Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 13, 2016

ထိုင္းရွိ ျမန္မာအလုပ္သမား ၅ေသာင္းေက်ာ္ အထိေနရပ္ျပန္


ထိုင္းႏိုင္ငံအစိုးရမွ တရားမ၀င္ငါးဖမ္းေလွကို လိုက္လံဖမ္းဆီးခဲ့ၿပီးသည့္ေနာက္ပိုင္း စမြန္စာခြန္ခရိုင္တစ္ခရိုင္အတြင္းတြင္ ျမန္မာငါးဖမ္းလုပ္သား ၅၀၀၀၀ ေက်ာ္ေနရပ္ျပန္ကုန္ၾကရပါတယ္။ ငါးဖမ္းလုပ္ငန္းျပန္လည္ျဖစ္ထြန္းလာလွ်င္ ေနရပ္ျပန္သြားၾကေသာ ျမန္မာေရလုပ္သားမ်ား ထိုင္းႏိုင္င္ငံသို႔ ျပန္မလာေတာ့မွာကို ထိုင္းငါးဖမ္းလုပ္ငန္းရွင္နဲ႔ ေရသတၱ၀ါ ကုန္ေခ်ာထုတ္လုပ္ေရး ကုမၸဏီပိုင္ရွင္မ်ားက အထူးစိုးရိမ္ေနပါတယ္။

ထိုင္းငါးဖမ္းလုပ္ငန္းမွာ စမြတ္စာခြန္ခရိုင္တစ္ခရိုင္တည္းတြင္ တစ္ႏွစ္ကို၀င္ေငြ ဘတ္သန္းေပါင္း ၁သိန္းအထိရရွိပါတယ္။ ငါးဖမ္းလုပ္သားႏွင့္ ငါးပုဇြန္ကုန္ေခ်ာစက္ရံုအလုပ္သမားအမ်ားစုက ျမန္မာအလုပ္သမားေတြျဖစ္ပါတယ္။ ျပန္သြားၾကေသာျမန္မာအလုပ္သမားမ်ားထိုင္းသို႔ျပန္လာဖို႔ လုပ္ငန္းရွင္မ်ားအဖြဲ႔ကအစိုးရထံအကူအညီေတာင္းေနပါတယ္။

 လက္ရွိမွာတန္ ၃၀အမ်ိဳးအစားငါးဖမ္းသေဘၤာမ်ား ၇၀-၈၀%အထိ အစင္းေရအားျဖင့္ ၄၀၀ စင္းကို ငါးဖမ္းထြက္ခြာဖို႔အဆင္သင့္ျဖစ္ေနပါၿပီ အလုပ္သမားေတာ့လံုေလာက္မႈမရွိဘူး။ ဤျပႆနာရဲ႕အက်ိဳးဆက္ကို ႏိုင္င္ငံ၀င္ေငြထိခိုက္ေစသလို ပင္လယ္အစားအစားစားသံုးေသာထိုင္းျပည္သူေတြအတြက္လည္း ပင္လယ္ငါး ပုဇြန္ ဂဏန္းမ်ား ေစ်းတဟုန္ထိုးတက္သြားႏိုင္တယ္လို႔ စမြတ္စာခြန္ခရိုင္ ေရသတၱ၀ါလုပ္ငန္းေကာ္မတီဥကၠဌမစ္စတာ အာခံု ခရို၀န္ကေျပာၾကားသြားပါတယ္။

ထိုမကပဲ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ အလုပ္လုပ္ေနေသာ ျမန္မာအလုပ္သမားမ်ားႏွင့္ အိမ္တြင္းေရးရာအလုပ္သမားမ်ားလည္း ၿပီးခဲ့တဲ့သႀကၤန္ရက္အတြင္းမွာ ေနရပ္သို႔ျပန္သြားၾကၿပီး ၅၀%အထိျပန္မလာၾကတာေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းႏွင့္အိမ္တြင္းေရးရာမွာလည္း အလုပ္သမားေတြ မရွိသေလာက္ျဖစ္ကုန္ၿပီလို႔သိရပါတယ္။

 ျမန္မာအစိုးရက ႏိုင္ငံျခားလာေရာက္ရင္းႏွီးျမႈပ္ႏွံမႈကိုတံခါးဖြင့္ေပးထားၿပီး တိုးတက္ဖြံ႕ၿဖိဳးေရး Infrastructure ေတြလည္းတည္ေဆာက္ထားသလို ေဆာက္လုပ္ေရးလုပ္ငန္း ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းစသည္တို႔ကိုလည္း လွ်င္ျမန္စြာလုပ္ေဆာင္ေနတဲ့အတြက္ ႏိုင္ငံျခားမွာအလုပ္သြားလုပ္ေနၾကေသာျမန္မာအလုပ္သမားအမ်ားအျပားအမိႏိုင္ငံသို႔ျပန္လာေစပါတယ္လို႔ ေျပာသြားပါတယ္ခင္ဗ်ား။

MTF Channel
https://www.facebook.com/mtftv/
...............


