Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 12, 2016

ရန္ကုန္ပက္ပုန္းလမ္း


ဇိမ္ခန္းမ်ား တစ္စုတစ္ေဝး တည္ရွိရာ ကမာၻသိ လိင္ေစ်းတန္းႀကီးအျဖစ္ နာမည္ႀကီးသည့္ ပက္ပုန္းလမ္းသည္ ဘန္ေကာက္ၿမိဳ႕၏ နာမည္ေက်ာ္ လမ္းတစ္လမ္း ျဖစ္သည္။ ထိုနည္းတူ ျမန္မာျပည္တြင္လည္း ရန္ကုန္ပက္ပုန္းလမ္းဟူ၍ ရွိသည္။
ညဥ့္နတ္မိမယ္ေလးမ်ား ေပ်ာ္စံရာ ဇိမ္ခန္းေပါင္းမ်ားစြာ တစ္စုတစ္ေဝးတည္း တည္ရွိေသာ ရန္ကုန္ပက္ပုန္းလမ္းတြင္ ျပည္တြင္းေဖာက္သည္မ်ားသာမက ႏိုင္ငံျခားသား ေဖာက္သည္မ်ားပါ ဝင္ထြက္သြားလာ စည္ကားေနၿပီ ျဖစ္သည္။
စမ္းေခ်ာင္းၿမဳိ႕နယ္ ဗဟိုလမ္းမေပၚရွိ တစ္ခုေသာ လမ္းသြယ္အတြင္းသို႔ ေကြ႔ဝင္လိုက္ပါက ရန္ကုန္ပက္ပုန္းလမ္းသို႔ ေရာက္ရွိမည္ျဖစ္သည္။
မီးမွိန္မွိန္ ကြမ္းယာဆိုင္ေလးမ်ားႏွင့္ မီးထိန္ထိန္ ဘီယာဆိုင္မ်ား၏ အေနာက္ဘက္ရွိ အေဆာက္အအုံမ်ား၏ အေပၚထပ္ရွိ ေစ့ထားေသာ တံခါးမ်ား၏ ေနာက္ကြယ္တြင္ အနီေရာင္ေဖ်ာ့ေဖ်ာ့ မီးေရာင္ထြန္းထားသည့္ အခန္းက်ယ္မ်ား ကိုယ္စီရွိေနသည္။
အခ်ဳိ႕ တံခါးတစ္ခ်ပ္သာ ဟထားေသာ အခန္းမ်ားေရွ႕တြင္ ဧည့္ႀကဳိဟုေခၚေသာ အမ်ဳိးသားငယ္ သုံးေလးေယာက္က ေစာင့္ၾကပ္၍ လမ္းသြားလမ္းလာမ်ားကို အခ်က္ျပကာ အႀကဳိေထာက္ေနၾကသည္။
“ဒီလမ္းေရာ၊ ဟိုဘက္လမ္းသြယ္ေတြေရာဆို အားလုံးေပါင္း ဆယ့္ငါးခုေလာက္ေတာ့ ရွိတယ္။ ေစ်းက အစားစားပဲ။ တစ္ခ်ိန္ဝင္ရင္ ခုနစ္ေထာင္ကေန တစ္ေသာင္းခြဲအထိ ရွိတယ္” ဟု ဆိုလာသူက ရန္ကုန္ပက္ပုန္းလမ္း အတြင္းရွိ ဇိမ္ခန္းဧည့္ႀကဳိတစ္ဦး ျဖစ္သူ ကိုစိုးမိုးေက်ာ္ ျဖစ္သည္။
အသက္ ၂၆ ႏွစ္အရြယ္ရွိ ဇိမ္ခန္းဧည့္ႀကဳိ ကိုစိုးမိုးေက်ာ္သည္ တစ္ခ်ိန္က ဘုရားပြဲမ်ားတြင္ လွည့္လည္ျပသသည့္ တုတ္ထိုး႐ုပ္ပြဲမွ ပညာရွင္တစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့ရာ ယခုအခါ တုတ္ထိုး႐ုပ္ပြဲမ်ား တိမ္ျမဳပ္ေပ်ာက္ကြယ္လာေသာေၾကာင့္ ယခုကဲ့သို႔ ဇိမ္ခန္းဧည့္ႀကဳိ အျဖစ္ ေျပာင္းလဲလုပ္ကိုင္ကာ အသက္ေမြးဝမ္းေက်ာင္း ျပဳေနရသူ ျဖစ္သည္။
ကိုစိုးမိုးေက်ာ္ကဲ့သို႔ ဇိမ္ခန္းဧည့္ႀကဳိမ်ား၏ တာဝန္က တံခါးေစ့ထားေသာ ဇိမ္ခန္းမ်ားေရွ႕တြင္ ထိုင္၍ ေဖာက္သည္မ်ားကို ေခၚယူေပးရျခင္း၊ ဇိမ္ခန္းတြင္ ျပႆနာ ျဖစ္ပြားပါက တာဝန္ယူ ေျဖရွင္းေပးရျခင္းႏွင့္ ရဲအစရွိေသာ တာဝန္ရွိ အဖြဲ႔အစည္းမ်ား ဝင္ေရာက္ဖမ္းဆီးမည့္ အေျခအေနမ်ားကို ေစာင့္ၾကည့္ေပးရျခင္းတို႔ ျဖစ္သည္။
