Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 16, 2016

ဝမ်းချုပ်နေသူများအတွက်



Healthy foods
ဒိန်ချဉ်လုပ်နည်းလေးမေးထားလို့ တင်ပေးလိုက်တယ်နော်

၁ ။ နွားနို့  ၁ ပိသာ ကို ဆူအောင်ကျိုပါ
ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့ 
ကြာကြာလေး ကျို ပါ
တအားလည်း မပျစ်ပါစေနဲ့ 

၂ ။ ပြီးရင် မီးဖိုပေါ်ကချပြီး အအေးခံပါ
လုံးဝအေးသွားတဲ့ အထိမစောင့်ရပါ
( နွေးနွေးလေးမှာ အလျဉ် ကို ထည့်ရမှာမို့ ပါ)
လက်ညှိုးကိုထည့်ကြည့်လို့  အပူခံနို င်တယ်ဆိုရုံလေးပေါ့)

၃ ။ အလျဉ် ( ဟင်းခတ်ဇွန်း ၁ ဇွန်း ) ထည့်ပြီး မွှေပေးပါ

၎ ။ ပြီးရင် အုပ်ဆောင်းနဲ့ အုပ်ပြီး မရွေ့ လျားစေဘဲ ၂၄ နာရီ ထားပါ

အခန်းအပူချိန်မှာပဲ ထားရမှာပါ
၂၄ နာရီပြည့်ရင် ဒိန်ချဉ်ဖြစ်ပါပြီ

သတိပြုရမှာတွေက
- လေလုံအောင် အိုးကိုပိတ်မထားရပါဘူး
- ခဏခဏ လည်း မမွှေရပါဘူး
- အလျဉ်ထည့်ချိန်မှာ သာ မွှေပေးရတာပါ
- အလျဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး

အလျဉ်ကို ဘယ်လိုလုပ်ရတာလဲဆိုတော့
နွားနို့ အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို
ဘာမှမလုပ်ဘဲ ဘာမှမထည့်ဘဲ
အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အလျဉ် ဖြစ်ပါပြီ

အဲဒီအလျဉ်ကို အပေါ်ယံပဲဖြစ်ဖြစ် မြွှေပြီးပဲဖြစ်ဖြစ်သုံးနိုင်ပါတယ်
ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အလျဉ်အဖြစ်သုံးနိုင်ပါတယ်

အချိုးအဆကတော့
နွားနို့ ၁ပိသာ ကို အလျဉ် ၁ ဇွန်းပါပဲ(ဟင်းခတ်ဇွန်း)

ဒိန်ချဉ်ဖြစ်သွားပြီိဆိုရင်
ရေခဲသေတာထဲမှာအကြာကြီးထားလို့ ရပါတယ်
ဒိန်ချဉ်နဲ့ စားဖို့ 
သကြားရည်ပဲကျိုကျို
ထန်းလျက်ရည်ပဲကျိုကျို
ဆားလေး နဲနဲထည့်ကျို
ရေကိုတော့ အများကြီးမထည့်ပါနဲ့ 
သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ်
အိုးမကပ်ရုံသာရေထည့်ပါနော် :-)

ကဲဘော်ဘော်တို့ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒိန်ချဉ်လေး
လုပ်စားကြနော် :)

Via : စမီးစိုးစာ

No comments:

Post a Comment