Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 9, 2017

ဦီးခိုင်ထူး အသက်ကိုချွေယူသွားတဲ့ Pancreatic cancer အကြောင်း သိကောင်းစရာ


ကိုခိုင်ထူးဖြစ်တဲ့ ...Pancreatic cancer အကြောင်း သိကောင်းစရာ ————

အလွန် ဆိုးရွား ပြီး ၊ အသက် ကို မြန်မြန် ဖြတ်ချ နိုင်၊ ဖြတ်ချလေ့ ရှိ သော
ကြောက်စရာ ကောင်း သော ကင်ဆာ တစ် မျိုး ဖြစ် ပါ တယ်။

ဒီ ကင်ဆာ ဟာ အတော် လေး ဖြစ် နေ တာ ကြာ မှ သိ ရ တာလဲ ဖြစ် ပါ တယ်။

သိပြန် တော့ လဲ ကင်ဆာအဆင့် ဟာ အတော် လေး မြင့် နေ ပြီ ဖြစ် ပါ တယ်။

ကင်ဆာကုရိုးကုစဉ် နည်း တွေ နဲ့ လဲ မအောင်မြင် တာ များ ပါ တယ်။

ဒါ ကြောင့် လဲ မဖြစ် လာ အောင် နေ ဖို့ က အဓိက ရည်ရွယ်ချက် ဖြစ် ပါ တယ်။

ဖြစ်လာ ရ တဲ့ အကြောင်း တွေ က တော့ အမျိုးမျိုး ရှိ ပါ တယ်။

ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောတော် မူ ခဲ့ သည့် အတိုင်း
အကြောင်း အမျိုးမျိုးကြောင့် အကျိုးအမျိုးမျိုး ဆို တာ ဖြစ် ပေါ် လာ ခြင်း ဖြစ် ပါ တယ်။

ဒီ ကင်ဆာ ရဲ့ ဖြစ် ကြောင်း တွေ ကို ကြည့် မယ် ဆို ရင် ———-

၁. သကြားဓာတ် များ နေ ခြင်း။ Fructose သကြား အလွန် ဆိုး ပါ တယ်။
အခုခေတ် မှာ၊ မုန့် မျိုးစုံ၊ ပြုပြင်ပြီး အစားအသောက် မျိုးစုံ မှာ ပါ နေ
ပါ တယ်။
အချိုရည် မျိုးစုံ မှာ လည်း အဓိက၊ ဒီ သကြား ပဲ ဖြစ် ပါ တယ်။

၂. ကိုယ်လက် လှုပ်ရှား မှု နည်း နေ ခြင်း

၃. နေရောင်ခြည် အရ နည်း နေ ခြင်း တို့ ဖြစ် ပါ တယ်။

Pancreas က နေ သကြားဓာတ် ကို အသုံး ချ ရန် Insulin hormone
ထွက် ပေး ရ ပါ တယ်။
သကြား လို့ ပြော လိုက် ရင် ကဆီဓာတ် ဖြစ် သည့် carbohydrates
အကုန် လုံး ပါ ပါ တယ်။
ထမင်း၊ ပေါင်မုန့်၊ အာလူး ၊ အချိုမုန့် မျိုးစုံ စ သည် ဖြင့် ဖြစ် ပါ တယ်။

Insulin hormone ဟာ ——
၁. သကြားဓာတ် ကို ကလာပ်စည်း တွေ က အသုံးချ နိုင် အောင် လုပ် ပေး တာ ဖြစ် ပါဘတယ်။

၂. ကင်ဆာ က လာပ်စည်း တွေ ကို လည်း ကြီးထွား သန်စွမ်း စေ ပါ တယ်။
ဒါ ကြောင့် ဘာကင်ဆာ ပဲ ဖြစ် စေ၊ ခန္ဓာကိုယ် ထဲ မှာ insulin hormone
နည်း နိုင် သ မျှ နည်း အောင် နေ ရ မှာ ဖြစ် ပါ တယ်။

Pancreatic cancer မဖြစ် လာ ရ အောင် ကာ ကွယ် နည်း တွေ က တော့ ——-

၁. သကြားဓာတ် ကို လျော့ နိုင် သမျှ လျော့ ပါ။

၂. လေ့ ကျင့် ခန်း မှန်မှန် လုပ် ပါ။

၃. နေ ရောင်ခြည် ရ ပါ စေ။

ကျွန်မ တို့ အား လုံး ရဲ့ ဇာတ်လိုက် ဖြစ် သည့် VitaminD level ကို
အကောင်း ဆုံး အနေ အထား ( optimal level ) ဖြစ် အောင် ထား ရ ပါ မယ်။
ဒီ လို အနေ အထား မှာ ရှိ နိုင် မယ် ဆို ရင် ဒီ ကင်ဆာ ဖြစ် နှုံး ဟာ
၅၀% ကျ သွား ပါ တယ် လို့ ပြော ပါ တယ်။

၎. Antioxidants တွေ များ တဲ့ ဟင်းသီး ဟင်း ရွက် များများ စား ရ မှာ ဖြစ် ပါ တယ်။
ဒီ network ကို သောက် ပေး နိုင် ရင် လဲ ကိုယ့် ကိုယ် ကို ကာ ကွယ် ရာ ရောက် ပါ တယ်။

၅ တတ်နိုင် ရင် organic အစားအစာများ ကို သာ စားသုံး စေ ချင် ပါ တယ်။

မောဟဖုံး ပြီး လောဘ ဦး ဆောင် နေ သည့် ခေတ် ကြီး မှာ သတိ နဲ့ အသိ
ရှိ ဖို့ အလွန် လို ပါ တယ်။

ကျန်းမာခြင် တဲ့ ဆန္ဒ က လဲ ရှိ ရ မယ်။
ကျန်းမာခြင် တဲ့ စိတ် က လဲ ရှိ ရ မယ်။
ဝီရိယ က လဲ လို ပြန် ပါ တယ်။
ကျန်းမာရေး ဗဟုသုတ တွေ နဲ့ လဲ ပြည့်စုံ ရ ပါ မယ်။
စာ ဖတ် တဲ့ အလေ့ အကျင့် လုပ် ပေး ဖို့ လို ပါ တယ်။

ဒါ တွေ နဲ့ ပြည့် စုံ ရင် ရောဂါ မျိုး စုံ နဲ့ လွှမ်း နေ တဲ့ လောက ကြီး မှာ
သက်သာရာ ရ ပါ လိမ့် မယ် လို့ ထင် ပါ တယ်။

Credit to To a Better Health

No comments:

Post a Comment