ညစဥ္ ၈ နာရီေက်ာ္သည္ႏွင့္ အဆိုပါ လမ္းအတြင္းရွိ ဘီယာဆိုင္မ်ားႏွင့္ လွ်ဳိ႕ဝွက္ဇိမ္ခန္းမ်ားတြင္ လူအဝင္အထြက္တို႔ျဖင့္ ႐ႈပ္ယွက္ခတ္ေနေတာ့သည္။
အခ်ဳိ႕ဇိမ္ခန္းမ်ားႏွင့္ တြဲ၍ဖြင့္ထားေသာ ဘီယာဆိုင္မ်ားတြင္ ေဖာက္သည္မ်ားသည္ ဘီယာေသာက္သုံးၿပီးသည္ႏွင့္ ဆိုင္အေနာက္ခန္းႏွင့္ အေပၚထပ္ရွိ ဇိမ္ခန္းမ်ားသို႔ တစ္ခါတည္း ဝင္သြားႏိုင္သည္။ အဆိုပါ ဇိမ္ခန္းမ်ားတြင္ လုပ္ကိုင္ေနသည့္ လိင္အလုပ္သမ အေရအတြက္ကလည္း ရာႏွင့္ခ်ီ ရွိေနသည္။
“တစ္လကို ဝင္ေငြသုံးသိန္းေလာက္ ရပါတယ္။ ဒါေပမဲ့ ဆိုင္က အျပင္ေပးမထြက္ဘူး။ ပစၥည္းေပးမဝယ္ဘူး။ သူတို႔ဆိုင္က ပိုင္ရွင္မမေတြ ေရာင္းတဲ့ ပစၥည္းပဲ ဝယ္သုံးရတယ္” ဟု စမ္းေခ်ာင္းၿမဳိ႕နယ္ အတြင္းရွိ ဇိမ္ခန္းတစ္ခုတြင္ ေနထိုင္သည့္ လိင္အလုပ္သမတစ္ဦး ျဖစ္သူ မေသာ္တာက ဆိုသည္။
ဇိမ္ခန္းလိင္အလုပ္သမမ်ားသည္ မိတ္ကပ္၊ ေရေမႊးမွအစ ဘရာစီယာ၊ အတြင္းခံ ေဘာင္းဘီအဆုံး လိုအပ္သည့္ ပစၥည္းမ်ားကို အျပင္ထြက္ဝယ္ယူခြင့္ မရွိဘဲ ဇိမ္ေခါင္းမ်ား ေရာင္းခ်ေသာ ပစၥည္းမ်ားကိုသာ ဝယ္ယူသုံးစြဲၾကရသည္။
ဇိမ္ေခါင္းမ်ား ေရာင္းခ်ေသာ အသုံးအေဆာင္ပစၥည္း ေစ်းႏႈန္းမ်ားမွာ ျပင္ပေစ်းကြက္မ်ားတြင္ ေရာင္းခ်သည့္ ေစ်းႏႈန္းမ်ားထက္ ႏွစ္ဆခန္႔ ျမင့္တက္ကြာျခားတတ္ေၾကာင္း မေသာ္တာက ညည္းရွာသည္။
“ဘာပဲျဖစ္ျဖစ္ ဒီထဲမွာ ေနတာက ပိုက္ဆံအရမ္းရတယ္ေလ” ဟု မေသာ္တာက ဆိုသည္။
မေသာ္တာတို႔ လိင္ေစ်းကြက္အတြင္းသို႔ ျမန္မာလူမ်ဳိးမ်ားသာမက ႏိုင္ငံျခားသားမ်ားလည္း မၾကာခဏလာေလ့ ရွိၾကသည္။
ကိုရီးယား၊ ဂ်ပန္၊ ဗီယက္နမ္ႏွင့္ အိႏၵိယႏိုင္ငံသားမ်ား အမ်ားဆုံး လာေရာက္ေလ့ ရွိၾကၿပီး ျမန္မာႏိုင္ငံတြင္ ႏွစ္ရွည္စာခ်ဳပ္ျဖင့္ လာေရာက္အလုပ္လုပ္ၾကသည့္ ဖက္စပ္ကုမၸဏီမ်ားမွ အမ်ားစု ပါဝင္ျဖစ္ေၾကာင္း ဧည့္ႀကဳိ ကိုစိုးမိုးေက်ာ္က ဆိုသည္။
“တခ်ဳိ႕က စကားျပန္ပါေပမယ့္ စကားျပန္မပါတဲ့လူက ပိုမ်ားပါတယ္။ ဗမာစကားလည္း မတတ္၊ အဂၤလိပ္လိုလည္း မတတ္တဲ့အခါက် ကြၽန္ေတာ္တို႔မွာ လက္ဟန္ေျခဟန္နဲ႔ပဲ ေစ်းစကားေျပာရတယ္” ဟု ကိုစိုးမိုးေက်ာ္က ဆိုသည္။
အခ်ဳိ႕ႏိုင္ငံျခားသားမ်ားမွာ က်သင့္ေငြကို အျပည့္အဝမေပးဘဲ ႏိုင္ထက္စီးနင္း ျပဳက်င့္မႈမ်ား ရွိေၾကာင္းလည္း ကိုစိုးမိုးေက်ာ္က ဤသို႔ ရင္ဖြင့္လာသည္။
“ကြၽန္ေတာ္တို႔က တရားမဝင္ လုပ္ငန္းေလဗ်ာ... သူတို႔ ျပႆနာရွာလာလည္း အေလွ်ာ့ေပးလိုက္ရတာပဲ ရွိတယ္”
အဆိုပါလမ္းတြင္ ဇိမ္ခန္းမ်ားစြာ ဖြင့္လွစ္ထားေသာ္လည္း အျခားတစ္ဖက္ျခမ္းတြင္ လူေနတိုက္ခန္းမ်ား၊ ေစ်းဆိုင္မ်ားလည္း ရွိေနသည္။
လူေနရပ္ကြက္အတြင္း ယခုကဲ့သို႔ ဇိမ္ခန္းမ်ား တစ္စုတစ္စည္းတည္း တရားဝင္အလား ဖြင့္ခြင့္ရေနျခင္းအေပၚ နားမလည္ႏိုင္ေၾကာင္း အဆိုပါရပ္ကြက္တြင္ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ ေနထိုင္လာသူ အၿငိမ္းစား အင္ဂ်င္နီယာမွဴးႀကီး ဦးလွေအာင္က အံ့ၾသဟန္ျဖင့္ ဆိုလာသည္။
“၂၀၁၂ ခုႏွစ္ ေနာက္ပိုင္းမွ တစ္ခုစ ႏွစ္ခုစကေန အမ်ားႀကီး ျဖစ္လာတာ။ ကြၽန္ေတာ္တို႔မွာလည္း သမီးပ်ဳိေတြ ရွိတယ္။ ဒီလမ္းမွာ ဒီလို တစ္စုတစ္ေဝးႀကီး တရားဝင္နီးပါး ဖြင့္ေနတာေတာ့ မေကာင္းဘူးလို႔ ထင္ပါတယ္” ဟု ၎ကဆိုသည္။
တစ္ခါတစ္ရံ စီမံခ်က္ရွိသည္ ဆိုသည့္ အခါတြင္သာ ရဲတပ္ဖြဲ႔က အဆိုပါလမ္းရွိ ဇိမ္ခန္းအခ်ဳိ႕ကို ဝင္ဖမ္းေလ့ရွိၾကၿပီး မၾကာမီပင္ ျပန္လည္ဖြင့္လွစ္ေလ့ ရွိေၾကာင္းလည္း ဦးလွေအာင္က ျဖည့္စြက္ဆိုလာသည္။
ဤသို႔ အေရအတြက္အားျဖင့္ တစ္ဒါဇင္ေက်ာ္ ရွိေသာ အဆိုပါ ဇိမ္ခန္းမ်ားကို တစ္ေနရာတည္းတြင္ တစ္စုတစ္စည္းထဲ ဖြင့္ခြင့္ျပဳထားသည္မွာလည္း ရပ္ကြက္ေနျပည္သူမ်ားအဖို႔ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားအေပၚ ေမးခြန္းထုတ္စရာ ျဖစ္လာသည္။
ဘန္ေကာက္ ပက္ပုန္းလမ္းကဲ့သို႔ပင္ ႏိုင္ငံျခားသားမ်ား၊ ျပည္တြင္းရွိ ေၾကးရတတ္လူတန္းစားမ်ား သြားေရာက္ေလ့ရွိသည့္ ႏိုင္ငံတကာအဆင့္ျမင့္ ပက္ပုန္းလမ္း တစ္လမ္းလည္း ရွိေနျပန္သည္။
ယင္းကား ကုကၠဳိင္းလမ္းအနီးရွိ ဂ်ပန္႐ိုးရာ အႏွိပ္ခန္းဟု လူသိမ်ားသည့္ ေနရာတစ္ခု ျဖစ္သည္။
အဆိုပါေနရာ၏ ထူးျခားခ်က္မွာ ညေန ၆ နာရီေက်ာ္သည္ႏွင့္ မည္သူမဆို ဝင္ေၾကးက်ပ္ႏွစ္ေသာင္း ေပးရသည္။
ဆိုင္အတြင္းတြင္ေတာ့ ႏိုင္ငံတကာ မီးနီရပ္ကြက္မ်ားတြင္သာ ေတြ႔ျမင္ရႏိုင္သည့္ Necked Show ဟု ေခၚေသာ အမ်ဳိးသမီးငယ္ေလးမ်ား၏ ဝတ္လစ္စားလစ္ ႐ိႈးပြဲကို ယမကာမ်ား ေသာက္သုံးလ်က္ ၾကည့္႐ႈႏိုင္မည္ ျဖစ္သည္။
“႐ိႈးၾကည့္လို႔လည္း ရတယ္။ ေရေႏြးကန္ စိမ္ခ်င္တယ္ဆိုလည္း ေကာင္မေလးေတြနဲ႔အတူ ဝန္ေဆာင္မႈ ေပးပါတယ္။ ေစ်းကေတာ့ တစ္ခါသြားရင္ သိန္းဂဏန္း ထြက္တာပဲ” ဟု အဆိုပါ ေနရာသို႔ သြားေရာက္ခဲ့ဖူးသူ ရန္ကင္းၿမဳိ႕နယ္တြင္ ေနထိုင္သည့္ ကိုသူရ (အမည္လႊဲ) က ဆိုသည္။
ဂလိုဘယ္လိုက္ေဇးရွင္း၏ ေဘးထြက္ဆိုးက်ဳိးဟု ဆိုရမည့္ လိင္ဆိုင္ရာ အေပ်ာ္အပါး ေနရာမ်ားတြင္ ျမန္မာႏိုင္ငံသည္ကား ေနာက္ေကာက္က် မက်န္ခဲ့ေပ။
ၾကည့္ျမင္တိုင္ညေစ်း၊ သိမ္ႀကီးေစ်းႏွင့္ ဘုရင့္ေနာင္ၿမဳိ႕နယ္ အတြင္းတို႔တြင္လည္း စမ္းေခ်ာင္းပက္ပုန္းလမ္းကဲ့သို႔ ပက္ပုန္းလမ္းငယ္ေလးမ်ား အစုအေဝးျဖင့္ အစပ်ဳိးေနၿပီ ျဖစ္သည္။
ယင္းသို႔ ျပည့္တန္ဆာလုပ္ငန္းမ်ားကို ထိထိေရာက္ေရာက္ အေရးယူႏိုင္ျခင္း မရွိဘဲ တရားမဝင္ လုပ္ကိုင္ခြင့္ေပးထားျခင္းသည္ အက်င့္ပ်က္ ဝန္ထမ္းမ်ားကို လာဘ္ေငြမ်ား ပို၍ရရွိေအာင္ ကူညီေပးသကဲ့သို႔ ျဖစ္ေနသည္ဟု ျပည္တြင္းရွိ NGO အဖြဲ႔အစည္းတစ္ခု၏ တာဝန္ရွိ ဆရာဝန္တစ္ဦး ျဖစ္သူ ေဒါက္တာေအာင္ေက်ာ္စိုးက ေထာက္ျပလာသည္။
အဆိုပါ ျပည့္တန္ဆာလုပ္ငန္းမ်ားသည္ တရားဝင္လုပ္ငန္း မဟုတ္သည့္အတြက္ ကူးစက္ေရာဂါ ျပန္႔ပြားမႈကိုလည္း က်န္းမာေရး ဝန္ထမ္းမ်ားမွ စနစ္တက် ပညာေပး ထိန္းခ်ဳပ္ႏိုင္မႈ အားနည္းလ်က္ ရွိေၾကာင္း ၎က ထုတ္ေဖာ္ေျပာဆိုလာသည္။
ဖြံ႔ၿဖဳိးဆဲ ႏိုင္ငံတစ္ခု ျဖစ္ေသာ ျမန္မာႏိုင္ငံတြင္ အလုပ္အကိုင္ရွားပါးမႈ၊ ပညာအရည္အခ်င္းျဖင့္ အသက္ေမြးဝမ္းေက်ာင္းႏိုင္မႈ နည္းပါးေနမႈ၊ အနိမ့္ဆုံး လုပ္ခလစာ တည္ၿငိမ္မႈ မရွိျခင္းတို႔ေၾကာင့္ အမ်ဳိးသမီးငယ္အမ်ားစုသည္ လိင္ေစ်းကြက္အတြင္း အမ်ားအျပား ေရာက္ရွိေနၾကဆဲပင္။
မိခင္ႏိုင္ငံႏွင့္ ႏွစ္ရွည္ခြဲခြာကာ ျမန္မာႏိုင္ငံအတြင္းသို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ားႏွင့္အတူ ဝင္ေရာက္လာသည့္ ႏိုင္ငံျခားသား အခ်ဳိ႕ေၾကာင့္လည္း ယင္းသို႔ ျပည္တြင္းလိင္ေစ်းကြက္ ဝယ္လိုအားက ျမင့္မားလာခဲ့သည္။
ေရာင္းလိုအားႏွင့္ ဝယ္လိုအား မ်ားျပားလာသည္ႏွင့္အမွ် ရန္ကုန္ပက္ပုန္းလမ္းမ်ားသည္ကား စည္ကားသထက္ စည္ကား၍ လာေခ်ၿပီ။
ပက္ပုန္းလမ္းမ်ား စည္ကားလာသည္ႏွင့္အမွ် ကူးစက္ေရာဂါ ကာကြယ္ေရးအတြက္ တိက်ေသာ မွတ္တမ္းမ်ား၊ ပညာေပးလုပ္ငန္းမ်ားသည္လည္း လိုအပ္သထက္ တိုး၍သာ လိုအပ္၍လာသည္။
“ကြန္ဒုံးသုံးတာ မသုံးတာကေတာ့ ဧည့္သည္နဲ႔ ေကာင္မေလးေတြ ညႇိႏိႈင္းမႈအေပၚ မူတည္ပါတယ္” ဟု မေသာ္တာက အကာအကြယ္ပစၥည္း အသုံးျပဳမႈႏွင့္ ပတ္သက္သည့္ ၎၏ အသိကို ဖြင့္ဟလာသည္။
ဤသို႔ျဖင့္...
တရားမဝင္ဟူေသာ ေခါင္းစဥ္ေအာက္တြင္ တရားဝင္နီးပါး ျဖစ္လာေနေသာ ရန္ကုန္ပက္ပုန္းလမ္းမ်ားသည္ က်န္းမာေရးအသိနတၳိျဖင့္ ေရာဂါေဝငွရာ ဌာနႀကီးမ်ားအသြင္ တည္ရွိလာမည္ ဆိုလွ်င္ျဖင့္...

Credit - Bayin Naung News
..............
ရန်ကုန်ပက်ပုန်းလမ်း
-----------------------
ဇိမ်ခန်းများ တစ်စုတစ်ဝေး တည်ရှိရာ ကမ္ဘာသိ လိင်စျေးတန်းကြီးအဖြစ် နာမည်ကြီးသည့် ပက်ပုန်းလမ်းသည် ဘန်ကောက်မြို့၏ နာမည်ကျော် လမ်းတစ်လမ်း ဖြစ်သည်။ ထိုနည်းတူ မြန်မာပြည်တွင်လည်း ရန်ကုန်ပက်ပုန်းလမ်းဟူ၍ ရှိသည်။
ညဉ့်နတ်မိမယ်လေးများ ပျော်စံရာ ဇိမ်ခန်းပေါင်းများစွာ တစ်စုတစ်ဝေးတည်း တည်ရှိသော ရန်ကုန်ပက်ပုန်းလမ်းတွင် ပြည်တွင်းဖောက်သည်များသာမက နိုင်ငံခြားသား ဖောက်သည်များပါ ဝင်ထွက်သွားလာ စည်ကားနေပြီ ဖြစ်သည်။
စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ်ရှိ တစ်ခုသော လမ်းသွယ်အတွင်းသို့ ကွေ့ဝင်လိုက်ပါက ရန်ကုန်ပက်ပုန်းလမ်းသို့ ရောက်ရှိမည်ဖြစ်သည်။
မီးမှိန်မှိန် ကွမ်းယာဆိုင်လေးများနှင့် မီးထိန်ထိန် ဘီယာဆိုင်များ၏ အနောက်ဘက်ရှိ အဆောက်အအုံများ၏ အပေါ်ထပ်ရှိ စေ့ထားသော တံခါးများ၏ နောက်ကွယ်တွင် အနီရောင်ဖျော့ဖျော့ မီးရောင်ထွန်းထားသည့် အခန်းကျယ်များ ကိုယ်စီရှိနေသည်။
အချို့ တံခါးတစ်ချပ်သာ ဟထားသော အခန်းများရှေ့တွင် ဧည့်ကြိုဟုခေါ်သော အမျိုးသားငယ် သုံးလေးယောက်က စောင့်ကြပ်၍ လမ်းသွားလမ်းလာများကို အချက်ပြကာ အကြိုထောက်နေကြသည်။
“ဒီလမ်းရော၊ ဟိုဘက်လမ်းသွယ်တွေရောဆို အားလုံးပေါင်း ဆယ့်ငါးခုလောက်တော့ ရှိတယ်။ စျေးက အစားစားပဲ။ တစ်ချိန်ဝင်ရင် ခုနစ်ထောင်ကနေ တစ်သောင်းခွဲအထိ ရှိတယ်” ဟု ဆိုလာသူက ရန်ကုန်ပက်ပုန်းလမ်း အတွင်းရှိ ဇိမ်ခန်းဧည့်ကြိုတစ်ဦး ဖြစ်သူ ကိုစိုးမိုးကျော် ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ်ရှိ ဇိမ်ခန်းဧည့်ကြို ကိုစိုးမိုးကျော်သည် တစ်ချိန်က ဘုရားပွဲများတွင် လှည့်လည်ပြသသည့် တုတ်ထိုးရုပ်ပွဲမှ ပညာရှင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ရာ ယခုအခါ တုတ်ထိုးရုပ်ပွဲများ တိမ်မြုပ်ပျောက်ကွယ်လာသောကြောင့် ယခုကဲ့သို့ ဇိမ်ခန်းဧည့်ကြို အဖြစ် ပြောင်းလဲလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုနေရသူ ဖြစ်သည်။
ကိုစိုးမိုးကျော်ကဲ့သို့ ဇိမ်ခန်းဧည့်ကြိုများ၏ တာဝန်က တံခါးစေ့ထားသော ဇိမ်ခန်းများရှေ့တွင် ထိုင်၍ ဖောက်သည်များကို ခေါ်ယူပေးရခြင်း၊ ဇိမ်ခန်းတွင် ပြဿနာ ဖြစ်ပွားပါက တာဝန်ယူ ဖြေရှင်းပေးရခြင်းနှင့် ရဲအစရှိသော တာဝန်ရှိ အဖွဲ့အစည်းများ ဝင်ရောက်ဖမ်းဆီးမည့် အခြေအနေများကို စောင့်ကြည့်ပေးရခြင်းတို့ ဖြစ်သည်။
ညစဉ် ၈ နာရီကျော်သည်နှင့် အဆိုပါ လမ်းအတွင်းရှိ ဘီယာဆိုင်များနှင့် လျှို့ဝှက်ဇိမ်ခန်းများတွင် လူအဝင်အထွက်တို့ဖြင့် ရှုပ်ယှက်ခတ်နေတော့သည်။
အချို့ဇိမ်ခန်းများနှင့် တွဲ၍ဖွင့်ထားသော ဘီယာဆိုင်များတွင် ဖောက်သည်များသည် ဘီယာသောက်သုံးပြီးသည်နှင့် ဆိုင်အနောက်ခန်းနှင့် အပေါ်ထပ်ရှိ ဇိမ်ခန်းများသို့ တစ်ခါတည်း ဝင်သွားနိုင်သည်။ အဆိုပါ ဇိမ်ခန်းများတွင် လုပ်ကိုင်နေသည့် လိင်အလုပ်သမ အရေအတွက်ကလည်း ရာနှင့်ချီ ရှိနေသည်။
“တစ်လကို ဝင်ငွေသုံးသိန်းလောက် ရပါတယ်။ ဒါပေမဲ့ ဆိုင်က အပြင်ပေးမထွက်ဘူး။ ပစ္စည်းပေးမဝယ်ဘူး။ သူတို့ဆိုင်က ပိုင်ရှင်မမတွေ ရောင်းတဲ့ ပစ္စည်းပဲ ဝယ်သုံးရတယ်” ဟု စမ်းချောင်းမြို့နယ် အတွင်းရှိ ဇိမ်ခန်းတစ်ခုတွင် နေထိုင်သည့် လိင်အလုပ်သမတစ်ဦး ဖြစ်သူ မသော်တာက ဆိုသည်။
ဇိမ်ခန်းလိင်အလုပ်သမများသည် မိတ်ကပ်၊ ရေမွှေးမှအစ ဘရာစီယာ၊ အတွင်းခံ ဘောင်းဘီအဆုံး လိုအပ်သည့် ပစ္စည်းများကို အပြင်ထွက်ဝယ်ယူခွင့် မရှိဘဲ ဇိမ်ခေါင်းများ ရောင်းချသော ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲကြရသည်။
ဇိမ်ခေါင်းများ ရောင်းချသော အသုံးအဆောင်ပစ္စည်း စျေးနှုန်းများမှာ ပြင်ပစျေးကွက်များတွင် ရောင်းချသည့် စျေးနှုန်းများထက် နှစ်ဆခန့် မြင့်တက်ကွာခြားတတ်ကြောင်း မသော်တာက ညည်းရှာသည်။
“ဘာပဲဖြစ်ဖြစ် ဒီထဲမှာ နေတာက ပိုက်ဆံအရမ်းရတယ်လေ” ဟု မသော်တာက ဆိုသည်။
မသော်တာတို့ လိင်စျေးကွက်အတွင်းသို့ မြန်မာလူမျိုးများသာမက နိုင်ငံခြားသားများလည်း မကြာခဏလာလေ့ ရှိကြသည်။
ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသားများ အများဆုံး လာရောက်လေ့ ရှိကြပြီး မြန်မာနိုင်ငံတွင် နှစ်ရှည်စာချုပ်ဖြင့် လာရောက်အလုပ်လုပ်ကြသည့် ဖက်စပ်ကုမ္ပဏီများမှ အများစု ပါဝင်ဖြစ်ကြောင်း ဧည့်ကြို ကိုစိုးမိုးကျော်က ဆိုသည်။
“တချို့က စကားပြန်ပါပေမယ့် စကားပြန်မပါတဲ့လူက ပိုများပါတယ်။ ဗမာစကားလည်း မတတ်၊ အင်္ဂလိပ်လိုလည်း မတတ်တဲ့အခါကျ ကျွန်တော်တို့မှာ လက်ဟန်ခြေဟန်နဲ့ပဲ စျေးစကားပြောရတယ်” ဟု ကိုစိုးမိုးကျော်က ဆိုသည်။
အချို့နိုင်ငံခြားသားများမှာ ကျသင့်ငွေကို အပြည့်အဝမပေးဘဲ နိုင်ထက်စီးနင်း ပြုကျင့်မှုများ ရှိကြောင်းလည်း ကိုစိုးမိုးကျော်က ဤသို့ ရင်ဖွင့်လာသည်။
