Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 16, 2016

ျမန္မာရဲ့ဒဏ္ခတ္မႈကို ဖယ္ရွားဖို႔ ကန္စီးပြားရွင္ေတြ လိုလား

အေမရိကန္ သမၼတ ဘာရက္ အိုဘားမား (Credit: AFP) 
လူ႔အခြင့္အေရး ​အဖြဲ႔ေတြက ​အေမရိကန္ကေန ​ျမန္မာအေပၚ ​ခ်မွတ္ထားတဲ့ ​ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ​ဆက္လက္ထားရွိဖို႔ ​လိုလားေပမယ့္ ​အေမရိကန္ႏိုင္ငံက ​စီးပြားရွင္အဖြဲ႔ကေတာ့ ​ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ​ရုတ္သိမ္းေပးသင့္တယ္လို႔ ​တိုက္တြန္းထားပါတယ္။

အေမရိကန္ ​အေနနဲ႔ ​ျမန္မာအေပၚ ​ဒဏ္ခတ္ ​ပိတ္ဆို႔မႈ ​ဆက္ထားဖို႔ ​သင့္မသင့္ဆိုတာကို ​ဒီတပတ္အတြင္း ​ဆုံးျဖတ္ရမွာ ​ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ​အစိုးရသစ္ ​တက္လာၿပီးေနာက္ ​သမၼတ ​ဘာရက္ ​အိုဘားမားက ​ျမန္မာႏိုင္ငံမွာ ​ရင္းႏွီးျမဳပ္ႏွံမႈေတြ ​လုပ္ၾကဖို႔ ​တိုက္တြန္းလိုတဲ့အတြက္ ​ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ​ဖယ္ရွားေပးခ်င္သလို ​တဖက္မွာလည္း ​ဒဏ္ခတ္မႈေတြကို ​ဖယ္ရွားလိုက္ရင္ ​ျမန္မာႏိုင္ငံမွာ ​ျပဳျပင္ေျပာင္းလဲမႈေတြ ​ရပ္တန္႔သြားမွာကို ​စိုးရိမ္ေနရပါတယ္။

အေမရိကန္ ​ႏိုင္ငံျခားေရးဝန္ႀကီး ​ဂြ်န္ကယ္ရီက ​ေမလ ​၂၂ ​ရက္ေန႔ၾကရင္ ​ျမန္မာႏိုင္ငံကို ​လာေရာက္လည္ပတ္ဖို႔ ​ရွိၿပီး ​အဲဒီ ​လည္ပတ္မႈ ​မတိုင္ခင္မွာ ​ျမန္မာအေပၚ ​ဒဏ္ခတ္ ​ပိတ္ဆို႔မႈ ​ဆက္ထားဖို႔ ​သင့္မသင့္ ​ဆုံးျဖတ္ႏိုင္ပါတယ္။

ျမန္မာ ​အစိုးရသစ္ကို ​ေထာက္ခံေၾကာင္း ​ျပသတဲ့အေနနဲ႔ ​ႏိုင္ငံျခားေရး ​ဝန္ႀကီး ​ဂြ်န္ကယ္ရီက ​ျမန္မာႏိုင္ငံကို ​လာေရာက္မွာ ​ျဖစ္တယ္လို႔ ​အေမရိကန္ ​ႏိုင္ငံျခားေရး ​ဌာနက ​ေသာၾကာေန႔တုန္းက ​ေၾကညာခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံက ​ကိုလာကိုလာ ​ကုမၸဏီ၊ ​Chevron, ​Caterpillar ​လို႔ ​ကုမၸဏီေတြက ​ျမန္မာႏိုင္ငံမွာ ​ေဒၚလာ ​၂၄၈ ​သန္းေလာက္ ​ျမဳပ္ႏွံထားေပမယ့္ ​ျမန္မာႏိုင္ငံရဲ့ ​ႏိုင္ငံျခား ​ရင္းႏွီးျမဳပ္ႏွံမႈရဲ့ ​၁% ​သာ ​ရွိေသးတာ ​ျဖစ္ပါတယ္။

အဲဒီလို ​အေျခအေနေၾကာင့္ ​ျမန္မာအေပၚ ​ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ​ဖယ္ရွားဖို႔ ​အေမရိကန္ ​စီးပြားရွင္ ​တခ်ဳိ႕က ​လိုလားေပမယ့္ ​အေမရိကန္ ​အေမရိကန္ ​ႏိုင္ငံက ​အဓိက ​ႏိုင္ငံေရး ​ပါတီ ​ႏွစ္ခုစလုံးက ​ျမန္မာအေပၚ ​ဒဏ္ခတ္ပိတ္ဆို႔မႈ ​ဆက္လက္ထားရွိဖို႔ ​သမၼတ ​အိုဘားမားကို ​တိုက္တြန္းထားတာ ​ရွိပါတယ္။

သမၼတ ​အိုဘားမားအေနနဲ႔ ​ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ​ဆက္လက္ထားရွိၿပီး ​ကုန္သြယ္ေရးနဲ႔ ​ရင္းႏွီးျမဳပ္ႏွံမႈ ​က႑မွာ ​အေျပာင္းအလဲ ​အနည္းငယ္ ​လုပ္ႏိုင္တယ္လို႔လည္း ​သုံးသပ္ေနၾကပါတယ္။

ျမန္မာအေပၚ ​ခ်မွတ္ထားတဲ့ ​ဒဏ္ခတ္ ​ပိတ္ဆို႔မႈက ​ေမလ ​၂၀ ​ရက္ေန႔မွာ ​သက္တမ္း ​ကုန္ဆုံးမွာ ​ျဖစ္ပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
................

အမေရိကန် သမ္မတ ဘာရက် အိုဘားမား (Credit: AFP)
လူ့အခွင့်အရေး ​အဖွဲ့တွေက ​အမေရိကန်ကနေ ​မြန်မာအပေါ် ​ချမှတ်ထားတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​ဆက်လက်ထားရှိဖို့ ​လိုလားပေမယ့် ​အမေရိကန်နိုင်ငံက ​စီးပွားရှင်အဖွဲ့ကတော့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ရုတ်သိမ်းပေးသင့်တယ်လို့ ​တိုက်တွန်းထားပါတယ်။

အမေရိကန် ​အနေနဲ့ ​မြန်မာအပေါ် ​ဒဏ်ခတ် ​ပိတ်ဆို့မှု ​ဆက်ထားဖို့ ​သင့်မသင့်ဆိုတာကို ​ဒီတပတ်အတွင်း ​ဆုံးဖြတ်ရမှာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​အစိုးရသစ် ​တက်လာပြီးနောက် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှုတွေ ​လုပ်ကြဖို့ ​တိုက်တွန်းလိုတဲ့အတွက် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ဖယ်ရှားပေးချင်သလို ​တဖက်မှာလည်း ​ဒဏ်ခတ်မှုတွေကို ​ဖယ်ရှားလိုက်ရင် ​မြန်မာနိုင်ငံမှာ ​ပြုပြင်ပြောင်းလဲမှုတွေ ​ရပ်တန့်သွားမှာကို ​စိုးရိမ်နေရပါတယ်။

အမေရိကန် ​နိုင်ငံခြားရေးဝန်ကြီး ​ဂျွန်ကယ်ရီက ​မေလ ​၂၂ ​ရက်နေ့ကြရင် ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်ဖို့ ​ရှိပြီး ​အဲဒီ ​လည်ပတ်မှု ​မတိုင်ခင်မှာ ​မြန်မာအပေါ် ​ဒဏ်ခတ် ​ပိတ်ဆို့မှု ​ဆက်ထားဖို့ ​သင့်မသင့် ​ဆုံးဖြတ်နိုင်ပါတယ်။

မြန်မာ ​အစိုးရသစ်ကို ​ထောက်ခံကြောင်း ​ပြသတဲ့အနေနဲ့ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျွန်ကယ်ရီက ​မြန်မာနိုင်ငံကို ​လာရောက်မှာ ​ဖြစ်တယ်လို့ ​အမေရိကန် ​နိုင်ငံခြားရေး ​ဌာနက ​သောကြာနေ့တုန်းက ​ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ​ကိုလာကိုလာ ​ကုမ္ပဏီ၊ ​Chevron, ​Caterpillar ​လို့ ​ကုမ္ပဏီတွေက ​မြန်မာနိုင်ငံမှာ ​ဒေါ်လာ ​၂၄၈ ​သန်းလောက် ​မြုပ်နှံထားပေမယ့် ​မြန်မာနိုင်ငံရဲ့ ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှုရဲ့ ​၁% ​သာ ​ရှိသေးတာ ​ဖြစ်ပါတယ်။

အဲဒီလို ​အခြေအနေကြောင့် ​မြန်မာအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​ဖယ်ရှားဖို့ ​အမေရိကန် ​စီးပွားရှင် ​တချို့က ​လိုလားပေမယ့် ​အမေရိကန် ​အမေရိကန် ​နိုင်ငံက ​အဓိက ​နိုင်ငံရေး ​ပါတီ ​နှစ်ခုစလုံးက ​မြန်မာအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှု ​ဆက်လက်ထားရှိဖို့ ​သမ္မတ ​အိုဘားမားကို ​တိုက်တွန်းထားတာ ​ရှိပါတယ်။

သမ္မတ ​အိုဘားမားအနေနဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​ဆက်လက်ထားရှိပြီး ​ကုန်သွယ်ရေးနဲ့ ​ရင်းနှီးမြုပ်နှံမှု ​ကဏ္ဍမှာ ​အပြောင်းအလဲ ​အနည်းငယ် ​လုပ်နိုင်တယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

မြန်မာအပေါ် ​ချမှတ်ထားတဲ့ ​ဒဏ်ခတ် ​ပိတ်ဆို့မှုက ​မေလ ​၂၀ ​ရက်နေ့မှာ ​သက်တမ်း ​ကုန်ဆုံးမှာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment