CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, January 17, 2017
သင့်စိတ်ကိုပျော်ရွှင်ကြည်နူးစေမည့် အစားအသောက်များ
ဗီတာမင်ဘီအုပ်စု
အများစုဟာ စားသောက်တဲ့အစားအစာတွေမှာ ဗီတာမင်ဘီ လုံလောက်စွာပါရှိမနေပါဘူး။ ဖောလစ်အက်စစ်၊ ဗီတာမင် B6 နဲ့ B12 တို့ ချို့တဲ့မှုကြောင့် Homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်တွေများပြားလာကာ စိတ်ဓာတ်ကျခြင်း၊ လေဖြန်းခြင်းနဲ့ နှလုံးရောဂါများ ရရှိလာနိုင်ပါတယ်။ Homocysteine ပမာဏ ပုံမှန်အတိုင်းရှိနေဖို့အတွက် နေ့စဉ်နေ့တိုင်း ဟင်းသီးဟင်းရွက်စိမ်းများ စားသင့်ပါတယ်။
ဘယ်လိုအစာတွေ စားရမလဲ
ဟင်းနုနွယ်ရွက်လို အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်များ၊ သံပရိုသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ကညွတ်၊ သကြားသီးနဲ့ ပဲမျိုးမျိုး။
Omega 3 (ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီများ)
အဆီတွေ၊ ဆီများတဲ့အစာတွေဟာ ကျန်းမာရေးနဲ့ မသင့်တော်လို့ များများမစားသင့်ဘူးဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိုမီဂါ ၃တို့ကို အဆီတွေကိုတော့ စားပေးသင့်ပါတယ်။ စိတ်ခံစားမှုကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေ ဆက်သွယ်မှုကောင်းမွန်ချောမွေ့အောင်၊ အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း သယ်ယူပို့ဆောင်နိုင်အောင် အိုမီဂါ ၃ အဆီက ပြုလုပ်ပေးပါတယ်။
ဘာတွေ စားရမလဲ
တူနာငါး၊ ငါးသေတ္တာငါး၊ အယ်လ်မွန်သီး၊ သစ်ကြားသီး၊ ဖရုံစေ့။
မဂ္ဂနီဆီယမ်သတ္တုဓာတ်
စိတ်ပင်ပန်းမှုတွေ ဖြေလျှော့ဖို့နဲ့ ရာသီအကြိုစိတ်ပြောင်းလဲမှုများကို လျော့နည်းစေဖို့အတွက် လိုအပ်တဲ့ Neurotransmitter တွေ များများထုတ်လုပ်နိုင်ဖို့ မဂ္ဂနီဆီယမ်သတ္တုဓာတ်ကို လိုအပ်ပါတယ်။ မောပန်းနွမ်းနယ်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်လွယ်ခြင်းနဲ့ စိတ်အပြောင်းအလဲမြန်ခြင်းစတဲ့ လက္ခဏာ ရပ်များဟာ မဂ္ဂနီဆီယမ် သတ္တုဓာတ်ချို့တဲ့ ခြင်းကြောင့် ဖြစ်လာနိုင်ပါတယ်။
ဘာတွေစားသင့်လဲ
ဟင်းနုနယ်ရွက်၊ ပဲအမျိုးမျိုး၊ ပေါင်မုန့်၊ အစေ့အဆန်အမျိုးမျိုး၊ အယ်လ်မွန်သီ၊ နေကြာစေ့၊ ဖရုံစေ့။
ကာဗွန်ဟိုက်ဒရိတ်ဒြပ်ပေါင်း
ကာဗွန်ဟိုက်ဒရိတ်ဒြပ်ပေါင်းများပါရှိတဲ့ အစာတွေ စားသုံးပေးခြင်းဖြင့် ဦးနှောက်ထဲ Tryptophan ဓာတ်တွေ စုပ်ယူနိုင်စွမ်း ပိုမိုများပြားစေပါတယ်။ ကွေကာအုတ်တို့လို Glycaemic Index (GI) နည်းတဲ့ အစာတွေရွေးစားပါ။ GI နည်းတဲ့အစာတွေဟာ သွေးတွင်းသကြးဓာတ်ကို ဖြည်းဖြည်းချင်း မြင့်တတ်လာစေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်လာခြင်း၊ ကျဆင်းလာခြင်းတို့ကို မဖြစ်စေပါဘူး ဒါကြောင့် သင့်ကို တစ်နေကုန် အင်အားရှိစေ၊ ပျော်ရွှင်စေပြီး စိတ်ခံစားမှု ပြောင်းလဲလွယ်တာမျိုး မဖြစ်စေပါဘူး။ လတ်ဆက်တဲ့ သစ်သီးများမှာ ပါတဲ့ သကြားဓာတ်ကလည်း ရိုးရိုးသကြားထက်စာရင် သွေးတွင်းသကြားဓာတ်ကို မျှတအောင် ညှိပေးပါတယ်။
ဘာတွေ စားသင့်လဲ
ကောက်ပဲသီးနှံများ( ဂျုံ၊ ကွေကာအုတ်)၊ ဆန်လုံးညို၊ လတ်ဆက်တဲ့ သစ်သီး။
ပရိုတင်းဓာတ်
စိတ်ကို လန်းဆန်းသွက်လက်တတ်ကြွစေနိုင်တဲ့ Neurotransmitter တွေဖြစ်တဲ့ ဒိုပါမင်း နဲ့ နော်အပီနက် ဖရင်း(Norepinephrine) တို့ကို နေ့လယ်ဘက်တွေမှာ ဦးနှောက်က ထုတ်ယူနိုင်စွမ်း လျော့နည်းနေတတ်ပါတယ်။ ပရိုတင်းဓာတ်ပါရှိတဲ့ အစာတွေ စားသုံးခြင်းဖြင့် ဒီ Neurotransmitter တွေရဲ့ ပမာဏကို များပြားစေနိုင်တဲ့ Tyrosin ဓာတ် ပိုမို ထွက်ရှိလာတဲ့အတွက် စိတ်ကို ပြန်လည် လန်းဆန်းတတ်ကြွစေနိုင်ပါတယ်။
ဘာတွေ စားသင့်လဲ
အဆီ အနည်းငယ်သာပါရှိတဲ့ အမဲသား၊ ကြာက်သား၊ ဘဲသား (အရေခွံခွာစားပါ)၊ အဆီနည်းတဲ့ နွားနို့၊ ဒိန်ချဉ်၊ ပုစွန်၊ ကဏန်း၊ ပဲအမျိုးမျိုး။
ရေ
ကျွန်မတို့ ဦးနှောက်ထဲမှာ ရေ ၈၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ဆဲလ်အမြှေးများ ချောစေနိုင်ဖို့အတွက် ရေဓာတ် အလုံအလောက် လိုအပ်ပါတယ်။ မဟုတ်ပါက သင်ဟာ ခေါင်းမူးပြီး မောပန်းနွမ်းလျကာ ရေငတ်နေပါလိမ့်မယ်။
ဘာလို သောက်သင့်လဲ
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ကောင်းမွန်စေဖို့အတွက် တစ်နေ့ကို ရေနှစ်လီတာ (ရေသန့်ဘူ နှစ်လူးစာ) သောက်ပေးသင့်ပါတယ်။
Good Health
Mg Mandalay
https://www.facebook.com/mg.mandalay
သင့်စိတ်ကိုပျော်ရွှင်ကြည်နူးစေမည့် အစားအသောက်များ
Reviewed by MP4 YoU
on
January 17, 2017
Rating: 5
Reviewed by MP4 YoU
on
January 17, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment