Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 5, 2016

သမၼတဦးေဆာင္တဲ့ ဘ႑ာေရးေကာ္မရွင္ ဖြဲ႕စည္း

သယံဇာတ ခြဲေဝ မွု ကိစၥ မ်ိဳးကိုလည္း ဘ႑ာေရး ေကာ္မရွင္ မွာ ေဆြးေႏြး နိုင္မယ္။
သမၼတ ဦးထင္ေက်ာ္က ဘ႑ာေရး ေကာ္မရွင္ ကို ဧၿပီ ၅ ရက္ ေန႔ မွာ ဖြဲ႕စည္း ေၾကာင္း ေၾကညာ လိုက္ ပါတယ္။

ဒီ ေကာ္မရွင္ဟာ ဖြဲ႕စည္း အုပ္ခ်ဳပ္ ပုံ အေျခခံ ဥပေဒ အရ ေရာ၊ ျပည္ေထာင္စု အစိုးရ အဖြဲ႕ ဥပေဒ အရပါ ဖြဲ႕စည္း ရတဲ့ ေကာ္မရွင္ ျဖစ္ၿပီး နိုင္ငံေတာ္ သမၼတ ကိုယ္တိုင္ ဥကၠဌ အျဖစ္ တာဝန္ ယူပါတယ္။

အဲဒီ့ ဘ႑ာေရး ေကာ္မရွင္ မွာ ဒုတိယ သမၼတ ႏွစ္ဦး၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္၊ စာရင္းစစ္ခ်ဳပ္၊ တိုင္းနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေတြ နဲ႔ အတူ ေနျပည္ေတာ္ ေကာင္စီ ဥကၠဌ နဲ႔ ျပည္ေထာင္စု အဆင့္ စီမံကိန္း နဲ႔ ဘ႑ာေရး ဝန္ႀကီး တို႔လည္း ပါဝင္ၿပီး စုစုေပါင္း ၂၁ ေယာက္ ပါဝင္တဲ့ ေကာ္မရွင္ ျဖစ္ပါတယ္။

ဒီ ေကာ္မရွင္ဟာ အစိုးရဲ့ ဘ႑ာေရး ဆိုင္ရာ မူဝါဒ ေတြ ကို ေဆြးေႏြးၿပီး ဘ႑ာေငြ အရ/အသုံး ကို စီမံ ခန္႔ခြဲ ဖို႔ ျဖစ္တယ္ လို႔ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ျဖစ္တဲ့ အတြက္ ဘ႑ာေရး ေကာ္မရွင္ ထဲ ပါဝင္ ေနတဲ့ ဦးၿဖိဳးမင္းသိန္း က ဆိုပါတယ္။

ေကာ္မရွင္ ရဲ့ ဆုံးျဖတ္တဲ့အစိုးရ ဘတ္ဂ်က္ အသုံး စားရိတ္ ကို ဘ႑ာေရး ဝန္ႀကီးက ျပည္ေထာင္စု လႊတ္ေတာ္ ထံ တင္ၿပ မွာ ျဖစ္သလို တိုင္းနဲ႔ ျပည္နယ္ ဝန္ႀကီး ခ်ဳပ္ ေတြ အေနနဲ႔လည္း သူတို႔ သက္ဆိုင္ရာ ေဒသ ေတြ အတြက္ လိုအပ္ တဲ့ အသုံးစားရိတ္ ေတြ ခြဲေဝေပးဖို႔ ဒီ ေကာ္မရွင္ ထဲမွာ ေဆြးေႏြး နိုင္မွာ ျဖစ္တယ္ လို႔ လည္း ဆိုပါတယ္။

ဒါ့အျပင္ သယံဇာတ ခြဲေဝ မွု ကိစၥ မ်ိဳးကိုလည္း ဘ႑ာေရး ေကာ္မရွင္ မွာ ေဆြးေႏြး မွာ ျဖစ္လို႔ တိုင္းနဲ႔ ျပည္နယ္ အသီးသီး မွာ ဗဟို အစိုးရဲ့ ခ်ဳပ္ကိုင္ မွု ေလၽွာ့ခ် နိုင္ၿပီး အခ်ိဳးညီညီ ဖြံ့ၿဖိဳး တိုးတက္ေရး အတြက္ လည္း ဘ႑ာေရး ေကာ္မရွင္ မွာ ေဆာင္ရြက္ သြားနိုင္ လိမ့္မယ္ လို႔ ေမၽွာ္လင့္ ေၾကာင္းလည္း ဦးၿဖိဳးမင္းသိန္း က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese

.........................................................................


သယံဇာတ ခွဲဝေ မှု ကိစ္စ မျိုးကိုလည်း ဘဏ္ဍာရေး ကော်မရှင် မှာ ဆွေးနွေး နိုင်မယ်။
သမ္မတ ဦးထင်ကျော်က ဘဏ္ဍာရေး ကော်မရှင် ကို ဧပြီ ၅ ရက် နေ့ မှာ ဖွဲ့စည်း ကြောင်း ကြေညာ လိုက် ပါတယ်။

ဒီ ကော်မရှင်ဟာ ဖွဲ့စည်း အုပ်ချုပ် ပုံ အခြေခံ ဥပဒေ အရ ရော၊ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ အရပါ ဖွဲ့စည်း ရတဲ့ ကော်မရှင် ဖြစ်ပြီး နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဥက္ကဌ အဖြစ် တာဝန် ယူပါတယ်။

အဲဒီ့ ဘဏ္ဍာရေး ကော်မရှင် မှာ ဒုတိယ သမ္မတ နှစ်ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် တွေ နဲ့ အတူ နေပြည်တော် ကောင်စီ ဥက္ကဌ နဲ့ ပြည်ထောင်စု အဆင့် စီမံကိန်း နဲ့ ဘဏ္ဍာရေး ဝန်ကြီး တို့လည်း ပါဝင်ပြီး စုစုပေါင်း ၂၁ ယောက် ပါဝင်တဲ့ ကော်မရှင် ဖြစ်ပါတယ်။

ဒီ ကော်မရှင်ဟာ အစိုးရဲ့ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒ တွေ ကို ဆွေးနွေးပြီး ဘဏ္ဍာငွေ အရ/အသုံး ကို စီမံ ခန့်ခွဲ ဖို့ ဖြစ်တယ် လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြစ်တဲ့ အတွက် ဘဏ္ဍာရေး ကော်မရှင် ထဲ ပါဝင် နေတဲ့ ဦးဖြိုးမင်းသိန်း က ဆိုပါတယ်။

ကော်မရှင် ရဲ့ ဆုံးဖြတ်တဲ့အစိုးရ ဘတ်ဂျက် အသုံး စားရိတ် ကို ဘဏ္ဍာရေး ဝန်ကြီးက ပြည်ထောင်စု လွှတ်တော် ထံ တင်ပြ မှာ ဖြစ်သလို တိုင်းနဲ့ ပြည်နယ် ဝန်ကြီး ချုပ် တွေ အနေနဲ့လည်း သူတို့ သက်ဆိုင်ရာ ဒေသ တွေ အတွက် လိုအပ် တဲ့ အသုံးစားရိတ် တွေ ခွဲဝေပေးဖို့ ဒီ ကော်မရှင် ထဲမှာ ဆွေးနွေး နိုင်မှာ ဖြစ်တယ် လို့ လည်း ဆိုပါတယ်။

ဒါ့အပြင် သယံဇာတ ခွဲဝေ မှု ကိစ္စ မျိုးကိုလည်း ဘဏ္ဍာရေး ကော်မရှင် မှာ ဆွေးနွေး မှာ ဖြစ်လို့ တိုင်းနဲ့ ပြည်နယ် အသီးသီး မှာ ဗဟို အစိုးရဲ့ ချုပ်ကိုင် မှု လျှော့ချ နိုင်ပြီး အချိုးညီညီ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လည်း ဘဏ္ဍာရေး ကော်မရှင် မှာ ဆောင်ရွက် သွားနိုင် လိမ့်မယ် လို့ မျှော်လင့် ကြောင်းလည်း ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment