Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 16, 2016

Google search ကို ကီးဘုတ်မှာ တစ်ခါတည်းလုပ်ဆောင်လို့ရနိုင်မယ့် Gboard ကီးဘုတ်


Google မှာ တစ်ကူးတစ်က သွားရှာနေစရာမလိုတော့ဘဲ စာရိုက်နေရင်း ရှာဖွေချင်တဲ့အရာတွေကို  တစ်ပါတည်းရှာဖွေနိုင်မယ့် Gboard ကီးဘုတ်ကို Google က iOS ဗားရှင်းတွေအတွက် ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

မတ်လအတွင်းကတော့ ဒီကီးဘုတ်ထွက်ရှိမယ်လို့ အသံထွက်ခဲ့ပြီး ယခု မေလကျမှ ကီးဘုတ်က တရားဝင်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ Emoji တွေ ၊ဗီဒီယိုတွေ ၊ GIF တွေနဲ့ လိပ်စာတွေကို တစ်ခဏအတွင်း အမြန်ဆန်ဆုံး ဒီကီးဘုတ်ကနေတစ်ဆင့် ရှာဖွေပို့ဆောင်သွားနိုင်မှာဖြစ်ပါတယ်။


ကီးဘုတ်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ Google ရဲ့ တံဆိပ်ဖြစ်တဲ့ "G" ကို တွေ့ရမှာဖြစ်ပြီး "G" ကို နှိပ်လိုက်တာနဲ့ ကိုယ်ရှာချင်တဲ့အကြောင်းအရာတွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

Google ကီးဘုတ်လိုပဲ ရိုက်ထည့်မယ် စာလုံးကို မှန်းဆပေးမယ့် လုပ်ဆောင်ချက်နဲ့ ပွတ်ဆွဲစာရိုက်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို ဒီကီးဘုတ်မှာလည်း ထည့်သွင်းပေးထားပါတယ်။ ဒီကီးဘုတ်ကို လောလောဆယ်မှာတော့ Apple Store မှာ ဖြန့်ချိထားပြီးဖြစ်ပြီး မကြာခင်အတောအတွင်းမှာလည်း Android ဖုန်းတွေအတွက် ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Google search ကို အခုလို အလွယ်တကူ အသုံးပြုလာနိုင်တာကြောင့် Google ကနေတစ်ဆင့် အကျိုးအမြတ်တွေ များပြားလာမှာဖြစ်ပါတယ်။
Google ဟာ သူတို့ရဲ့ Translate လုပ်ဆောင်ချက်ကိုလည်း အက်ပလီကေးရှင်းတိုင်းမှာ အသုံးပြုနိုင်အောင်လည်း မကြာခင်ကမှ လုပ်ဆောင်ခဲ့ပါသေးတယ်။

အောက်ကလင့်ခ်မှာတော့ အသုံးပြုပုံ အသေးစိတ်ကို လေ့လာနိုင်ပါတယ်။

https://youtu.be/F0vg4HUEIyk


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Android Authority

No comments:

Post a Comment