Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 8, 2016

ေျခေထာက္ျဖတ္ရျခင္းကေန ကာကြယ္ႏုိင္ဖို႔ သမီးငယ္ရဲ႕ေျခေထာက္အရုိးကို အႀကိမ္၃၆၀ေက်ာ္ခ်ိဳးခဲ့တဲ့မိဘမ်ား



တစ္ခါတစ္ေလမွာ မိဘလုပ္ရတယ္ဆိုတာကလည္း ျပင္းထန္ၾကမ္းတမ္းလွပါတယ္။ ကုိယ့္ရဲ႕ သားသမီးလာမယ့္ အနာဂတ္မွာ အေကာင္းဆံုးျဖစ္ေစႏိုင္ဖုိ႔အတြက္ စြန္႔လႊတ္မႈ အနစ္နာခံမႈေတြကို ျပဳလုပ္ၾကရပါတယ္။ ဒီတစ္ခါ ၿဗိတိန္က ဆယ္ေက်ာ္သက္မိဘေတြကေတာ့ သမီးငယ္ေလး ေျခေထာက္ျဖတ္ရတဲ့ အေျခအေနကေန ကင္းေဝးေစဖုိ႔အတြက္ တစ္ေန႔ကို ေျခေထာက္ရုိး သံုးခါက်ိဳးၿပီး ေျခေထာက္အရိုးေတြပိုရွည္ထြက္လာေအာင္ ျပဳလုပ္ခဲ့ရတယ္လုိ႔ သိရပါတယ္။

အယ္လ္စီလို႔အမည္ရတဲ့ သမီးျဖစ္သူေလးဟာ ေမြးဖြားလာၿပီးေနာက္ပိုင္းမွာ မသန္မစြမ္းေရာဂါနဲ႔ ၾကံဳေတြ႕ခဲ့ရၿပီး သူမရဲ႕ ဘယ္ဘယ္ေျခေထာက္ေလးဟာ ညာဘက္ေျခေထာက္ထက္ သိမ္ေနခဲ့တာပါ။ ဒီလိုဘယ္ဘက္ေျခေထာက္တစ္ဖက္တည္း သိမ္ေနမႈကိုေတာ့ ဆရာဝန္ေတြက ျဖတ္ေတာက္ဖို႔နဲ႔ ေျခေထာက္တု အစားထုိးတဲ့ နည္းႏွစ္မ်ိဳးကိုသာအၾကံေပးခဲ့ၾကတာပါ။

ဒီလုိနည္းလမ္းႏွစ္မ်ိဳးလံုးကို မျပဳလုပ္ခ်င္တဲ့ မိဘႏွစ္ေယာက္ကေတာ့ သူတို႔နည္းလမ္းနဲ႔ ေျဖရွင္းႏုိင္မယ္လို႔ ယံုၾကည္ထားခဲ့ၾကပါတယ္။

သမီးငယ္ရဲ႕ အနာဂတ္ဟာ သူတို႔ျပဳလုပ္မယ့္ နည္းေၾကာင့္ ထြန္းလင္းလာလိမ့္မယ္လို႔ မိဘႏွစ္ေယာက္စလံုးက ထင္ျမင္ေတြးေတာခဲ့ၾကပါတယ္။
သမီးအယ္လ္စီေလးကေတာ့ ေျခာက္လသားအရြယ္တုန္းကလည္း ေျခာက္နာရီၾကာျမင့္တဲ့ ဘယ္ဘက္ေျခေထာက္ခြဲစိတ္မႈကို ျပဳလုပ္ခဲ့ရၿပီး ဒူး ၊ ေျခက်င္းဝတ္နဲ႔ တင္ပါးဆံုေတြကုိ အခ်ိဳးက်က်ျဖစ္လာေစဖို႔ ခြဲစိတ္ပံုသြင္းခဲ့ရတာျဖစ္ပါတယ္။ ဘယ္ဘက္ေျခေထာက္ဟာ ညာဘက္ထက္ေလးလက္မေလာက္တုိဝင္ေနခဲ့တာေၾကာင့္ ေျမႀကီးနဲ႔ ဘယ္ဘက္ေျခေထာက္ၾကားက ေနရာလြတ္ကိုေတာ့ ေျခေထာက္တုတစ္ခုနဲ႔ အစားထုိးခဲ့ရပါတယ္။




အယ္လ္စီရဲ႕ မိသားစု

ဒါ့ေၾကာင့္ အယ္လ္စီေလးတစ္ေယာက္လမ္းေလွ်ာက္ႏို္င္ခဲ့ပါတယ္။ အယ္လ္စီ အသက္ ၃ ႏွစ္ေရာက္ရွိလာခဲ့တဲ့ အခ်ိန္မွာေတာ့ ဒုတိယအႀကိမ္ ခြဲစိတ္မႈခံယူခဲ့ရပါတယ္။ ေပါင္နဲ႔ ေပါင္ျခမ္းရိုးေတြကို ခြဲစိတ္ခဲ့ရတာျဖစ္ၿပီး ဝက္အူလွည့္ ၁၀ ခုပါ ေထာက္တုိင္နဲ႔ အသားေတြ ၊ အရိုးေတြကို ေဖာက္ထြက္ ေထာက္ကန္ခဲ့တာျဖစ္ပါတယ္။ ဒီလိုျပဳလုပ္တဲ့အခ်ိန္မွာေတာ့ အယ္လ္စီရဲ႕ အရုိးေတြ ဖြံ႕ျဖိဳးလာေစဖုိ႔အတြက္ ဝက္အူလွည့္ ၁၀ ခုကို တစ္ေန႔ကို 0.039 လက္မ လွည့္ေပးခဲ့ရၿပီး ဒီလုိ လွည့္ေပးတာက အယ္လ္စီေလးရဲ႕ အရုိးေတြနဲ႔ ဆက္စပ္ေနတာေၾကာင့္ တစ္ေန႔ကို သံုးႀကိမ္ထိ အရုိးက်ိဳးခဲ့တယ္လို႔ သိရပါတယ္။


ဒါေပမယ့္ ဒီလုိျပဳလုပ္ရာကေနတစ္ဆင့္ အယ္လ္စီရဲ႕အရိုးေတြဟာ ဖြံ႕ျဖိဳးလာခဲ့ၿပီး ေလးလအတြင္းမွာ ေလးလက္မအထိရွည္ထြက္လာတာေၾကာင့္ ညာဘက္ေျခေထာက္နဲ႔ သူမရဲ႕ ဘဝမွာ ပထမဆံုး အရြယ္အစားအတူတူျဖစ္ခဲ့ရပါတယ္။

သူမရဲ႕ မိဘျဖစ္သူေတြကေတာ့ “သမီးေလး နာက်င္လြန္းလို႔ ငိုညည္းေနတဲ့ေလးလအတြင္းမွာ ကၽြန္ေတာ္တို႔လည္း စိတ္ထိခိုက္ခဲ့ရတယ္။ သမီးေလးကို အကိုက္အခဲေပ်ာက္ေစတဲ့ ေဆးကုသမႈေတြလည္း အမ်ားႀကီးလုပ္ခဲ့ရတယ္။ သူအခုေတာ့ အရိုးေတြပံုမွန္ျပန္ျဖစ္လာၿပီး သာမန္လူတစ္ေယာက္လို ေနႏုိင္ေတာ့မွာမို႔ အရမ္းဝမ္းသာတယ္။ ဒီလုိေအာင္ျမင္မႈမရခင္ အခ်ိန္ေတြမွာ ဆံုးျဖတ္ခ်က္ခ်ရတာ အရမ္းကို ခက္ခဲခဲ့တယ္” လို႔ ေျပာၾကပါတယ္။

အခုေတာ့ အယ္လ္စီဟာ ေျခေထာက္ျဖတ္ရမယ့္ အေျခအေနကေန ေဝးကြာၿပီး က်န္းက်န္းမာမာနဲ႔ ေနထိုင္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

( Paing A K )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Dailymail

...............................................

ခြေထောက်ဖြတ်ရခြင်းကနေ ကာကွယ်နိုင်ဖို့ သမီးငယ်ရဲ့ခြေထောက်အရိုးကို အကြိမ်၃၆၀ကျော်ချိုးခဲ့တဲ့မိဘများ

တစ်ခါတစ်လေမှာ မိဘလုပ်ရတယ်ဆိုတာကလည်း ပြင်းထန်ကြမ်းတမ်းလှပါတယ်။ ကိုယ့်ရဲ့ သားသမီးလာမယ့် အနာဂတ်မှာ အကောင်းဆုံးဖြစ်စေနိုင်ဖို့အတွက် စွန့်လွှတ်မှု အနစ်နာခံမှုတွေကို ပြုလုပ်ကြရပါတယ်။ ဒီတစ်ခါ ဗြိတိန်က ဆယ်ကျော်သက်မိဘတွေကတော့ သမီးငယ်လေး ခြေထောက်ဖြတ်ရတဲ့ အခြေအနေကနေ ကင်းဝေးစေဖို့အတွက် တစ်နေ့ကို ခြေထောက်ရိုး သုံးခါကျိုးပြီး ခြေထောက်အရိုးတွေပိုရှည်ထွက်လာအောင် ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ 

အယ်လ်စီလို့အမည်ရတဲ့ သမီးဖြစ်သူလေးဟာ မွေးဖွားလာပြီးနောက်ပိုင်းမှာ မသန်မစွမ်းရောဂါနဲ့ ကြုံတွေ့ခဲ့ရပြီး သူမရဲ့ ဘယ်ဘယ်ခြေထောက်လေးဟာ ညာဘက်ခြေထောက်ထက် သိမ်နေခဲ့တာပါ။ ဒီလိုဘယ်ဘက်ခြေထောက်တစ်ဖက်တည်း သိမ်နေမှုကိုတော့ ဆရာဝန်တွေက ဖြတ်တောက်ဖို့နဲ့ ခြေထောက်တု အစားထိုးတဲ့ နည်းနှစ်မျိုးကိုသာအကြံပေးခဲ့ကြတာပါ။ 

ဒီလိုနည်းလမ်းနှစ်မျိုးလုံးကို မပြုလုပ်ချင်တဲ့ မိဘနှစ်ယောက်ကတော့ သူတို့နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားခဲ့ကြပါတယ်။ 

သမီးငယ်ရဲ့ အနာဂတ်ဟာ သူတို့ပြုလုပ်မယ့် နည်းကြောင့် ထွန်းလင်းလာလိမ့်မယ်လို့ မိဘနှစ်ယောက်စလုံးက ထင်မြင်တွေးတောခဲ့ကြပါတယ်။ 
သမီးအယ်လ်စီလေးကတော့ ခြောက်လသားအရွယ်တုန်းကလည်း ခြောက်နာရီကြာမြင့်တဲ့ ဘယ်ဘက်ခြေထောက်ခွဲစိတ်မှုကို ပြုလုပ်ခဲ့ရပြီး ဒူး ၊ ခြေကျင်းဝတ်နဲ့ တင်ပါးဆုံတွေကို အချိုးကျကျဖြစ်လာစေဖို့ ခွဲစိတ်ပုံသွင်းခဲ့ရတာဖြစ်ပါတယ်။ ဘယ်ဘက်ခြေထောက်ဟာ ညာဘက်ထက်လေးလက်မလောက်တိုဝင်နေခဲ့တာကြောင့် မြေကြီးနဲ့ ဘယ်ဘက်ခြေထောက်ကြားက နေရာလွတ်ကိုတော့ ခြေထောက်တုတစ်ခုနဲ့ အစားထိုးခဲ့ရပါတယ်။




အယ်လ်စီရဲ့ မိသားစု

ဒါ့ကြောင့် အယ်လ်စီလေးတစ်ယောက်လမ်းလျှောက်နို်င်ခဲ့ပါတယ်။ အယ်လ်စီ အသက် ၃ နှစ်ရောက်ရှိလာခဲ့တဲ့ အချိန်မှာတော့ ဒုတိယအကြိမ် ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ ပေါင်နဲ့ ပေါင်ခြမ်းရိုးတွေကို ခွဲစိတ်ခဲ့ရတာဖြစ်ပြီး ဝက်အူလှည့် ၁၀ ခုပါ ထောက်တိုင်နဲ့ အသားတွေ ၊ အရိုးတွေကို ဖောက်ထွက် ထောက်ကန်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပြုလုပ်တဲ့အချိန်မှာတော့ အယ်လ်စီရဲ့ အရိုးတွေ ဖွံ့ဖြိုးလာစေဖို့အတွက် ဝက်အူလှည့် ၁၀ ခုကို တစ်နေ့ကို 0.039 လက်မ လှည့်ပေးခဲ့ရပြီး ဒီလို လှည့်ပေးတာက အယ်လ်စီလေးရဲ့ အရိုးတွေနဲ့ ဆက်စပ်နေတာကြောင့် တစ်နေ့ကို သုံးကြိမ်ထိ အရိုးကျိုးခဲ့တယ်လို့ သိရပါတယ်။


ဒါပေမယ့် ဒီလိုပြုလုပ်ရာကနေတစ်ဆင့် အယ်လ်စီရဲ့အရိုးတွေဟာ ဖွံ့ဖြိုးလာခဲ့ပြီး လေးလအတွင်းမှာ လေးလက်မအထိရှည်ထွက်လာတာကြောင့် ညာဘက်ခြေထောက်နဲ့ သူမရဲ့ ဘဝမှာ ပထမဆုံး အရွယ်အစားအတူတူဖြစ်ခဲ့ရပါတယ်။ 

သူမရဲ့ မိဘဖြစ်သူတွေကတော့ “သမီးလေး နာကျင်လွန်းလို့ ငိုညည်းနေတဲ့လေးလအတွင်းမှာ ကျွန်တော်တို့လည်း စိတ်ထိခိုက်ခဲ့ရတယ်။ သမီးလေးကို အကိုက်အခဲပျောက်စေတဲ့ ဆေးကုသမှုတွေလည်း အများကြီးလုပ်ခဲ့ရတယ်။ သူအခုတော့ အရိုးတွေပုံမှန်ပြန်ဖြစ်လာပြီး သာမန်လူတစ်ယောက်လို နေနိုင်တော့မှာမို့ အရမ်းဝမ်းသာတယ်။ ဒီလိုအောင်မြင်မှုမရခင် အချိန်တွေမှာ ဆုံးဖြတ်ချက်ချရတာ အရမ်းကို ခက်ခဲခဲ့တယ်” လို့ ပြောကြပါတယ်။ 

အခုတော့ အယ်လ်စီဟာ ခြေထောက်ဖြတ်ရမယ့် အခြေအနေကနေ ဝေးကွာပြီး ကျန်းကျန်းမာမာနဲ့ နေထိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ 

( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail

No comments:

Post a Comment