Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 8, 2016

အရြယ္မေရာက္ေသးေသာ မိန္းကေလးႏွစ္ဦးအားႏွိပ္စက္သျဖင္႕ တရားဥပေဒအရ အေရးယူေပးပါရန္ တိုင္တန္းအမႈဖြင္႕



မုံရြာ ေမ ၈

မုံရြာၿမိဳ႕ ၿမိဳ႕မရဲစခန္းဝင္းအတြင္းယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ ရဲအုပ္တစ္ဦး၏ဇနီးက အရြယ္မေရာက္ေသးေသာမိန္းကေလးႏွစ္ဦးအား ညႇဥ္းပန္းႏွိပ္စက္ေနသည္ကို သိရ၍စစ္ကိုင္းတိုင္းေဒသႀကီး လူမႈဝန္ထမ္း႐ုံး ဒုတိယဦးစီးမွဴးကတရားလိုျပဳလုပ္ ၍ဥပေဒအရအေရးယူေပးပါရန္ တိုင္တန္းရာ မုံရြာၿမိဳ႕မရဲစခန္းက အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

အနာဂတ္အလင္းေရာင္အဖြဲ႕မွ မသႏၲာသြယ္က ေဖ့စ္ဘုတ္ေပၚတြင္ ကေလးငယ္ႏွစ္ဦးညႇဥ္းပန္းႏွိပ္စက္ခံေနရေၾကာင္း ေမ ၅ ရက္ မြန္းလြဲ၂ နာရီခြဲက စစ္ကိုင္းတိုင္းေဒသႀကီးလူမႈဝန္ထမ္း႐ုံးဒုတိယဦးစီးမွဴးထံသို႔ သတင္း ေပးပို႔ခ်က္အရ သြားေရာက္စစ္ေဆးခဲ့ရာ မုံရြာၿမိဳ႕မရဲစခန္းအတြင္းရွိယာဥ္ထိန္း ရဲတပ္ဖြဲ႕႐ုံးေရွ႕တြင္ အသက္(၁၃)ႏွစ္ႏွင့္ အသက္(၉)ႏွစ္အရြယ္မိန္းကေလး ႏွစ္ဦးနာက်င္ဒဏ္ရာမ်ားရရွိကာငိုေနသည္ကို ေတြ႕ရၿပီး ၎တုိ႔ႏွစ္ဦးအား ေမးၾကည့္ရာ အမွတ္(၁၁၁)ယာဥ္ထိန္းတပ္ဖြဲ႕စုမွဴး႐ုံးတြင္ တာဝန္ထမ္းေဆာင္ေနေသာ ရဲအုပ္တစ္ဦး၏ဇနီးေဒၚမိုးမိုးတင္က ေခါင္းကိုအုတ္ခဲျဖင့္ထုျခင္း၊ မ်က္ႏွာကိုလက္သီးျဖင့္ထိုးျခင္း၊ လက္ကိုသြားျဖင့္ကိုက္ျခင္း၊ ခႏၶာကိုယ္ ေနာက္ေက်ာကုန္းကိုသြားျဖင့္ကိုက္ျခင္း၊ ေခါင္းကို ကက္ေၾကးျဖင့္ထိုးျခင္း၊ ေနာက္ေက်ာကိုတုတ္ျဖင့္႐ိုက္ျခင္း၊ မိုးရြာသည့္အခါ အိမ္အျပင္တြင္ ရပ္ခုိင္း၍ ဒဏ္ေပးျခင္းမ်ားျပဳလုပ္ေၾကာင္း ေျပာျပခ်က္အရ သိရသည္။

 ထိုသို႔ညႇဥ္းပန္းႏွိပ္စက္မႈမ်ားေၾကာင့္ အသက္(၁၃)ႏွစ္အရြယ္ မိန္းကေလးတြင္ ေနာက္ေစ့ ဖူးေယာင္ဒဏ္ရာ နားေနာက္သြားျဖင့္ကိုက္ထားေသာဒဏ္ရာ၊ ဝဲယာပါးႏွစ္ဖက္ ဖူးေယာင္ညိဳမည္းဒဏ္ရာမ်ား ရရွိထားၿပီး အသက္( ၉)ႏွစ္အရြယ္မိန္းကေလးတြင္ ဝဲယာလက္တစ္ေလွ်ာက္ ဖူးေယာင္ညိဳမည္းဒဏ္ရာ၊ ဝဲယာလက္ျပင္သြားျဖင့္ကိုက္သည့္ ဒဏ္ရာမ်ားႏွင့္ ယာနားေနာက္တြင္ သြားျဖင့္ကိုက္ထားသည့္ ဒဏ္ရာမ်ားရရွိထားေၾကာင္း စစ္ေဆးေတြ႕ရွိ ခ်က္မ်ားအရသိရသည္။

ထိုသို႔စစ္ေဆးေတြ႕ရွိရသျဖင့္ အရြယ္မေရာက္ေသးေသာ ကေလးငယ္ႏွစ္ဦးအေပၚ နာက်င္ဒဏ္ရာရေအာင္ ညႇဥ္းပန္းႏွိပ္စက္သူ ေဒၚမိုးမိုးတင္အား ဥပေဒအရအမႈဖြင့္အေရးယူေပးရန္ စစ္ကိုင္းတိုင္းေဒသ ႀကီးလူမႈဝန္ထမ္း႐ုံးဒုတိယဦးစီးမွဴးကတရားလိုျပဳလုပ္တိုင္ၾကားရာ မုံရြာၿမိဳ႕မ ရဲစခန္းက(ပ)၃၃၅/၂ဝ၁၆၊ ကေလးသူငယ္ဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္အမႈဖြင့္ကာ အမႈစစ္ ရဲအုပ္ေအာင္ေဌးက အမႈႏွင့္ပတ္သက္၍တရားလိုအား အေသးစိတ္ စစ္ေမးျခင္း၊ သက္ေသမ်ားအားစစ္ေမးျခင္း၊ တရားခံကိုဖမ္းဆီးအေရးယူစစ္ ေမးျခင္းမ်ားေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

အသက္ (၁၃)ႏွစ္ အရြယ္ မိန္းကေလးမွာ သတၱမတန္းေက်ာင္းသူျဖစ္ၿပီးအသက္ (၉) ႏွစ္အရြယ္ မိန္းကေလးမွာစတုတၴတန္းေက်ာင္းသူျဖစ္ကာ လတ္တေလာတြင္ မုံရြာၿမိဳ႕ စစ္ကိုင္းတိုင္းေဒသႀကီးလူမႈဝန္ထမ္း႐ုံးႏွင့္တြဲလ်က္ရွိသည့္ မူႀကိဳေက်ာင္းတြင္ ယာယီေစာင့္ေရွာက္ထားေၾကာင္း သိရသည္။


မ်ဳိးဝင္းထြန္း(မုံရြာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

.............................................................




မုံရွာ မေ ၈

မုံရွာမြို့ မြို့မရဲစခန်းဝင်းအတွင်းယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ရဲအုပ်တစ်ဦး၏ဇနီးက အရွယ်မရောက်သေးသောမိန်းကလေးနှစ်ဦးအား ညှဉ်းပန်းနှိပ်စက်နေသည်ကို သိရ၍စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ဒုတိယဦးစီးမှူးကတရားလိုပြုလုပ် ၍ဥပဒေအရအရေးယူပေးပါရန် တိုင်တန်းရာ မုံရွာမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အနာဂတ်အလင်းရောင်အဖွဲ့မှ မသန္တာသွယ်က ဖေ့စ်ဘုတ်ပေါ်တွင် ကလေးငယ်နှစ်ဦးညှဉ်းပန်းနှိပ်စက်ခံနေရကြောင်း မေ ၅ ရက် မွန်းလွဲ၂ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးဒုတိယဦးစီးမှူးထံသို့ သတင်း ပေးပို့ချက်အရ သွားရောက်စစ်ဆေးခဲ့ရာ မုံရွာမြို့မရဲစခန်းအတွင်းရှိယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးရှေ့တွင် အသက်(၁၃)နှစ်နှင့် အသက်(၉)နှစ်အရွယ်မိန်းကလေး နှစ်ဦးနာကျင်ဒဏ်ရာများရရှိကာငိုနေသည်ကို တွေ့ရပြီး ၎င်းတို့နှစ်ဦးအား မေးကြည့်ရာ အမှတ်(၁၁၁)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ရဲအုပ်တစ်ဦး၏ဇနီးဒေါ်မိုးမိုးတင်က ခေါင်းကိုအုတ်ခဲဖြင့်ထုခြင်း၊ မျက်နှာကိုလက်သီးဖြင့်ထိုးခြင်း၊ လက်ကိုသွားဖြင့်ကိုက်ခြင်း၊ ခန္ဓာကိုယ် နောက်ကျောကုန်းကိုသွားဖြင့်ကိုက်ခြင်း၊ ခေါင်းကို ကက်ကြေးဖြင့်ထိုးခြင်း၊ နောက်ကျောကိုတုတ်ဖြင့်ရိုက်ခြင်း၊ မိုးရွာသည့်အခါ အိမ်အပြင်တွင် ရပ်ခိုင်း၍ ဒဏ်ပေးခြင်းများပြုလုပ်ကြောင်း ပြောပြချက်အရ သိရသည်။

 ထိုသို့ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်(၁၃)နှစ်အရွယ် မိန်းကလေးတွင် နောက်စေ့ ဖူးယောင်ဒဏ်ရာ နားနောက်သွားဖြင့်ကိုက်ထားသောဒဏ်ရာ၊ ဝဲယာပါးနှစ်ဖက် ဖူးယောင်ညိုမည်းဒဏ်ရာများ ရရှိထားပြီး အသက်( ၉)နှစ်အရွယ်မိန်းကလေးတွင် ဝဲယာလက်တစ်လျှောက် ဖူးယောင်ညိုမည်းဒဏ်ရာ၊ ဝဲယာလက်ပြင်သွားဖြင့်ကိုက်သည့် ဒဏ်ရာများနှင့် ယာနားနောက်တွင် သွားဖြင့်ကိုက်ထားသည့် ဒဏ်ရာများရရှိထားကြောင်း စစ်ဆေးတွေ့ရှိ ချက်များအရသိရသည်။

ထိုသို့စစ်ဆေးတွေ့ရှိရသဖြင့် အရွယ်မရောက်သေးသော ကလေးငယ်နှစ်ဦးအပေါ် နာကျင်ဒဏ်ရာရအောင် ညှဉ်းပန်းနှိပ်စက်သူ ဒေါ်မိုးမိုးတင်အား ဥပဒေအရအမှုဖွင့်အရေးယူပေးရန် စစ်ကိုင်းတိုင်းဒေသ ကြီးလူမှုဝန်ထမ်းရုံးဒုတိယဦးစီးမှူးကတရားလိုပြုလုပ်တိုင်ကြားရာ မုံရွာမြို့မ ရဲစခန်းက(ပ)၃၃၅/၂ဝ၁၆၊ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်အမှုဖွင့်ကာ အမှုစစ် ရဲအုပ်အောင်ဌေးက အမှုနှင့်ပတ်သက်၍တရားလိုအား အသေးစိတ် စစ်မေးခြင်း၊ သက်သေများအားစစ်မေးခြင်း၊ တရားခံကိုဖမ်းဆီးအရေးယူစစ် မေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသက် (၁၃)နှစ် အရွယ် မိန်းကလေးမှာ သတ္တမတန်းကျောင်းသူဖြစ်ပြီးအသက် (၉) နှစ်အရွယ် မိန်းကလေးမှာစတုတ္ထတန်းကျောင်းသူဖြစ်ကာ လတ်တလောတွင် မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့်တွဲလျက်ရှိသည့် မူကြိုကျောင်းတွင် ယာယီစောင့်ရှောက်ထားကြောင်း သိရသည်။


မျိုးဝင်းထွန်း(မုံရွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment