Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 4, 2017

4 minute human barrier (The Roger Bannister Effect)




တခေတ် တခါတုန်းက အားကစားပညာရှင်တွေနဲ့ သိပံ္ပပညာရှင်တွေ အကုန်လုံး လက်ခံထားတာတစ်ခုက လူသားဟာ ၄ မိနစ်နဲ့ တစ်မိုင် အကွာအဝေးကို မပြေးနိုင်ဘူး ဆိုတာပါပဲ။

နှစ်ပေါင်းထောင်ချီကြာအောင် ဘယ်လူသားမှ အဲဒီ စံချိန်ကို မရိုက်ချိုးနိုင်ခဲ့ကြဘူး။ ကျွမ်းကျင်ပညာရှင်တွေကလည်း အကယ်၍ ၄ မိနစ်နဲ့ တစ်မိုင်ကို အရောက်ပြေးနိုင်ခဲ့မယ် ဆိုရင် အဲဒီ လူသားရဲ့  ခန္ဓာကိုယ်ဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားနိုင်တယ် ဆိုပြီး သက်သေ အမျိုးမျိုး ပြခဲ့ကြတယ်။ အဲဒီ အတွက် လူတိုင်းနီးပါးဟာလည်း လူသားဟာ လ ကမ္ဘာကိုသာ အရောက်သွားရင် သွားနိုင်လိမ့်မယ်။ ၄ မိနစ်အတွင်း တစ်မိုင် အရောက်ပြေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ တညီတညွတ်ထဲ လက်ခံထားကြတယ်။

ဒါပေမဲ့ ၁၉၅၄ ခုနစ် မေလ ၆ ရက်နေ့မှာ ရော်ဂျာ ဘန်နီစတာ လို့ခေါ်တဲ့ ဆေးကျောင်းသား ကောင်လေးဟာ British AAA နဲ့ Oxford University တို့ပူပေါင်းကျင်းပတဲ့ အပြေးပြိုင်ပွဲမှာ ၃ မိနစ် ၅၉ စက္ကန့် နဲ့ တစ်မိုင်ကို အရောက် ပြေးနိုင်ခဲ့တယ်။ သူဟာ လူသားတွေ မလုပ်နိုင်လောက်ဘူး ဆိုတဲ့ ကိစ္စ တစ်ခုကို ပြောင်းပြန်လှန်ပြခဲ့တယ်။

ရော်ဂျာ ဘန်နီစတာ စံချိန်တင်ပြီးလို့ တစ်နှစ်အကြာမှာ လူပေါင်း ၂၄ ယောက်ခန့်ဟာ သူလိုပဲ ၄ မိနစ် အတွင်းမှာ ၁ မိုင်ကို အရောက်ပြေးနိုင်ခဲ့ပြီး သူ့စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ကြတယ်။

သူ့ မတိုင်ခင် နှစ်ပေါင်း ထောင်ချီကြာအောင် မလုပ်နိုင်ခဲ့တဲ့ အလုပ်တစ်ခုကို သူလုပ်ပြပြီးတဲ့ အချိန်မှာ တခြားသူတွေ ဘာကြောင့် လိုက်လုပ်နိုင်ကြတာလဲ..။

အဲဒါကို 4 minute human barrier လူသားတွေပိုင်းခြားထားတဲ့ ၄ မိနစ် တံတိုင်း အရံအတား လို့လဲ ခေါ်ကြပါတယ်။ လူသားတွေ မလုပ်နိုင်လောက်ဘူး ဆိုတဲ့ အရာတစ်ခုကို လူသား တစ်ယောက်က လုပ်ပြ နိုင်လိုက်တဲ့ အချိန်မှာ ကျန်တဲ့ လူတွေမှာလည်း ငါတို့ လုပ်ရင် ဖြစ်နိုင်မှာပဲ ဆိုတဲ့ ယုံကြည်ချက် ရသွားလို့ပါတဲ့..။

ရော်ဂျာ ဘန်နီစတာဟာ ပြိုင်ပွဲမစတင်ခင်မှာ အပြေးလေ့ကျင့်ရင်း ခန္ဓာကိုယ်အတွက် ပြင်ဆင်သလို စိတ်ထဲကလည်း အကြိမ်ပေါင်းများစွာ ဒီစံချိန်ကို ကျော်ဖြတ်နိုင်တယ်ဆိုပြီး မြင်ယောင်ကြည့် ပါတယ်တဲ့..။

အဲဒီလို သူ့ကိုယ်သူ စိတ်ရော ကိုယ်ပါ ယုံကြည်လာတဲ့ အချိန်မှာ လူသားတွေ မလုပ်နိုင်ဘူးဆိုတဲ့ အရာကို ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့တာပါ..။

အခုအချိန်ထိ အားကစားလောကနဲ့ သိပ္ပံပညာလောကမှာပါ The Roger Bannister Effect
ရော်ဂျာ ဘန်နီစတာ သက်ရောက်မှု ဆိုတဲ့ စကားတစ်ခု ပေါ်ပေါက်လာပြီး ကြီးစွာသော တိုးတက်ထွန်းကားမှုတွေ ဖြစ်ခဲ့ရပါတယ်တဲ့..။
ရော်ဂျာ ဘန်နီစတာ ဟာလည်း (Sir) ဆာဘွဲ့ အပါအဝင် တခြားဆုပေါင်း များစွာ ချီးမြှင့် ခံခဲ့ရပါတယ်။

ကျနော်တို့ဘဝမှာလဲ ကိုယ်တစ်ခါမှ မလုပ်ခဲ့ဘူးရင် ဒီဟာ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ သံသယတွေ ရှိနေတတ်ကြပါတယ်။ အဲဒီ အတွက် ကိုယ်ကိုယ်ကို ယုံကြည်မှုတည်ဆောက်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။

ကိုယ်လုပ်မဲ့ ကိစ္စတစ်ခု အရမ်းခက်ခဲနေရင် အခု အပေါ်က ပြောခဲ့တဲ့ ရော်ဂျာ ဘန်နီစတာရဲ့  အကြောင်းလေး သတိရပြီး မိမိတို့လိုချင်တဲ့ ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ။ ။

#ရဲမင်း #စိတ်အဟာရ ရသစာများ
What We Mortals Can Learn From the 4-Minute Mile ကို ဆီလျှော်အောင် ပြန်ဆိုပါသည်။

  • အိချောပို photo
  • မြန်မာမလေးများ photo
  •  မြန်မာမလေးများ video
  • ၀တ်မှုန်ရွှေရည် Photo
  • မေသက်ခိုင် photo
  • စိုးမြတ်သူဇာ photo
  • စန္ဒီမြင့်လွင် photo
  • ယုသန္တာတင် photo
  •  ခင်ဝင့်ဝါ photo
  • ဝတ်မှုံရွှေရည် Video
  • ခင်ဝင့်ဝါ video
  • အိချောပိုဗီဒီယို
  • လုလုအောင် ရဲ့ အမျိုးသား အားတိုးဆေး ကြော်ငြာ
  • အပျိုကြီးဖြစ်ရတဲ့အကြောင်းရင်း
  • အမျိုးသမီးအင်္ဂါကို မလုပ်သင့်သည့်အရာများ (ကျန်းမာရေးအတွက်အရေးကြီးပါသည်)
  • သင့်ရဲ. အမျိုးသားအဂါင်္ကို လုံးဝမလုပ်သင့်သည့် အချက် (၁၀) ချက် (ဒါတွေ လုပ်မိရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ်ကံပါပဲ)
  • သမီးဖြစ်သူကို လိမ်လည်သွားသူကိုကိုယ်တိုင်ထောက်လှမ်းခဲ့သောမိခင်
  • စိုးမြတ်နန္ဒာ ဖဲဝိုင်းတွင်အဖမ်းခံရ
  • နွယ်မြက်သစ်ပင်ဆေးဖက်ဝင်


  • No comments:

    Post a Comment