Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 16, 2016

မုိးႀကိဳးထိမွန္ခဲ့ေပမယ့္ ဖိနပ္ေၾကာင့္ အသက္မေသတဲ့သူ

မုိးႀကိဳးထိမွန္ခဲ့ေပမယ့္ ဖိနပ္ေၾကာင့္ အသက္မေသတဲ့သူ


By netsetaw - June 16, 2016

အသက္(၆၅)ႏွစ္အရြယ္ရွိ Brian Phillips အမည္ရ အဘုိးအုိတစ္ေယာက္ဟာ မီးဖုိေခ်ာင္ထဲမွာ သန္႔ရွင္းေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနစဥ္အေတာအတြင္းမွာ၊ 10 လက္မေလာက္ရွိတဲ့ မီးဖုိေခ်ာင္သုံးဓားကုိ ကုိင္ထားေနတုန္း မုိးႀကိဳအပစ္ခံခဲ့ရပါတယ္။ ဒါေပမယ့္ သူဟာ ေသကံမေရာက္ သက္မေပ်ာက္ခဲ့ပါဘူး။ အေၾကာင္းကေတာ့ သူဟာ ရာဘာနဲ႔ျပဳလုပ္ထားတဲ့ ေျခစြပ္ဖိနပ္ေပ်ာ့ကုိ ၀တ္ဆင္ထားတာမုိ႔ လွ်ပ္စစ္ဓာတ္အား ခႏၶာကိုယ္အတြင္း စီး၀င္ျခင္းမရွိဘဲ ေသေဘးမွ လြတ္ေျမာက္ခဲ့ပါတယ္။ Phillips ဟာ  မုဆုိးဖုိတစ္ဦးျဖစ္ၿပီး  အဆုိပါ ဖိနပ္ကုိ သမီးျဖစ္သူက ခရစၥမတ္လက္ေဆာင္အျဖစ္ ေပးခဲ့တာျဖစ္ၿပီး 15 ေပါင္ ေပးခဲ့ရတယ္လုိ႔လည္း သိရပါတယ္။

မုိးႀကိဳးထိမွန္ခဲ့တဲ့ အဖုိးအုိ Phillips က သူရဲ႕အေတြ႕အႀကဳံကုိ ျပန္လည္ေျပာျပရမွာ ” ကၽြန္ေတာ့္နားထဲမွာေတာ့ အဲဒီအသံ
ႀကီးဟာ အက်ယ္ဆုံးပါဘဲ …  အဲဒီအသံနဲ႔အတူ ကၽြန္ေတာ္ နံရံရဲ႕ဆန္႔က်င္ဘက္ဆီကုိ လြင့္စင္သြားခဲ့ပါတယ္ … ကၽြန္ေတာ္ မိန္းေမာသြားပါေသးတယ္ … ကၽြန္ေတာ္ ႏုိးလာေတာ့ ဒီအျဖစ္အပ်က္ကုိ ဗုံးေပါက္တာလား … ဒါမွမဟုတ္ ဂက္စ္အုိးက ထေပါက္တာလား မသဲကြဲေသးပါဘူး … ေဆးဘက္ဆုိင္ရာ၀န္းထမ္းေတြက ကၽြန္ေတာ့္ကို ဖိနပ္စီးထားလုိ႔ အသက္အႏၱရာယ္ လြတ္ကင္းခဲ့တာ ျဖစ္ေၾကာင္း … ေျခေထာက္သာ ေျမျပင္နဲ႔ထိေနရင္ မုိးႀကိဳးလွ်ပ္စစ္ စီး၀င္မႈခံရမွာ ျဖစ္ေၾကာင္း ေျပာၾကပါတယ္ “လုိ႔ ျပန္လည္ ဖြင့္ဟခဲ့ပါတယ္။ ဖိနပ္ေတြနဲ႔ ပက္သတ္ၿပီး Phillips က ” ဒီဖိနပ္ေတြက အမႈိက္ျခင္းထဲ လႊင့္ပစ္ရေတာ့မွာပါ … ဒါေပမယ့္ ကၽြန္ေတာ္က ဒါေတြကုိ ေပၿပီး စီးေနခဲ့တယ္ .. ဒီဖိနပ္ေတြက တစ္ျခားဖိနပ္ဲ႔မတူပါဘူး … ” လုိ႔ ေျပာခဲ့ပါတယ္။ Phillips ဟာ ၿပီးခဲ့တဲ့တနဂၤေႏြက ညစာစားအၿပီး မီးဖုိးေခ်ာင္သန္႔ရွင္းလုပ္ေနခဲ့ပါတယ္။ ူသူ႕အိမ္ေမြး ေၾကာင္ေလးအတြက္ ၾကက္ဆင္သားလွီးေနတုန္း မုိးႀကိဳးအပစ္ခံခဲ့ရတာ ျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ အသက္အႏၱရာယ္ကင္းေနဆဲျဖစ္ပါတယ္။

source : mirror.co.uk

.......................................

မိုးကြိုးထိမှန်ခဲ့ပေမယ့် ဖိနပ်ကြောင့် အသက်မသေတဲ့သူ
By netsetaw - June 16, 2016

အသက်(၆၅)နှစ်အရွယ်ရှိ Brian Phillips အမည်ရ အဘိုးအိုတစ်ယောက်ဟာ မီးဖိုချောင်ထဲမှာ သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ်အတောအတွင်းမှာ၊ 10 လက်မလောက်ရှိတဲ့ မီးဖိုချောင်သုံးဓားကို ကိုင်ထားနေတုန်း မိုးကြိုအပစ်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ သေကံမရောက် သက်မပျောက်ခဲ့ပါဘူး။ အကြောင်းကတော့ သူဟာ ရာဘာနဲ့ပြုလုပ်ထားတဲ့ ခြေစွပ်ဖိနပ်ပျော့ကို ၀တ်ဆင်ထားတာမို့ လျှပ်စစ်ဓာတ်အား ခန္ဓာကိုယ်အတွင်း စီးဝင်ခြင်းမရှိဘဲ သေဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ Phillips ဟာ  မုဆိုးဖိုတစ်ဦးဖြစ်ပြီး  အဆိုပါ ဖိနပ်ကို သမီးဖြစ်သူက ခရစ္စမတ်လက်ဆောင်အဖြစ် ပေးခဲ့တာဖြစ်ပြီး 15 ပေါင် ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

မိုးကြိုးထိမှန်ခဲ့တဲ့ အဖိုးအို Phillips က သူရဲ့အတွေ့အကြုံကို ပြန်လည်ပြောပြရမှာ ” ကျွန်တော့်နားထဲမှာတော့ အဲဒီအသံ
ကြီးဟာ အကျယ်ဆုံးပါဘဲ …  အဲဒီအသံနဲ့အတူ ကျွန်တော် နံရံရဲ့ဆန့်ကျင်ဘက်ဆီကို လွင့်စင်သွားခဲ့ပါတယ် … ကျွန်တော် မိန်းမောသွားပါသေးတယ် … ကျွန်တော် နိုးလာတော့ ဒီအဖြစ်အပျက်ကို ဗုံးပေါက်တာလား … ဒါမှမဟုတ် ဂက်စ်အိုးက ထပေါက်တာလား မသဲကွဲသေးပါဘူး … ဆေးဘက်ဆိုင်ရာဝန်းထမ်းတွေက ကျွန်တော့်ကို ဖိနပ်စီးထားလို့ အသက်အန္တရာယ် လွတ်ကင်းခဲ့တာ ဖြစ်ကြောင်း … ခြေထောက်သာ မြေပြင်နဲ့ထိနေရင် မိုးကြိုးလျှပ်စစ် စီးဝင်မှုခံရမှာ ဖြစ်ကြောင်း ပြောကြပါတယ် “လို့ ပြန်လည် ဖွင့်ဟခဲ့ပါတယ်။ ဖိနပ်တွေနဲ့ ပက်သတ်ပြီး Phillips က ” ဒီဖိနပ်တွေက အမှိုက်ခြင်းထဲ လွှင့်ပစ်ရတော့မှာပါ … ဒါပေမယ့် ကျွန်တော်က ဒါတွေကို ပေပြီး စီးနေခဲ့တယ် .. ဒီဖိနပ်တွေက တစ်ခြားဖိနပ်ဲ့မတူပါဘူး … ” လို့ ပြောခဲ့ပါတယ်။ Phillips ဟာ ပြီးခဲ့တဲ့တနင်္ဂနွေက ညစာစားအပြီး မီးဖိုးချောင်သန့်ရှင်းလုပ်နေခဲ့ပါတယ်။ ူသူ့အိမ်မွေး ကြောင်လေးအတွက် ကြက်ဆင်သားလှီးနေတုန်း မိုးကြိုးအပစ်ခံခဲ့ရတာ ဖြစ်ပြီး အခုအချိန်မှာတော့ အသက်အန္တရာယ်ကင်းနေဆဲဖြစ်ပါတယ်။

source : mirror.co.uk

No comments:

Post a Comment