ထိုင်းနိုင်ငံအစိုးရမှ တရားမဝင်ငါးဖမ်းလှေကို လိုက်လံဖမ်းဆီးခဲ့ပြီးသည့်နောက်ပိုင်း စမွန်စာခွန်ခရိုင်တစ်ခရိုင်အတွင်းတွင် မြန်မာငါးဖမ်းလုပ်သား ၅၀၀၀၀ ကျော်နေရပ်ပြန်ကုန်ကြရပါတယ်။ ငါးဖမ်းလုပ်ငန်းပြန်လည်ဖြစ်ထွန်းလာလျှင် နေရပ်ပြန်သွားကြသော မြန်မာရေလုပ်သားများ ထိုင်းနိုင်င်ငံသို့ ပြန်မလာတော့မှာကို ထိုင်းငါးဖမ်းလုပ်ငန်းရှင်နဲ့ ရေသတ္တဝါ ကုန်ချောထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင်များက အထူးစိုးရိမ်နေပါတယ်။

ထိုင်းငါးဖမ်းလုပ်ငန်းမှာ စမွတ်စာခွန်ခရိုင်တစ်ခရိုင်တည်းတွင် တစ်နှစ်ကိုဝင်ငွေ ဘတ်သန်းပေါင်း ၁သိန်းအထိရရှိပါတယ်။ ငါးဖမ်းလုပ်သားနှင့် ငါးပုဇွန်ကုန်ချောစက်ရုံအလုပ်သမားအများစုက မြန်မာအလုပ်သမားတွေဖြစ်ပါတယ်။ ပြန်သွားကြသောမြန်မာအလုပ်သမားများထိုင်းသို့ပြန်လာဖို့ လုပ်ငန်းရှင်များအဖွဲ့ကအစိုးရထံအကူအညီတောင်းနေပါတယ်။

 လက်ရှိမှာတန် ၃၀အမျိုးအစားငါးဖမ်းသင်္ဘောများ ရ၀-၈၀%အထိ အစင်းရေအားဖြင့် ၄၀၀ စင်းကို ငါးဖမ်းထွက်ခွာဖို့အဆင်သင့်ဖြစ်နေပါပြီ အလုပ်သမားတော့လုံလောက်မှုမရှိဘူး။ ဤပြဿနာရဲ့အကျိုးဆက်ကို နိုင်င်ငံဝင်ငွေထိခိုက်စေသလို ပင်လယ်အစားအစားစားသုံးသောထိုင်းပြည်သူတွေအတွက်လည်း ပင်လယ်ငါး ပုဇွန် ဂဏန်းများ စျေးတဟုန်ထိုးတက်သွားနိုင်တယ်လို့ စမွတ်စာခွန်ခရိုင် ရေသတ္တဝါလုပ်ငန်းကော်မတီဥက္ကဌမစ်စတာ အာခုံ ခရိုဝန်ကပြောကြားသွားပါတယ်။

ထိုမကပဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေသော မြန်မာအလုပ်သမားများနှင့် အိမ်တွင်းရေးရာအလုပ်သမားများလည်း ပြီးခဲ့တဲ့သင်္ကြန်ရက်အတွင်းမှာ နေရပ်သို့ပြန်သွားကြပြီး ၅၀%အထိပြန်မလာကြတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းနှင့်အိမ်တွင်းရေးရာမှာလည်း အလုပ်သမားတွေ မရှိသလောက်ဖြစ်ကုန်ပြီလို့သိရပါတယ်။

 မြန်မာအစိုးရက နိုင်ငံခြားလာရောက်ရင်းနှီးမြှုပ်နှံမှုကိုတံခါးဖွင့်ပေးထားပြီး တိုးတက်ဖွံ့ဖြိုးရေး Infrastructure တွေလည်းတည်ဆောက်ထားသလို ဆောက်လုပ်ရေးလုပ်ငန်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းစသည်တို့ကိုလည်း လျှင်မြန်စွာလုပ်ဆောင်နေတဲ့အတွက် နိုင်ငံခြားမှာအလုပ်သွားလုပ်နေကြသောမြန်မာအလုပ်သမားအများအပြားအမိနိုင်ငံသို့ပြန်လာစေပါတယ်လို့ ပြောသွားပါတယ်ခင်ဗျား။

MTF Channel
https://www.facebook.com/mtftv/

No comments:

Post a Comment