Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 13, 2016

မႏၱေလးေဆး႐ံုတြင္ ကုသေနသည္႕ ေလးျမႊာပူးကေလး ရက္ပိုင္းအတြင္း သံုးဦးေသဆုံး


မႏၲေလး ေမ ၁၂

စစ္ကိုင္းေဆး႐ုံတြင္ ဧၿပီ ၂၈ ရက္က ဓမၼတာနည္းျဖင့္ ေမြးဖြားခဲ့သည့္ ေလးႁမႊာပူး ကေလးငယ္မ်ားကို မႏၲေလး ခုတင္(၅၅ဝ)ဆံ့ ကေလး ေဆး႐ုံတြင္ ကုသလ်က္ရွိရာ ယင္းတို႔အနက္ သံုးဦးမွာ ရက္ပိုင္း အတြင္း ဆုံးပါးခဲ့ေၾကာင္း သိရသည္။

အထူးကုသခန္းတြင္ ထားရွိကုသ ေစာင့္ေရွာက္မႈမ်ား ျပဳလုပ္ေပးခဲ့ ေသာ္လည္း ကိုယ္အေလးခ်ိန္ တစ္ကီလိုဂရမ္ရွိ တတိယကေလးငယ္ မွာ ဧၿပီ ၂၉ ရက္ ည ၈ နာရီတြင္ လည္းေကာင္း၊ ၁ ဒသမ ၃ ကီလို ဂရမ္ရွိ စတုတၴကေလးငယ္မွာ ဧၿပီ ၃ဝ ရက္ နံနက္ ၅ နာရီတြင္ လည္းေကာင္း၊ ပထမကေလးမွာ ေမ ၈ ရက္တြင္ လည္းေကာင္း ဆုံးပါး သြားခဲ့ေၾကာင္း သိရသည္။

ကေလးမိဘမ်ားမွာ စစ္ကိုင္းၿမိဳ႕ ေဇယ်ာကြက္သစ္မွ လက္သမား လုပ္ကိုင္သူ ကိုေက်ာ္မင္းလတ္ႏွင့္ မျမင့္ျမင့္ေအးတို႔၏ ဒုတိယကိုယ္ဝန္မွ ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး က်န္ရွိေနသည့္ ေမြးကင္းစကေလးငယ္အား အထူး ကုသခန္းတြင္ ျပဳစုေစာင့္ေရွာက္ေပး ေနေၾကာင္း မႏၲေလး ခုတင္(၅၅ဝ)ဆံ့ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ သက္ေဆြက ေျပာသည္။

''ဆုံးပါးရတဲ့ အေၾကာင္းကေတာ့ လမေစ့၊ ေပါင္မျပည့္၊ အသက္႐ွဴ လမ္းေၾကာင္း ခက္ခဲမႈေၾကာင့္ ျဖစ္ပါ တယ္။Predern Very Low Birth Weight with Respiratory distress Syndrome Stage-4 လို႔ ေဆးပညာ အရ ေျပာရမယ္။ ကိုယ္အေလးခ်ိန္က တစ္ကီလိုဂရမ္ေလာက္ဆို ရွင္သန္ဖို႔ ခက္ခဲပါတယ္။ က်န္တစ္ေယာက္က လက္ရွိမွာ မဆိုးေသးဘူးေျပာရမွာပါ''ဟု ¤င္းက ေျပာသည္။

ပုံမွန္ေမြးဖြားၾကသည့္ ေမြးကင္းစ ကေလးငယ္မ်ားတြင္ ၂ ဒသမ ၅ ကီလိုဂရမ္ အထက္ရွိရမည္ျဖစ္၍ ယင္းထက္နည္းသြားပါက ကိုယ္ အေလးခ်ိန္မျပည့္သည့္ စာရင္းဝင္ၿပီး ၁ ဒသမ ၅ ကီလိုဂရမ္ထက္ေလ်ာ့နည္း ပါက သတိထားရမည့္ အေျခအေန ျဖစ္ကာ အသက္ရွင္သန္မႈရာႏႈန္း နည္းသည္ဟု ဆိုသည္။

မင္းထက္ေအာင္(မန္းကိုယ္ပြား)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
....................


မန္တလေး မေ ၁၂

စစ်ကိုင်းဆေးရုံတွင် ဧပြီ ၂၈ ရက်က ဓမ္မတာနည်းဖြင့် မွေးဖွားခဲ့သည့် လေးမြွှာပူး ကလေးငယ်များကို မန္တလေး ခုတင်(၅၅ဝ)ဆံ့ ကလေး ဆေးရုံတွင် ကုသလျက်ရှိရာ ယင်းတို့အနက် သုံးဦးမှာ ရက်ပိုင်း အတွင်း ဆုံးပါးခဲ့ကြောင်း သိရသည်။

အထူးကုသခန်းတွင် ထားရှိကုသ စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ သော်လည်း ကိုယ်အလေးချိန် တစ်ကီလိုဂရမ်ရှိ တတိယကလေးငယ် မှာ ဧပြီ ၂၉ ရက် ည ၈ နာရီတွင် လည်းကောင်း၊ ၁ ဒသမ ၃ ကီလို ဂရမ်ရှိ စတုတ္ထကလေးငယ်မှာ ဧပြီ ၃ဝ ရက် နံနက် ၅ နာရီတွင် လည်းကောင်း၊ ပထမကလေးမှာ မေ ၈ ရက်တွင် လည်းကောင်း ဆုံးပါး သွားခဲ့ကြောင်း သိရသည်။

ကလေးမိဘများမှာ စစ်ကိုင်းမြို့ ဇေယျာကွက်သစ်မှ လက်သမား လုပ်ကိုင်သူ ကိုကျော်မင်းလတ်နှင့် မမြင့်မြင့်အေးတို့၏ ဒုတိယကိုယ်ဝန်မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် မွေးကင်းစကလေးငယ်အား အထူး ကုသခန်းတွင် ပြုစုစောင့်ရှောက်ပေး နေကြောင်း မန္တလေး ခုတင်(၅၅ဝ)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ဆွေက ပြောသည်။

''ဆုံးပါးရတဲ့ အကြောင်းကတော့ လမစေ့၊ ပေါင်မပြည့်၊ အသက်ရှူ လမ်းကြောင်း ခက်ခဲမှုကြောင့် ဖြစ်ပါ တယ်။Predern Very Low Birth Weight with Respiratory distress Syndrome Stage-4 လို့ ဆေးပညာ အရ ပြောရမယ်။ ကိုယ်အလေးချိန်က တစ်ကီလိုဂရမ်လောက်ဆို ရှင်သန်ဖို့ ခက်ခဲပါတယ်။ ကျန်တစ်ယောက်က လက်ရှိမှာ မဆိုးသေးဘူးပြောရမှာပါ''ဟု ¤င်းက ပြောသည်။

ပုံမှန်မွေးဖွားကြသည့် မွေးကင်းစ ကလေးငယ်များတွင် ၂ ဒသမ ၅ ကီလိုဂရမ် အထက်ရှိရမည်ဖြစ်၍ ယင်းထက်နည်းသွားပါက ကိုယ် အလေးချိန်မပြည့်သည့် စာရင်းဝင်ပြီး ၁ ဒသမ ၅ ကီလိုဂရမ်ထက်လျော့နည်း ပါက သတိထားရမည့် အခြေအနေ ဖြစ်ကာ အသက်ရှင်သန်မှုရာနှုန်း နည်းသည်ဟု ဆိုသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

No comments:

Post a Comment