Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, May 18, 2017
သူရ ဦးတင်ဦး သို့မဟုတ် NLD ပါတီနာယကကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စတင်ရင်းနှီးခဲ့ပုံ
သူရ ဦးတင်ဦး သို့မဟုတ် NLD ပါတီနာယကကြီးနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ စတင်ရင်းနှီးခဲ့ပုံ
…ဦးနေဝင်းသည် ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည်
အနားသို့ ရောက်ရှိနေသည်ကိုအတော်လေးမကျေမနပ်
ဖြစ်နေခဲ့လေသည်။ ဦးတင်ဦးကား ဦးနေဝင်းမဖြုတ်ချ
ခင်အထိ တပ်မတော်တွင် လူချစ်လူခင်ပေါ်များသော
ဗိုလ်ချုပ်ကြီးလည်းဖြစ်သည်။ ထိုသို့ လူချစ်အများဆုံး
ဖြစ်သူ သည် ဒေါ်အောင်ဆန်းစုကြည်အနားသို့ ရောက်
ရှိနေခြင်းကို လုံးဝနှစ်မြို့ နိုင်ခြင်းမရှိခဲ့ပေ။
ပိန်ပိန်ပါးပါး မျက်မှန်ကိုင်းထူထူ ကြီးတပ်ထားသော
ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်အနားသို့
ရောက်ရှိလာကြသော ကျောင်းသားများ သတင်း
ထောက်များ အခြားသော သူများကို ပျူငှာစွာ ဧည့်ခံ
နေလေသောကြောင့် သူ့ပုံစံ ကြည့်ရသည်မှာ ဧည့်ခံ
ပွဲများတွင် စီစဉ်ပေးရသော အခမ်းနားမှုး တစ်ယောက်
ကဲ့သို့ မြင်နေကြရလေသည်။ဦးနေဝင်းမှ မနာလို ဝန်
တိုစိတ်များဖြင့် ရာထူးမှ ဖြုတ်ချကာ ထောင် ၁၀ နှစ်
မျှ ကျသွားသည့်တိုင် သူသည် စစ်သားကောင်းတစ်ဦး
လို အမြဲ တက်ကြွ ဖျက်လက်ကာ စူးရှထက်မြတ်မှုများ
နှင့် လျှင်မြန် ဖျက်လတ်သော အမူရာများ ပိုင်ဆိုင်မြဲ ရှိ
နေမြဲပင်ဖြစ်သည်။
ဦးတင်ဦးသည် သူ့ဘဝဇာတ်ကြောင်းကို ပြောပြ
သည့်အခါတွေမှာလည်း………
" ကျုပ်က ၁၇ နှစ်သားကနေ အသက် ၅၀ နားနီးတဲ့
အထိ စစ်တပ်ထဲမှာ အမှုထမ်းလာပြီး တိုက်ပွဲတွေကို
တစ်ခုပြီး တစ်ခု ဆက်တိုက်ဆင်နွှဲလာခဲ့ရတယ် "
' ပြင်းထန်လွန်းတဲ့ ကျုပ်ရဲ့ ဘဝဟာ စစ်ကြီးအတွင်းမှာ
တောထဲ တောင်ထဲမှာပဲ လှည့်လည်ပြီး တိုက်ရင်းခိုက်
ရင်းနဲ့ အချိန်တွေ ကုန်ခဲ့ရတယ်။စစ်ပွဲ အတွင်းမှာ ဒဏ်
ရာတွေ လည်းအကြိမ်ကြိမ် ရခဲ့တယ်။ ကျုပ်ရဲ့ အဖေ
လည်း သေခဲ့ရသလို သားကလေးလည်း အရွယ်
ကောင်းတုန်းမှာ သေဆုံးသွားခဲ့ပြန်တယ်။ အဲ စစ်တပ်
ထဲမှာ ရာထူးကောင်းကောင်းလည်း ရလာရော သစ္စာ
ဖောက်တာကို ခံလိုက်ရလို့ ရာထူးက ပြုတ်ကျသွား
ပြီး ထောင်ထဲကို ရောက်ခဲ့ရတယ်။ ကျုပ်ဘဝဟာ
သိမ်သိမ်မွေ့မွေ့ ရှောရှောရှူ ရှူ မရှိခဲ့သလို ပျော့ညံ့အား
နည်းသွားတာ မျိုးလည်းမရှိခဲ့ဘူး "
စစ်သားကောင်းတစ်ဦးပီပီ တိုင်းပြည်အကျိုးကို
ရှေးရှုသူတစ်ဦးဆို တာ သိသာထင်ရှားတဲ့ ဗိုလ်ချုပ်ကြီး
တစ်ဦးပေပါပဲ။
ဦးတင်ဦးသည် ၁၉၄၃ခုနှစ်တွင် ဗိုလ်ချုပ်အောင်
ဆန်းခေါင်းဆောင်သော မျိုးချစ်တပ်မတော်ထဲသို့ အ
သက် ၁၆ နှစ်အရွယ်စတင်ဝင်ရောက်ခဲ့သူပင်ဖြစ်သည်။
သူ၏ကြိုးစားမှု တိုက်ခိုက်မှု စွမ်းရည်ကောင်းများ
ကြောင့် သူရဘွဲ့ နှင့် ရာထူးများ တစ်ဆင့်ပြီး တစ်ဆင့်
တက်လာခဲ့ပြီး ၁၉၇၄ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီး
ဖြစ်လာခဲ့ပြီး စစ်အစိုးရထဲတွင် လူကြိုက်အများဆုံး
တည်ကြည်ဖြောင့်မတ်သူ တစ်ဦးအဖြစ် အထူးထင်
ရှားခဲ့သည်။၁၉၇၄ ခုနှစ် အုံကြွမှုဖြစ်ပေါ်ခဲ့ပြီး လူထုကြီး
ကလည်း ဦးနေဝင်းကို ဖြုတ်ချပြီး ဦးတင်ဦးအား တပ်မ
တော်၏ အကြီးအကဲဖြင့် ခန့်အပ်ပေးရန် ကြွေးကြော်
ခဲ့ကြသည်။ထိုအုံကြွတော်လှန်မှုကား မအောင်မြင်ခဲ့ပါ။
နောက်နှစ် နှစ်လောက်မှာ စစ်တပ်အတွင်း လုပ်ကြံ
သတ်ဖြတ်ရန် ကြံစည်မှုကြီး ဖြစ်ပွားခဲ့ပြီး ထိုလုပ်ကြံမှု
ကြီးနှင့် ပါတ်သတ်သူဟု စွပ်စွဲကာ ရာထူးမှ ဖြုတ်ချပြီး
ထောင်ချခဲ့လေသည်။
ဦးတင်ဦးသည် ထောင်မှ ထွက်ခဲ့ပြီးနောက် နှစ်နှစ်
ခန့် ရဟန်းဝတ်နေခဲ့ကာ နောက်ပိုင်းတွင် ဥပဒေပညာ
ကို လေ့လာပြီး ဘွဲ့ရသည်အထိကြိုးစားခဲ့လေသည်။
သူ၏ ပတ်ဝန်းကျင်မှာ ဒီမိုကရေစီ လှုပ်ရှားမှုများ ပြု
လုပ်နေကြသည်ကို မြင်တွေ့နေရသော်လည်း ပါဝင်ခဲ့
ခြင်းမရှိခဲ့ချေ။ ဒါနဲ့ပတ်သတ်လို့လည်း သူက…
" အစကတည်းက တပ်ထဲက မိတ်ဆွေဟောင်းတွေ
က ကျုပ်ကို တရားတက်ဟောဖို့ တိုက်တွန်း ခဲ့ကြပေ
မဲ့ ကျုပ်က ငြင်းဆန်ခဲ့တယ်။အဲ့ဒိအချိန်တုန်းက ကျုပ်
ဟာ ဝိပဿနာ တရား အားထုတ်ရင်း တရားတော်ရဲ့ 
အေးချမ်းမှုကို နှစ်ခြိုက်နေခဲ့မိတယ်။ မိတ်ဆွေတွေက
လည်း လက်မလျှော့ပဲ ကျုပ်ကို အကြိမ်ကြိမ် လာပြီး
တိုက်တွန်းနေတဲ့အတွက် နောက်ဆုံးမှာ ကျုပ်ဟာ မျိုး
ချစ်ရဲဘော်များ အဖွဲ့ချုပ်ကို တည်ထောင် လိုက်တော့
တယ်။တစ်နိုင်ငံလုံးမှာ ရှိကြတဲ့ အငြိမ်းစားယူထားကြ
တဲ့ ရဲဘောဟောင်းကြီးတွေ က ဌာနချုပ်ရုံးစိုက်ရာ
ကျုပ်ရဲ့ အိမ်ကို ဆက်သွယ်လာကြပြီး အရေး အကြော
င်းရှိရင် သူတို့ကို သတိပေးဖို့ ပြောလာခဲ့ကြတယ် "
ဦးတင်ဦးကိုယ်တိုင်လည်း စိတ်ပါလာသည့်အတွက်
သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးရှေ့ 
စိတ်အားထက်သန်နေကြသော လူအုပ်ကြီးရှေ့ မှောက်
မှာ နိုင်ငံရေးတရားစတင်ဟောကြား ခဲ့တယ်။သို့သော်
လည်း စစ်အစိုးရက ဓားမိုးအုပ်ချုပ်ထားသော အခြေ
အနေအောက်တွင် မိမိကဲ့သို့ စစ်သား ဟောင်းကြီးများ
က ဦးဆောင်မှု ပေးနေရုံဖြင့် မလုံလောင်ကြောင်းကို
ဦးတင်ဦး သဘောပေါက်ခဲ့သည်။ ဒါ့ကြောင့်လည်း…
" ကျုပ်တို့ စစ်သားဟောင်းကြီးတွေရဲ့  အားထုတ်မှု
လောက်နဲ့ တခြားအင်အားစုတွေကို ပါလာအောင် စည်း
ရုံးလို့မရနိုင်ဘူးဆိုတာ ကို ကျုပ်သဘောပေါက် ခဲ့တော့
တယ် " ထို့နောက်ယခုလိုဆက်ပြောခဲ့ပြန်တယ် …
" ဟုတ်တယ် ကျုပ်တို့အတွက် ခေါင်းဆောင်လိုတယ်
တစ်တိုင်းပြည်လုံးကို စည်းရုံးနိုင်လောက်အောင် အင်
အားတောင့်တင်းတဲ့ ခေါင်းဆောင် မျိုးကို အမှန်တ
ကယ်ပဲ လိုအပ်တယ်။ အဲ့ဒီ ခေါင်းဆောင်မျိုးဟာ ဒီမို
ကရေစီ သဘောတရားကို ပြည့်ပြည့်ဝဝ သဘော
ပေါက်နိုင်မယ့် ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ လူမျိုး
ပဲဖြစ်ရမယ် "
ဦးတင်ဦးရင်ထဲလည်း သင့်တော် ကောင်း
မွန်တဲ့ ခေါင်းဆောင်ကို မျှော်လင့်နေတာ အထင်အရှား
ပါပဲ။ သူ၏ မိတ်ဆွေတစ်ယောက်မှ ရွှေတိဂုံ စေတီ
တော်ကြီးတွင် ဟောပြောခဲ့သော ဒေါ်အောင်ဆန်းစု
ကြည့်၏ မိန့်ခွန်း အသံသွင်းထားသည့်တိတ်ခွေကို
ဖွင့်ပြလိုက်လေသည်။ဒေါ်အောင်ဆန်းစုကြည်၏ အသံ
တိတ်ခွေကို နားထောင်ပြီး အောက်ပါ အတိုင်း မှတ်
ချက်ပြု ခဲ့တယ်………
" သူ့ရဲ့ စကားလုံးတွေဟာ သိပ်
ပြီးအားပါတယ်။ပြတ်သားရှင်းလင်းနေတယ်။ ဗလုံးဗ
ထွေးပြောတာလည်း တစ်ခုမှ မရှိဘူး။နိုင်ငံခြားမှာ အ
ကြာကြီးသွားနေပြီး မြန်မာပြည်ကို ပြန်ရောက်တဲ့သူ
တွေဟာ မြန်မာစကားကို ကောင်းကောင်း မပြော
တက်တော့တာများတယ်။ သူ့ကျတော့ မြန်မာစကား
ကို ပီပီသသတင်မကဘူး တဖက်သားနားထဲကို လျှော
ကနဲ့ ဝင်သွားအောင် ရေရေ လည်လည် ပြောတက်
တယ်။ဒီလို လူမျိုးက အတော်ရှားတယ်။ပြီးတော့သူက
ပြည်သူတွေ ဒီမိုကရေစီ တောင်းတနေကြတယ်ဆို
တာကို သဘောပေါက်ပြီး သူတို့လိုချင်တဲ့ ပန်းတိုင်ဆီ
ကိုလည်း စည်းရုံးခေါ်ဆောင်သွားဖို့ ရည်ရွယ်ထားခဲ့ပုံ
လည်းရတယ်။ သူ့လို လူမျိုး ကို ခေါင်းဆောင်မတင်
လို့ ဘယ်လို လူမျိုးကို ခေါင်းဆောင် တင်ကြမှာလဲ။ဒီ
အမျိုးသမီးဟာ မြန်မာပြည်သူ ပြည်သားတွေ သွားချင်
တဲ့ပန်းတိုင်ကို ခေါ်ဆောင် သွားနိုင်မယ့် တကယ့်ခေါင်း
ဆောင်အစစ်ပါပဲ " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟော
ပြောတဲ့မိန့်ခွန်းကို နားထောင်ပြီး မှတ်ချက်လည်းပေး
သူလိုချင်တဲ့ခေါင်းဆောင်မျိုးဆိုတာသဘောပေါက်ပြီး
တခါတည်း ခေါင်းဆောင်အဖြစ်ပါ သတ်မှတ်ပေးခဲ့
တယ်။ ( ဒေါ်အောင်ဆန်းစုကြည်ဟာ လွယ်လွယ်နဲ့
ခေါင်းဆောင်မဟုတ်ခဲ့ဘူးဆိုတာ သူမ၏ ထိုစဉ်အချိန်
က လုပ်ဆောင်မှုတွေကို ဦးဝင်းတင်အပါဝင် အခြားသူ
အဖြစ်အပျက်များကို အလျှင်းသင့်သလို နောင်အခါတွေ
ဖော်ပြ ပါအုံးမည်။)
ထိုအချိန်က ဦးတင်ဦး၏ အပေါင်းသင်း မိတ်ဆွေ
များသည်လည်း တော်လှန်ရေးကြီး အောင်မြင်နိုင်ရန်
အတွက် မြန်မာပြည်နေရာ အနှံ့တွင် ပေါ်ပေါက်နေ
သော အုံကြွ မှုများကို တစ်စု တစ်စည်းထဲဖြစ်အောင်
ဦးဆောင်သွားနိုင်မည့် ခေါင်းဆောင်မျိုး မရှိနိုင်ဟု ယူဆ
ကာ စိတ်ဓာတ်ကျလျှက် ရှိနေကြသည်။ ဦးတင်ဦးသာ
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားထောင်မိ၍
သူလိုချင်သော ခေါင်းဆောင် ရပြီဟု ယူဆကာ အပျော်
ကြီး ပျော်နေခဲ့သည်။နောက်ဆုံတွင် မိမိတစ်ယောက်
ထဲ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ ဆုံ
ရန်ဆုံးဖြတ်ကာ သွားနွေ့ခဲ့လေသည်။ ထိုအကြောင်းကို
ဦးတင်ဦးမှ…………
" ကျုပ်လည်း တစ်ယောက်ထဲ ထွက်လာ
ခဲ့ပြီး သူမအိမ်ရဲ့ ဧည့်ခန်းက ဆိုဖာခုံ ထောင့်ကွေးမှာ
ထိုင်ပြီး စောင့်နေခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ အခန်းထဲက
ထွက်လာပြီး" မင်္ဂလာပါ ဦးလို့ " ဒေါ်စုရဲ့ နှုတ်ဆက်သံ
ကို ကြားရတယ်ဆိုရင်ပဲ ကျုပ်ရင်ထဲ မှာ လှပ်ခနဲ ခံစား
လိုက်ရတယ် " လို့ ဒေါ်အောငါဆန်းစုကြည်နဲ့ တွေ့စဉ်
ခံစားမှုကို ပြောပြခဲ့တယ်။
စစ်သားဟောင်းကြီး ဦးတင်ဦးသည် သူ၏ ပထမ
ဆုံးတပ်ရင်းမှုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးနှင့်
မျက်နှာ ချင်းဆိုင်ထိုင်ကာ တိုင်းရေး ပြည်ရေး ကိစ္စများ
ကို ဆွေးနွေးခဲ့ကြလေသည်။ ထိုအကြောင်းကိုလည်း
ဦးတင်ဦးက " သူမရဲ့  ပြောပုံ ဆိုပုံ မျက်နှာပေး နဲ့ အမူ
ရာတွေအားလုံး ဖအေနဲ့ ချွတ်စွပ် တူနေတော့တာပါပဲ
ဗျာ။တစ်ခါ တစ်ခါ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင်က
သူ့ရဲ့ ခံစားချက်တွေကို တိုက်ရိုက်ပြော နေသလားလို့
တောင် ထင်မိတော့တယ် "
……" သူ့ဟော ပြောချက်ထဲမှ ကြားခဲ့ရတဲ့အတိုင်း
လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးတွေကို ရဖို့ ဆိုရင် တစ်
ဦးတစ်ယောက်ရဲ့ ကြိုးပမ်းမှုနဲ့ မလုံလောက်ဘူး။ အား
လုံးက တက်ညီ လက်ညီနဲ့ ဝိုင်းဝန်းကြိုးပမ်းဖို့ လိုတယ်
လို့ပြောလာတယ်။ ကျုပ်ကလည်း သဘောပေါက်ပါပြီ
ဆက်ပြီး ချီတက်ကြတာပေါ့ ။အတူ လက်တွဲပြီး အလုပ်
လုပ်ကြတာပေါ့လို့ ပြန်ပြောခဲ့တယ်။ ဒီလိုနဲ့ပဲ ကျနော်
တို့ရဲ့ စကားက ဆုံးသွားခဲ့တော့တယ် "
သူတို့နှစ်ဦးရဲ့ စကားဝိုင်းဟာ လိုရင်းတိုရှင်း သာ
ဖြစ်ခဲ့ကြတယ် ။ တစ်ယောက်ကလည်း စစ်သားပီပီ
လိုရင်းကိုသာ ပြောသွားတယ် ' တစ်ယောက်ကလည်း
ဗိုလ်ချုပ်သမီးပီပီ ဘွင်းဘွင်း ရှင်းရှင်းသာ ပြောဆိုခဲ့
လေသည်။သို့သော အချို့ သော ရင်တွင်းစကား
တွေကို သိုသိပ်ထားခဲ့ကြလေသည်။ ထို့နောက်
ဦးတင်ဦးက နှုတ်ဆက်ကာ ထပြန်တော့မည် ပြု ကာမှ
ဒေါ်အောင်ဆန်းစုကြည်က ယခုလို မေးလာခဲ့သည်။
" အန်ကယ် ကျမဖေဖေ နဲ့တွေ့ဖူးဘူးလား သိကော
သိလား" ဟုမေးရာ ဦးတင်ဦးကလည်း " မသိပဲနေပါ့
မလားကွယ် ။ ဗိုလ်ချုပ်ကို ပထမဆုံးတွေ့ဖူးတာက ဗိုလ်
သင်တန်းပြီးလို့ ဗိုလ်ဖြစ်ကာစ အချိန်ပေါ့ ။နောက်ဆုံး
တွေ့ဖူးလိုက်ရတာကတော့ ဗိုလ်ချုပ်က လွှတ်တော်
ကိုယ်စားလှယ်အနေနဲ့ မေမြို့ မှာ ဆုံခဲ့ကြတာပါပဲ။အဲ့ဒိ
တုန်းကတော့ ဗိုလ်မှုးဖြစ်နေပြီ။ ဗိုလ်ချုပ်ကို ယွန်းဟေး
နယ်က စော်ဘွားတစ်ယောက်နဲ့ အတူ တွေ့လိုက်ရတာ
ဟုတ်တယ် အဲ့ဒိ တုန်းက ဒေါ်ခင်ကြည်လည်း ပါခဲ့
တယ်။ အဲ့ဒိအချိန်ဟာ ဗိုလ်ချုပ်ကို အသက်ရှင်လျှက်
နောက်ဆုံး တွေ့ခဲ့ရတာပါပဲ " ဆက်၍ ဒေါ်အောင်ဆန်း
စုကြည်က အဲ့ဒိတုန်းက သူတို့ သမီးငယ်ငယ်လေး တစ်
ယောက် ချီလာတာကိုရော တွေ့ခဲ့ရသေးလား "
" အဲ့ဒါကိုတော့ ဦးလည်း သတိမထားမိခဲ့ဘူး " သို့
ဖြင့် ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုကြရင် ပိုမို
ရင်းနှီးလာခဲ့ကြလေသည်။
ထို့နောက်ဗိုလ်ချုပ်ကြီး တင်ဦးက ဗိုလ်ချုပ်အောင်
ဆန်းသည် တိုင်းပြည် တည်ဆောက်ရေးကို ဆုံးခန်း
တိုင်အောင် ဆောင်ရွက်မသွား နိုင်သည့် အတွက် ဝမ်း
နည်းမိကြောင်း ပြောဆို ခဲ့သည်။ " ဒါ့ကြောင့်မို့ ဗိုလ်
ချုပ်သမီး ဖြစ်သူကို ထောက်ခံရတာ ပေါ့ဗျာ ။ဗိုလ်ချုပ်
အောင်ဆန်းက ပထမ လွတ်လပ်ရေး ရယူပေးခဲ့သလို
သမီးဖြစ်သူကလည်း ဒုတိယ လွတ်လပ်ရေးကို ယူပေး
မှာ သေချာ ပါတယ် " ပြောဆိုခဲ့လေသည်။ နောက်
ပိုင်းတွင်တော့ ဦးတင်ဦးသည် ထောင်အနှစ် ၂၀ ကျ
ခဲ့ရပြီး NLD ပါတီဝင်များထဲတွင် မယိမ်းမယိုင် မှန်ကန်
ဖြောင့်မတ်စွာ ရပ်တည်၍ လာခဲ့သူ တစ်ဦးလည်း ဖြစ်
သည်။
ဤသည်မှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ စတင် ရင်းနီး တွေ့ဆုံခဲ့ကြ
ပုံများပင်ဖြစ်လေသည်။
လေးစားစွာဖြင့်
ဟိန်းတေဇ
No comments:
Post a Comment