Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 8, 2016

ေျမက်င္းထဲကေန ဖုတ္၀င္ေနတဲ့ေၾကာင္ ျပန္လည္ႏိုးထလာခဲ့




အေမရိကန္ႏုိင္ငံ ဖေလာ္ရီဒါျပည္နယ္က ေၾကာင္ပိုင္ရွင္ေတြကေတာ့ သူတို႔ရဲ႕ အိမ္ေမြး တိရိစာၧန္ေလးမ်ား သက္တမ္းကုန္လို႔ ေသဆုံးတဲ့အခါမ်ိဳး နဲ႔ တစ္ျခား မေတာ္တဆမႈေတြေၾကာင့္ ေသဆံုးသြားတဲ့အခါမွာ တိရစၦာန္ေလးေတြကို ေျမျမွဳပ္ေပးၾကေလ့ရွိပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ခန္႔ကေတာ့ ေၾကာင္ေလးတစ္ေကာင္ဟာ သူတို႔ အိမ္နားကျခံထဲကေန သူရဲ႕ေျမပံုကို ေဖာက္ျပီး ျပန္လည္ ထြက္ေပၚလာခဲ့ပါတယ္။ Humane Society ၏ ေျပာၾကားခ်က္အရေတာ့ ေၾကာင္ေလးမွာ အရမ္းကိုအားနည္းေနျပီး ဂရုစိုက္ကုသမႈေတြ ျပဳလုပ္ဖို႔ လုိအပ္ေနတယ္လို႔ သိရပါတယ္။

သူတို႔အေနနဲ႔ အံ့ၾသဖို႔ေကာင္းတဲ့ ျဖစ္ရပ္ဆန္းေတြကို ၾကံဳ ဖူးေသာ္လည္း ဒီလို ျဖစ္ရပ္မ်ဳိးကိုေတာ့ တစ္ခါမွ မၾကဳံ ခဲ့ဖူးပါဘူး လို႔လည္း ေျပာၾကားခဲ့ပါတယ္။ အျခားေဆးခန္းေတြကို သြားဖို႔အတြက္ အခေၾကးေငြ မတတ္ႏိုင္ တာေၾကာင့္ ေၾကာင္ပိုင္ရွင္ဟာ Humane Society သို႔ သူ႔ေၾကာင္ေလးကိုေခၚျပီး လာေရာက္ ကုသခဲ့ပါတယ္။

ေၾကာင္ေလးရဲ႕ က်ဳိးေနတဲ့ အရိုးေတြ မ်က္ႏွာေပၚက ဒဏ္ရာေတြကို ကုသေပးခဲ့ျပီး မ်က္လုံးတစ္ဖက္က ဒဏ္ရာဟာဆို ေတာ္ေတာ္ေလးကို ဆိုး၀ါးခဲ့ပါတယ္။ ထိုပ်က္စီးေနတဲ့ မ်က္လုံးတစ္ဖက္ကို ဆာဂ် ရီျပဳလုပ္ကုသ သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။


( Paing A K )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Cnews


...........................................

မြေကျင်းထဲကနေ ဖုတ်ဝင်နေတဲ့ကြောင် ပြန်လည်နိုးထလာခဲ့
 
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က ကြောင်ပိုင်ရှင်တွေကတော့ သူတို့ရဲ့ အိမ်မွေး တိရိစ္ဆာန်လေးများ သက်တမ်းကုန်လို့ သေဆုံးတဲ့အခါမျိုး နဲ့ တစ်ခြား မတော်တဆမှုတွေကြောင့် သေဆုံးသွားတဲ့အခါမှာ တိရစ္ဆာန်လေးတွေကို မြေမြှုပ်ပေးကြလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ခန့်ကတော့ ကြောင်လေးတစ်ကောင်ဟာ သူတို့ အိမ်နားကခြံထဲကနေ သူရဲ့မြေပုံကို ဖောက်ပြီး ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ Humane Society ၏ ပြောကြားချက်အရတော့ ကြောင်လေးမှာ အရမ်းကိုအားနည်းနေပြီး ဂရုစိုက်ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ 

သူတို့အနေနဲ့ အံ့သြဖို့ကောင်းတဲ့ ဖြစ်ရပ်ဆန်းတွေကို ကြုံ ဖူးသော်လည်း ဒီလို ဖြစ်ရပ်မျိုးကိုတော့ တစ်ခါမှ မကြုံ ခဲ့ဖူးပါဘူး လို့လည်း ပြောကြားခဲ့ပါတယ်။ အခြားဆေးခန်းတွေကို သွားဖို့အတွက် အခကြေးငွေ မတတ်နိုင် တာကြောင့် ကြောင်ပိုင်ရှင်ဟာ Humane Society သို့ သူ့ကြောင်လေးကိုခေါ်ပြီး လာရောက် ကုသခဲ့ပါတယ်။

ကြောင်လေးရဲ့ ကျိုးနေတဲ့ အရိုးတွေ မျက်နှာပေါ်က ဒဏ်ရာတွေကို ကုသပေးခဲ့ပြီး မျက်လုံးတစ်ဖက်က ဒဏ်ရာဟာဆို တော်တော်လေးကို ဆိုးဝါးခဲ့ပါတယ်။ ထိုပျက်စီးနေတဲ့ မျက်လုံးတစ်ဖက်ကို ဆာဂျ ရီပြုလုပ်ကုသ သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Cnews

No comments:

Post a Comment