“ကျွန်တော်တို့က တရားမဝင် လုပ်ငန်းလေဗျာ... သူတို့ ပြဿနာရှာလာလည်း အလျှော့ပေးလိုက်ရတာပဲ ရှိတယ်”
အဆိုပါလမ်းတွင် ဇိမ်ခန်းများစွာ ဖွင့်လှစ်ထားသော်လည်း အခြားတစ်ဖက်ခြမ်းတွင် လူနေတိုက်ခန်းများ၊ စျေးဆိုင်များလည်း ရှိနေသည်။
လူနေရပ်ကွက်အတွင်း ယခုကဲ့သို့ ဇိမ်ခန်းများ တစ်စုတစ်စည်းတည်း တရားဝင်အလား ဖွင့်ခွင့်ရနေခြင်းအပေါ် နားမလည်နိုင်ကြောင်း အဆိုပါရပ်ကွက်တွင် နှစ်ပေါင်း ၃၀ ကျော်ကြာ နေထိုင်လာသူ အငြိမ်းစား အင်ဂျင်နီယာမှူးကြီး ဦးလှအောင်က အံ့သြဟန်ဖြင့် ဆိုလာသည်။
“၂၀၁၂ ခုနှစ် နောက်ပိုင်းမှ တစ်ခုစ နှစ်ခုစကနေ အများကြီး ဖြစ်လာတာ။ ကျွန်တော်တို့မှာလည်း သမီးပျိုတွေ ရှိတယ်။ ဒီလမ်းမှာ ဒီလို တစ်စုတစ်ဝေးကြီး တရားဝင်နီးပါး ဖွင့်နေတာတော့ မကောင်းဘူးလို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။
တစ်ခါတစ်ရံ စီမံချက်ရှိသည် ဆိုသည့် အခါတွင်သာ ရဲတပ်ဖွဲ့က အဆိုပါလမ်းရှိ ဇိမ်ခန်းအချို့ကို ဝင်ဖမ်းလေ့ရှိကြပြီး မကြာမီပင် ပြန်လည်ဖွင့်လှစ်လေ့ ရှိကြောင်းလည်း ဦးလှအောင်က ဖြည့်စွက်ဆိုလာသည်။
ဤသို့ အရေအတွက်အားဖြင့် တစ်ဒါဇင်ကျော် ရှိသော အဆိုပါ ဇိမ်ခန်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းထဲ ဖွင့်ခွင့်ပြုထားသည်မှာလည်း ရပ်ကွက်နေပြည်သူများအဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ဘန်ကောက် ပက်ပုန်းလမ်းကဲ့သို့ပင် နိုင်ငံခြားသားများ၊ ပြည်တွင်းရှိ ကြေးရတတ်လူတန်းစားများ သွားရောက်လေ့ရှိသည့် နိုင်ငံတကာအဆင့်မြင့် ပက်ပုန်းလမ်း တစ်လမ်းလည်း ရှိနေပြန်သည်။
ယင်းကား ကုက္ကိုင်းလမ်းအနီးရှိ ဂျပန်ရိုးရာ အနှိပ်ခန်းဟု လူသိများသည့် နေရာတစ်ခု ဖြစ်သည်။
အဆိုပါနေရာ၏ ထူးခြားချက်မှာ ညနေ ၆ နာရီကျော်သည်နှင့် မည်သူမဆို ဝင်ကြေးကျပ်နှစ်သောင်း ပေးရသည်။
ဆိုင်အတွင်းတွင်တော့ နိုင်ငံတကာ မီးနီရပ်ကွက်များတွင်သာ တွေ့မြင်ရနိုင်သည့် Necked Show ဟု ခေါ်သော အမျိုးသမီးငယ်လေးများ၏ ဝတ်လစ်စားလစ် ရှိုးပွဲကို ယမကာများ သောက်သုံးလျက် ကြည့်ရှုနိုင်မည် ဖြစ်သည်။
“ရှိုးကြည့်လို့လည်း ရတယ်။ ရေနွေးကန် စိမ်ချင်တယ်ဆိုလည်း ကောင်မလေးတွေနဲ့အတူ ဝန်ဆောင်မှု ပေးပါတယ်။ စျေးကတော့ တစ်ခါသွားရင် သိန်းဂဏန်း ထွက်တာပဲ” ဟု အဆိုပါ နေရာသို့ သွားရောက်ခဲ့ဖူးသူ ရန်ကင်းမြို့နယ်တွင် နေထိုင်သည့် ကိုသူရ (အမည်လွှဲ) က ဆိုသည်။
ဂလိုဘယ်လိုက်ဇေးရှင်း၏ ဘေးထွက်ဆိုးကျိုးဟု ဆိုရမည့် လိင်ဆိုင်ရာ အပျော်အပါး နေရာများတွင် မြန်မာနိုင်ငံသည်ကား နောက်ကောက်ကျ မကျန်ခဲ့ပေ။
