Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 16, 2016

လူတုိ႔ ဦးေခါင္းထား၍ အိပ္ရမည့္အရပ္


ေရွးကလူႀကီး မ်ားသည္ မိမိတို႔ ေနရမည့္အိမ္ ေဆာက္လုပ္ ရာတြင္ မည္သည့္ အရပ္ကို မ်က္ႏွာျပဳ ရသည္ျဖစ္ေစ ဘုရားစင္ ထားရွိရမည့္ အရပ္၊ အိပ္လွ်င္ ဦးေခါင္းျပဳ ရမည့္အရပ္ မ်က္ႏွာတို႔ကို ေရြးခ်ယ္ေလ့ ရွိၾကသည္။ ျဖစ္သလို အိမ္ေဆာက္ျခင္း၊ ေနထုိင္ အိပ္စက္ျခင္း မရွိၾကေပ။ ေရွးလူႀကီး မ်ား၏ အသက္ရွည္ရာ အနာမဲ့ေၾကာင္း ဓေလ့ေကာင္း မ်ားကို ေလ့လာ ေဖာ္ထုတ္ လိုက္နာျခင္း အားျဖင့္ အက်ဳိး ယုတ္စရာ အေၾကာင္း မရွိေပ။ သိပၸံနည္း မက်ဟု ဆိုၾကသူမ်ား ရွိေသာ္လည္း သိပၸံပညာ ထြန္းကား လာသည္ႏွင့္ လူ႕သက္တမ္း မ်ား တိုလာ သည္မွာလည္း စဥ္းစားစရာ အခ်က္ ျဖစ္ေပသည္။ ေရွးထံုးကိုလည္း မပယ္ႏွင့္ ေစ်းသံုးလည္း မလြယ္ႏွင့္ ဟူေသာ စကားသည္ အမွန္ပင္ ျဖစ္သည္။

ေရွးကလူႀကီး မ်ားသည္ အိပ္ရာဝင္ ခ်ိန္တြင္ ဦးေခါင္းခ်ရာ အရပ္ကို (၁)အေရွ႕အရပ္၊ (၂) ေတာင္အရပ္ တို႔ကို ဦးေခါင္းျပဳ၍ အိပ္စက္ရမည္။ ထိုသို႔ ဦးေခါင္းျပဳ အိပ္စက္ျခင္းျဖင့္ ေကာင္းစြာ အိပ္ေပ်ာ္ ေစသည္။ ေကာင္းေသာ အိပ္မက္ကို ျမင္မက္ေစသည္။ အိပ္ေပ်ာ္ ေနခ်ိန္တြင္ အစာေၾကျခင္း ကို ျဖစ္ေစသည္။ မလိုအပ္ေသာ အပုပ္၊ ေလ၊ ဝမ္း တို႔သည္ ညင္သာစြာျဖင့္ ေအာက္သို႔ သက္ေစသည္။ စျမင္းေဒါသမွ ကင္းေစသျဖင့္ အနာ ေရာဂါလည္း ကင္းေစသည္။ နံနက္ အိပ္ရာထ ခ်ိန္တြင္လည္း ေကာင္းစြာႏိုးထ ေစႏုိင္သည္ ဟု ယူဆၾကသည္။

(၃) ေျမာက္အရပ္၊ (၄) အေနာက္အရပ္ တို႔သို႔ ဦးေခါင္းျပဳ၍ မအိပ္ ေကာင္းေပ။ ထိုသို႔ ေခါင္းျပဳ အိပ္သူမ်ားသည္ ေကာင္းစြာ အိပ္စက္ မေပ်ာ္ႏုိင္။ ေလပြျခင္း၊ ေဟာက္ျခင္း၊ အသက္႐ွဴ မဝျခင္း၊ လန္႔၍ႏုိးျခင္း၊ ေကာင္းေသာ ေလ၊ အပုပ္တို႔ အထက္သို႔ ဆန္ျခင္း၊ မ်က္စိ ပြင့္လ်က္ အိပ္ျခင္း၊ လွ်ာကိုက္ မိျခင္း၊ ႏႈတ္ႏွင့္ ခံတြင္းမွ အာပုပ္ရည္ တို႔ စီးက်ျခင္း၊ ကေယာင္ကတမ္း ေျပာျခင္း၊ အိပ္မက္မက္ ရာတြင္ အျမင့္မွ ေခ်ာက္ကမ္းပါး မွ ျပဳတ္က်သည္ဟု မက္ျခင္း စေသာ အျပစ္မ်ားစြာ ရွိသည့္အျပင္ ညဦးက စားထားေသာ အစာမ်ား မွာလည္း မေၾကမက်က္ သျဖင့္ ဝမ္းတြင္း စျမင္းခံျခင္း၊ ဒူလာ လိပ္ေခါင္း ေရာဂါျဖစ္ျခင္း တုိ႔ ျဖစ္ႏိုင္သည္ ဟု ဆိုသည္။

ဗုဒၶ ျဖစ္ေတာ္စဥ္ က်မ္းစာမ်ား တြင္လည္း ဘုရားရွင္၏ လဲေလ်ာင္း ေနေသာ ႐ုပ္ပြားေတာ္မ်ား ထုလုပ္ ကိုးကြယ္ ေသာအခါ သတိျပဳရမည့္ စာၫႊန္းမွာ ထို ႐ုပ္ပြားေတာ္၏ ဦးေခါင္းေတာ္ ထားရွိရာကို ရည္ၫႊန္းလ်က္ (၁) အေရွ႕ ေရႊသာေလ်ာင္း၊ (၂) ေတာင္ ေပါင္းေလာင္း၊ (၃) ေျမာက္ ေစာင္းကုႆိနာ ဟု ဆိုသျဖင့္ အေရွ႕အရပ္ သို႔ ဦးေခါင္းထားလွ်င္ ေရႊသာေလ်ာင္း ဆင္းတုေတာ္၊ ေတာင္အရပ္ သို႔ ဘုရား ဦးေခါင္းျပဳ ထားလွ်င္ ေပါင္းေလာင္းေတာ္၊ ေျမာက္အရပ္သို႔ ေခါင္းျပဳ ထားလွ်င္ ပရိနိဗၺာန္ ျပဳသည့္ ကုႆိနာ႐ံုမွ ဆင္းတုေတာ္ ပံုတူဟု မွတ္ယူရမည္ ျဖစ္သည္။

အေနာက္တုိင္း ေဆးပညာရွင္ ႀကီးတစ္ဦးက ေဟာေျပာ ရာတြင္လည္း ေသြးတိုးေရာဂါ ရွိသူမ်ားသည္ ေျမာက္အရပ္ သို႔ ဦးေခါင္းျပဳ၍ မအိပ္ရ။ ေသြးတုိးတက္၍ ညအိပ္ရာ ထဲတြင္ ေလျဖတ္ ေနေစႏိုင္ သည္ကို သတိျပဳဟု ေဟာေျပာ သည္ကို မွတ္သားရဖူး ပါသည္။

ေန႔စဥ္ျပဳ ေနက် ေန၊ ထုိင္၊ စား၊ အိပ္ အမွားမ်ားေၾကာင့္ လူတို႔ အသက္တိုျခင္း ကို ျဖစ္ေစသျဖင့္ သာမန္ အေသးအဖြဲ ဟု မမွတ္ယူ ၾကဘဲ မိမိကိုယ္မိမိ အသက္ရွည္ရာ အနာမဲ့ေၾကာင္း ေစာင့္ေရွာက္ ၾကေစရန္ နည္းမွန္ လမ္းမွန္ ျဖစ္ေစရန္ တင္ျပ လိုက္ရေပသည္။

Credit: Yadanarpondaily
............
လူတို့ ဦးခေါင်းထား၍ အိပ်ရမည့်အရပ်

ရှေးကလူကြီး များသည် မိမိတို့ နေရမည့်အိမ် ဆောက်လုပ် ရာတွင် မည်သည့် အရပ်ကို မျက်နှာပြု ရသည်ဖြစ်စေ ဘုရားစင် ထားရှိရမည့် အရပ်၊ အိပ်လျှင် ဦးခေါင်းပြု ရမည့်အရပ် မျက်နှာတို့ကို ရွေးချယ်လေ့ ရှိကြသည်။ ဖြစ်သလို အိမ်ဆောက်ခြင်း၊ နေထိုင် အိပ်စက်ခြင်း မရှိကြပေ။ ရှေးလူကြီး များ၏ အသက်ရှည်ရာ အနာမဲ့ကြောင်း ဓလေ့ကောင်း များကို လေ့လာ ဖော်ထုတ် လိုက်နာခြင်း အားဖြင့် အကျိုး ယုတ်စရာ အကြောင်း မရှိပေ။ သိပ္ပံနည်း မကျဟု ဆိုကြသူများ ရှိသော်လည်း သိပ္ပံပညာ ထွန်းကား လာသည်နှင့် လူ့သက်တမ်း များ တိုလာ သည်မှာလည်း စဉ်းစားစရာ အချက် ဖြစ်ပေသည်။ ရှေးထုံးကိုလည်း မပယ်နှင့် စျေးသုံးလည်း မလွယ်နှင့် ဟူသော စကားသည် အမှန်ပင် ဖြစ်သည်။

ရှေးကလူကြီး များသည် အိပ်ရာဝင် ချိန်တွင် ဦးခေါင်းချရာ အရပ်ကို (၁)အရှေ့အရပ်၊ (၂) တောင်အရပ် တို့ကို ဦးခေါင်းပြု၍ အိပ်စက်ရမည်။ ထိုသို့ ဦးခေါင်းပြု အိပ်စက်ခြင်းဖြင့် ကောင်းစွာ အိပ်ပျော် စေသည်။ ကောင်းသော အိပ်မက်ကို မြင်မက်စေသည်။ အိပ်ပျော် နေချိန်တွင် အစာကြေခြင်း ကို ဖြစ်စေသည်။ မလိုအပ်သော အပုပ်၊ လေ၊ ဝမ်း တို့သည် ညင်သာစွာဖြင့် အောက်သို့ သက်စေသည်။ စမြင်းဒေါသမှ ကင်းစေသဖြင့် အနာ ရောဂါလည်း ကင်းစေသည်။ နံနက် အိပ်ရာထ ချိန်တွင်လည်း ကောင်းစွာနိုးထ စေနိုင်သည် ဟု ယူဆကြသည်။

(၃) မြောက်အရပ်၊ (၄) အနောက်အရပ် တို့သို့ ဦးခေါင်းပြု၍ မအိပ် ကောင်းပေ။ ထိုသို့ ခေါင်းပြု အိပ်သူများသည် ကောင်းစွာ အိပ်စက် မပျော်နိုင်။ လေပွခြင်း၊ ဟောက်ခြင်း၊ အသက်ရှူ မဝခြင်း၊ လန့်၍နိုးခြင်း၊ ကောင်းသော လေ၊ အပုပ်တို့ အထက်သို့ ဆန်ခြင်း၊ မျက်စိ ပွင့်လျက် အိပ်ခြင်း၊ လျှာကိုက် မိခြင်း၊ နှုတ်နှင့် ခံတွင်းမှ အာပုပ်ရည် တို့ စီးကျခြင်း၊ ကယောင်ကတမ်း ပြောခြင်း၊ အိပ်မက်မက် ရာတွင် အမြင့်မှ ချောက်ကမ်းပါး မှ ပြုတ်ကျသည်ဟု မက်ခြင်း စသော အပြစ်များစွာ ရှိသည့်အပြင် ညဦးက စားထားသော အစာများ မှာလည်း မကြေမကျက် သဖြင့် ဝမ်းတွင်း စမြင်းခံခြင်း၊ ဒူလာ လိပ်ခေါင်း ရောဂါဖြစ်ခြင်း တို့ ဖြစ်နိုင်သည် ဟု ဆိုသည်။

ဗုဒ္ဓ ဖြစ်တော်စဉ် ကျမ်းစာများ တွင်လည်း ဘုရားရှင်၏ လဲလျောင်း နေသော ရုပ်ပွားတော်များ ထုလုပ် ကိုးကွယ် သောအခါ သတိပြုရမည့် စာညွှန်းမှာ ထို ရုပ်ပွားတော်၏ ဦးခေါင်းတော် ထားရှိရာကို ရည်ညွှန်းလျက် (၁) အရှေ့ ရွှေသာလျောင်း၊ (၂) တောင် ပေါင်းလောင်း၊ (၃) မြောက် စောင်းကုဿိနာ ဟု ဆိုသဖြင့် အရှေ့အရပ် သို့ ဦးခေါင်းထားလျှင် ရွှေသာလျောင်း ဆင်းတုတော်၊ တောင်အရပ် သို့ ဘုရား ဦးခေါင်းပြု ထားလျှင် ပေါင်းလောင်းတော်၊ မြောက်အရပ်သို့ ခေါင်းပြု ထားလျှင် ပရိနိဗ္ဗာန် ပြုသည့် ကုဿိနာရုံမှ ဆင်းတုတော် ပုံတူဟု မှတ်ယူရမည် ဖြစ်သည်။

အနောက်တိုင်း ဆေးပညာရှင် ကြီးတစ်ဦးက ဟောပြော ရာတွင်လည်း သွေးတိုးရောဂါ ရှိသူများသည် မြောက်အရပ် သို့ ဦးခေါင်းပြု၍ မအိပ်ရ။ သွေးတိုးတက်၍ ညအိပ်ရာ ထဲတွင် လေဖြတ် နေစေနိုင် သည်ကို သတိပြုဟု ဟောပြော သည်ကို မှတ်သားရဖူး ပါသည်။

နေ့စဉ်ပြု နေကျ နေ၊ ထိုင်၊ စား၊ အိပ် အမှားများကြောင့် လူတို့ အသက်တိုခြင်း ကို ဖြစ်စေသဖြင့် သာမန် အသေးအဖွဲ ဟု မမှတ်ယူ ကြဘဲ မိမိကိုယ်မိမိ အသက်ရှည်ရာ အနာမဲ့ကြောင်း စောင့်ရှောက် ကြစေရန် နည်းမှန် လမ်းမှန် ဖြစ်စေရန် တင်ပြ လိုက်ရပေသည်။

Credit: Yadanarpondaily

No comments:

Post a Comment