Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 26, 2016

ယုံလိုက်ပါ…


ယုံလိုက်ပါ…

***

သူတို့ အမျိုးတွေကို လူမျိုးတုန်း သတ်နေပါတယ်ဆိုပြီးတော့ ကိုမုတ်ဆိတ်တို့ တသိုက် မြန်မာသံရုံးတွေ ရှေ့မှာ ဆန္ဒပြကြတယ်။

ဆန္ဒပြတဲ့အထဲမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံကို မဖွယ်မရာ လုပ်ပြီး မီးရှို့ပြတဲ့ လုပ်ရပ်ကို မြင်တော့ တော်တော်လေးကို မှင်သက်သွားမိသလို နာနာကျင်ကျင်လဲ ခံစားလိုက်ရတယ်။

***

အခု ဖြစ်ရပ်နဲ့ ပတ်သက်ပြီး တွေးမိတာကတော့ အမျိုးသားရေးသမားများ ဆိုတဲ့ မြန်မာပြည်သား ညီအစ်ကိုများသည်လဲ အတွေးတစတော့ ရတန်ကောင်းပြီလို့ မြင်မိတာပါပဲ။

NLD အစိုးရက OIC နဲ့ပဲ ပတ်သက်နေသယောင်ယောင်၊ ဒေါ်အောင်ဆန်းစုကြည်ကပဲ လူမျိုးခြား ထိုပုဂ္ဂိုလ်တွေကို ပစားပေးနေသယောင်ယောင် အပြောတွေ လုပ်ရပ်တွေ လုပ်ပြီးတော့ အမျိုးသားရေး အမည်ခံပြီးတော့ အမျိုးစုံအောင် ပုတ်ခတ် တိုက်ခိုက်ခဲ့သူတွေကို အခု သတင်းဓာတ်ပုံက သတိဝင်အောင် သက်သေပြတာနဲ့ အတူတူပါပဲ။

စိတ်မကောင်းစရာ အတော်ကောင်းတာကတော့ ဒီလောက်ထိအောင် ပုတ်ခတ်ခံ၊ အမုန်းတွေခံပြီး တိုင်းပြည် အတွက် အလုပ်လုပ်နေတဲ့ လူထုခေါင်းဆောင်နဲ့ သူ့အစိုးရကို ပူးပေါင်းဆောင်ရွက်သူက ခပ်နည်းနည်း၊ စောင့်ကြည့် တိုက်ခိုက် ဝေဖန်ပုတ်ခတ်သူက ခပ်များများ ဖြစ်နေတာပဲ။

***

အခုလို ဖြစ်ရပ်တွေ ဖြစ်တာဟာ မြန်မာမီဒီယာ တချို့ရဲ့ အချိုးမပြေမှုတွေလဲ အများကြီး ပါတယ်လို့ တည့်တည့် ပြောချင်ပါသေးတယ်။ ဥပမာ…၊ အလဲဗင်းနဲ့ ဧရာဝတီလို မီဒီယာမျိုးတွေ။

ဗြောင်ကျကျ ဥပမာပေးရရင် လက်ရှိ မြန်မာ မီဒီယာတွေထဲမှာ အလဲဗင်းက အီးကို ဘူခနဲနေအောင် အသံကျယ်ကျယ် ပေါက်တဲ့ လူတယောက်နဲ့ တူတယ်ဆိုရင် ဧရာဝတီကတော့ လူအလစ်မှာ ဖင်ကို အသာကြွပြီး လေခိုးလည်တဲ့လူနဲ့ တူတယ်။ ဘယ်လိုပဲ ပေါက်ပေါက် နံတာခြင်းကတော့ အတူတူပဲ။ ဒီလို မီဒီယာမျိုးတွေဟာ ပြည်သူကို ကြာလေလေ အကျိုးမပေးမှန်း သိသာလာလေလေပါပဲ။

အစိုးရကို စေတနာထားသလိုလိုနဲ့ အလဲဗင်းက ကမ္ဘာပတ် အပုပ်ချတယ် ဆိုရင် ဧရာဝတီက ပြည်သူတွေ လက်မခံနိုင်တဲ့ "ရိုဟင်ဂျာ" ဆိုတဲ့ အသုံးအနှုန်းကိုမှ သုံးပြီးတော့ အစိုးရကို ဘေးတီးတယ်။ နိုင်ငံတကာမှာ အခုလိုတွေ ကိုယ့်နိုင်ငံ ခေါင်းဆောင်ကို အစော်ကားခံရတော့လဲ သူတို့က အလယ်အလတ် လမ်းစဉ် လိုက်သူကြီးတွေလိုလို၊ သမာသမတ် ကျသူကြီးတွေလိုလိုနဲ့ ဟန်မပျက်ပါပဲ။

***

ဒီတော့ ကျွန်တော်တို့လို ပြည်သူတွေက ဘာလုပ်ရမလဲ ဆိုတော့ လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို နည်းနည်းလေးမှ သံသယ မရှိစွာနဲ့ သူ့ဦးဆောင်မှု နောက်ကို လိုက်ပြီး သူ ဦးဆောင်နေတဲ့ NLD အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားမှာ ပင်နယံကောင်းလေးတွေ ဖြစ်ဖို့ အသိ၊ သတိ ကောင်းကောင်း ရှိဖို့ လိုပါလိမ့်မယ်။

အမျိုးသား အရေး တက်ကြွသူများသည်လဲ တိုင်းပြည်ကို တကယ်ချစ်ကြသူများလို့သာ ခံစားပါရစေတော့…။ ခင်ဗျားတို့ ထင်သလို လူထုခေါင်းဆောင်ဟာ ဘယ်လူမျိုးခြားကိုမှ ပစား ပေးမနေဘူး ဆိုတာ ယုံကြည်လိုက်ပါတော့…။

***

နားလည်တတ်၊ ခံစားတတ်မယ် ဆိုရင် ဒီအချိန် ဒီအခါမှာလောက် လူထုခေါင်းဆောင်နဲ့ သူ့အစိုးရကို ထောက်ခံသင့် အားပေးသင့်တဲ့ အချိန် မရှိဘူးဆိုတာ ယုံလိုက်ပါ။

***

ကလိုစေးထူး
နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၆ ခုနှစ်။ ည ၈ နာရီ ၁၄ မိနစ်။

No comments:

Post a Comment