ကြည့်မြင်တိုင်ညစျေး၊ သိမ်ကြီးစျေးနှင့် ဘုရင့်နောင်မြို့နယ် အတွင်းတို့တွင်လည်း စမ်းချောင်းပက်ပုန်းလမ်းကဲ့သို့ ပက်ပုန်းလမ်းငယ်လေးများ အစုအဝေးဖြင့် အစပျိုးနေပြီ ဖြစ်သည်။
ယင်းသို့ ပြည့်တန်ဆာလုပ်ငန်းများကို ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိဘဲ တရားမဝင် လုပ်ကိုင်ခွင့်ပေးထားခြင်းသည် အကျင့်ပျက် ဝန်ထမ်းများကို လာဘ်ငွေများ ပို၍ရရှိအောင် ကူညီပေးသကဲ့သို့ ဖြစ်နေသည်ဟု ပြည်တွင်းရှိ NGO အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိ ဆရာဝန်တစ်ဦး ဖြစ်သူ ဒေါက်တာအောင်ကျော်စိုးက ထောက်ပြလာသည်။
အဆိုပါ ပြည့်တန်ဆာလုပ်ငန်းများသည် တရားဝင်လုပ်ငန်း မဟုတ်သည့်အတွက် ကူးစက်ရောဂါ ပြန့်ပွားမှုကိုလည်း ကျန်းမာရေး ဝန်ထမ်းများမှ စနစ်တကျ ပညာပေး ထိန်းချုပ်နိုင်မှု အားနည်းလျက် ရှိကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုလာသည်။
ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှု၊ ပညာအရည်အချင်းဖြင့် အသက်မွေးဝမ်းကျောင်းနိုင်မှု နည်းပါးနေမှု၊ အနိမ့်ဆုံး လုပ်ခလစာ တည်ငြိမ်မှု မရှိခြင်းတို့ကြောင့် အမျိုးသမီးငယ်အများစုသည် လိင်စျေးကွက်အတွင်း အများအပြား ရောက်ရှိနေကြဆဲပင်။
မိခင်နိုင်ငံနှင့် နှစ်ရှည်ခွဲခွာကာ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်အတူ ဝင်ရောက်လာသည့် နိုင်ငံခြားသား အချို့ကြောင့်လည်း ယင်းသို့ ပြည်တွင်းလိင်စျေးကွက် ဝယ်လိုအားက မြင့်မားလာခဲ့သည်။
ရောင်းလိုအားနှင့် ဝယ်လိုအား များပြားလာသည်နှင့်အမျှ ရန်ကုန်ပက်ပုန်းလမ်းများသည်ကား စည်ကားသထက် စည်ကား၍ လာချေပြီ။
ပက်ပုန်းလမ်းများ စည်ကားလာသည်နှင့်အမျှ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် တိကျသော မှတ်တမ်းများ၊ ပညာပေးလုပ်ငန်းများသည်လည်း လိုအပ်သထက် တိုး၍သာ လိုအပ်၍လာသည်။
“ကွန်ဒုံးသုံးတာ မသုံးတာကတော့ ဧည့်သည်နဲ့ ကောင်မလေးတွေ ညှိနှိုင်းမှုအပေါ် မူတည်ပါတယ်” ဟု မသော်တာက အကာအကွယ်ပစ္စည်း အသုံးပြုမှုနှင့် ပတ်သက်သည့် ၎င်း၏ အသိကို ဖွင့်ဟလာသည်။
ဤသို့ဖြင့်...
တရားမဝင်ဟူသော ခေါင်းစဉ်အောက်တွင် တရားဝင်နီးပါး ဖြစ်လာနေသော ရန်ကုန်ပက်ပုန်းလမ်းများသည် ကျန်းမာရေးအသိနတ္ထိဖြင့် ရောဂါဝေငှရာ ဌာနကြီးများအသွင် တည်ရှိလာမည် ဆိုလျှင်ဖြင့်...

Credit - Bayin Naung News


No comments:

Post a Comment