Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 23, 2016

ပြည်တွင်းပြည်ပမီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦး အသတ်ခံရ


ဓါတ်ပုံ - (နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာမှာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေရဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ဖြေကြားခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦး အသတ်ခံရတယ်လို့ ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း အထွေထွေမန်နေဂျာ ဦးရဲနိုင်က 5Plus ကိုပြောပါတယ်။

 အဲဒီရွာမှာ အခုလ(၂၁)ရက်နေ့က သတင်းမီဒီတွေရဲ့ မေးမြန်းတာတွေကို ရခိုင်တိုင်းရင်းသားအချို့ ၊ ဟိန္ဒူ ဘာသာဝင်တချို့နဲ့ အစ္စလာမ်ဘာသာဝင် နှစ်ဦးတို့က အသီးသီးဖြေကြားခဲ့ကြတာလို့ဆိုပါတယ်။

 အဲဒီလိုဖြေကြားသူတွေအနက် အစ္စလာမ်ဘာသာဝင် အသက်(၃၈)နှစ်အရွယ် ဒုစ်မာမက်(ခ) ရှုနာမျာကို အကြမ်းဖက်သမားတွေက အဲဒီနေ့ညမှာပဲခေါင်းဖြတ် သတ်ခဲ့တာလို့သိရပါတယ်။

 ဖြစ်စဉ်က သေဆုံးသူရှုနာမျာဟာ အဲဒီနေ့ညနေက အိမ်ကိုပြန်ရောက်လာပြီး ရွာထဲကိုပြန်ထွက်သွားထဲက နောက်တစ်နေ့ အထိ ပြန်ရောက်မလာခဲ့တဲ့ အတွက် ဆွေမျိုးတွေက ငါးခူရစခန်းမှာ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ငါးခူရနယ်မြေစခန်းက နယ်မြေမှူး ဦးဆောင်တဲ့အဖွဲ့က လိုက်လံရှာဖွေခဲ့ရာ အခုလ(၂၂) ရက်နေ့ နေ့လယ် ၂ နာရီ ခွဲမှာ ဒိုးတန်းရွာနဲ့ ငါးခူရရွာကြား ၊ စပါယ်ပင်ရင်းချောင်းအနီးက လယ်ကွင်းစပ် မှာ သွေးကွက်တွေ တွေ့ရှိရပြီးနောက် ဆက်လက်ရှာဖွေခဲ့ရာ ဒီကနေ့ နေ့လယ် ပိုင်းမှာ ရှူနာမျာရဲ့ အလောင်းကို စံပါယ်ပင်ရင်းချောင်းထဲမှာ ဦးခေါင်း မပါဘဲ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်က ငါးခူရရွာမှာ တပ်နဲ့ ရဲက မီးရှို့တာ ၊ အဓမ္မကျင့်တာ မရှိကြောင်း ၊ မတရားဖမ်းဆီး တာမရှိကြောင်း ဖြေကြားခဲ့တဲ့အတွက် အကြမ်းဖက်သမားတွေက ဖမ်းဆီး သတ်ဖြတ်တယ်လို့ ယူဆထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ငါးခူရနယ်မြေစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်းမီဒီယာတွေကတော့က ဒီကနေ့ညနေမှာ ရန်ကုန်ကို ပြန်လည် ထွက်ခွာလာကြပြီဖြစ်တယ်လို့ ဦးရဲနိုင်ကပြောပါတယ်။

5 Plus News
https://www.facebook.com/5plusnews/

No comments:

Post a Comment