Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 5, 2016

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တွင် ဦးဝင်းထိန်ပါဝင်လာ


နေပြည်တော်၊ ဧပြီ-၅။


ယနေ့ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး(၁၇)ရက်မြောက် အစီအစဉ်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်တွင်အဖွဲ့ဝင်(၄)ဦး နုတ်ထွက်ခွင့်ပြုခြင်းကို လွှတ်တော်သို့ တင်ပြခြင်းနှင့် အဖွဲ့ဝင်အသစ်(၄) ဦးထည့်သွင်းဖွဲ့စည်းခြင်းအတွက် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်း အစီအစဉ်တွင် ပြည်ထောင်စုလွှတ်တော်နာယကမှ ကော်မရှင်တွင် လစ်လပ်သွားသူများ၏ အမည်စာရင်းဖတ်ကြား ခဲ့ပြီး ယင်း လစ်လပ်သွားသောနေရာများ အစားထိုး အမည်စာရင်းအား ဖတ်ကြားရာတွင်NLDဗဟိုကော်မ တီဦးဝင်းထိန်ပါဝင်လာခဲ့သည်။

 ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များအနက်မှ အဖွဲ့ဝင် (၄)ဦးမှာ ၂၀၁၆ခုနှစ် မတ်လ(၃၁)ရက်မှစ၍ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်များအဖြစ် သတ်မှတ်ခံရသဖြင့် ၎င်းတို့ဆန္ဒအရ နုတ်ထွက်ခွင့်ပြုခဲ့ပါကြောင်း ၊ ၎င်းတို့မှာဒေါက်တာဝင်းမြတ်အေး၊ (ဒုတိယဥက္ကဋ္ဌ-(၂)၊ဒေါက်တာမြင့်ထွေးအဖွဲ့ဝင်၊ ဦးစိုးရယ်အဖွဲ့ဝင်နှင့်ဦးအောင်မြင့်အဖွဲ့ဝင်တို့ဖြစ်ကြ ကြောင်း၊ ယင်းသို့နုတ်ထွက်ခဲ့သောကော်မရှင်အဖွဲ့ဝင်နေရာများတွင်အဖွဲ့ဝင် အသစ်အဖြစ် ဒေါက်တာသန်းဝင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မန္တလေးတိုင်း မဲဆန္ဒနယ်အမှတ်(၁)မှ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ်ဦးဝင်းထိန် (လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ ဦးညီထွန်းအဖွဲ့ဝင်(၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးညွန်ကြားရေးမှူးချုပ်-ငြိမ်း)၊ ဦးဘိုဝင်း (ညွန်ကြား ရေးမှူး-ငြိမ်း၊ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့အားလည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့ပြီး လွှတ်တော်မှ သဘောထား တောင်းခံရာ သဘောတူသဖြင့် အတည်ပြုခဲ့သည်။

ဖိုးသားကြီး
china.com Myanmar

.......................................


နေပြည်တော်၊ ဧပြီ-၅။

 ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် တွင်လစ်လပ်(၄)နေရာဖြည့်စွက်မှုတွင် NLDဗဟိုကော်မတီ ဦးဝင်းထိန် အား ထည့်သွင်းဖွဲ့စည်းခဲ့ ကြောင်း သိရသည်။

ယနေ့ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး(၁၇)ရက်မြောက် အစီအစဉ်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်တွင်အဖွဲ့ဝင်(၄)ဦး နုတ်ထွက်ခွင့်ပြုခြင်းကို လွှတ်တော်သို့ တင်ပြခြင်းနှင့် အဖွဲ့ဝင်အသစ်(၄) ဦးထည့်သွင်းဖွဲ့စည်းခြင်းအတွက် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်း အစီအစဉ်တွင် ပြည်ထောင်စုလွှတ်တော်နာယကမှ ကော်မရှင်တွင် လစ်လပ်သွားသူများ၏ အမည်စာရင်းဖတ်ကြား ခဲ့ပြီး ယင်း လစ်လပ်သွားသောနေရာများ အစားထိုး အမည်စာရင်းအား ဖတ်ကြားရာတွင််NLDဗဟိုကော်မ တီဦးဝင်းထိန်ပါ၀င်လာခဲ့သည်။

 ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များအနက်မှ အဖွဲ့ဝင် (၄)ဦးမှာ ၂၀၁၆ခုနှစ် မတ်လ(၃၁)ရက်မှစ၍ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်များအဖြစ် သတ်မှတ်ခံရသဖြင့် ၎င်းတို့ဆန္ဒအရ နုတ်ထွက်ခွင့်ပြုခဲ့ပါကြောင်း ၊ ၎င်းတို့မှာဒေါက်တာဝင်းမြတ်အေး၊ (ဒုတိယဥက္ကဋ္ဌ-(၂)၊ဒေါက်တာမြင့်ထွေးအဖွဲ့ဝင်၊ ဦးစိုးရယ်အဖွဲ့ဝင်နှင့်ဦးအောင်မြင့်အဖွဲ့ဝင်တို့ဖြစ်ကြ ကြောင်း၊ ယင်းသို့နုတ်ထွက်ခဲ့သောကော်မရှင်အဖွဲ့ဝင်နေရာများတွင်အဖွဲ့ဝင် အသစ်အဖြစ် ဒေါက်တာသန်းဝင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မန္တလေးတိုင်း မဲဆန္ဒနယ်အမှတ်(၁)မှ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ်ဦးဝင်းထိန် (လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ ဦးညီထွန်းအဖွဲ့ဝင်(၀န်ထမ််းရွေးချယ် လေ့ကျင့်ရေးညွန်ကြားရေးမှူးချုပ်-ငြိမ်း)၊ ဦးဘို၀င်း (ညွန်ကြား ရေးမှူး-ငြိမ်း၊ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့အားလည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့ပြီး လွှတ်တော်မှ သဘောထား တောင်းခံရာ သဘောတူသဖြင့် အတည်ပြုခဲ့သည်။

ဖိုးသားကြီး
china.com Myanmar
https://www.facebook.com/china.com.mm

No comments:

Post a Comment