Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 5, 2016

က်ဴးေက်ာ္ကိစၥမ်ားကို အၾကမ္းဖက္ နည္းျဖင့္ မေျဖ႐ွင္းရန္ က်ဴးေက်ာ္ဟု သတ္မွတ္ခံ ရသူမ်ားက အရပ္သားအစိုးရသစ္အား ေတာင္းဆို



ရန္ကုန္ ဧၿပီ ၅

က်ဴးေက်ာ္ေနထိုင္သူမ်ားကို ယခင္အစိုးရက ေျဖရွင္းခဲ့သည့္ အၾကမ္းဖက္ ေျဖ႐ွင္းသည့္နည္း လမ္းမ်ားသည္ ႏွစ္ဦးႏွစ္ဖက္ထိခိုက္ေစ သည့္ နည္းလမ္းမ်ားျဖစ္သည့္အတြက္ အရပ္သားအစိုးရ သစ္ အေနျဖင့္ ညႇိႏိႈင္းသည့္ နည္းလမ္းကို အသံုးျပဳေစခ်င္သည္ ဟု လိႈင္သာယာ ေရႊသံလြင္ဝန္းတြင္ေနထိုင္သည့္ က်ဴးေက်ာ္ဟု သတ္မွတ္ျခင္းခံရသူမ်ားက က ဧၿပီလ၅ရက္က လႈိင္သာယာတြင္ ျပဳလုပ္သည့္ သတင္းစာ ႐ွင္းလင္းပြဲ တြင္ ေတာင္းဆိုခဲ့သည္။

ယခင္အစိုးရလက္ထက္က အၾကမ္းဖက္ ႏွင္ထုတ္ျခင္း၊ လူမိုက္မ်ား ငွါးရမ္းကာ ေျဖ႐ွင္းျခင္း စသည့္ နည္းလမ္းမ်ားသည္ ႏွစ္ဦးႏွစ္ဖက္ကုိ ဂုဏ္သိကၡာမဲ့ေစၿပီး က်ဴးေက်ာ္ေနထိုင္သူမ်ား လည္း ေနစဥ္ႏွင့္အမ်ွစိုးရိမ္စိတ္မ်ားဝင္ေနရေၾကာင္း၊သုိ႔ေသာ္ ယခုအာဏာရလာသည့္ NLD အစိုးရသည္ က်ဴးေက်ာ္ျပသနာမ်ားကို အေကာင္း ဆံုး ေျဖ႐ွင္းႏိုင္မည္ဟု ေမ်ွာ္လင့္ထားေၾကာင္း ဧရာဝတီတုိင္းမွေျပာင္းေရြ႔လာသူ ေဒၚေအးမိုးခိုင္က ဆိုသည္။

လိႈင္သာယာၿမိဳနယ္ ေရြသံလြင္ဝင္းေန က်ဴးေက်ာ္ဟု သတ္မွတ္ခံထားရသည့္ ရပ္ကြက္သူ ရပ္ကြက္သားမ်ားက ၄င္းတုိ႔ကုိ က်ဴးေက်ာ္ဟု ထင္ျမင္ေနသည့္ အျမင္မ်ားကို ေျပာင္းလဲေစေရး အတြက္ သန္႔႐ွင္းသပ္ရပ္စြာေနထိုင္ေရးအတြက္ အမိႈက္မ်ားကို ႐ွင္းလင္းေနၿပီး အမိႈက္ပစ္ရန္ ေနရာသတ္မွတ္ေပးရန္ ႏွင့္ အမိႈက္သိမ္းဝန္ ေဆာင္မႈမ်ားကို ျဖည့္ဆည္းေပးရန္ ေတာင္းဆိုခဲ့သည္။အဆိုပါ ရပ္ကြက္႐ွိ က်ဴးေက်ာ္အမ်ားစုသည္ ဧရာဝတီတုိင္း မွ လာေရာက္ အေျခခ်ေနထိုင္သူမ်ား ျဖစ္ၿပီး အိမ္ေျခေပါင္း ၁၁၀၀ ေက်ာ္ ႐ွိၿပီး လူဦးေရ ၅၀၀၀ေက်ာ္လက္ရွိ ေနထိုင္ေနေၾကာင္း သိရသည္။

ေအာင္ေသာ္ၿဖိဳး
photo credit: Tike zin
china.com Myanmar
https://www.facebook.com/china.com.mm

.......




ရန်ကုန် ဧပြီ ၅

ကျူးကျော်နေထိုင်သူများကို ယခင်အစိုးရက ဖြေရှင်းခဲ့သည့် အကြမ်းဖက် ဖြေရှင်းသည့်နည်း လမ်းများသည် နှစ်ဦးနှစ်ဖက်ထိခိုက်စေ သည့် နည်းလမ်းများဖြစ်သည့်အတွက် အရပ်သားအစိုးရ သစ် အနေဖြင့် ညှိနှိုင်းသည့် နည်းလမ်းကို အသုံးပြုစေချင်သည် ဟု လှိုင်သာယာ ရွှေသံလွင်ဝန်းတွင်နေထိုင်သည့် ကျူးကျော်ဟု သတ်မှတ်ခြင်းခံရသူများက က ဧပြီလ၅ရက်က လှိုင်သာယာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် တောင်းဆိုခဲ့သည်။

ယခင်အစိုးရလက်ထက်က အကြမ်းဖက် နှင်ထုတ်ခြင်း၊ လူမိုက်များ ငှါးရမ်းကာ ဖြေရှင်းခြင်း စသည့် နည်းလမ်းများသည် နှစ်ဦးနှစ်ဖက်ကို ဂုဏ်သိက္ခာမဲ့စေပြီး ကျူးကျော်နေထိုင်သူများ လည်း နေစဉ်နှင့်အမျှစိုးရိမ်စိတ်များဝင်နေရကြောင်း၊သို့သော် ယခုအာဏာရလာသည့် NLD အစိုးရသည် ကျူးကျော်ပြသနာများကို အကောင်း ဆုံး ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဧရာဝတီတိုင်းမှပြောင်းရွေ့လာသူ ဒေါ်အေးမိုးခိုင်က ဆိုသည်။

လှိုင်သာယာမြိုနယ် ရွေသံလွင်ဝင်းနေ ကျူးကျော်ဟု သတ်မှတ်ခံထားရသည့် ရပ်ကွက်သူ ရပ်ကွက်သားများက ၄င်းတို့ကို ကျူးကျော်ဟု ထင်မြင်နေသည့် အမြင်များကို ပြောင်းလဲစေရေး အတွက် သန့်ရှင်းသပ်ရပ်စွာနေထိုင်ရေးအတွက် အမှိုက်များကို ရှင်းလင်းနေပြီး အမှိုက်ပစ်ရန် နေရာသတ်မှတ်ပေးရန် နှင့် အမှိုက်သိမ်းဝန် ဆောင်မှုများကို ဖြည့်ဆည်းပေးရန် တောင်းဆိုခဲ့သည်။အဆိုပါ ရပ်ကွက်ရှိ ကျူးကျော်အများစုသည် ဧရာဝတီတိုင်း မှ လာရောက် အခြေချနေထိုင်သူများ ဖြစ်ပြီး အိမ်ခြေပေါင်း ၁၁၀၀ ကျော် ရှိပြီး လူဦးရေ ၅၀၀၀ကျော်လက်ရှိ နေထိုင်နေကြောင်း သိရသည်။

အောင်သော်ဖြိုး
photo credit: Tike zin
china.com Myanmar
https://www.facebook.com/china.com.mm

No comments:

Post a Comment