Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 18, 2017

၁၉၆၇ ရခိုင်ဆန်ပြဿနာ


ရခိုင်ပြည် မြောက်ပိုင်း က ရခိုင် တစ်ချို့ က ၁၉၆၇ရခိုင်ပြည် ဆန်ပြဿ နာ မှာပစ်မိန်ပေး တာ NLDနာယက သူရဦးတင်ဦး လို့ ပြောနေကြလို့ ရှာဖွေပြီး တင်လိုက်တာပါ။
၁၉၆၇ ခုနှစ် ရခိုင်ပြည် ဆန်ပြဿ နာ ကို ပုဒ်မ ၁၄၄ ပစ်မိန့် ဖြင့် ဖြေရှင်း ခဲ့သူ မှာ ဗိုလ်ချုပ်သူရစောဖြူ ဖြစ်ပါတယ်။လက်ရှိ NLDနာယကသူရဦးတင်ဦး မှာ ထို့စဉ် က မင်္ဂလာဒုံ မှာ တာဝန်ထမ်းဆောင်နေတာလို့ သိရပါတယ်။ဒါ့ ကြောင့် ရခိုင်ပြည်ဆန်ပြဿ နဲ့ သူရဦးတင်ဦး ဘာမှ မသက်ဆိုင်ပါ။
MM Z
Nge Naing
ဘ၀ဖြတ်သန်းမှုနှင့် ခံစားမှုများ စုစည်းရာ

၁၉၆၇ ရခိုင်ဆန်ပြဿနာ
ရခိုင်ဆန်ပြဿနာအကြောင်းကို ၁၉၈၈ ကတည်းက သိခဲ့ရတာ ပြည်သူလူထုမှာ ဆန်ပြတ်လပ်ပြီး ငတ်ပြတ်နေစဉ် အစိုးရက ဆန်တွေကို ထုတ်မရောင်းပေးဘဲ နိုင်ငံခြားတင်ဖို့ ဆန်ဂိုဒေါင်တွေမှာ အပြည့်သိုလှောင်ထားလို့ လူထုက ဆန္ဒပြပြီး ဖြစ်လာတဲ့ပြဿနာကို လက်နက်နဲ့ အကြမ်းဖက် အင်အားသုံး ဖြေရှင်းခဲ့တယ်ဆိုတာပဲ အနည်းငယ်သာ သိခဲ့ရတယ်။ အခုလို အသေးစိတ် အချက်အလက်တွေကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပါဝင်သူ ခိုင်အောင်ကျော်က ရေးထားတာကို မမေအိခင်ဘလော့ဂ်မှာ တင်ထားတဲ့ ဒီပို့စ်ကို ဖတ်ပြီး အခုမှ သိရတဲ့အတွက် ဒီစာကိုရေးသူ ခိုင်အောင်ကျော်ကိုရော ဒီပို့စ်တင်တဲ့ မမေအိခင်ကိုပါ ကျေးဇူးတင်စကား လေးလေးနက်နက် ဆိုပါရစေ။ ဒီလို မသေလို့ ကျန်နေခဲ့သူတွေ ရှိနေလို့သာ ကျွန်မတို့ က သမိုင်းအမှန်တွေကို သိခွင့်ရကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ မျိုးဆက်တွေတောင် ဒီအကြောင်းကို သိပ်မသိရင် အခုလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကအစ သမိုင်းအမှန်တွေ အကုန်လုံးကို ဖျောက်ဖျက်ပစ်နေတဲ့ စစ်အာဏာရှင်တွေ ကြီးစိုးတဲ့ခေတ်မှာ ကျွန်မတို့ထက် နောက်ကျတဲ့မျိုးဆက်တွေဆို ပိုတောင် မသိဖို့များပါတယ်။ ကျွန်မတို့ မမွေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို ဘလော့ဂ်မှာ သမိုင်းမှတ်တမ်းအဖြစ် သိမ်းထားလိုခြင်း၊ ဘလော့ဂ်ကို လာလည်နေသူတွေကို မျှဝေလိုခြင်းကြောင့် ဒီပို့စ်ကို ဘလော့ဂ်မှာ ပြန်ဖေါ်ပြလိုက်ပါတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့ပြီး မျိုးဆက်သစ်တွေအတွက် သမိုင်းဖြစ်ရပ်မှန် တခုကို လက်ဆက်ကမ်းပေးတဲ့ စာရေးသူ ခိုင်အောင်ကျော်ကို အထူးကျေးဇူးတင်ပါတယ်။
သြဂုတ်လ ( ၁၃ ) ဆန်ပြသနာနေ့ အရေးအခင်းဖြစ်ရပ်မှန်သမိုင်း
အကယ်၍
ကံကောင်းသည်ဟု ဆိုသောစကားသည် သူများနှင့်သာ သက်ဆိုင်သည်ဟု ထင်သည်။ ၀န်ခံစွာဖြင့်ဆိုလျင် မပြည့်စုံသေးလို့ တွေးမိသည်။ ဘေးအန္တရယ်မကျရောက်ခြင်းကို ကံကောင်းခြင်းဟု ပြောဆိုတတ်ကြပါသည်။ လူတိုင်းလိုလိုလည်း ယင်းအချက်ကို လက်ခံကြသည်လည်းဖြစ်သည်။ သို့လင့်ကစား ဤစကားရပ်ကို ကျွန်တော်လက်မခံနိုင်။ ဤအသုံအနှုံးကို ဘ၀င်မကျ။ မလုံလောက်သော စကားဟုထင်မှတ်သည်။ နောက်အရာရာတိုင်းကို မကျေနပ်ချင်ဖြစ်မိသည်။ စင်စစ်အားဖြင့် လူ့ဘ၀တသက်တာ တလျှောက်၌ ရင်ဆိုင်တွေ့ကြုံခဲ့ရသော ဤအကြောင်းအရာများကို မှတ်တမ်းတင်ပြောကြားနိုင်အောင် ဘေးမသီရန်မခ ရပ်တည်ရသည့် ဤအခြေအနေကိုပင် ယေဘူယျသာ လက်ခံနှစ်သက်မိသည်။ အခြားမည်သည့်အကြောင်းအရာများနှင့်မှ သဘောမကျ။ လက်မခံ။ မိမိကိုယ်ကိုပင် မိမိခွင့်မလွှတ်နိုင်သော အဖြစ်မျိုးဟု တခါတရံထင်မိသည်။ ဤသည်မှာ မိမိအပြစ်တွေလားဟုလည်း မိမိစိတ်ထဲမှာတွေးမိသည်။ ဤသည်မှာမိမိ၏အမှန်တရားတွေလားဟုလည်း တွေးမိသည်။ သမိုင်းကအဖြေပေးလာလိမ့်မည်ထင်သည်။ အဖြေပေး၍လည်း ယခုအချိန်မှာ ရမည်မဟုတ်။ တခုသာရှိသည်။ ယင်းကားလွန်ခဲ့သော( ၄၃ ) နှစ်တာကာလက မဆလအစိုးရသည် ငြိမ်ချမ်းစွာ ဆန္ဒပြခဲ့ကြသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ မှ မြို့ သူမြို့ သူများအား ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ဆန္ဒပြသူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့သည်။ မသေဘဲပျောက်ဆုံးသူများလည်း ရှိသည်။ ဒဏ်ရာရသူများလည်း ၁၀၀ ကျော်သည်။ ယင်းကဲ့သို့ ရက်ရက်စက်စက်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံရသောနေ့သည် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ဖြစ်သည်။ ယခုဆိုလျှင် ၄၃ နှစ်ပြည့်မြောက်ခဲ့ပြီ။ထိုနေ့ထိုရက်မှ ယခုအချိန်ထိ ဤအကြောင်းအရာများကို ပြည်တွင်းမှာ စာတလုံးပေတလုံး မှတ်တမ်းမရေးသားရဘဲ ထားရခြင်းသည် လွပ်လွပ်စွာရေးသားခွင့်မရှိ၍ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမရှိ။ သို့အတွက်ကြောင့် ဤအရေးအခင်းနှင့် ပါတ်သက်၍ ယင်းအချိန်က နေ့စဉ်ထုတ်သတင်းစာများတွင် ရေးသားဖေါ်ပြခဲ့သော အကြောင်းအရာတို့သည် အမှန်တရားကို ထုတ်ဖေါ်ရေးသားခြင်းမဟုတ်။ ၁၃ သြဂုတ် ဆန်ပြသနာနှင့် ပါတ်သက်၍ ရေးသားရာတွင် အမှန်ဆုံးအကြောင်းအရာကို ထုတ်ဖေါ်ရေးသားပြောဆိုနိုင်သည့်သူမှာ တဦးတည်းသာရှိသည်။ ယင်းတဦးတည်းသောသူမှာ အစုလိုက်အပြုံလိုက်အသတ်ခံရာတွင် အသက်မသေဘဲကျန်ရစ်ခဲ့သူဖြစ်သည်။ ယင်းသူကား ကျွန်တော်ပင်ဖြစ်သည်။ရှင်းရှင်းပြောရလျှင် ဆန္ဒပြလူအုပ် ရှေ့ဆုံးမှလူများ၏နောက်တန်းမှ လူများသည် သေနတ်ဖြင့်ပစ်သတ်ခြင်း ခံရသည်။ ယင်းလူအုပ်ထဲတွင် အသက်မသေဘဲ လွပ်မြောက်ခဲ့သူဖြစ်သည်။
လူအုပ်နှင့်ရော၍ မသေဆုံးဘဲ လွပ်မြောက်ရခြင်းကို ကံကောင်းသည်ဟုလည်း လက်မခံသူဖြစ်သည်။ ဤသည်မှာကျွန်တော့်ခံယူချက်ဖြစ်သည်။
မည်သည့်အတွက်ဆိုလျင် ဤအကြောင်းအရာများကို ဖတ်ရှုသိရှိလာပြီးသည့်နောက်တွင် ရှင်းလင်းစွာ သိရှိကြပါလိမ့်မည်။ နာမည်ကြီးလို၍ မုသားစကားများဖြင့် လိမ်ညာသောအဖြစ်အပျက်များကို တန်ဆာဆင်ပြီး ပြောဆိုခြင်းမဟုတ်။ ၄၃ နှစ်တိုင်တိုင် ရေငုံနုတ်ပိတ်ပြီးနေခဲ့သော အကြောင်းအရာများကို ဖွင့်အံပြောပြရာ၌ အမှန်တရားကိုသာ ပြောပြမည်ဖြစ်သည်။ သမိုင်းဆိုသည်မှာလိမ်၍မရ။ ပြည်တွင်းမှာမူ ဤအကြောင်းအရာကို ပြောလျင် အန္တရယ်ရှိပါသည်။ ထို့ကြောင့် မည်သို့မျှမပြောပြခဲ့ကြ။ မိမိ၏အပေါင်းအသင်းအချို့ နိုင်ငံရေးအ၀ိုင်းအ၀န်းများမှလွဲ၍ မည်သို့လှုပ်ရှားဆောင်ရွက်ခဲ့သြည်ကို သိရှိသူနည်းပါးပါသည်။ ယခုပြည်ပတွင် ရောက်ရှိနေပြီ။ မည်သို့မျှ စဉ်းစားရန်မလိုတော့။ အကယ်၍မပြောမဆိုဘဲ နေခဲ့လျင် သမိုင်းအမှန်ကို နောင်လာနောက်သားတို့ သိရှိကြမည်မဟုတ်။ ဆယ်စုနှစ် သုံးနှစ်ကြာမြင့်သည့်တိုင် မပြောပြနိုင်ခဲ့။ နှစ်ပေါင်းများစွာ ချုပ်တည်းပြီးနေခြင်းမှာ စောစောကတင်ပြသကဲ့သို့ လွပ်လွပ်စွာထုတ်ဖေါ် ရေးသားခွင့်မရ၍ဖြစ်သည်။ ထုတ်ဖေါ်ပြောဆိုမည် ရေးသားမည်ဆိုပါက မဆလအစိုးရသည် အကျဉ်းထောင်ထဲတွင် တသက်တကျွန်းပို့ထားမည်ဖြစ်သည်။ဤသို့ကြောင့် မဆလအစိုးရကို ကြောက်ရွံ့၍ မပြောမဆိုခဲ့။ န၀တအစိုးရလက်ထက်တွင်လည်း မပြောမဆိုမရေးသားဝံ့ခဲ့။ သို့သော် အာအက်ဖေ ရေဒီယိုအသံလွှင့်ဌါနက ၁၉၉၇ ခုနှစ်တွင် အသံလွှင့်လာသည်။ ထို့ကြောင့် ကျွန်တော့်မှာ မနေနိုင်တော့ ။ ၁၃ သြဂုတ်ဆန်ပြသနာအရေးအခင်းကို အာအက်ဖေ ရေဒီယိုမှ ဆောင်းပါးလွှင့်ထုတ်ရန် ပေးပို့လိုက်သည်။ အာအတ်ဖေမှလည်း လွှင့်ထုတ်ခဲ့ပါသည် ။ ယခုတော့ပြည်ပမှာရောက်နေပြီ။သည်တော့ သမိုင်းပေးတာဝန်ဖြစ်လာသည်။်ခေတ်အဆက်ဆက် မြန်မာနိုင်ငံစစ်အစိုးရတို့၏ လူ့အခွင့်အရေးချိုးဖေါက်ခံရမှူများကို စာအုပ်စာတမ်းများ စာစောင်များ ရေဒီယိုအသံလွှင့်ဌါနများမှ ရေးသားထုတ်လွှင့်နေကြပြီ။မြန်မာနိုင်ငံတ၀ှမ်းနှင့်
ကမ္ဘာတ၀ှမ်းမှ သိရှိရအောင် ရေးသားရပြီ။ ထိုင်းနိုင်ငံထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဆန်ပြသနာ ၁၃ သြဂုတ်အရေးအခင်းကို ဆောင်းပါးရေးပြီး သမိုင်းဖြစ်ရပ်မှန်အား တင်ပြခဲ့သည်။
ကျွန်တော်အားမရနိုင်သေးပါ။ လူတကာသိအောင်ပို၍ရေးချင်သေးသည်။ သည်တော့ စာအုပ်တအုပ်အဖြစ်ထုတ်ဝေသည့်အခါ ဤအကြောင်းကို ရေးသားတင်ပြချင်သည်။ ၁၉၉၉ ခုနှစ်တွင် ရခိုင်ပြည်မှ လူ့အခွင့်အရေးချိုးဖေါက်ခံရမှူများစာအုပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှနေပြီး ရေသားထုတ်ဝေခဲ့သည်။ အခြားသောဘလော့များ ၊ ၀ပ်ဆိုက်များတွင်လည်း တင်ဖြစ်သည်။ ယခုဤဆောင်းပါးသည် ရခိုင်ပ်ြမှလူ့အခွင့်အရေးချိုးဖေါက်ခံမှူအဖြစ်အပျက်များစာအုပ်မှ ရေးသားချက်ကို ဖေါ်ထုတ်ရေးသား တင်ပြပေးလိုက်ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သမိုင်းအမှန်ကို နောင်လာနောက်သားတို့ သိစေချင်သသည်။ ရခိုင်လူမျိုးတို့အတွက် အင်မတန်မှအရေးကြီးသော ဤသမိုင်းအရေးအခင်းသည် အလွန်အရေးကြီးပါသည် ။ယခုဆိုလျင် ဘင်္ဂလားဒေရှ့်နိုင်ငံထုတ် နရိန်ဇရာဝပ်ဆိုက်တွင် ၁၃ သြဂုတ်ဆန္ဒပြပွဲ၌ ကိုယ်တိုင်ပါဝင်သူဆိုပြီး မသိဘဲနဲ့ လျောက်ပြောနေခြင်းများကို တင်ထားသည်။ သည်တော့ သမိုင်းအမှန်ကို လူငယ်တွေ မျိုးဆက်သစ်တွေ မှားယွင်းစွာ မှတ်တမ်းတင်နေကြပြီဆိုလျှင် ပြသနာဖြစ်ပြီ။ ထို့ကြောင့် ဤအဖြစ်မျိုးကို ကျွန်တော်မလိုလား။ မှားနေသည်ဟုတော့ နရီန်ဇရာကို ပြောလိုက်သေးသည် ။ သို့သော် သူတို့က ဘာမျှ မပြုပြင် ။ မဖျက် ။ ကိုယ်တိုင်ပါင်ခဲ့သူဦးမောင်အေးချမ်းသည် ဘင်္ဂလားဒေရှ့နိုင်ငံတွင် နေထိုင်ပြီး ယင်းအရေးအခင်း၌ တဦးတည်းသာ ပါဝင်ခဲ့သူဖြစ်သည်ဟု ပြောဆိုသည်။ ရခိုင်ပြည်မှ ယင်းကဲ့သို့ သြဂုတ် ၁၃ နေ့တွင် ဆန္ဒပြပွဲကို လိုက်ပါခဲ့သောသူများမှာ ပြည်တွင်း၌ လွန်စွာရှိနေသည်။ တချို့ မှာ သမိုင်းအချက်အလက်များဖြင့် ရေးမှတ်ထားကြ မှတ်တမ်းတင်ထားကြသည်။ ကျောင်းဆရာဦးမြသိန်းဆိုလျင် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့နှင့် အခြားနေ့စဉ်ထုတ် သတင်းစာများကို တရိုတသေစုဆောင်းထားသည်။ သမိုင်းအချက်အလက်ကို ပြောချင်တိုင်း ပြောလို့မရ။ စစ်တွေမြို့ တွင် လူပေါင်းများစွာ အတုလမာရဇိန်ဘုရားကြီးမှ စတင်ဆန္ဒပြရန်ထွက်ခွါခဲ့ကြသည်ကို လူတိုင်းသိသည်။ ပြီးတော့ ကျွန်တော်က ရှိနေသည်။ ကျွန်တော်မသေသေးပါ။ ကျွန်တော်သည် ၁၃ သြဂုတ်အကြောင်းကို တိကျခိုင်မာစွာပြောနိုင်သူတယောက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၁၃ သြဂုတ် ဆန်ပြသနာနေ့ခေါင်းဆောင်မှာ ကျွန်တော်ဖြစ်သည်။ တိကျစွာပြောရလျင် ဆန်ပြသနာဖြေ၇ှင်းပါ - ရခိုင့်အရေးတော်ပုံအောင်ရမည် ဆိုသော တခုတည်းသော ဆိုင်းဘုတ်မှာ ကျွန်တော်ရေးဆွဲယူလာသော ပိုစတာဖြစ်သည်။ ယင်းပိုစတာမှာ တခုတည်းသောပိုစတာဖြစ်သည်။ ယင်းပိုစတာဆိုင်းဘုတ်ဖြင့် ကျွန်တော်သည် ဘုရားကြီးမှ ဆန်ပြသနာအရေးအခင်းကို ဖြစ်ပေါ်ရန်အတွက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲတွင် အခြားမြို့သူမြိုသူများကဲ့သို့ နောက်မှလိုက်ပါခဲ့သူမဟုတ်။ ဦးမောင်အေးချမ်းလို နောက်မှလိုက်ပြီးအော်ခဲ့သူမဟုတ်။ ဆန္ဒပြပွဲကို ဦးစီးဆောင်ရွက်ခဲ့သော ခေါင်းဆောင်ဖြစ်သည်။ သည်တော့ကျွန်တော်ပြောသော သွေးစွန်းသောသြဂုတ် ၁၃ နေ့သည် လုံးဝသမိုင်းအမှန်ဖြစ်ကြောင်း မျိုးဆက်သစ်လူငယ်များ။ သမိုင်းသုတေသီများနှင့် နိုင်ငံရေးသမားများတို့က ခန့်မှန်းနိုင်ကြပါလိမ့်မည်။
===== ========= ========= ======== ======== ======== =========
ကံကောင်းသည်ဟုပြောသောစကားကို မိမိလက်မခံခြင်းမှာအကြောင်းတရားရှိသည်။ ယင်းစကားသည် မိမိနှင့်မပါတ်သက်။ မသက်ဆိုင်။ မိမိမှာပြောဆိုပိုင်ခွင့်လည်းမရှိ။ ပြောလျင်လည်း တရားနည်းလမ်းကျမည်မဟုတ်။ တခြားသူများသာ ပြော၍ဆို၍ရမည်ဖြစ်သည်။ သို့အတွက်ကြောင့်မိမိမှာ ယေဘူယျသာလက်ခံခြင်းဖြစ်သည်။ စင်စစ်ကျွန်တော်သည်ဤသြဂုတ်လ ၁၃ ရက်နေ့တွင် သာမန်ပြည်သူများကဲ့သို့ ဆန်ပြသနာဆန္ဒပြပွဲ၌ ပါဝင်လှုပ်ရှားခဲ့ရသူမဟုတ်ချေ။ ပကတိလိုအပ်နေသော ကာလတခုတွင် ကျောင်းသား ၁၃ ဦးနှင့် စတင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲကို ကျွန်တော်ခေါင်းဆောင်၍ လှုပ်ရှားဆန္ဒပြခဲ့ရာ ယင်းနေ့၌ဖြစ်ပွါးခဲ့သော အကြောင်းများတွင် တာဝန်အရှိဆုံးမှာ ကျွန်တော်သာလျင် ဖြစ်မည်။ ယင်းသို့လည်း မိမိကိုယ်ကို ခံယူထားသည်။ ရခိုင်ပြည်သည် ဆန်စပါး၊ကျွန်းသစ်၊သားငါးပုဇွန်၊ ပေါများကြွယ်ဝသော ပြည်ဖြစ်သည်။ တနှစ်လျင် မိုးရေချိန်လက္မ ( ၂၀၀ ) ကျော် ရွာသွန်းသောကြောင့် စိုက်ပျိုးသီးနှံဖြစ်ထွန်းသည်။ မြေသြဇါကောင်းသည်။ နိုင်ငံတော်အစိုးရအတွက် လယ်ယာတောင်သူများသည် ပိုလျှံစပါးကိုပင် ရောင်းချနိုင်ခဲ့ကြသည်။ ရခိုင်ပြည်တွင်းတွင် ထွက်ရှိသောစပါးများကို ပြည်မသို့သဘောင်္ာကြီးများဖြင့် နှစ်စဉ်ပင်သယ်ယူကြရသည်။ ရှေးယခင်ကပင် ရခိုင်ပြည်သည် ရခိုင်လူမျိုးတို့၏ ဓည၀တီနိုင်ငံဖြစ်ခဲ့သည်။ ဓည၀တီဆိုသည်မှာ ဆန်ရေစပါး ပေါကြွယ်ဝသည်ဆိုသည့် ပါဌိအားဖြင့် အဓိပ္ပါယ်ရသည်။ ဓည၀တီရခိုင်ပြည်သည် မည်သည့်အချိန်တွင်မျှ ဆန်ရေစပါးရှားပါးမှူမဖြစ်နိုင်။ မဆလလက်ထက်တွင်မူ လက်တွေ့ခံစားလာကြရသောအခါ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်လာရသည်။ ဆန်ရှားပါးမှူဖြစ်လာသောကြောင့် ဆန်ဈေးများကြီးမြင့်လာသည်။ ဆန်ဈေးကြီးမြင့်လာသလို သားငါးဈေးကလည်း လိုက်၍ကြီးမြင့်လာသည်။ ဆန်တပြည်ကို ၁၅ ကျပ်အထိ ဈေးတက်လာသည်။ ထို့ကြောင့် ပြည်သူတို့သည် ဆန်ဈေးကြီးမြင့်ဒဏ်ကို ရင်ဆိုင်လာရသည်။ ဤပြသနာကို မဆလ၏လယ်သမားအစည်းအရုံးမှ ပါတိကေဒါများသည် မည်သို့မျှ ရှင်းလင်းနိုင်ခြင်းမရှိ။
ကျောင်းသားများသည် မ၀ရေစာစားသောက်၍ ကျောင်းတက်လာရတော့သည်။ မိမိတို့စားသောက်၍ ကျောင်းတက်လာရသော်လည်း အိမ်မှာကျန်ရစ်ခဲ့သော မိသားစုတို့မှာ စားသောက်ချင်မှစားသောက်ရပပေလိမ့်မည်။ တနေ့တွင်နှစ်နပ်စားသောက်ရသော ဘ၀မှ တနပ်စာသာ စားသောက်လာရသည်ကို ကျောင်းစာသင်ခန်းအတွင်းတွင် ပြောဖြစ်လာကြရသည်။ ကျွန်တော်တို့အထက်တန်းကျောင်းသား ဘ၀အတွင်းသို့ ရောက်လာကြသည့် သတင်းအတိုင်းအတာအရ နိုင်ငံရေးကို ခန့်မှန်းတွက်ဆလာကြသည်။
မြို့ထဲတွင်သတင်းများ သဲ့သဲ့ကြားလာရသည်။ ဆန်ပြုတ်သောက်နေကြရသည့်သတင်းများ၊ ဆန်မ၀ယ်နိုင်၍ လုယက်သောသတင်းများကြားရသည်။ အဆပ်သောက်ပြီး အသက်ကိုအဆုံး သေကြောင်းကြံသည့်သတင်ျးားကြားရသည်။ လုယက်မှူများ၊ ဓါးပြမှူများသည် စစ်တွေမြို့နှင့် အနီးတ၀ိုက်ကျေးရွာများတွင်ဖြစ်ပွါးလားသည်။ စစ်တွေမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်။ နိုင်ငံခြားမှ သဘောင်္ာကြီးများဝင်ထွက်သွားလာသောမြို့တော်ဖြစ်သည်။ ကုလားတန်မြစ်လယ်တွင် ကျောက်ချရပ်နားနေသည့် ဆန်များကိုသယ်ယူရန် မီးတထိန်ထိန်ဖြင့်မြင်ရသော နိုင်ငံခြားသဘောင်္ာကြီးများကို ငယ်ငယ်တုံးက ကြည့်၍ပျော်မြူးခဲ့ရသည်။ မြစ်လယ်တွင် မီးရောင်စုံဖြင့် သဘောင်္ာကြီးများသည် အလွန်ပဏာတင့်စွာ လှပလွန်းနေသည်။ ယခုတော့ ဤသဘောင်္ာကြီးများကို ရင်နင့်စွာစိုက်ကြည့်လာဖြစ်ပြီ။ ဤသဘောင်္ာကြီးများသည် ကျွန်တော်တို့၏ပြည်နယ်မှ ဆန်များကို သယ်ယူခြင်းကြောင့် ဆန်စပါးရှားပါးရခြင်းဖြစ်သည်ဆိုသော အသိတရားသည် ကျွန်တာ့်နှလုံးသားတွင် ဆူးစုးသကဲ့သို့ ခံစားလာခဲ့တတ်သည်။ဤအကြောင်းအရာတွေကိုပင် သူငယ်ချင်းများနှင့် တွေ့ဆုံပြီးစကားပြောဖြစ်ကြသည်။ မြစ်လယ်တွင်မီးတထိန်ထိန်ဖြင့် မြင်ရသော ပင်လယ်ကူးနိုင်ငံခြားသဘောင်္ကြီးများ။ထမင်းငတ်၍အသက်ကိုအဆုံးစီရင်သွားသူများ။ဓါးပြတိုက်ပြီး ဆန်လုယက်သူများ၊ မဆလပါတီစကားများပြောပြီး လေလုံးကြွားဝါနေကြသူများ၊ ထမင်းကျန်ပေးပါဆိုသော တောင်းရမ်းနေကြသည့်အသံများ၊ ဤအနိဌါရုံအသံများသည် ကျွန်တော်နေ့စဉ်တွေ့မြင်နေရသည်။ ဤသို့မြင်တွေ့ရလေလေ ရင်ခုန်မူသည်မြန်လေလေဖြစ်နေသည်။ ရင်ထဲတွင် နာကျင်နေသည်။
============= ========== ============== ===============
၁၉၆၇ ခုနှစ် သြဂုတ်လ ( ၁၁ ) ရက်နေ့
ဤနေ့သည်ဆန်ပြသနာကိုဖြေရှင်းရန်အတွက် တာစူသောနေ့ဖြစ်သည်။ နေ့တဓူဝဖြစ်ပျက်နေသောအခြေအနေဆိုး၏ နောက်ဆုံးရက်များ၌ စစ်တွေမြို့ ၏ ဆန်ပြသနာဒီရေသည် အရှိန်အဟုန်မြှင့်တက်လာသည်။ ယင်းနေ့သည် မိုးဖွဲဖွဲရွာနေသော နေ့ဖြစ်ကြောင်း ကောင်းစွာအမှတ်ရနေမိသည်။ အမှန်ကိုဆိုရလျင် မဆလတိုင်းခွဲ (၁၃ ) ရုံးရှိရာသို့သာသွားရောက်ကြရမည်ဖြစ်သည်။ တိုင်းခွဲ(၁၃ )သည် ဘဏ်ရုံးအဆောက်အဦ၏အပေါ်ထပ်တွင်ရှိသည်။ ယင်းရုံးတွင် တိုင်းခွဲ (၁၃ ) ဥက္ကဌအဖြစ် ဗိုလ်ချုပ်သူရစောဖြူ(လေ ) မှာ ပြည်နယ်၏လူမှူရေး၊စီးပွါးရေး၊ နိုင်ငံရေးပြသနာအ၀၀ကို ကိုင်တွယ်ဖြေရှင်းရန် ဖွင့်ထားသောရုံးဖြစ်သည်။ သို့ပေမင့် ပြည်သူတို့သည် ယင်းရုံးသို့ခြေဦးးမလှည့်ခဲ့ကြ။ ခလကရုံးသို့သာ စုဝေးရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ အကြောင်းမှာ ခလကရုံးသည် ဆန်ပြသနာအတွက် တာဝန်ရှိသည်ဟု သူတို့နားလည်သဘောပေါက်ထားကြသည်။ ယင်းအချိန်က ခလက ဥက္ကဌမှာဗိုလ်မှူးတင့်လွင်ဖြစ်သည်။
ခလကရုံးရှေ့ရှိ လမ်းဘေးတဘက်တချက်တွင် မိုးရေတဖွဲဖွဲကြားထဲ၌ တယောက်တပေါက်ပြောဆိုနေကြသည်။ ကျွန်တော်တို့ကျောင်းသားအနည်းငယ်များမှအပ တခြားသောသူတို့မှာ လူကြီးသူမများဖြစ်သည်။ ဆင်းရဲနွမ်းပါးသောမိန်းမကြီးများကို တွေ့မြင်ရသည်။ လူမမယ်ခလေးသူငယ်များကို ချီပိုး၍နေသော သားသည်မိခင်များကိုလည်း တွေ့ရသည်။ ညနေစောင်းသည်အထိ ကျွန်တော်တို့သည် ဆန်ကိစ္စကို ခလကရုံးမှ ဖြေရှင်းပေးမည်လားဆိုပြီး အနေအထားကို စောင့်ဆိုင်းနေခဲ့ကြသည်။ ညနေ (၆ ) နာရီခန့်တွင် ခလကရုံးမှ တာဝန်ရှိသူများဟု ထင်ရသည့်လူနှစ်ယောက်က လမ်းပေါ်သို့ထွက်လာပြီး အိမ်ပြန်ကြရန်ပြောလာသည်။ ကျွန်တော်တို့လူစုအား အိမ်ပြန်ရန်ပြောကြသောအခါ အော်ကြီးဟစ်ကျယ်ဖြစ်ကြပါတော့သည်။ သို့သော်လည်းနောက်ပိုင်းတွင် မည်သို့မျှအကြောင်းမထူးမှန်းသိသြည်။ ကျွန်တော်တို့အနေနှင့် ဤကိစ္စကိုမည်သို့ဖြေရှင်းရမည်ကို ချက်ချင်းဆုံးဖြတ်ကြသည်။ ဆတ်ရိုးကျဆိပ်ကမ်းရှိ ဆန်ဂိုဒေါင်များမှ ဆန်များးကို ဖေါက်ဖျက်ယူကြရန်ဆိုသော ဆုံးဖြတ်ချက်ဖြစ်သည်။ `ဤသည်မှာလက်ငင်းဓိဌဖြေရှင်းနိုင်သော ပြသနာဖြစ်သည်။ ဆန်ဂိုဒေါင်မှဆန်များကို နိုင်ငံခြားသို့တင်ပို့ရန် ယင်းဆန်များကို ဂိုဒေါင်များတွင်သိုလှောင်ထားသည်။ နိုင်ငံခြားပင်လယ်ကူးသဘောင်္သုံးစင်းသည် ကုလားတန်ဖြစ်လယ်တွင် ကျောက်ချရပ်နားလျှက်ရှိသည်။ ကျွန်တော်တို့က ၀မ်းဟောင်းလောင်းဖြစ်နေသောအခါ နိုင်ငံခြားသို့တင်ပို့မည့် မဆလအစိုးရ၏၏လုပ်ရပ်ကို လက်မခံနိုင်။ ယခုမဆလအစိုးရသည် ရခိုင်ပြည်တွင် ထမင်းငတ်၍သေသော်လည်း ဂရုမစိုက်။ နိုင်ငံခြားသို့ဆန်စပါးများကို တင်ပို့ေ၇ာင်းချပြီး ပြည်သူများကို သတ်ဖြတ်မည့် လူသတ်လက်နက်ဖြစ်သော သေနတ်များကိုဝယ်မည်။ သည့်နောက်သူတို့သက်ဆိုးရှည်အောင် လက်နက်ဖြင့်အုပ်ချုပ်မည်။ ဤသည်မှာယင်းအချိန်က ကျွန်တော်တို့အမြင်ဖြစ်သည်။ ငတ်၍အသေခံမည် မခံမည်ဆိုသည်မှာ ကျွန်တော်တို့အလုပ်ဖြစ်သည်။ ထို့ကြောင့်ကျွန်တော်တို့သည် လုပ်နိုင်သည့်အလုပ်ကို လုပ်ကြရန်တီးတိုးပြောကြပြီး လူစုခွဲလာကြသည်။ လူစုမခွဲလာလျှင် မဆလအစိုးရသည်စစ်တပ်များဖြင့် ဂိုဒေါင်များတွင် စောင့်ဆိုင်းနိုင်ပေလိမ့်မည်။ ကျွန်တ်ာတို့သည် မင်းဘာကြီးလမ်းအတိုင်း ရှေ့နောက်လူခွဲ၍လာခဲ့ကြရာ ဆင်ကူးလမ်း၊အုန်းတပင်ရပ်ကွက်ရှိ ဆန်ဂိုဒေါင်များရှိရာသို့ လာခဲ့ကြသည်။ ကုန်သွယ်ရေး( ၁ ) ရုံးသည်ဆတ်ရိုးကျချောင်းနံဘေးတွင် ရုံးဖွင့်လျှက်ရှိသည်။ ယင်းရုံးနှင့်မလှမ်းမကမ်းတွင် ဆန်ဂိုဒေါင်များရှိသည်။။ ဆန်စက်များက ချောင်းနံဘေးတွင် ရှိနေခြင်းကြောင့် ဆန်ဂိုဒေါင်များကို အနီးတွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ကျွန်တော်တို့ဆန်ဂိုဒေါင်ရှိရာသို့ရောက်လာကြသောအခါ ဂိုဒေါင်ခြံပေါက်ဝတွင် ရဲအစောင့်တဦးကို တွေ့ရသည်။ လူအုပ်ကိုမြင်သောအခါ သူသည်နားလည်ဟန်တူပါသည်။
" တံခါးကိုဖွင့်ပေးပါ။ ကျွန်တော်တို့ဂိုဒေါင်ထဲက ဆန်တွေကို ယူကြရတော့မယ်။ အငတ်မခံနိုင်ကြတော့ဘူးဗျို့  "
ကျွန်တော်တို့က ခြံပေါက်ဝမှအော်ပြောသည်။ ဂိုဒေါင်စောင့်လုံခြုံရေးရဲသားမှာ အံ့သြစွာကြည့်နေပြီး ပြန်ပြောသည်။
" ခြံတံခါးကို ဖွင့်မပးနိုင်ပါဘူးဗျာ၊ ကျနော်က လုံခြုံရေးအတွက် စောင့်နေရသူပါ။ ဒီလိုဖေါက်ဖျက်ယူလို့ရမှာမဟုတ်ပါဘူး"
လုံခြုံရေးရဲသားက သူ့မှာတာဝန်ရှိသလောက် ပြောမှန်းသိသည်။ ကျွန်တော်တို့သည် ပြောဆိုပြီးသားစကားကို နောက်ထပ်ပြောဆိုရန် အချိန်မပေးနိုင် ထပ်မပြောနိုင်။ ရဲသားလက်ထဲတွင် သေနတ်ကိုင်ဆောင်ထားသည်ကိုမြင်ရသည်။ ချက်ချင်းခြံပေါက်ဝကို ကျွန်တော်တို့ရိုက်ချိုးဖေါက်ဖျက်လိုက်သည်။ ရဲသားသည် ဂိုဒေါင်နောက်ဖက်သို့ ပြေးလွှားပျောက်ကွယ်သွားသည်။ ကြောက်လန့်၍ထွက်ပြေးသွားခြင်းဖြစ်သည်။ကျွန်တော်တို့သည် ဆန်ဂိုဒေါင်၏တံခါးဝကိုကြည့်လိုက်သည်။ ဂိုဒေါင်ထဲ၌ ဆန်အိတ်များကို စုပုံထားသည်မှာ ဂိုဒေါင်အမိုး ထိလုနီးနီးဖြစ်သည်။ ဂိုဒေါင်တခုလုံးဆန်တွေအပြည့်မြင်ရသည်။
" လာကြပါဗျို့  "
ကျွန်တော်က အော်ပြောလိုက်သည်။ ဆန်ယူရန်လာကြသောလူအုပ်သည် အမှန်တကယ်ဆန်ယူရမည်ဆိုသောအခါ တုန့်ဆိုင်းနေကြသည်။ အသက်(၆၀ ) ကျော် အမေအိုကြီးတဦးက တုန်တုန်ရီရီနှင့် လှေခါးကိုတက်လိုက်သည်။ ဂိုဒေါင်လှေခါးသည် လေးထစ်သာရှိသည်။ ယင်းလှေခါးထစ်လေးထစ်ကို ကျော်တက်ပြီး အမေအိုကြီးမှာ ဂိုဒေါင်ထဲသို့ တဦးထဲ၀၀်သွားသည်။ မည်သူမျကပ်၍လိုက်မသွားကြ။ ခဏအကြာတွင် အမေအိုကြီးမှာ ဂိုဒေါင်တံခါးဝသို့ ပြန်လည်ထွက်လာသည်။ ခေါင်းပေါ်တွင် လုံခြုံစုတ်ဖြင့် ထုတ်ထားသော ဆန်ထုပ်ကိုရွက်ပြီး ထွက်လာခြင်းဖြစ်သည်။ အမေအိုကြီးလှေခါးပေါ်မှ ဆင်းပြီးနောက် အောက်သို့ရောက်သောအခါ လူအုပ်မှာလက်ခုပ်လက်ဝါးတီးပြီး သြဘာပေးကြသည်။ အမေအိုကြီးမှာ အလွန်ဆုံးဆန်တွေကို ခေါင်းပေါ်တွင် ရွက်ယူလာနိုင်သည်ဆိုသော်လည်း ၁၀ ပြည်ခန့်တောင်ပါမည် မထင်ရချေ။ သို့သော် ယနေ့အဖို့တွင် အမေအိုတို့မိသားစုထမင်းးမငတ်ကြတော့ပြီ။
" ဖျောင်း --- ဖျောင်း ----ဖျောင်း ---ဖျောင်း -×- "
သည့်နောက်တွင် ဆန်ဂိုဒေါင်ထဲမှ ဆန်များကိုလူတွေသယ်ယူကြတော့သည်။ ဂိုဒေါင်သုံးလုံးသည် ချက်ချင်းပင်ကုန်စင်အောင် ယူသွားခံရသည်ဟု နောက်ပိုင်းတွင် သိရသည်။ကျွန်တော်ထင်ပါသည်။ လက်ငင်းဖြေရှင်းရမည့် တာဝန်တရပ်ကို ပြည်သူတွေအတွက် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်ဟုသုံးသပ်မိသည်။
======= ========== =========== ========== ======== =========
၁၉၆၇ ခုနှစ် -သြဂုတ်လ ၁၂ ရက်နေ့
ယမန်နေ့က ဆန်ဂိုဒေါင်ဖွင့်ပြီး ဆန်ယူသွားသော သတင်းသည် မြို့ ထဲတွင် နေရာအနှံ့အပြား ပြောဆိုသံများကြားရသည်။ လူတိုင်း၏ပါးစပ်ဖျားတွင် ယင်းအကြောင်းများကိုသာ ပြောဆိုဖြစ်နေကြသည်။ ဆန်ဂိုဒေါင်ကိုဖေါက်ယူခြင်းနှင့် ပါတ်သက်၍ ရဲများကလိုက်လံ ဖမ်းဆီးခြင်းလည်းမရှိ။ မဆလတိုင်းခွဲ(၁၃ )သည်ပင်ဤကိစ္စကိုအရေးယူဆောင်ရွက်ခြင်းမရှိ။ မဆလ၏အုပ်ချုပ်ရေးယန္တယားသည် ပြည်နယ်တွင်းဖြစ်ပျက်နေမူများကို မည်သို့မျှမသိရှိလားမသိ။ ဖြစ်နေကြည့် လူထုများ၏ အခြေအနေများကို အောက်ခြေအဆင့်မှ မည်သို့တင်ပြ အစီရင်ခံသည်မသိ။ ဆန်ဂိုဒေါင်ဖေါက်ထွင်းမူနှင့် ပါတ်သက်၍ မည်သူမျှ တရားခံအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်းမရှိ။ နေ့လည်ဘက်တွင်မူ ဆန်ကိစ္စနှင့်ပါတ်သက်၍ အစည်းအဝေးလုပ်သည်ဟုကြားရသည်။ ကျွန်တော်တို့သူငယ်ချင်းတစုသည် ဤအစည်းအဝေးနှင့်ပါတ်သက်၍ သတင်းများကို စုံစမ်းလေ့လာကြသည်။ ယင်းအချိန်က ကျွန်တော်တို့၏စုရပ်သည် မြရုပ်ရှင်ရုံဘေးနားမှ ကိုရွှေဘခေါ် ကိုသာနို့ ကွမ်းယာဆိုင်ဖြစ်သည်။ ကွမ်းယာဆိုင်မှာတနေကုန်ထိုင်ပြီး လူငယ်များစွာ စုရုံးတတ်ကြပါသည်။ ပါဒလိပ်ချိတ်ရပ်ကွက်မှာ ကျွန်တော်နေသော်လည်း မိုးလင်းမှနေ၀င်အထိ လမ်းမကြီးမှာသာ အနေများသည်။ မည်သို့ဆိုလျင် စစ်တွေမြို့ တောင်ပိုင်းမှာ နေထိုင်သောသူတို့သည်သာ စစ်တွေမြို့ တွင်း၌ ဖွင့်လှစ်ထားသောကျောင်းများ၌ အနေများကြပါသည် တရားသီးစုရပ်ကွက်သည်ပင် လမ်းမတော်ရပ်ကွက်၌ဖွင့်လှစ်ထားသောကျောင်းများမှာ အနေများကြသည်မို့ မြို့ တွင်းမှ လူငယ်များနှင့် မိတ်ဆွေ သူငယ်ချင်းဖြစ်ရန် အကြောင်းမရှိကြ။ ပြီးတော့ စစ်တွေမြို့ တောင်ပိုင်းနှင့်လည်း အဆက်အသွယ်မရှိကြချေ။ တနည်းအားဖြင့် ဘောလုံးအားကစားသမားများသာ ထူးချွန်ကြသူများဖြစ်ပါက မြို့ တွင်းမှ လူငယ်ကျောင်းသားများနှင့် မိတိဆွေရင်းချာဖြစ်တတ်ကြပါသည်။ သို့သော်လည်း နည်းပါးလှပါသည်။ ကိုရွှေဘ ဆိုင်အနီးတွင် ကိုသာထွန်းအောင် တို့အိမ်ရှိပါသည် ။ နွားသာထွန်းအောင်လို့လည်း ခေါ်ပါသည်။ ကျွန်တော်တို့သည် ကိုသာထွန်းအောင်နှင့် အတူ အမြဲတမ်းစကားစမည်ပြောရင်း မဆလအစိုးရ၏ လုပ်ရပ်များကို ဝေဖန်တတ်နေကြသည်။ ယခုလည်း ဆန်အကြောင်းနှင့်ပါတ်သက်၍ အစည်းအဝေးမှ ထွက်ပေါ်လာသော သတင်းကို နားထောင်ကြပါသည်။ ထွက်လာသောသတင်းသည် ကျွန်တော်တို့လိုချင်သော သတင်းမဟုတ်။ ဆန်အစည်းအဝေးတွင် တက်ရောက်ခဲ့ကြသော လူသုံးဦးအမည်ကို ကြားရသည်။ ၄င်းတို့မှာ ဦးမောင်ဦးကျော် ဖြစ်သည်။ ဦးမောင်ဦးကျော်၏အိမ်သည် ကျွန်တော်တို့ထိုင်နေသော ကိုရွှေဘ၏အိမ်ဘေးနားမှ ဖြစ်သည်။ နောက်ကျောင်းဆရာဦးဘခင်ဖြစ်သည်။ သူကား ကျွန်တော်တို့၏အလယ်တန်းပြဆရာဖြစ်သည်။ အမှတ်(၂ ) အစိုးရအထက်တန်းတွင် ၅ တန်းမှ ရ တန်းအထိ ကျွန်တော်တို့ကို စာပြခဲ့သောဆရာတဦးဖြစ်သည်။ မြရုပ်ရုံနောက်ဘက် အိုးတန်းရပ်ကွက်နေထိုင်သူဖြစ်သည်။ နောက်ကားပိုင်ရှင် ဦးကျော်မောင်ဖြစ်သည်။ သူကားလောင်းကစားမှာ နာမည်ကြီးသူဖြစ်ပြီး ယင်းငွေကြောင့် ဟိန္ဒူတိုက်ကိုဝယ်ထားသလိုလို ကားပွဲစားကြောင့် ချမ်းသာ၍ ကျေးပင်ကြီးရပ်ကွက်ရှိ တိုက်ကြီးတလုံးကို ၀ယ်ပြီးနေသူဖြစ်သည်။
သို့ဖြစ်၍ ကျွန်တော်တို့သည် ညနေ ၈ နာရီခန့်တွင် လူစုကြကာ ပထမဆုံးကိုရွှေဘအိမ်နားက လမ်းထောင့်မှာရှိသော မြူနီစပ္ပါယ်လူကြီးဦးမောင်ဦးကျော်အိမ်ကို ခဲများဖြင့် ၀ိုင်းဝန်းပစ်ပေါက်ကြသည်။ တနာရီခန့်မျှပစ်ပေါက်ကြခြင်းဖြစ်သည်။ တအိမ်လုံးရစရာမရှိအောင် ပြိုကျသွားအောင်ထိ ပစ်ပေါက်ကြခြင်းဖြစ်သည်။ စစ်တွေမြို့ အမှတ် (၁ ) ရဲစခမ်းသည် ကျွန်ောတ်တို့ပစ်ပေါက်သောနေရာနှင့် လမ်းခွဆုံနှစ်ခွဆုံသာကွာဝေးသည်။ လမ်းလျာက်လျင် ၅ မိနစ်ခန့်သာ လျောက်ရပေလိမ့်မည်။ သို့သော် မည်သည့်ရဲမှ လာရောက်ခြင်းမရှိချေ။ သည့်နောက် ဆရာဦးဘခင်အိမ်သို့သွားကြပါသည်။ ဦးမောင်ဦးကျော်အိမ်နောက်မှ လျောက်သွားလိုက်လျင် ၅ မိနစ်တောင်မကြာ။ ဦးဘခင်အိမ်ရှေ့ရောက်သည်နှင့် ဆက်လက်ပစ်ပေါက်ကြပါသည်။ အနည်းဆုံးတနာရီခန့်ကြာမည်ထင်သည်။ ယင်းမှပြီးလျင် ကျေးပင်ကြီးရှိ ဦးကျော်မောင်အိမ်သို့ ညာသဲပေး၍ လျှောက်လာကြသည်။ ဦးကျော်မောင်အိမ်သို့လာရာတွင် စစ်တွေမြို့ အမှတ် (၁ ) ရဲစခမ်းနောက်မှ သွားရခြင်းဖြစ်ပါသည်။ သို့သော်ရဲများထွက်လိုက်လာခြင်းမရှိ ။ သည်လိုနှင့် ကျေးပင်ကြီးသမ၀ါယမဆိုင်ရှေ့ ကားပွဲစားဦးကျော်မောင် တိုက်ကို ခဲများပစ်ပေါက်ကြပါသည်။ အခြားသောသူတို့မှာ ပျဉ်ကာဓနိမိုးအိမ်များဖြစ်၍ အပျက်အစီးများနိုင်သည်။ ဦးကျော်မောင်တိုက်ခကားအုဌ်နှင့် ဆောက်လုပ်ထားသည်မို့ ကျွန်ောတ်တို့မှာ ထင်သလောက် ခဲနှင့်ပစ်ပေါက်ရသည်မှာ စိတ်မပါလှ။ ခဲများနှင့်ပစ်ပေါက်နေသည့်အချိန်အတွင်း ကျွန်တော်တို့၏လုပ်ရပ်ကို မည်သူမျှ ဟန့်တားမှူမရှိကြ။ အကြောင်းမှာကျွန်တော်တို့၏လုပ်ရပ်သည် တမြို့ လုံးသားလုံး အရေးဖြစ်နေသောကြောင့်ဖြစ်သည်။ အပြန်လမ်းတွင် လူစုခွဲခါနီးကျွန်တော်စကားပြောလိုက်သည်။ ကျွန်တော့်စကားကို လူအုပ်ကလက်ခံကြသည်။ ကျွန်တော်ပြောသောစကားမှာ ရှင်းလွန်းမက ရှင်းလွန်းနေသည်။ ပြတ်သားလွန်းမက ပြတ်သားလွန်းနေသည်။
" မနက်ဖန်ခါ ဆန်ပြသနာကို ပြေလည်အောင် မလုပ်ပေးရင် ဆန္ဒပြမယ်။ ဘုရားကြီးမှာ နေ့လည် ၁၂ နာ၇ီမှာ လူစုမယ် "
======= ================ ============= ========== ======== ============
၁၉၆၇ ခုနှစ် သြဂုတ် ၁၃ ရက် ဆန်ပြသနာနေ့
ကျွန်တော်သည်တညလုံးမိမိအိမ်ထဲတွင် ပိတ်ဖြူပေါ်တွင် ပိုစတာရေးနေဖြစ်သည်။ ပိုစတာမှာ မနက်ဖန်ဆန္ဒပြပွဲ၌ တခုတည်းသော ဆိုင်းဘုတ်ဖြစ်သည်။ လက်ရေးမလှသော်လည်း ကျွန်တော့်မှာကြိုးစားရေးရသည်။ ပန်းချီဆရာလည်း မဟုတ်သောကြောင့် လှလှပပမရေးချယ်နိုင်သော်လည်း အဆင်တော့ပြေမည်ထင်သည်။ ပြီးတော့ မည်သူ့ကိုမျှမသိစေချင်သည့်
အကြောင်းကလည်းပါပါသည်။ ပိုစတာစာလုံးများကို ရေးပြီးသောအခါ သန်ခေါင်ကျော်နေပြီ။ တညလုံးအိမ်များကို ခဲများနှင့် ပစ်ပေါက်နေခဲ့ပြီးမှ ပိုစတာကိုရေးနေချိန်၌ အချိန်မည်မျရှိနေခဲ့ပြီကို သတိမထားခဲ့။ ကျွန်တော်ရေးဆွဲထားသောပိုစတာဆိုင်းဘုတ်ကို စိတ်တိုင်းကျမကျ ကြည့်ဖြစ်နေမိသည်။ အလျှားပေ (၁၀)ပေရှိပြီး အနံ (၆ ) ပေရှိသောပိတ်ဖြူတွင် ရေးထားသည်မှာ ဘာဘဲဖြစ်ဖြစ် ကျေနပ်နေသည်။
" ဆန်ပြသနာဖြေရှင်းပါ×++++ ရခိုင့်အရေးတော်ပုံ အောင်ရမည် '
စာလုံးကြီးကြီးဖြင့် ရေးသားပါရှိသောပိုစတာဆိုင်းဘုတ်ကို သေသျေခာချာလိပ်၍ အင်ကျီအတွင်းဖက်တွင် ထည့်ဝှက်ယူလာခဲ့သည်။ ကျွန်တော်အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးသို့ ရောက်သွားသောအခါ တချို့ကျောင်းသားလူငယ်တွေကို တွေ့ရသည်။ အားလုံးမှာကျွန်တော့သူငယ်ချင်းများဖြစ်သည်။ ၁၂ ယောက်ခန့်ရှိသည်။ ကျွန်တော်၏ညီဖြစ်သူမောင်သာထွန်းလည်း ပါသည်။ ဘုရားကြီးရင်ပြင်တွင် ပုတီးစိတ်ပြီး တရားထိုင်နေသောပုဂ္ဂိုလ်နှစ်ဦးကို တွေ့မြင်ရသည်။ ၀ဲယာသို့ကြည့်မိသည်။ ဤသို့ကြည့်ရသည်မှာ အကြောင်းရှိသည်။ မဆလတွင် သတင်းပေးသူများမှိုလိုပေါက်နေသည်။ သုံးကျပ်ဆယ့်ငါးပြားစားသတင်းပေးများဖြစ်သည်။ တကြိမ်သတင်းပေးလျင် သုံးကျပ်ဆယ့်ငါးးပြားရသည်ဟု ပြောသံကိုကြားဖူးသည်။ ထို့ကြောင့်ဘုရားကြီးရင်ပြင်တွင် သတင်းပေးများရောက်ရှိနေမူ ရှိမရှိကို ကြည့်ရှူရခြင်းဖြစ်သည်။ စိတ်ချလက်ချဖြစ်သောအခါ ကျွန်တော်တို့စုဝေးထိုင်လိုက်ကြပြီး တိုတိုတုတ်တုတ်နှင့်လိုရင်းဖြစ်သည်။ကျွန်တော်က စတင်ပြောလိုက်သည်။
" ဒီကနေ့ဆန္ဒပြဖို့အတွက် ပိုစတာကို ကျွန်တော်ရေးလို့ယူလာခဲ့ပြီ။ မဆခအစိုးရဟာ ဆန်ပြသနာကို လုံးဝမဖြေရှင်းဘူး။ ကျွန်တော်တို့ဟာ အငတ်ခံပြီး အသေမခံနိုင်ဘူး။ အေင်ပွဲတခုခုကို ရရှိဖို့အတွက် တိုက်ပဲါတခုခုကို လုပ်ကိုလုပ်ရမယ်။ ဒီပိုစတာကို သေသေချာချာချည်နှောင်ပြီး မြို့ တွင်းကိုပတ်ပြီး ဆန္ဒပြမယ်။ "
တယောက်မျှကန့်ကွက်သူမရှိ။ ကျွန်တော့်ကိုယ်တွင်းမှ ၀ှက်ယူလာသောပိုစတာကို ထုတ်ယူလိုက်သည်။ နောက်ဝါးလုံးနှစ်လုံးကို ရှာဖွေယူပြီး ကြိုးများနှင့် ချည်နှောင်ကြရသည် ပိုစတာဆိုင်းဘုတ်ကြီးသည် ခိုင်မာစွာဖြင့် ရှိနေပြီ။ ဘုရားကြီးမှထွက်သည့်အခါ ကျွန်တော့ညီဖြစ်သူ မောင်သာထွန်းက တဖက်က ဆိုင်းဘုတ်ကိုကိုင်ပြီး စထွက်သည်။ ဘုရားကြီးရင်ပြင်မှ ဘယ်ဖက်သို့ စထွက်လိုက်ကြသည်။ အကြောင်းမှာ လမ်းမကြီးသို့သာ ခြေဦးလှည့်လိုက်လျှင် စစ်တွေတမြို့ လုံးက လူတွေပါနိုင်ကြမည်မဟုတ် ။ မြို့ကိုပတ်၍ သွားရန်အရေးကြီးသည် ။ ထို့ကြောင့် ဘယ်ဖက်လှည့်ပြီး ဒိုးဝန်းရွာ ယခုရွာကြီးတောင်ရပ်ကွက်မှ စတင်ဆန္ဒပြကြရန် ထွက်လိုက်ခြင်းဖြစ်သည်။ ထွက်သည်နှင့် ကျွန်တော်က အသံမာမာဖြင့် ကြွေးကြော်အော်ဟစ်လိုက်သည်။
" ဆန်ပြသနာ ဖြေရှင်းပါ - ရခိုင့်အရေးတော်ပုံ အောင်ရမည် "
" ဆန်ပြသနာ ဖြေရှင်းပါ- ရခိုင့်အရေးတော်ပုံ အောင်ရမည် "
နောက်မှကြွေးကြော်သံများသည် ကျယ်လောင်စွာထွက်ပေါ်လာသည်။
" ဆန်ပြသနာ ဖြေရှင်းပါ--ရခိုင့်အရေးတော်ပုံ အောင်ရမည် "
" ဆန်ပြသနာ ဖြေရှင်းပါ - ရခိုင့်အရေးတော်ပုံ အောင်ရမည် "
ဒိုးဝန်းရွာကိုဝင်သည့်နှင့် မြောက်ဘက်အတိုင်းဆက်လျှောက်ကြသည်။ အားရပါးရ ကြွေးကြော်လာကြသည်။ ကျွန်တော်တို့၏ ကြွေးကြော်သံများကို ကြားကြသောဒိုးဝန်းရွာသားတို့သည် အိမ်ထဲမှ ထွက်လိုက်လာကြသလို စာဘတ်အသင်းရှေ့ စင်ပေါ်တွင် ထိုင်နေသူများကလည်း လိုက်ပါလာကြသည်။ တန်းစီပြီးသွားနေသောလူတွေ၏နောက်ကို သူတို့မှာ နောက်ကကပ်ပြီး လိုက်ပါလာကြခြင်းဖြစ်သည်။တရပ်ကွက်ပြီးတရပ်ကွက်ပြီး လိုက်ပါလာကြခြင်းဖြစ်သည်။ ဒိုးဝန်းရွာ၊ ဆင်ကူးလမ်း ။ အုန်းတပင်။ သဘောင်္ဆိပ်။ လမ်းမတော် စသည်ဖြင့်ယင်းရပ်ကွက်မှာနေထိုင်သူများမှာမိန်းမ ယောက်ျား ခလေးသူငယ်တွေ ပါလာကြသည်။ လမ်းမတော်လမ်းဆုံရောက်သောအခါ လူတွေကြွေးကြော်သံ မစဲတော့။
" မဆလအစိုးရ အလိုမရှိ- နေ၀င်းအစိုးရအလိုမရှိ "
" နှာခေါင်းပိုင်း နေ၀င်းအစိုးရ အလိုမရှိ- နေ၀င်းအစိုးရအလိုမရှိ "
" ပြုတ်ဆန်မစား ရခိုင်သား - ဆန်ပြုတ်မစားရခိုင်သား "
ကျွန်တော်တို့၏ ကြွေးကြော်သံများမှာ မဆလအစိုးရကို ချက်ချင်းစိန်ခေါ်လာသည်။ လူတန်းရှည်ကြီးသည် ကြည့်၍မဆုံးဖြစ်နေပြီ။ လမ်းမတော်တောင်ပိုင်းသို့ရောက်သောအခါ မဆလတိုင်းခွဲ(၁၃ ) ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်စောဖြူ (လေ ) သည်ကားတစီးဖြင့် စောင့်နေသည်ကိုတွေ့ရသည်။ ရှေ့ဆုံးမှ ဆန္ဒပြလာကြသော ကျွန်တော်တို့နှင့်ဆုံလာသောအခါ တန့်ရပ်စေပြီး စကားပြောသည်။
" ခင်ဗျားတို့ ဆန္ဒမပြကြပါနဲ့ - အိမ်ကိုသာ ပြန်ကြပါ "
သူ့စကားကို ကျွန်တော်တို့လက်မခံနိုင်ပါ။ လက်ခံနိုင်လောက်အောင်လည်း သူ့စကားကဓိပ္ပါယ်မရှိ။
" ကျွန်တော်တို့ဆန္ဒပြတာက ဆန်ကိုလုံလောက်အောင် ရောင်းချပးဖို့အတွက် ဆန္ဒပြတာဖြစ်တယ်။ ပအခုမဆလအစိုးရက ဒီဆန်ပြသနာကို ဘာမျှမဖြေရှင်းဘူး။ ဒီပြသနာကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ ဆန္ဒပြတာဖြစ်တယ်။ အိမ်ကိုမပြန်နိုင်ကြဘူး "
ကျွန်တော်တို့လူအုပ်မှ ပြန်ပြောလိုက်သောစကားဖြစ်သည်။ သူမည်သို့မျ ဟန့်တားနိုင်စွမ်းမရှိသည်ကိုသိရှိမည်ထင်သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သော ဦးလူဖြူ၏အိမ်ရှေ့လမ်းပေါ်မှာ ပြောဆိုနေကြခြင်းဖြစ်သည်။ နောက်တွင် ဗိုလ်ချုပ်စောဖြူ နားလည်သွားသည်။ ကားဖြင့်ထွက်ခွါသွားသည်။ ကျွန်တော်တို့ တရားသိစုလမ်းအတိုင်းဆက်လျောက်လာကြသည်။ ပြီးတော့ ပါဒလိပ်ချိတ်။ လမ်းမကြီး။ ဆေးရုံကွင်း နှင့် ထောင်ကြီးနားကိုရောက်တော့ ထောင်ဗူးဝကို ကျောက်ခဲတွေဖြင့်ပစ်ပေါက်ကြသည်။ ဆရာအေးကျော်နှင့် မောင်ရွှေဝင်း တို့နှစ်ဦးအား အမြန်ဆုံးလွှတ်ပေး၇န် ခဲများဖြင့် ပစ်ပေါက်ုပြီး ဆန္ဒပြကြသေးသည်။ ဆရာအေးကျော်နှင့် မောင်ရျွေဝင်းမှာ နှစ်ဦးစလုံး ပညာရေးဌါနကဖြစ်ပြီး ကိုမောင်ရွှေဝင်းမှာ ကျောင်းစာရေးကြီးဖြစ်သည်။ ဆရာအေးကျော်မှာ ၈၈၈၈ အထွေထွေသပိတ်ဖြစ်ပေါ်လာသောအခါ စစ်တွေမြို့ သပိတ်ကော်မီတီဥက္ကဌဖြစ်ပြီး န၀တမှ အာဏာသိမ်းသောအခါ ထောင်ဒဏ် ၁၄ နှစ်ကို ကျခံခဲ့ရသူဖြစ်သည်။ သည်လိုနှင့် ထောင်ရှေ့မှ လူအုပ်စုကို ထိမ်းသိမ်းပြီးခေါ်ဆောင်လာခဲ့ကြပြီးနောက် ( ယခုရဲနွယ်စုရပ်ကွက် )ပုလုပ်တောင်လမ်းအတိုင်းလာခဲ့သည်။ လူအုပ်ကြီးမှာ စစ်တွေတမြို့ လုံးလိုလိုဖြစ်နေ၍ မျက်စိတဆုံးဖြစ်နေသည်။ လူပင်လယ်ကြီးဖြစ်နေသည်။ မီးစက်ခွဆုံရောက်လာသည်။ မြို့တွင်းဝင်သည့် နာဇီလမ်း ( ယခုတို့ချဲ့ လမ်း) အတိုင်းဝင်လာပြီး ကုန်တန်းလမ်းအတိုင်းလာခဲ့ကြသည်။ ကသဲရွာထဲရှိ မြဆန်စက်အရှေ့သို့ရောက်သောအခါ သံဆူးကြိုးကာထားပြီး အတားအဆီးချထားသည်ကို တွေ့သည်။ မြဆန်စက်၏အရှေ့ဘက်မြေကွက်တွင် ဆန်စက်လုံခြုံရေးမီးကင်းမျှော်စင်ရှိသည်။ ယင်းမီးကင်မျှော်စင်တွင် စစ်သားမျာက သေနတ်ဖြင့်ချိန်ရွယ်ထားသည်ကို မြင်ရသည်။ မြဆန်စက်ခြံဘေးမှ လမ်းကြားလေးတခုရှိရာ ယင်းလမ်းကြားမှာ ကသဲရွာသို့သွားသောလမ်းကြားဖြစ်သည်။ သံဆူးကြိုးကာထားသော နေရာ၏အနောက်ဘက်တွင် ဟီးနိုးကားကြီးများတန်းစီ၍ ရ့ပ်ထားသည်။ ဟီးးနိုးကားကြီးများသည် မြဆန်စက်၏ အရှေ့ဘက်လမ်းပေါ်တွင်ရှိသည်။ ကျွန်တော်တို့နှင့် ဆိုလျင် ဘယ်ဖက်ဖြစ်သည်။ ကျွန်တော်တို့သည် ဟီးနိုးကားကြီးနှင့် စစ်သားများ၏ အကြားတွင်ရှိသော လမ်းမကြီးတလျှောက်သွားရမည်ဖြစ်သည်။ သို့သော် လမ်းမကြီးကို မသွားနိုင်အောင် သံဆူးကြိုးအကာအဆီးများ ကာရံထားပြီ။ လူအုပ်များမှ ကြွေးကြော်သံများသည် ဘ၀ဂ်ညံနေလောက်အောင် ကြားရသည်။ မရှေးမနှောင်းတွင် ဗိုလ်ချုပ်စောဖြူမှာ ကားဖြင့်ရောက်လာသည်။ နောက်ကျွန်တော်တို့ရှေ့သို့လျှောက်လာသည်။ ယခုသည်မှာဘက်တွင် ကျွန်တော်တို့က ရှိနေပြီး ဟိုဘက်မှ စစ်သားများက သေနတ်များဖြင့် ချိန်ရွယ်ထားနေသည့် စစ်သားများ၏အလယ်၌ ဗိုလ်ချုပ်စောဖြူ ရှိနေပြီ။
' အိမ်ကိုပြန်ကြပါဗျာ-- ဆန္ဒပြဖို့မလိုအပ်ပါဘူး- ကျွန်တော်တို့စီစဉ်နေပါတယ်။ "
သူပြောပြီးသည်နှင့် လူအုပ်ထဲမှ အသံများထွက်ပေါ်လာသည်ကိုကြားရသည်။
" ဆန်ပြသနာကို ဖြေရှင်းပေးပါ- ကျွန်တော်တို့အိမ်ကိုမပြန်နိုင်ဘူးဗျို့  "
သည်အခါ ဗိုလ်ချုပ်စောဖြူမှ စကားဆက်ပြီးပြောလာသည်။
" ဒါဖြင့်ရင် ခေါင်းဆောင်တဦးဦးထွက်လာပါ။ကျနော်နဲ့စကားပြောရအောင် "
ကျွန်တော်က ချက်ချင်းပင်ငြင်းဆန်လိုက်ပါသည်။
" ဒီအထဲမှာခေါင်းဆောင်မပါဘူးဗျ။ လူတိုင်းလိုလို ထမင်းငတ်လို့လာပြီး ဆန္ဒပြဖို့လာကြတာဖြစ်တယ်။ ဒီ့အပြင်တခြားဘာမှ ဆွေးနွေးစရာ အကြောင်းမရှိဘူးဗျ -ကျွန်တော်တို့က ဘုရားကြီးရောက်ရင် ဆန္ဒပြပွဲပြီးပြီလေ။ ဒါကြောင့်ကျွန်တော်တို့ကို ဘုရားကြီးသွားခွင့်ပေးပါ "
သူ့မှာဘုရားကြီးထိသွားခွင့်ပေးရန် အမိန်အာဏာမပါပါ။ ဘုရားကြီးမှာအလွန်ဆုံးသွားရလျှင် ၁၅ မိနစ်ခန့်သာလျှောက်ရမည်ထင်ပါသည်။
ဗိုလ်ချုပ်စောဖြူအနေနှင့် မည်သို့မျ ဖြေရှင်းရန် အလားအလာမတတ်နိုင်တော့ကြောင်း သူသဘောပေါက်သွားပါသည်။
" ကျွန်တော့်မှာ အမိန့်စာပါလာပါတယ်။ လူထုကိုဖတ်ပြဖို့ တယောက်ယောက်ကိုကို လွှတ်ပေးစမ်းပါ "
ယင်းကြောင့် ကျွန်တော်တို့ ချက်ချင်းဆွေးနွေးလိုက်ကြပါသည်။ မဆလအစိုးရ၏ ကောက်ကျစ်မှူကိုလည်း သိရှိထားပြီးဖြစ်ရာ မည်သူမျ အဖမ်းအဆီးမခံရအောင်လည်း ကျွန်တော်တို့မှာ သိုသိပ်စွာပြုလုပ်နေရသည်။ မြဆန်စက်အနီးရှိ တံထားပေါင်တွင် တချို့ မှာ မတ်တပ်ရပ်၍ နေကြသည်ကို တွေ့ရသည်။ နောက်ကကပ်ပြီးနေကြသော ကျွန်တော်တို့၏လူအုပ်သည် ရှေ့မှ သေနတ်ဖြင့် ချိန်ရွယ်ထားသည်ကို ဂရုမစိုက်အားချေ။ သူတို့မှာကြွေးကြော်သံများကို အော်ကောင်းတုံး ဆိုကြတုံး ။
ကျွန်တော်တို့အနားမှ သူငယ်ချင်းဖြစ်သူမောင်ရွှေသိန်းကို လွှတ်လိုက်ရသည်။ သူက ဗိုလ်ချုပ်စောဖြူစီးလာသောကားပေါ်မှ စာဖတ်ပြသောအခါ ပုဒ်မ (၁၄၄) ဖြစ်နေပါသည်။ သို့နှင့် ကားပေါ်မှ သူ့ကိုဆင်းးခိုင်းစေပြီး ကျွန်တော်တို့ရှိရာသို့ ပြန်လာစေသည်။ ခုတော့ ကျွန်တော်တို့ကို ပုဒ်မ ( ၁၄၄ ) ထုတ်ပြန်လိုက်ပြီ။ ရှေ့ဆက်သွား၍ မရတော့။ ဆန္ဒပြ၍မရတော့။ လူငါးဦးထက်ပို၍ စုဝေးနေ၍မရတော့။ ရှေ့ဆက်သွားပြီး လမ်းမဖွင့်မပေးလျှင် သည်အတိုင်းရပ်ပြီး ဆက်လက်ဆန္ဒပြမည်ဟုဆိုသော အသံတွေထွက်လာသည်။ ကြွေးကြော်သံများကလည်း ထွက်နေသည်။ ကျွန်တော်တို့မှာ လူအုပ်ကို မည်သို့နည်းနှင့်မျ နောက်ကြောင်းပြန်လှည့်ရန် ပြော၍မရ ။ ပြောလို့လည်းမဖြစ်။ နာရီဝက်ခန့်ကြာသောအခါ ဗိုလ်ချုပ်စောဖြူသည် သံဆူးကြိုးကို ဖွင့်ခိုင်းပြီးကျွန်တော်တို့လူအုပ်အားသွားခွင့်ပြုခဲ့သည်။ ဤနေရာမှာ စောစောက ကျွန်တော်တို့ပြောသောစကားတွေရှိခဲ့သည်။ ယင်းမှာဘုရားကြီးရောက်လျင် လူစုခွဲပါမည် ဆိုသော စကားပြောဖြစ်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့်လည်း သူကဖွင့်ခိုင်းခြင်းလားမပြောတတ်။ ကျွန်တော်တို့ကမူ အတင်းဖွင့်ပြီးသွားခြင်းမဟုတ်။ သံဆူးကြိုးကို ဖယ်ရှားပြီး သွားခြင်းမဟုတ်။ ပြီးတော့ စစ်သားတွေကလည်း သေနတ်လုပြီး အတင်းသွားခြင်းမဟုတ်။ စစ်သားများကို ခဲနှင့် တုတ်နှင့် ပစ်ပြီး သံဆူးကြိုးကိုလည်း မည်သူမျဖယ်ရှားပြီး မသွားခဲ့ကြ။ ရှေ့ကသေနတ်နှင့်ချိန်ထားသောစစ်သားတွေမှာ သံဆူးကြိုး၏တဖက်တွင် ၈ ယောက်လောက်တန်းစီ စောင့်ဆိုင်းပြီး တည့်တည့်ချိန်နေခြင်းကြောင့်လည်း မည်သူမျှ သံဆူးကြိုးကို ဖဖဖယ်ရှး၍ မသွားနိုင်ကြချေ။ သည်တော့ ပုဒ်မ (၁၄၄ ) အမိန့်ကိုလည်း ဖီဆန်ဖေါက်ဖျက်ခြင်းမရှိခဲ့။
နောက်တခုမှာ ဗိုလ်ချုပ်စောဖြူပြောဆိုခဲ့သော စကားတခွန်းသတိရလာသည်။ စောစောကခေါင်းဆောင်တဦးဦးထွက်လာပါ ဆိုသောစကးကို စိုးရိမ်လာသည်။ သူတို့သည် ခေါင်းဆောင်ဟုထင်မှတ်ယုံကြည်သူများကို ဖမ်းဆီးလိမ့်မည်ဟုကျွန်တော်ထင်သည်။ သူငယ်ချင်းများကို လှည့်ပြီးသတိထားဖို့ ပြောကြားရန် နောက်သို့ပြန်လှည့်လိုက်သည်။ နောက်သို့လှည့်လိုက်သည်နှင့် လူအုပ်မှာ အတင်းတိုးဝှေ့လာသည်။ သံဆူးကြိုးမှာ ဖွင့်ပြီးဖြစ်နေသောကြောင့် လူအုပ်မှာဝမ်းသာအားရ ကြွေးကြော်ပီးသွားကြသည်။ အတားအဆီးဖွင့်လိုက်၍ လူအုပ်သည် ရှေ့သို့ငါ ပြေးသွားကြသည်။ အလုအယက်တိုးဝှေ့သွားကြခြင်းဖြစ်သည်။ ကျွန်တော်သည်ရှေ့သို့တိုးဝှေ့လာသောသောလူအုပ်ကြားထဲသို့ သူငယ်ချင်းများကို ကြည့်ယင်း လူအုပ်အတွင်းမျောပါသွားသည်။ ငါးမိနစ်ခန့််ကြာမည်ထင်သည်။
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
အဆက်မပြတ်သေနတ်သံများကို ချက်ချင်းကြားရသည်။သေနတ်သံကြား၍ လှဲချသွားခြင်းလား၊လူအုပ်များမှ တိုးဝှေ့တွန်းတိုက်၍ မှောက်လျက်ကျသွားခြင်းလားမပြောတတ်။ ကျွန်တော်သည် မြေကြီးပေါ်မှာ မှောက်ရက်သားဖြစ်နေသည်။
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
သေနတ်သံတို့သည် ညံမစဲဖြစ်နေသည်။ ညီးညူသံများ၊ နာကျင်စွာအော်နေသံများ၊ ငိုယိုနေသံများ၊သည် ကမ္ဘာပျက်သည့်အလားကြားနေရသည်။ လက်တကမ်းအကွာတွင်းဟီးနိုးကားကြီး ရပ်ထားလျက်ရှိနေသည်။ ချက်ချင်းကားအောက်ကို လှိမ့်ဝင်လိုက်သည်။
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
သေနတ်သံမှာ ကျွန်တော်တို့ကားအနီးမှ မဟုတ်။ လမ်းတလျောက်ရှိသော လူတန်းရှည်ကြီးကို ပစ်ခတ်နေရာမှ ကြားရခြင်းဖြစ်သည်။ ကားအောက်တွင် လူတွေ တပုံကြီးရှိနေရာ ကားအောက်သို့ ပစ်ထည့်လိုက်မည်ဆိုပါက တန်းးစီထပ်၍ သေသွားမည်ဖြစ်သည်။ ဟီးနိုးကားကြီး၏ ညာဖက်တွင် ချောင်းရှိသည် ။ ယင်းချောင်းကို ကုန်တန်းချောင်းသို့မဟုတ် ဂေါ်ဒူဘင်းဂါ ချောင်းဟုလည်းခေါ်သည်။ ကျွန်တော်တို့သည် ယင်းချောင်းသို့ခုန်ဆင်းလိုက်ကြသည်။ ချောင်းကို ဆင်းသည့်အခါ ရဲများနှင့် ကြုံနေရပြန်သည်။ သို့သော် ရဲများက သေနတ်ကိုယ်စီဖြင့် ရှိနေသော်လည်း မပစ်ခတ်ချေ။ ရဲသားများရှေ့မှပင် ချောင်းထဲသို့ ခုန်ဆင်းကြရခြင်းဖြစ်သည်။ ချောင်းမှာမီတာ( ၅၀ )ခန့်ရှိမည်ထင်သည်။ ရေကူးနေစဉ် ကျွန်တော့်အနီးမှ ကူးလာသူတဦးက အော်ပြောသည်။
" ကျွန်တော့်ပေါင်တဖက်ခြမ်းမှာ ကျဉ်ထိနေပြီဗျာ ။ ကျွန်တော့်ကို တွဲကူပေးပါအုံး "
" ကောင်းပြီလေ - ဒီလိုဆိုရင် ကျွန်တော့်လက်ကိုကိုင်ပြီး ရေကူးပြီးလိုက်ပေတော့ "
ပြောရင်း ကျွန်တော်က သူ့ကို လက်ကမ်းပြီး ရေကူးလာသည်။ကမ်းပေါ်သို့ရောက်တော့ တော့ သူ့ဒဏ်ရာကို ကြည့်ရသည်။ ညာဖက်ပေါင်ခြမ်းမှာ သွေးသံရဲရဲနှင့် အသားစများမှာ အကွင်းလကိုထွက်ကျနေသည်။ တထက်ကကမ်းမှနေပြီး ဆန္ဒပြနေခဲ့သောနေရာကို ကြည့်လိုက်သည်။ သေနတ်သံများမှာစဲသွားပြီ။ဟီးနိုးကားကြီးပေါ်တွင် လူများကို စစ်သားများက ဆွဲငင်ယူဆောင်တင်သည်ကိုမြင်ရသည်။ သေဆုံးသူရော ဒဏ်ရာရသူများကိုရော စုပုံရောနှောကာ ဆွဲယူတင်ဆောင်နေကြခြင်းဖြစ်သည်။ လမ်းတလျှောက်တွင် သွေးသဲရဲရဲဖြင့် မှောက်ရက်လှဲနေသူ။ ပက်လက်လန်ပြီး သေဆုံးနေသူတွေ ၊ မြင်နေရသည်။ ဒဏ်ရာရ၍ လူးလှိမ့်နေသူများကို မြင်ရသည်။
နောက်နှစ်ရက်တွင် ရင်ခွဲရုံ၌ အလောင်း( ၇ ) လောင်းသာ မဏ္ဍပ်ထိုးပြီးတန်းစီချထားသည်။ ယင်းအချိန်ကရင်ခွဲရုံမှာ ကြေးနန်းရုံးရှေ့မှာဖြစ်သည်။ သဘောက ဆန္ဒပြပွဲ၌ လူပေါင်း
( ရ ) ယောက်သာသေဆုံးကြခြင်းဖြစ်သည်ဟု ကြေညာခြင်းဖြစ်သည်။ ယင်းနေ့ထုတ် သတင်းစာများတွင် သေဆုံးသူ (၇ ) ဦးသာရှိပြီး ဒဏ်ရာရသူမှာ (၂၃ ) ယောက်သာရှိသည်ဟု ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေကြောင်း သတင်းစာများမှာဖေါ်ပြသည်။ ရင်ခွဲရုံတွင် အလောင်း ( ၇) လောင်းကို ထားရာ ကျွန်တော်တို့သွားရောက်ရသည် ။ အကြောင်းမှာ ကျွန်တော်၏တူတော်သူ မောင်စံသိန်း သေဆုံးသွား၍ဖြစ်သည်။ မောင်စံသိန်း၏ဖခင်မှာ အငြိမ်းစားရဲစခမ်းမှူးဦးလှထွန်းဖြူဖြစ်သည်။ မောင်စံသိန်းအတွက် သေတမ်းစာကို ကိုယ်ခန္ဒာပေါ်တွင်တင်ထားသည်။ ယင်းစာမှာ ဤကဲ့သို့သေဆုံးရခြင်းမှာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်ရသောကြောင့် ဖခင်တယောက်အနေနှင့် ဂုဏ်ယူကြောင်း ရေးသားဖေါ်ပြထားသည်။ ၄င်းသေဆုံသူ ရ ဦး၏ အလောင်းကို ရင်ခွဲရုံတွင်ပြသထားရာ လမ်းသစ်ရပ်ကွက်မှ ဒေါ်အေးမေ ။ မောင်စံသိန်း ( ပါဒလိပ်ချိတ် ) မောင်သိန်းနု ( ရွှေပြား၊) ။ ကိုသာအေး ( မြောက်ဦး ) ။ ကိုထွန်းဝင်း ၊( တရားသိစု ၊ မောင်နု ( မောလိပ်) နှင့် အခြားတယောက်ကိုမမှတ်မိတော့။စစ်တွေမြို့  တရာသိစုရပ်ကွက် ဗုဒ္ဒပြတိုက်ရှေ့အိမ်မှ ဦးမြသိန်းထံတွင် ယင်းနေ့က ထုတ်ဝေခဲ့သောသတင်းစာများကို ယခုအချိန်ထိ သိမ်းဆည်းထား၍ သြဂုတ်(၁၃ ) အရေးတော်ပုံကို သမိုင်းသုတေသီများက လေ့လာနိုင်ကြပါသေးသည်။ သမိုင်းဆိုသည်မှာ လိမ်၍မရ။ညာ၍မရ။ ဘုရားကြီးအနီးရှိ ဒိုးဝန်းရွာမှ တရပ်ကွက်လုံးရှိ အသက် ( ၆၀ ) ၀န်းကျင်ရှိသောလူတိုင်းသည် သြဂုတ်လ (၁၃ ) ရက်နေ့က ဆန္ဒပြပွဲကို ဘုရားကြီးမှ စတင်ထွက်ခွါခဲ့ချိန်၌ လိုက်ပါသူများဖြစ်သည်။ သို့အတူစစ်တွေမြို့သားတိုင်းမှာ ယင်းအကြောင်းကို အားလုံးသေသေချာချာ သိရှိထားကြသူများဖြစ်သည်။ နရိန်ဇရာဝပ်ဆိုက်မှာ တခုကိုမျှမသိပါဘဲ လမ်းမတော်မှ စတင်ဆန္ဒပြပွဲပြုလုပ်ကြသည်ဟု သမိုင်းကို လိမ်ညာရေးသားတင်ထားရာ ဤကိစ္စမှာရခိုင်လူမျိုးအဖို့ အင်မတန်မှ လက်မခံစရာဖြစ်သည်။ တချိန်တည်းမှာပင် ဤဖြစ်ရပ်တွင်အဓိကကျွန်တော်က ပါဝင်ပါတ်သက်နေသူဖြစ်ရာ လုံးဝလက်မခံသလို နရိန်ဇရာဝပ်ဆိုက်မှာပါသောသမိုင်းလိမ်အား နောင်လာနောက်သားရခိုင်မျိုးဆက်သစ်လူငယ်များ သမိုင်းသုတေသီများက လုံးဝအသိအမှတ်မပြု အရေးမစိုက် ကြပါရန် ပြောကြားလိုပါသည်။
ကျွန်တော်တို့နောက်ဆုံးသိရှိထားရသောဝမ်းနည်းဘွယ်ရာ သတင်းများမှာ အိမ်ကိုပြန်၍ မရောက်လာကြသောသူများ၏သတင်းဖြစ်သည်။ သို့ဆိုလျင် ၄င်းသူတို့မည်သည့်နေရာတွင်ရှိသည်ကို စုံစမ်းကြည့်ကြသည်။ မသေဆုံးဘဲ ဒဏ်ရာရသူများကို ဟီးနိုးကားကြီးပေါ်တွင် တင်ဆောင်၍ သေဆုံးသူများနှင့် ပင်လယ်ကမ်းနားရှိ အုန်းတောတွင် မြုပ်နှံကြောင်းသိရှိရသည်။ သေဆုံးသူများသည် ( ၂၀၀ ) ကျော်ရှိသည်ဟု သိရသည်။ ဒဏ်ရာရသူ(၁၀၀ ) ကျော်သည်ဟု ကြားရသည်။ နာဇီရပ်ကွက်တွင်နေသူ နှင့် ကုန်တန်းရပ်ကွက်တွင် နေထိုင်ကြသူမူဆလင်ကုလားအများစုမှာ တယောက်မျှ ဆန္ဒပြရာ၌လည်းမပါသလို သေဆုံးသူများစာရင်း ၊ဒဏ်ရာရသူများစာရင်းတွင်လည်း မပါကြောင်း သိရှိရသည်။ ဒဏ်ရာရသူများစာရင်းတွင် ပါဝင်ပြီး စစ်တွေဆေးရုံတွင် ၀မ်းဗိုက်ကိုသေနတ်ကျည်ဆံထိမှန်ကာ တက်ရောက်ကုသခဲ့သူ သန်းမောင်မှာ ကျွန်တော်၏အိမ်ရှေ့မှဖြစ်သည်။ သူလည်းဆန္ဒပြရာတွင် ဘုရားကြီးရှေ့မှ စတင်ထွက်ခွါစဉ် ကျွန်တော်၏ညီအရင်းဖြစ်သူမောင်သာထွန်းနှင့်အတူ ဦးဆောင်ပါခဲ့သူဖြစ်သည်။ သန်းမောင်မှာဝမ်းဗိုက်မှ ဒဏ်ရာကောင်းသည်နှင့် မဆလအစိုးရကို လက်နက်ကိုင်တော်လှန်ရေး မှတပါးအခြားမရှိဆိုကာ ဆေးရုံးကဆင်းဆင်းချင်း တောခိုသွားသည် ။ နှစ်ပေါင်း ၂၀ အကြာ တောခိုပြီးနောက် ၁၉၉၇ ခုနှစ်တွင် ဗကပပါတီမှ ဘင်္ဂလားဒေရှ့်နိုင်ငံနယ်စပ်တွင် ဆက်လက်မရပ်တည်တော့သောကြောင့် လက်နက်ချအလင်းဝင်ခဲ့သည်။ ကျွန်တော်၏ညီဖြစ်သူမှာ ယခုအချိန်တွင် နိုင်ငံရေးသမားအကျဉ်းသားဘ၀ဖြင့် ဘူးသီးတောင်ထောင်၌ ထောင်ဒဏ်( ၅ ) နှစ်ကျခံနေရသည်။ ကျွန်တော်နှင့်အတူ သြဂုတ်(၁၃ ) ရက်နေ့များမှ လွန်ခဲ့သော နှစ်လလောက်က ကွယ်လွန်ခဲ့သော မျိုးချစ်ရခိုင်
့နိုင်ငံေ၇းသမားကြီး ဦးညွန့် မောင်မှာ ဘုရားကြီးမှစတင်ထွက်လာသော (၁၃) သြဂုတ် ခေါင်းဆောင် တစ်ဦးဖြစ်သည်။
ဆန်ပြဿနာနေ့ မှာ ကျနော်မသေခဲ့ပါ။တချိန်ထဲမှာပင် ထိုပြဿနာကိုဖြေရှင်းရန်အတွက် သေကံမရောက်သက်မပျောက်ဟု
ဆိုနိုင်ပါသည်။
ထို့ အတွက်ကြောင့် ယေဘူယျ ကြေနပ်နှစ်သိမ့်ခြင်းသာဖြစ်သည် ။ တိတိကျကျပြောရလျှင် တနေ့ နေ့ တချိန်ချိန် တွင် ၁၉၆၇
ခုနှစ် သြဂုတ်လ(၁၃) ဆန်ပြဿနာ နေ့ ၌ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြသော လူအများစုကြီးအား အစုလိုက်အပြုံလိုက်
ရက်ရက်စက်စက် သတ်ဖြတ်မှုကြီး ကို အမိန့် ပေးစေခိုင်းခဲ့သော မဆ လ အစိုးရ၏ တာဝန်ရှိသူများကို ဖြေရှင်းရန် တာဝန်
ကျနော့် မှာရှိနေပါသည်။
ယင်းတာဝန်မှာသမိုင်းပေးတာဝန်ဖြစ်ပါသည် ဤ တာဝန်ကို ကျနော့်အနေနှင့်ကြေပြွန်အောင် ထမ်းဆောင်ရလိမ့်မည်ဟု
လည်းခံယူထားပါသည်။ဤ ဆန်ပြဿနာအရေးအခင်းသည် အိမ်မက်များမဟုတ်ချေ အမှန်တကယ်ဖြစ်ပျက်ခဲ့သည့်အကြောင်း
အရာများဖြစ်ပါသည်။ လွန်ခဲ့သော(၄၃) နှစ်ကာလက ဆန်ပြဿနာအရေးအခင်းအတွက် တာဝန်တရပ်အဖြစ်ဖြင့် ကျနော်ပြုလုပ်လို
ပါသည်။ ဤသည်ကိုအမှန်တရာဟုလည်းထင်မြင်ယူဆထားပါသည်။
ခိုင်အောင်ကျော်(နယူးယောက်)
''ဆန်ပြဿနာဖြေရှင်းပါ ။ ရခိုင့် အရေးတော်ပုံအောင်ရမည်''ပိုစတာ ဆိုင်းပုဒ် ရေးသားပြီး သြဂုတ်လ (၁၃)ရက် ဆန်ပြဿနာနေ့ 
ကို ခေါင်းဆောင် ဦးစီးခဲ့သူ