Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 17, 2017

ဇဗ္ဗူသီရိမြို့နယ်တွင် တုတ်နှင့် ရိုက်သတ်သည့် လူသတ်မှု ဖြစ်ပွား

အရက်သောက်စားမူးယစ်ရာမှ စကားများရန်ဖြစ်ကာ လူသတ်မှုဖြစ်ပွား
နေပြည်တော် ဇန်နဝါရီ (၁၇)ရက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် စကားများရန်ဖြစ်ရာမှ သစ်သားတုတ်ဖြင့် ရိုက်သတ်သည့် လူသတ်မှု ဇန်န၀ါရီလ ၁၆ ရက် ညနေ(၅)နာရီခန့် က ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၁၆ ရက် ညနေ(၅)နာရီက ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ နယ်မြေ(၅)နေ မယုမော်သင်း၊ အသက်(၂ဝ)နှစ်၊ ကျဘမ်းလုပ်ကိုင်သူသည် နေအိမ်တွင်ရှိနေစဉ် ကိုနိုင်လင်းမောင်တို့ အိမ်ဝိုင်းဘက်မှ ခင်ပွန်းဖြစ်သူ ထွန်းဝင်းနိုင်၊ အသက်(၂၃)နှစ်၊ (ဘ)ဦးသိန်းဝင်း၊ ကျဘမ်းနှင့် နိုင်လင်းမောင်၊ အသက်(၁၉)နှစ်၊ (ဘ)ဦးမောင်မောင်၊ သံပန်းသံတံခါးလုပ်ငန်း တစ်ရပ်ကွက်တည်းနေသူတို့ စကားများရန်ဖြစ် ဆူညံသံကြားသဖြင့် မယုမော်သင်းမှလှမ်းကြည့်ရာ နိုင်လင်းမောင်လက်ထဲတွင် တုတ်ကိုင်လျှက် မယုမော်သင်းအား ''နင့်ယောင်္ကျားကို တုတ်နှင့်ထုသတ်ပြီးပြီ၊ တိုင်ချင်ရာတိုင်''ဟုပြောသဖြင့် မယုမော်သင်းလည်း သွားရောက်ကြည့်ရှုရာ နိုင်လင်းမောင်တို့ အိမ်ဝိုင်းထဲတွင် ခင်ပွန်းဖြစ်သူမှာ ဦးခေါင်းဝဲဂျိုစောင်းပေါက်ပြဲဒဏ်ရာများဖြင့် သတိမေ့နေသည်ကိုတွေ့မြင်ရသည်။

မယုမော်သင်းမှာ အော်ဟစ်အကူအညီတောင်းခံရာ ယောက္ခမဖြစ်သူ ဒေါ်ဌေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်သိန်း (ကိုသိန်း)တို့ရောက်ရှိလာပြီး ကြည့်ရှုရာ ခင်ပွန်းဖြစ်သူ ထွန်းဝင်းနိုင် သေဆုံးကြောင်းတွေ့ရှိရခြင်း ဖြစ်သည်။

 ခင်ပွန်းဖြစ်သူ ထွန်းဝင်းနိုင်အား သစ်သားတုတ်ဖြင့် ရိုက်သတ်သူ နိုင်လင်းမောင်အား ဥပဒေအရအရေးယူပေးပါရန် အမှတ်(၁) ရဲစခန်းသို့ တိုင်တန်းသဖြင့် အချင်းဖြစ်စဉ်သတင်းအားရလျှင်ရချင်း အမှတ်(၁)မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဌေး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇေယျာဝင်းနှင့်ရဲတပ်ဖွဲ့ဝင်များသည် အောင်ဇမ္ဗူရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်သိန်း (ကိုသိန်း)နှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ အခင်းဖြစ်နေရာသို့သွားရောက်ကြည့်ရှုရာ သေဆုံးသူ ထွန်းဝင်းနိုင်အားတွေ့ရှိရပါသည်။

 ပြစ်မှုကျူးလွန်သူ နိုင်လင်းမောင် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ပိုက်စိတ်တိုက် ပိတ်ဆို့ ရှာဖွေဖမ်းဆီးရာ ထွက်ပြေးတိမ်းရှောင်သူ နိုင်လင်းမောင်အား ရွာအနီးရှိ ငလိုက်ချောင်းဘေး တံတားအနီးတွင် လက်ရဖမ်းဆီးရမိခဲ့သည်။

 ပြစ်မှုကျူးလွန်သူ နိုင်လင်းမောင်၏ထွက်ဆိုချက်အရ ၄င်းနှင့် သေဆုံးသူထွန်းဝင်းနိုင်တို့ အတူ အရက်သေစာသောက်စားမူးယစ်ရာမှ စကားများရန်ဖြစ်စဉ် အနီးရှိ (၂x၁)လက်မ သစ်သားတုတ်ဖြင့် ရိုက်နှက်၍ သေဆုံးခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ အခင်းဖြစ်စဉ်အားဓါတ်ပုံရိုက်ခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ သက်သေခံ (၂x၁)တုတ်အား ရှာဖွေပုံစံဖြင့်သိမ်းဆည်းခြင်း စသည့်ရဲလုပ်ငန်းများဆောင်ရွက်ရာ ပြစ်မှုကျူးလွန်သူအား လက်ရ ဖမ်းဆီးပြီး အမှတ်(၁)မြို့မရဲစခန်းတွင် (ပ)၃၁/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃ဝ၂ ဖြင့် အမှုဖွင့်လှစ်၍ဆက်လက် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment