Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, August 12, 2017

နႏြင္းမႈန္႔ရဲ႕က်န္းမာေရးေကာင္းက်ိဳးမ်ား


ဟင္းခ်က္တဲ့အခါမွာ ထည့္သြင္းအသံုးျပဳရတဲ့ သဘာဝဟင္းခတ္မႈန္႔ေတြက က်န္းမာေရးအတြက္ အသံုးဝင္တယ္ဆိုတာကို သင္သိပါသလား။ မီးဖုိေခ်ာင္ထဲမွာ သဘာဝေဆးစြမ္းေကာင္းေလး ရွိေနတာကို မေမ႔ပါနဲ႔ေနာ္။ ဒါ့ေၾကာင့္ ဟင္းအနံ႔အရသာေကာင္းမြန္ေစတဲ့အျပင္ က်န္းမာေရးအတြက္လည္းမ်ားစြာ အေထာက္အကူျပဳတဲ့ နႏြင္းမႈန္႔ရဲ႕ က်န္းမာေရးေကာင္းက်ိဳးမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁) ဆီးခ်ိဳေရာဂါျဖစ္ျခင္းမွကာကြယ္ေပးပါတယ္

ဆီးခ်ိဳေရာဂါသမားမ်ားအတြက္ တကယ့္ကိုအသံုးတည့္လွတဲ့ အိမ္တြင္းေဆးေကာင္းတစ္လက္ပါပဲ။ နႏြင္းမႈန္႔က ခႏၶာကိုယ္တြင္းသၾကားဓာတ္လြန္ကဲမႈကို ထိန္းခ်ဳပ္ေပးႏိုင္တာေၾကာင့္ ဆီးခ်ိဳေရာဂါကို ကာကြယ္ေပးႏိုင္ပါတယ္။ ဆီးခ်ိဳသမားမ်ားအတြက္လည္း ပိုဆိုးမလာေအာင္ ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္ေနာ္။

(၂) ကိုလက္စထေရာေလ်ာ့ခ်ေပးႏိုင္ပါတယ္

ခႏၶာကိုယ္တြင္းက ကိုလက္စထေရာမ်ားေနရင္ ေနာက္ဆက္တြဲက်န္းမာေရးဆိုးက်ိဳးမ်ားစြာ ျဖစ္ေပၚႏုိင္ပါတယ္။ ဒီလိုမျဖစ္ရေလေအာင္ နႏြင္းမႈန္႔ကို ဟင္းခ်က္တဲ့အခါမွာ ထည့္သြင္းအသံုးျပဳဖို႔ လိုပါတယ္။ နႏြင္းမႈန္႔က ခႏၶာကိုယ္အတြက္ ေဘးဥပါဒ္ျဖစ္ေစတဲ့ ကိုလက္စထေရာLevel ကုိေလ်ာ့ခ်ေပးႏိုင္ပါတယ္။

(၃) ကုန္ဆံုးသြားတဲ့အားအင္ကိုျဖည့္တင္းေပးႏိုင္ပါတယ္

တစ္ေန႔တာကုန္ဆံုးသြားတဲ့ အားအင္ေတြကို ျဖည့္တင္းေပးႏိုင္တဲ့ ေဆးစြမ္းေကာင္းတစ္လက္ပါပဲ။ ညအိပ္ရာဝင္ခါနီးမွာ ႏြားႏို႔ထဲကို နႏြင္းမႈန္႔အနည္းငယ္ေရာထည့္ၿပီး ေသာက္သံုးေပးမယ္ဆိုရင္ တစ္ေန႔တာပင္ပန္းႏြမ္းနယ္မႈေတြကို ေလ်ာ့ခ်ေပးႏိုင္ၿပီး ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေစႏိုင္ပါတယ္။

(၄) ကင္ဆာေရာဂါကာကြယ္ေပးပါတယ္

ခႏၶာကုိယ္တြင္း ကင္ဆာျဖစ္ေစတဲ့ ဆဲလ္မ်ားမေပါက္ပြားေအာင္ ကာကြယ္ေပးၿပီး ကင္ဆာဆဲလ္ျပန္႔ပြားမႈကိုေတာင္ ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးမ်ားအတြက္ ရင္သားကင္ဆာႏွင့္ သားအိ္မ္ေခါင္းကင္ဆာျဖစ္ပြားမႈႏႈန္းကို ေလ်ာ့ခ်ေပးႏိုင္တာကို ေတြ႔ရပါတယ္။

(၅) ေလးဖက္နာသက္သာေစပါတယ္

အရုိးအဆစ္ကိုက္ခဲျခင္းနဲ႔ ေသြးလည္ပတ္္မႈမေကာင္းျခင္းက နာတာရွည္ေလးဖက္နာေရာဂါနဲ႔ အရိုးက်ီးေပါင္းေရာဂါျဖစ္ႏိုင္ပါတယ္။ ဒီလိုမျဖစ္ရေလေအာင္ နႏြင္းမႈန္႔က ကာကြယ္ေပးပါတယ္။ အရိုးအဆစ္မၾကာခဏနာတတ္သူေတြအေနနဲ႔လည္း နႏြင္းမႈန္႔ကိုေဆးအျဖစ္မွီဝဲရင္ နာက်င္ကိုက္ခဲျခင္းကို သက္သာေစပါတယ္။

နန္း(ေရႊအင္းေလး)

#Unicode Version#
ဟင်းချက်တဲ့အခါမှာ ထည့်သွင်းအသုံးပြုရတဲ့ သဘာဝဟင်းခတ်မှုန့်တွေက ကျန်းမာရေးအတွက် အသုံးဝင်တယ်ဆိုတာကို သင်သိပါသလား။ မီးဖိုချောင်ထဲမှာ သဘာဝဆေးစွမ်းကောင်းလေး ရှိနေတာကို မမေ့ပါနဲ့နော်။ ဒါ့ကြောင့် ဟင်းအနံ့အရသာကောင်းမွန်စေတဲ့အပြင် ကျန်းမာရေးအတွက်လည်းများစွာ အထောက်အကူပြုတဲ့ နနွင်းမှုန့်ရဲ့ ကျန်းမာရေးကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ဆီးချိုရောဂါဖြစ်ခြင်းမှကာကွယ်ပေးပါတယ်

ဆီးချိုရောဂါသမားများအတွက် တကယ့်ကိုအသုံးတည့်လှတဲ့ အိမ်တွင်းဆေးကောင်းတစ်လက်ပါပဲ။ နနွင်းမှုန့်က ခန္ဓာကိုယ်တွင်းသကြားဓာတ်လွန်ကဲမှုကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုသမားများအတွက်လည်း ပိုဆိုးမလာအောင် ထိန်းချုပ်ပေးနိုင်ပါတယ်နော်။

(၂) ကိုလက်စထရောလျော့ချပေးနိုင်ပါတယ်

ခန္ဓာကိုယ်တွင်းက ကိုလက်စထရောများနေရင် နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် နနွင်းမှုန့်ကို ဟင်းချက်တဲ့အခါမှာ ထည့်သွင်းအသုံးပြုဖို့ လိုပါတယ်။ နနွင်းမှုန့်က ခန္ဓာကိုယ်အတွက် ဘေးဥပါဒ်ဖြစ်စေတဲ့ ကိုလက်စထရောLevel ကိုလျော့ချပေးနိုင်ပါတယ်။

(၃) ကုန်ဆုံးသွားတဲ့အားအင်ကိုဖြည့်တင်းပေးနိုင်ပါတယ်

တစ်နေ့တာကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ ညအိပ်ရာဝင်ခါနီးမှာ နွားနို့ထဲကို နနွင်းမှုန့်အနည်းငယ်ရောထည့်ပြီး သောက်သုံးပေးမယ်ဆိုရင် တစ်နေ့တာပင်ပန်းနွမ်းနယ်မှုတွေကို လျော့ချပေးနိုင်ပြီး နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။

(၄) ကင်ဆာရောဂါကာကွယ်ပေးပါတယ်

ခန္ဓာကိုယ်တွင်း ကင်ဆာဖြစ်စေတဲ့ ဆဲလ်များမပေါက်ပွားအောင် ကာကွယ်ပေးပြီး ကင်ဆာဆဲလ်ပြန့်ပွားမှုကိုတောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ချပေးနိုင်တာကို တွေ့ရပါတယ်။

(၅) လေးဖက်နာသက်သာစေပါတယ်

အရိုးအဆစ်ကိုက်ခဲခြင်းနဲ့ သွေးလည်ပတ်မှုမကောင်းခြင်းက နာတာရှည်လေးဖက်နာရောဂါနဲ့ အရိုးကျီးပေါင်းရောဂါဖြစ်နိုင်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် နနွင်းမှုန့်က ကာကွယ်ပေးပါတယ်။ အရိုးအဆစ်မကြာခဏနာတတ်သူတွေအနေနဲ့လည်း နနွင်းမှုန့်ကိုဆေးအဖြစ်မှီဝဲရင် နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

နန်း(ရွှေအင်းလေး)

No comments:

Post a Comment