Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 16, 2016

အသက် ၇၀ ကျော် အဖွားအိုအား အဓမ္မပြုကျင့် သတ်ဖြတ်ရန် ကြံစည်သူ တပ်မတော်သားအား ပြစ်ဒဏ်စီရင်ချက် ချနိုင်ရေး ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တင်ပြမည်


ဗန်မော်ခရိုင် မိုးမောက်မြို့နယ် နွမ်လန်(Num Lang) ကျေးရွာမှ အသက် (ရ၃) နှစ် Nhkumg Lu(အင်ခွန်လု) အား ရွာအထက်ပိုင်းတွင် တပ်စွဲထားသော ခ.မ.ရ (၄၃၈) မှ တပ်သား ဇော်မျိုးအေး က အဓ္ဓမပြုကျင့်ပြီး သတ်ဖြတ်ရန်ကြံစည် ခဲ့မှုအား ထိုက်တန်သော ပြစ်ဒဏ်စီရင်ချက် ချမှတ်နိုင်ရန်အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တင်ပြသွားရန် ကြိုးပမ်းနေကြောင်း သိရသည်။

“အစကအဲ့ဒီမှုကို မိုးမောက်တရားရုံးက လက်ခံပေးတယ်။ ပြီးတော့ သူတို့ဘက်က ဗန်းမော်သွားပြီး အယူခံဝင်တော့ ဗန်းမော်က ပယ်ချတယ်၊ မြစ်ကြီးနားကို ပြန်တက်တယ် ။ မြစ်ကြီးနားက ပြန်ပယ်ချသေးတယ်။ အခု နေပြည်တော်ကို ပြန်တက်ဖို့လုပ်တယ်တယ် ။ ခရိုင်တရားရုံးနဲ့ ပြည်နယ်တရားရုံးက ပယ်ချထားတယ်။ မနှစ်တုန်းကတည်းကဟာ အခုထိ မရသေးလို့ ပြောနေတာ” ဟု ယင်းအမှုနှင့်ပတ်သက်၍ လိုက်လံဆောင်ရွက်နေသူတစ်ဦးက The Ladies သို့ပြောသည်။

အဆိုပါကိစ္စသည် ၂၀၁၅ ခုနှစ် ဧပြီ၁၃ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ရွာသားများက အချိန်မီ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မေလ ၁၃ ရက် ကလည်း အကျင့်စာရိတ္တ ပျက်ပြားနေသော တပ်မတော်မှ တပ်သားများအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးပါရန် တပ်မတော်မှ အားနွဲ့သည့် အမျိုးသမီးများအပေါ် အဓ္ဓမပြုကျင့်မှု အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ဗန်းမော်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/

No comments:

Post a Comment