Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 4, 2017

အောင်လအန်ဆန်းသို့....


အောင်လအန်ဆန်းသို့....
**************************

အောင်လအန်ဆန်းရယ်လို့ စပြီးသိတဲ့အချိန်တုန်းက သူ့ကျောကုန်းမှာ တော်ပံတစ်စုံနဲ့ တက်တူလေးမရှိသေးဘူး။
အဲ့ဒီတက်တူးလေးဟာ ဂျိန်းဖောကို ကိုယ်စားပြုတယ်လို့ သူပြောဖူးတယ်။

သူ စပြီးအောင်မြင်ကာစ ပွဲတွေမှာ ကချင်အလံနဲ့အောင်ပွဲခံသလို
ကိုယ် အမှတ်မမှားဘူးဆိုရင် သူ့ပွဲတွေမှာ
ကချင်အလံနဲ့ပဲထိုးပေးတယ်။

နောက်ပိုင်း အောင်လအန်ဆန်းဆိုပြီး မြန်မာတွေသိလာတဲ့အချိန်မှာ မြန်မာအလံနဲ့
သူ့ကိုယ်သူ ကိုယ်စားပြုခဲ့တယ်။
အဲ့စိတ်ဓါတ်ဟာ ငါ့ကိုမြန်မာပြည်သူတွေချစ်တယ်။ ငါ့နောက်မှာသူတို့ရှိတယ်ဆိုတဲ့စိတ်၊
ငါဟာ ကချင်လူမျိုးဖြစ်ပေမယ့် ကချင်လူမျိုးတစ်ခုတည်းကို ကိုယ်စားပြုလို့မရတော့ဘူးဆိုတဲ့ စိတ်နဲ့
မြန်မာလူမျိုးတွေအားလုံးရဲ့ကိုယ်စားပြု သူ့ကိုသူခံယူလိုက်တယ်လို့ နားလည်မိတယ်။

တကယ်ဆိုရင် သူဟာအမေရိကန်စီတီဇင်ရပြီးသားပါ။
သူများတွေများ အဲ့လိုသာအောင်မြင်ကြည့်ပါလား မြန်မာလို့ကို အသိခံချင်ကြတာမဟုတ်ဘူး။

အောင်လအန်ဆန်းဟာ မြန်မာပြည်ကိုရောက်တိုင်း အရင်သွားလေ့ရှိတာက စာသင်ကျောင်းတွေ၊
မိဘမဲ့ကလေးတွေဆီကိုဖြစ်တယ်။ ကလေးတွေနဲ့ဆော့တယ်။
အချိန်ပေးတယ်။လှူတယ် တန်းတယ်။

သူ့ကို အရမ်းလေးစားသွားတာတစ်ခုရှိတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ မြန်မာပြည်မှာ သူအောင်ပွဲခံတော့ အဲ့ဒီပွဲမှာသူပြောတာက "စစ်ဘေးရှောင် ကချင်ပြည်သူတွေကို အကူအညီပေးကြပါဗျာ"တဲ့။
အရမ်းလှတယ် အဲ့စကားလုံးက။

အမှန်အတိုင်းပြောရရင်
အင်း..အောင်လတော့ စစ်ပွဲတွေရပ်ပါ၊
ဘာညာဆိုပြီး ဆရာကြီးဂိုက်နဲ့ ပြောတော့မယ်လို့ထင်လိုက်တာ။ အဲ့လို မဟုတ်ဘူး။
သူပြောသွားတာက ဖြစ်နိုင်ချေရှိတာလေးကို သူတောင်းဆိုတာ..
ပြည်သူတွေ အချိန်မရွေးလုပ်ပေးနိုင်တဲ့ လူသားချင်းစာနာမှုလေးကို သူတောင်းဆိုတာ။
လေကြီးမိုးကြီးတွေနဲ့အခွင့်သာတုန်း ဆရာကြီးလေသံဖမ်းလိုက်မယ်ဟဲ့ဆိုပြီး
ပြောခဲ့တာမဟုတ်ဘူး။ သူ့စိတ်ဓါတ်အရမ်းဖြူလွန်းတယ်။

အခုကျွန်တော်တို့အောင်လလေးနိုင်သွားတယ်။
ကိုယ့်သွေးရင်း ညီအကိုအောင်ပွဲလို့ခံစားနေရသလို ခံစားရပါတယ်။

အောင်လက အင်တာဗျူးမှာ ဖြေသွားခဲ့တယ်။
"ဘုရားသခင်သာ မရှိရင် ...
ကျနော့်အသင်းသားတွေသာ မရှိရင် ...
မြန်မာပြည်က ပရိတ်သတ်တွေသာ မရှိရင် ..
ဒီလိုအောင်ပွဲမျိုးဆိုတာ ဖြစ်လာမှာမဟုတ်ဘူး"လို့ ဖြေကြားသွားတယ်။
သူယုံကြည်ရာ ဘာသာတရားကို ရှေ့မှာထားပြီး...
သူ့အသင်သားတွေနဲ့ မြန်မာနိုင်ငံပရိတ်သတ်တွေဟာ သူ့အတွက်တော့ အင်အားပဲလို့ ရင်ထဲက ထုတ်ပြလိုက်တဲ့အတွက် ကြားရသူတွေမှာတော့
ကျေနပ်စရာကောင်းလွန်းလှပါတယ်။

ယှဉ်ပြိုင်သွားတဲ့ အချိန်မှာ
ပြိုင်ဘက်ဟာ ချန်ပီယံပီသစွာ သိပ်ပါးနပ်လွန်း၊
လျှင်မြန်လွန်းတယ်။
အောင်လရဲ့ နာမည်ကျော်အကွက်ထဲကို အ၀င်မခံပဲ အချုပ်မခံပဲ လျှင်လျှင်မြန်မြန်ကစားသွားခဲ့တယ်။
ပြိုင်ဆိုင်မှု ပြင်းထန်လာလို့ ပွဲကောင်းတပွဲလို့ ဆိုရမှာပါ။

ဒါဟာ မစ်ဒယ်ဝိတ် ကမ္ဘာ့နံပါတ်(၁)ကို စိန်ခေါ်ပြီးထိုးသတ်ခဲ့တာပါ။
လက်ရည် သိပ်မကွာခဲ့သလို
သတ်မှတ်တဲ့(၅)ချီလုံးလုံးကိုပွဲပြီးတဲ့ အထိပေကပ်ပြီးနှစ်ဦးသား ထိုးသွားခဲ့တာပါ။
မြန်မာပြည်ဖွား ကချင်တိုင်းရင်းသားတစ်ယောက်ရဲ့ ဇွဲနဲ့စိတ်ဓါတ်ကတော့ လုံးဝမရှုံးသွားခဲ့ပါဘူးဆိုတာ ရွှေခါးပတ်က သက်သေခံခဲ့ပါပြီ..

အောင်လရေ..
ကမ္ဘာ့ချန်ပီယံဖြစ်သွားလို့ ခင်ဗျားကို မြန်မာနိုင်ငံသားတွေက မေ့နိုင်မယ် မထင်တော့ပါဘူး။

မြန်မာပြည်ကိုချစ်တဲ့ခင်ဗျား၊ ကချင်တွေကိုချစ်တဲ့ခင်ဗျား၊ ကလေးတွေကိုချစ်တဲ့ခင်ဗျား၊
စိတ်ထားဖြူစင်ပြီး မာနထောင်လွှားမှုမရှိတဲ့ခင်ဗျားဟာ
မြန်မာလက်ဝှေ့သူရဲကောင်းအဖြစ်နဲ့ နိုင်ငံသားတွေရဲ့
အသဲနှလုံးထဲမှာ အောင်လဆိုတဲ့ နာမည်ကို တက်တူးထိုးထားလိုက်ကြပြီဆိုတာ...
အောင်လရေ မင်းယုံစေချင်တယ်။

#မောရစ်ဆောင်းပါးအားကိုးကားဖော်ပြပါသည်။
Credit.. မူရင်း





No comments:

Post a Comment