Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 16, 2016

ဂိမ်းကစား၍ အနိုင်ရရှိသူအား ကျားလိင်အင်္ဂါအတုပေးမှု ဆိုင်မန်နေဂျာ ဝန်ခံသော်လည်း ခိုင်လုံသည့် အထောက် အထား မရှိသည့်အတွက် အရေးမယူနိုင်ခဲ့ဟု ဒု-ဝန်ပြော


နေပြည်တော်၊ မေ ၁၆

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ဖွင့်လှစ်ထားသည့် ဟက်ပီးဇုန်ကစားကွင်းတွင် လာရောက်ကစားသူ အချို့အား ကျားလိင်အင်္ဂါအတု လက်ဆောင်ပေးခြင်း လူမှုကွန်ယက်စာမျက်နာပေါ်တွင် သတင်းထွက်ရှိမှုကြောင့် သွား ရောက်စစ်ဆေးခဲ့သော်လည်း အထောက်အထား ခိုင်လုံမှုမရှိခြင်း၊ မျက်မြင်သက်သေ မရှိခြင်းတို့ကြောင့် အရေး ယူနိုင်မှု မရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

“လူမှုကွန်ယက်တွင် သတင်းဖြစ်ပေါ်သည်ကို စစ်ဆေးစဉ် ခိုင်မာသည့် သက်သေအထောက်အထားမရရှိခြင်း၊ ပါတ်ဝန်းကျင် မျက်မြင်သက်သေထွက်ဆိုမှု မရရှိခြင်းတို့ကြောင့် စစ်ဆေးရေးအဖွဲ့များအနေဖြင့် ပြစ်မှုကြောင်း အရ အရေးယူနိုင်ခြင်းမရှိခဲ့ပဲ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအရ ဆိုင်မန်နေဂျာကို ခံဝန်ကတိပြု လက်မှတ်ရေးထိုး စေခဲ့ပါတယ်” ဟု ၄င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး မေးမြန်းသည့် အသက် ၂၀ အောက် ကလေးများနှင့် အမျိုးသမီးများ အရှက်ရစေသည့် ကျားလိင်အင်္ဂါအတု ပြသခြင်း၊ ပေးခြင်း များကို ရဲမှူးကြီးကိုယ်တိုင် ဝင်ရောက်စစ်ဆေးကာ ဆိုင်မန်ဂျာ ကိုယ်တိုင်ဝန်ခံပါလျှက် အဘယ်ကြောင့် အရေးမ ယူနိုင်ရသည်ကို သိလိုသည့်မေးခွန်းအား ပြည်ထဲရေး ဒု-ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

“ကစားစရာပစ္စည်းတွေကို ထိုင်းနိုင်ငံက တင်သွင်းရာမှာ ကစားစရာအပြင် ပုံစံမျိုးစုံ ဆပ်ပြာများပါရှိခဲ့ပြီး အဲ့အထဲ မှာ အမျိုးသားလိင်အင်္ဂါတုပုံစံ ဆပ်ပြာခဲ ၁၀ ခုပါရှိပြီး အဲ့ဒီဆပ်ပြာခဲများကို မှန်ဘီဒိုထဲတွင်ထားရှိကာ ကစားပွဲအ နိုင်ရသူကို ပေးရန် ထားရှိခဲ့ကြောင်း လက်ဆောင်ပေးခြင်း မရှိဘဲ ဖျက်စီးခဲ့တာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်” ဟု ပြည်ထဲရေး ဒု-ဝန်ကြီးက ရှင်းပြသည်။

ယင်းဂိမ်းဆိုင်အား အရေးယူနိုင်ရန် အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး၊ ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည် ပင် အုပ်ချုပ်ရေးမှူးတို့အား တာဝန်ပေးအပ်ခဲ့ကြောင်းလည်း ၄င်းကဆိုသည်။

“ဒီလူတွေက သက်သေမခိုင်လုံဘူးလား၊ ကျွန်တော်ကတော့ သိပ်ပြီးအားမရဘူး၊ ဘဝင်မကျဘူး၊ ဒီလို တရားစီ ရင်ရေး အာဏာဟာ အုပ်ချုပ်ရေးမှာမရှိဘူး၊ တရားစီရင်ရေးအာဏာသည် တရားရုံးမှာဘဲ ရှိတယ်၊ အဲ့ဒီလို ကျင့် သုံးတဲ့အတွက် တရားဥပဒေစိုးမိုးမှုကို ပိုပြီးတော့ အယုံအကြည်မဲ့စေတယ်” ဟု မေးခွန်းရှင် ဦးဌေးဦးက မီဒီယာ များကို ပြောသည်။

ပြစ်မှုဆိုင်ရာ ကျင်းထုံးဥပဒေ ပုဒ်မ ၅၄ အရ လူတစ်ယောက်သည် ရဲအရေးပိုင်သည့် ပြစ်မှုတစ်ခုအား ကျူးလွန် ဖွယ်ရှိကြောင်း မသင်္ကာရုံဖြင့် ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးနိုင်ပြီး အရေးယူနိုင်မည့် အခွင့်အရေး ပိုရှိကြောင်းလည်း ၄င်းကဆိုသည်။

“ဒီလိုလုပ်နိုင်အောင် ပြည်သူ့ဘဏ္ဍာတွေနဲ့ သူတို့ ရဲတပ်ဖွဲ့ကြီးကို ဖွဲ့စည်းထားတာလေ၊ ဒါတွေလုပ်ဖို့ဖွဲ့စည်းထား တာ၊ သူတို့မှာ ဖမ်းဆီးမယ်၊ အရေးယူမယ် ဒါပဲအခွင့်အရေးရှိတယ်၊ တရားစီရင်ဖို့ အခွင့်အရေးမရှိဘူး” ဟု ဦးဌေးဦးက ထောက်ပြ ဝေဖန်လိုက်သည်။

ဟက်ပီးဇုန်ဆိုင်အား အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအရ ဆိုင်တာဝန်ခံ မန်နေဂျာအား ခံဝန်ကတိလက်မှတ်ထိုးစေ ကာ ဆိုင်ပိုင်ရှင်အား နောက်ဆုံးအကြိမ်သတိပေးမှုပြု၍ နောက်နောင်ထပ်မံဖြစ်ပွားပါက ဆိုင်ဌားစာချုပ် ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အမျိုးသားလွှတ် တော်သို့ တင်ပြသည်။

ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment