Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, August 12, 2017

ဗုဒၶဘာသာ ဆိုတာ ဘာကိုေခၚပါသလဲဘုရား


ဗုဒၶဘာသာ ဆိုတာ ဘာကိုေခၚပါသလဲဘုရား
(ဓမၼဒူတ အရွင္ပညာေဇာတ)

"ဆရာေတာ္ဘုရား၊ ဗုဒၶဘာသာဆိုတာ ဘာကိုေခၚပါသလဲဘုရား၊ ဘာသာျခားတစ္ဦးဦးက ေမးလာလွ်င္ မည္သို႔ ေျဖရမွာပါလဲဘုရား တုိတိုရွင္းရွင္းနဲ႔ နားလည္ေအာင္ ျပန္ေျပာျပႏိုင္ေအာင္ ေျဖဆိုေတာ္မူပါဘုရား၊ ဆရာေတာ္ဘုရားကို ဆရာလုပ္တာ မဟုတ္ပါဘုရား၊ အခ်ဳိ႔က ဗုဒၶဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ႔ အက်ဳိးကို ယံုၾကည္ရမယ္၊
(၂) အတိတ္ဘဝ ရိွတယ္လုိ႔ ယံုၾကည္ရမယ္၊
(၃) ဘဝရဲ႔ ခ်ဳပ္ၿငိမ္းရာ နိဗၺာန္ ရိွတယ္လုိ႔ ယံုၾကည္ရမယ္ - လုိ႔ အမိန္႔ရိွပါတယ္။"
"အခ်ဳိ႔က 'ဗုဒၶဘာသာ' ဆိုတာ ဗုဒၶဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ႔ အယူဝါဒလုိ႔ ေျဖဆိုၾကပါတယ္ဘုရား။"

"အခ်ဳိ႔ကလည္း သာသနာဆိုတာ အဆံုးအမ၊ ဘုရားရဲ႔ အဆံုးအမ၊ သာသနာကို ဗုဒၶဘာသာေခၚေၾကာင္း ေျပာၾကပါတယ္ဘုရား၊ တပည့္ေတာ္က ဗုဒၶဘာသာ သာသနာကို အေသးစိတ္ ေသေသခ်ာခ်ာ သိခ်င္ေနပါတယ္ဘုရား။ ဆရာေတာ္ဘုရား ေျဖၾကားေပးပါဘုရား"

"အံမေလး၊ အေမးသာေျပာရတယ္၊ အေျဖေတြကလည္း စံုလုိ႔ပါလား၊ ဘုန္းႀကီးက ဘယ္လုိေျဖရမွန္းေတာင္ မသိေတာ့ပါဘူး"

"ဆရာေတာ္က တပည့္ေတာ္နားလည္ေအာင္ ေျဖပါဘုရား၊ အဲဒီအေျဖေတြကို စိတ္တုိင္းမက်လုိ႔ ဆရာေတာ္ဘုရားကို ထပ္မံေမးေလွ်ာက္ျခင္းပါဘုရား"

"အင္း ... ဘုန္းႀကီးေျဖမွ ပို႐ႈပ္ကုန္ရင္ ခက္မယ္။"

"ဆရာေတာ္ဘုရား ေျဖရင္ ရွင္းမယ္လုိ႔ ထင္ပါတယ္၊ ေျဖေပးပါဘုရား။"

"အင္း ... ေျဖရမယ္ဆိုရင္ ဘုန္းႀကီးက ဗုဒၶဘာသာလုိ႔ ေခၚတာကို လံုးဝမႀကိဳက္ပါ၊ ဗုဒၶသာသနာလုိ႔ ေခၚမွ ႀကိဳက္ပါတယ္၊ (သို႔) ဗုဒၶဝါဒလုိ႔ ေခၚမွ ၾကိဳက္ပါတယ္"

"ဘာျဖစ္လုိ႔ပါလဲ ဘုရား"

"ဘုန္းႀကီးတို႔ ပိဋကတ္ေတာ္မွာ ဗုဒၶဘာသာလုိ႔ တြဲေခၚတဲ့စကားလုံး တစ္လံုးမွ မရိွပါ၊ ဗုဒၶသာသနာလုိ႔ တြဲေခၚတဲ့ စကားလံုးေတြေတာ့ အမ်ားႀကီး ရိွတယ္။ 'ဗုဒၶသာသန'ကို ျမန္မာလုိျပန္ရင္ 'ဗုဒၶရဲ႔ အဆံုးအမ' လုိ႔ ျပန္တာေကာင္းပါတယ္။ ဘုရားရဲ႔ အဆံုးအမလုိ႔ ျပန္ရင္ အျခားဘုရားေတြနဲ႔ ေရာေႏွာသြားမွာ စိုးလုိ႔ပါ၊ အဲဒီ ဗုဒၶက ဘယ္လုိသာသန အဆံုးအမေတြ ေပးခဲ့လဲေမးရင္ အခ်ဳပ္အားျဖင့္ ေျပာျပပါလား ေမးရင္ ဒီပါဠိဟာ အခ်ဳပ္ပါပဲ။

သဗၺပါပႆ အကရဏံ၊
ကုသလႆ ဥပသမၸဒါ။
သစိတၱ ပရိေယာဒပနံ၊
ဧတံ ဗုဒၶါန သာသနံ။ ... တဲ့"

"အဲဒီမွာ ဗုဒၶါန သာသနံ-ဆုိတာ ဗုဒၶသာသနာ-ဆုိတာပါပဲ၊ အဲဒီပါဠိကို ျမန္မာမျပန္ဘဲ ရွစ္လံုးဘြဲ႔နဲ႔ ျပန္ၾကည့္ရေအာင္ပါ။"

အကုသိုလ္စု၊ မျပဳေရွာင္ခြာ၊
ကုသုိလ္အမ်ား၊ ႀကိဳးစားစံုစြာ၊
မိမိစိတ္ရင္း၊ ပြတ္ဝင္းျဖဴငွာ၊
ဤသံုးပါး၊ ဘုရားသာသနာ။ ... တဲ့"
"ဘုရားသာသနာဆုိတာ ဗုဒၶသာသနာ၊ ဗုဒၶအဆံုးအမကို ေခၚတယ္၊ ဗုဒၶတုိင္းရဲ႔ အဆံုးအမကို ေခၚပါတယ္။ အဲဒီအဆံုးအမကို ျမန္မာစကားေျပနဲ႔ ေျပာရရင္ -
(၁) အကုသုိလ္မွန္သမွ် ဘာမွ မလုပ္နဲ႔၊
(၂) ကုသိုလ္ကို စံုေအာင္လုပ္၊
(၃) မိမိစိတ္ကို ျဖဴစင္ေအာင္ထား။... တဲ့ "

"အဲဒီအဆံုးအမ သံုးမ်ဳိးကို အက်ယ္ခ်ဲ႔ရင္ နိကာယ္ငါးရပ္ ပိဋကတ္သံုးပံု ျဖစ္လာပါတယ္။ အဲဒီအဆံုးအမ တစ္နည္းေျပာရရင္ 'ဓမၼဝိနယ'လုိ႔ ေျပာႏုိင္ပါတယ္၊ ဓမၼဝိနယနဲ႔ သာသနသည္ သေဘာခ်င္းတူပါတယ္။ သာသနကို တရားကိုယ္အခ်ဳပ္ေကာက္ရင္- မဂ္ေလးတန္၊ ဖုိလ္ေလးတန္၊ နိဗၺာန္ပရိယတ္ကို ေကာက္ရသလုိ ဓမၼဝိနယ-အရလည္း အဲဒီတရားေတြပဲ ေကာက္ရပါတယ္။ အဲဒါေၾကာင့္ ဘုန္းႀကီးက ဗုဒၶသာသနာ၊ ဗုဒၶဝါဒလုိ႔ ေခၚတာပဲ ႀကိဳက္ပါတယ္။"

"မွန္ပါဘုရား၊ ဆက္ရွင္းပါဦး ဘုရား"

"တျခားဘာသာဝင္မ်ားက သူတို႔ နားလည္သလုိ သူတို႔ ဘာသာမ်ားနဲ႔ တန္းတူထားၿပီး သူတို႔အေခၚအတိုင္း ေခၚေဝၚရာမွ 'ဗုဒၶဘာသာ' ဆိုတဲ့ အေခၚ ျဖစ္လာတာပါ၊ ရွင္းရွင္းေျပာရရင္ ဂ်ပ္ဆင္အဘိဓာန္မွ ဘာသာျပန္ဆုိခ်က္ကို နားေယာင္ၿပီး ေခၚရာမွ ဗုဒၶဘာသာဆုိတဲ့ အသံုးအႏႈန္း ေပၚေပါက္လာပါတယ္။"

"ဘာသာဆုိတာ တစ္ဆူတည္းေသာ ဘုရားကို ကိုးကြယ္တဲ့ ဘာသာကို ဘာသာလုိ႔ ေခၚပါတယ္။ ဗုဒၶဝါဒ ဗုဒၶသာသနာက ဒီလုိ မဟုတ္ပါ၊ ဂဂၤါဝါဠဳ သဲစုမက ပြင့္ေတာ္မူတဲ့ ဘုရားအမ်ားကို ယံုၾကည္တဲ့ ဝါဒပါ။ တစ္ဆူတည္းေသာဘုရားကို ကိုးကြယ္တဲ့ Religion ဘာသာမဟုတ္ျခင္းေၾကာင့္ ဗုဒၶဝါဒကို ဗုဒၶဘာသာ-လုိ႔ မေခၚသင့္ပါ။ ဗုဒၶဝါဒ၊ ဗုဒၶသာသနာလုိ႔သာ ေခၚသင့္ပါတယ္။"

"ေအး ... ဘာသာေရးဆိုတာ ထာဝရဘုရားသခင္နဲ႔ ျပန္လည္ပူးေပါင္းရန္ မွန္ကန္တဲ့နည္းလမ္းကို ေခၚပါတယ္။ ဗုဒၶသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင္နဲ႔ ျပန္လည္ပူးေပါင္းရန္ မွန္ကန္တဲ့ နည္းလမ္း ဟုတ္ရဲ႔လား"

"မဟုတ္ပါဘုရား"

"ေအး ... ဘာသာေရးဆိုတာ ႐ိုေသကိုင္း႐ႈိင္းမႈ (သို႔) ထာဝရ ဘုရားသခင္အား ဂုဏ္ျပဳခ်ီးက်ဳးမႈကို ေခၚပါတယ္၊ ဗုဒၶဝါဒသည္ အဲဒီလုိ မဟုတ္ပါ၊ ၿပီးေတာ့ ဘာသာေရးဆိုတာ ထာဝရဘုရား၊ အတၱဝိညာဏ္၊ ေကာင္းကင္ဘံု ဆုေတာင္းပတၳနာတို႔နဲ႔ မ်ားစြာဆက္စပ္ေနတဲ့ ယံုၾကည္မႈ တစ္ရပ္ကို ေခၚပါတယ္။ ဗုဒၶဝါဒက ထာဝရဘုရား၊ အတၱဝိညာဏ္၊ ေကာင္းကင္ဘံု ဆုေတာင္းမႈကို လက္မခံလုိ႔ ဗုဒၶဘာသာ-လုိ႔ မေခၚသင့္ပါေနာ္"

"မွန္ပါဘုရား"

"ေအး ... ဗုဒၶဘာသာဝင္ေတြ ဗုဒၶကို ကုိးကြယ္တာက ဗုဒၶရဲ႔ ဂုဏ္ေတာ္ေတြကို ယံုၾကည္ကိုးကြယ္တာပါ၊ ဘုရားရွင္ကို ကယ္တင္ရွင္အေနမ်ဳိးနဲ႔ ယံုၾကည္တာ မဟုတ္ပါ၊ ကိုးကြယ္တာ မဟုတ္ပါ။ ၿပီးေတာ့ ဗုဒၶသာသနာေတာ္မွာ ဗုဒၶက ဆရာစား၊ ဗုဒၶက လက္ဆုပ္၊ လက္ကိုင္ လွ်ဳိ႔ဝွက္ထားတဲ့ 'အာစရိယမု႒ိ' မရိွပါ၊ ဗုဒၶက်င့္သလုိ က်င့္က ဗုဒၶျဖစ္ႏုိင္တဲ့ နည္းလမ္းေတြ ထားခဲ့ပါတယ္။ ဗုဒၶဝါဒ၊ ဗုဒၶသာသနာက ဆုေတာင္းသက္သက္ ဝါဒမဟုတ္ပါ၊ ဆုေတာင္းဘာသာ မဟုတ္ပါ။ ဆုေတာင္းသက္သက္ဆုိရင္ ဘာသာေရးလုိ႔ ေခၚရပါတယ္။ ဒါျဖင့္ ဗုဒၶဝါဒ ဗုဒၶသာသနာမွာ ဆုေတာင္းမႈ မရိွဘူးလား-ဆိုေတာ့ ရိွပါတယ္။ ဗုဒၶဝါဒရဲ႔ ဆုေတာင္းမႈက ကိုယ္ျပဳထားတဲ့ ကုသုိလ္ကံရဲ႔ အက်ဳိးကို ေတာင္းယူတာပါ၊ ဘာမွမလုပ္ဘဲနဲ႔ ေတာင္းတာမဟုတ္ပါ၊ ယခုအခါမွာ ဗုဒၶဝါဒ၊ ဗုဒၶသာသနာဟာ ဘာသာေရးဆန္ေနၿပီေနာ္၊ သတိထားပါ။"

"မွန္ပါဘုရား"

"ဗုဒၶဝါဒဟာ ပစၥဳပၸန္ကံ ပစၥဳပၸန္ အေၾကာင္းအက်ဳိးတရားေတြကို ဦးစားေပးတဲ့ ဝါဒပါ။ ဗုဒၶဟာ ကိုယ္တုိင္ဓမၼကို ရွာေဖြၿပီး ကိုယ္တိုင္ ဗုဒၶျဖစ္မွ ဗုဒၶအျဖစ္ ေရာက္ပံု လမ္းစဥ္ က်င့္စဥ္ေတြပဲ ေဟာခဲ့ပါတယ္၊ ဆုေတာင္းဖုိ႔ မေဟာခဲ့ပါ။ အဲဒီအဆံုးအမ လမ္းစဥ္ေတြ မိမိတုိ႔ ကိုယ္ကို မိမိတို႔ အားကိုးၿပီး အဆင့္ဆင့္ေသာ ဝီရိယနဲ႔ အားထုတ္က်င့္ႀကံဖုိ႔သာ ေဟာခဲ့ပါတယ္။ ဗုဒၶဝါဒ၊ ဗုဒၶသာသနာမွာ ေမ့ေလ်ာ့ ေပါ့တန္ေနလုိ႔ မရပါ၊ သတိတရား လက္ကိုင္ထားၿပီး ႀကိဳးစား အားထုတ္ယူမွ ကိုယ္လုိရာ ရႏိုင္ပါတယ္။ ဗုဒၶသာသနာက ကိုယ္အက်ဳိးကိုယ္စံ၊ ကိုယ့္အျပစ္ ကိုယ္ခံပါ၊ ဗုဒၶက အက်ဳိးကိုလည္း မေပးပါ၊ အျပစ္ကိုလည္း မေပးပါ၊ ဒါေၾကာင့္ ဗုဒၶကို မေၾကာက္ရပါ။ ၿပီးေတာ့ ဗုဒၶသာသနာမွာ ဗုဒၶကို နည္းေပးလမ္းညႊန္အျဖစ္နဲ႔ အားထားယံုၾကည္တဲ့ သေဘာမ်ဳိးပါ၊ မိမိကုိယ္ကို လံုးဝပံုအပ္ၿပီး အားကိုးတဲ့ သေဘာမ်ဳိး မဟုတ္ဘူးေနာ္"

"မွန္ပါဘုရား"

"ဗုဒၶသာသနာမွာ ဗုဒၶအတြက္ ဘာမွလုပ္ေပးစရာ မလုိပါ၊ ဘာသာေရးမွာ ဘာသာဘုရားအတြက္ လုပ္ေပးရပါတယ္။ ဗုဒၶသာသနာမွာ ဗုဒၶက လမ္းညႊန္တဲ့ ကိစၥပါ၊ ဗုဒၶသာသနာဝင္ေတြက လုိက္နာက်င့္ႀကံရသူေတြပါ။ ဗုဒၶဝါဒ၊ ဗုဒၶသာသနာမွာ ကိုယ့္အတြက္ ကိုယ္က်င့္တာသည္ပင္လွ်င္ ဗုဒၶကို အျမတ္ဆံုး ပူေဇာ္ျခင္းျဖင့္ ပူေဇာ္တယ္လုိ႔ ေခၚပါတယ္။"

"ဗုဒၶဝါဒက အတၱဟိတ = ကိုယ္က်ဳိးက်င့္သက္သက္နဲ႔ ပရဟိတ = သူတစ္ပါးအက်ဳိးသက္သက္က်င့္တဲ့ ဝါဒႏွစ္ခုရဲ႔ အလယ္က သြားတဲ့ အလယ္အလတ္ လမ္းစဥ္ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ္ပါ။ ကဲ ဒီေလာက္ဆိုရင္ ရွင္းၿပီးလား။"

"ရွင္းပါၿပီ ဘုရား"

အားလံုးသႏၲာန္၊ အျမင္မွန္၊ လ်င္ျမန္ရေစေသာ္ ...
mipandahouse

#Unicode Version#
ဗုဒ္ဓဘာသာ ဆိုတာ ဘာကိုခေါ်ပါသလဲဘုရား
(ဓမ္မဒူတ အရှင်ပညာဇောတ)

"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"
"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။"

"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"

"အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး"

"ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား"

"အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"

"ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။"

"အင်း ... ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်"

"ဘာဖြစ်လို့ပါလဲ ဘုရား"

"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ၊ အဲဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိဟာ အချုပ်ပါပဲ။

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"

"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။"

အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"
"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -
(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။... တဲ့ "

"အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။"

"မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား"

"တခြားဘာသာဝင်များက သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"

"ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"

"အေး ... ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်း ဟုတ်ရဲ့လား"

"မဟုတ်ပါဘုရား"

"အေး ... ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ ဘာသာရေးဆိုတာ ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"

"မှန်ပါဘုရား"

"အေး ... ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ 'အာစရိယမုဋ္ဌိ' မရှိပါ၊ ဗုဒ္ဓကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"

"မှန်ပါဘုရား"

"ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"

"မှန်ပါဘုရား"

"ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။"

"ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။ ကဲ ဒီလောက်ဆိုရင် ရှင်းပြီးလား။"

"ရှင်းပါပြီ ဘုရား"

အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် ...
mipandahouse

No comments:

Post a Comment