဲနိုင်ခြင်းမရှိသည့်အတွက် အကျိုးမဲ့ဖြစ်ရုံးမကပဲ ကျန်ရစ်သူတို့အဖို့လဲ အချိန်ကုန် ငွေကုန်ခြင်း သာ အဖတ်တင်ပါလိမ့်မယ်။
ထို့သို့ မရောင်ရာ ဆီးလူးမည့်အစားသံဃာတော်အရှင်သူမြတ်တွေကို ပင့်ဖိတ်ပြီးပစ္စည်းလေးပါးကိုလှူဒါန်းကာ ရေစက်သွန်ချအမျှပေးဝေပါက ပေတဂတိမှာ ရှိနေကြတဲ့မိမိတိုရဲ့သက်ဆိုင်ရာ ကွယ်လွန်သူ တွေ ရနိုင်ကြမှာပါလို့. မှန်ကန်သောနည်းစနစ်ကို အကြံပြုရင်း။
ကြယ္လြန္ ၿပီးတဲ့ေနာက္ ဝိညာဥ္ ဘဝ နဲ႔ အိမ္ မွာ ၇ ရက္ေနတယ္ဆုိတာ ဟုတ္သလား
Reviewed by MP4 YoU
on
November 04, 2017
Rating: 5
Reviewed by MP4 YoU
on
November 04, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment