Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 5, 2016
ပေါ်ထွန်း 
2016-04-05
၁။ ဆီးသွားနည်းခြင်း 
၃။ ခေါင်းကိုက်ခြင်း 
..........................................
ရေအလောက်အလုံ မသောက်ဘူးဆိုတာ သိသာစေတဲ့ လက္ခဏာများ
ပေါ်ထွန်း 
2016-04-05
ရေဟာ လူတစ်ယောက်အသက်ရေးအတွက် မရှိမဖြစ်လုုိအပ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်း လုပ်ဆောင်ချက်ကို ထိန်းသိမ်းရာမှာ အကူအညီဖြစ်စေခြင်းအတွက် အလွန်အရေးကြီးပါတယ်။ ကျန်းမာရေး ထိန်းသိမ်းခြင်းအတွက် ရေပမာဏလုံလောက်ခြင်းက အလွန်အရေးကြီးပါတယ်။ ရေရဲ့ အဓိကအခန်းကဏ္ဍ (၂) ခုမှာ… 
အစာချေချက်မှု ပိုမိုကောင်းမွန်စေခြင်း
အမြင်အာရုံအားကောင်းစေခြင်းအတွက် ခန္ဓာကိုယ်အပူချိန် ညှိပေးခြင်း တို့ဖြစ်ပါတယ်။ နောက် ရေရဲ့ လုပ်ဆောင်ချက်တစ်ခုက အဆိပ်အတောက်တွေ ဖယ်ရှားပေးတာပါပဲ။ ရေဟာ မရှိမဖြစ်လိုအပ်တဲ့ ခန္ဓာကိုယ်အရည်ကြည်တွေ ဖန်တီးပေးရာမှာလည်း ပါဝင်ပါတယ်။  ရေမှာ နောက် ကြီးမားတဲ့ စွမ်းရည်တစ်ခုရှိပါသေးတယ်။ ဓာတ်မတည့်ခြင်းကို ပြတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့အသက်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတုဓာတ်ပြုမှုအများစုမှာ ရေသင့်ရုံရှိဖို့ လိုအပ်ပါတယ်။
အခုအခါ ရေရဲ့ အရေးပါမှု အတော်များများ သိပြီဆိုတော့ ရေအလုံအလောက်မသောက်ပါက စိုးရိမ်ရတဲ့ ပြသနာတွေ ဘယ်လိုဖြစ်ပေါ်နိုင်တယ်ဆိုတာလဲ သိပါလိမ့်မယ်။ ဒါပေမယ့် ကော်ဖီ၊ အားဖြည့်အချိုရည်၊ လက်ဖက်ရည် နဲ့ ဖျော်ရည် စတာတွေဟာ ခန္ဓာကိုယ်အရည်ကြည် ဖြစ်စေတဲ့အရာတွေထဲ မပါဝင်ကြောင်း လူတိုင်းနာလည်ထားဖို့ အရေးကြီးပါတယ်။  ကော်ဖီနဲ့ အားဖြည့်အချိုရည်က ကဖိန်းဟာ ရေဓာတ်ခန်းခြောက်စေတာ လူအများစု မသိကြပါ။ 
ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေပြီဆိုတာ ဖော်ပြပေးတဲ့ လက္ခဏာတွေမှာတော့ 
၁။ ဆီးသွားနည်းခြင်း 
၂။ အသားရေ အမြဲတမ်း ခြောက်သွေ့ခြင်း 
၃။ ခေါင်းကိုက်ခြင်း 
၄။ အာအမြဲခြောက်သွေ့နေခြင်း 
၅။ ဆီး အရောင်ပြောင်းခြင်း
၆။ ထမင်းစားပြီးချင်းပဲ ဗိုက်ဆာမှု ခံစားရခြင်း
၇။ မူးနောက်နေခြင်း တို့ ဖြစ်ပါတယ်။ 
Ref:timefornaturalhealthcare
http://www.trend.com.mm/2016/04/05/health-9223
No comments:
Post a Comment