CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, May 18, 2017
ယုတ်တိုင်းမယုံမိစေနဲ့…
ယုတ်တိုင်းမယုံမိစေနဲ့…
***
တောင်သူဦးကြီး နှစ်ယောက် လက်ထိပ်တွေရော ခြေကျင်းတွေပါ အခတ်ခံထားရတဲ့ ပုံတပုံကို လူတယောက်က တင်တယ်။ အဲဒီ ဓာတ်ပုံနဲ့ အတူ တွဲဘက်ရေးထားတဲ့ စာပိုဒ်က…
“စပါးဈေးကျလို့ NLD အစိုးရကို ..
ဆန္ဒပြမိတဲ့ တောင်သူဦးကြီးတွေ ..
မြင်တွေ့ရတာ အရမ်းဝမ်းနည်းမိတယ်
သံခြေချင်းတွေရော ၊ လက်ထိပ်တွေရောနဲ့ ..”
***
အဲဒီ စာသားပါတဲ့ အဲဒီ ဓာတ်ပုံကို ထပ်ဆင့် ဖြန့်ဝေကြသူတွေ အခု ဒီစာကို ရေးနေချိန် အထိ လူ သုံးထောင် နီးပါး ရှိပါတယ်။ စကားတွေ ကားကုန်ကြတာလဲ မနည်းမနောပါပဲ။ ဒါဆိုရင် ဖြစ်စဉ် အမှန်က ဘာလဲ…၊ အဲဒီ ဖြစ်စဉ် အမှန်နောက်ကိုရော လိုက်ကြည့်မိကြသေးလား…။
တကယ်တော့ အဲဒီ ဓာတ်ပုံထဲက တောင်သူတွေရဲ့ ဇာတ်လမ်းက ဒီလိုပါ။
အဲဒီတောင်သူတွေက ဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ စွန်ရဲအင်းစိုက်ကွင်းက ယာမြေတွေ ပေါ်မှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲကြပါတယ်။ အဲဒီယာမြေတွေက သူတို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့ကြတဲ့ မြေလို့ ဆိုပါတယ်။
၁၉၇၀ ခုနှစ်လောက်ကတည်းက လယ်/ဆည် ၀န်ကြီးဌာနက သိမ်းယူထားခဲ့ပြီးတော့ တောင်သူတွေက သီးစားစနစ်နဲ့ လုပ်ကိုင်ခဲ့ရာကနေ ဦးသိန်းစိန် အစိုးရလက်ထက်မှာ မုဒုံမောင်မောင် ဆိုတဲ့ ကုမ္ပဏီကို ၂၀၁၄ ခုနှစ်မှာ အနှစ် ၂၀ လုပ်ကိုင်ခွင့် အငှားချပေးလိုက်ပါတယ်။ ဒါကို မကျေနပ်လို့ လွတ်နေတဲ့ မြေပေါ်မှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲတယ် ဆိုတာတွေ ဖြစ်ကြပြီးတော့ မုဒုံမောင်မောင် ကုမ္ပဏီက တရားစွဲဆိုခဲ့တဲ့ အမှုတွေပါ။ တရားစွဲထားတာ ၂၀၁၅ ဒီဇင်ဘာလ ကတည်းပါ။
အဲဒီ အမှုကို ဒီဘက် အစိုးရသစ်လက်ထက်ကို ရောက်ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ရောက်မှ ထောင်ဒဏ် နှစ်လ အမိန့်ချပါတယ်။ ဒါ့အပြင် ဦးပိုင်ကုမ္ပဏီ လိမိတက်ကလဲ အဲဒီ တောင်သူတွေကို တရားစွဲထားတာ ရှိသေးတယ်လို့ သိရတယ်။
***
ပြောချင်တာက ဓာတ်ပုံကို ဖြန့်ပြီး ရေးထားတဲ့ စာသားထဲကလို စပါးဈေးကျလို့ တောင်သူတွေက ဆန္ဒပြလို့ NLD အစိုးရက ထောင်ချတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး။
ပို့စ်ကို မူရင်းတင်သူက ဘာလို့ အဲဒီလို မဟုတ်မမှန် ရေးပြီး တင်တာလဲ ဆိုတာကတော့ ကာယကံရှင်ကိုယ်တိုင်က သူ့ကိုယ်သူ အသိဆုံးနေပါလိမ့်မယ်။
ဒါပေမယ့် တကယ့် သတင်းရင်းမြစ်ကိုလဲ မသိ၊ သိအောင်လဲ မကြိုးစား၊ တချို့ကျတော့လဲ တမင်ကို လိမ်နေမှန်း သိသိကြီးနဲ့ကို အဲဒီ အလိမ်အညာကိုပဲ မီးစာလုပ်ပြီး ဆူပူအောင် ဆွ…။
***
စိတ်ထားတွေ အောက်တန်းကျတော့ လုပ်ရပ်ပါ ယုတ်ဖို့ ၀န်မလေးကြတော့ဘူး။ ဒီအစိုးရပြုတ်ရင် ပြီးရော ဘာလုပ်ရလုပ်ရ ဆိုတဲ့ လူတန်းစားတွေကို မြင်ရတဲ့ အခါ သူတို့ စိတ်ထားတွေကို ရွံချက်က နှိုင်းစရာ စကားလုံးတောင် မရှိဘူး။
တကယ်တော့ ကျွန်တော်တို့ တိုင်းပြည် ကမ္ဘာ့အလယ်မှာ အောက်ကျနောက်ကျ နိုင်ခဲ့ရတာက အဲဒီလို အောက်တန်းစားစိတ်မျိုးနဲ့ လူစားတွေ ကြီးစိုးခဲ့လို့ ဖြစ်ခဲ့ရတာပဲ။ နောက်ထပ်လဲ ဘယ်လောက်တောင် ခြေရှုပ်၊ တို့မီးရှို့မီးတွေ လုပ်ကြဦးမယ် မသိပါ။
***
ပြောခဲ့ဖူးသလိုပါပဲ။
ကိုယ်စားရမယ့် ထမင်းတလုတ်အတွက် တိုင်းပြည်တခုလုံးကိုပါ မီးရှို့ဖို့ ကြံစည်နေကြတယ် ဆိုတာ တော်ယုံယုတ်တဲ့ စိတ်ထားမျိုးတွေ မဟုတ်ဘူး။
အဲဒီလိုလူတွေကို ကျွန်တော်တို့ ပြည်သူတွေ သတိထားစေချင်ပါတယ်။ သူတို့ ဖွတိုင်း စွတ်မယုံမိပါစေနဲ့…။
***
ချစ်ခြင်းမေတ္တာဖြင့်…
ကလိုစေးထူး
မေလ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။
ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၄ မိနစ်။
ယုတ်တိုင်းမယုံမိစေနဲ့…
Reviewed by MP4 YoU
on
May 18, 2017
Rating: 5
Reviewed by MP4 YoU
on
May 18, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment