Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 5, 2016

ဇနီးျဖစ္သူကို ေနာက္ေယာက်ၤား ေပးစားသျဖင့္ သမက္က ေယာကၡမျဖစ္သူကို မေသမခ်င္း ဓါးျဖင့္ ထိုးသတ္



နိရဥၥရာ၊ ဧျပီ ၆

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေမာင္ႀကီးေထာင့္ အလယ္ရြာတြင္ သမက္ျဖစ္သူက ဇနီး၏ ဖခင္ (ေယာကၡမ) ျဖစ္သူကို မေသမခ်င္း ဓါးႏွင့္ ထိုးသတ္မႈတစ္ခု ဧၿပီလ ၅ ရက္ေန႔က ျဖစ္ပြားခဲ့သည္။

ျဖစ္ပြားရျခင္းမွာ ေယာကၡမျဖစ္သူ ဘဂၤလီ လူမ်ိဳး အဘူေတာ္ယုတ္က သူ၏သမီးအား လင္ေယာက်ၤား ျဖစ္သူ ရွိလွ်က္ ေနာက္ထပ္ေယာက်ၤာ တစ္ေယာက္ႏွင့္ ေပးစားခဲ့သျဖင့္ မေက်နပ္ရာမွ သားမက္ျဖစ္သူ အာယုအာလီ က ဓားေျမႇာင္ျဖင့္ ထိုးသတ္ျခင္းျဖစ္ေၾကာင္း ဘူးသီးေတာင္ျမိဳ႕မရဲစခန္းမွ တာ၀န္က် ရဲအရာရွိက နိရဥၥရာသို႕ ေျပာၾကားသည္။

ဘူးသီးေတာင္ျမိဳ႕နယ္ ေမာင္ႀကီးေထာင့္ေက်းရြာအုပ္စု၊ အလယ္ရြာေန ဘဂၤလီလူမ်ိဳး အဘူေတာ္ယုတ္ (၆၅)ႏွစ္အား သမက္ျဖစ္သူ အာယုအာလီ (၂၆) ႏွစ္က အလယ္ရြာရွိေစ်းဆိုင္တြင္ ဧျပီလ ၅ ရက္ေန႕ နံနက္ ၁၁ နာရီ ၄၅ မိနစ္တြင္ ဓါးျဖင့္ ထိုးသတ္ခဲ့ျခင္း ျဖစ္သည္။

တရားခံျဖစ္သူမွာ သက္ေသခံဓါးျဖင့္ ဘူးသီးေတာင္ၿမိဳ႕မရဲစခန္းတြင္ လာေရာက္အဖမ္းခံခဲ့သည္ဟု သိရသည္။

ေသဆံုးသူ၏ ရင္ဘတ္၊ ၀မ္းဗိုက္၊ နံေဘးႏွင့္ လက္ေမာင္းတို႔ တြင္ ထိုးသြင္းဒါဏ္ရာမ်ားရရွိကာ ေသဆံုးခဲ့ေၾကာင္း ထြက္ဆိုသည္ဟု ဘူးသီးေတာင္ၿမိဳ႕မရဲစခန္းမွ တစ္ဆင့္ သိရသည္။

မႈခင္းျဖစ္ပြားရာေနရာသည္ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔ အပိုင္နယ္ေျမတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သျဖင့္ ဘူးသီးေတာင္ၿမိဳ႕မ ရဲစခန္းမွ ေတာင္ဘဇာရဲတပ္ဖြဲ႕စခန္းသို႔ အမႈကို လႊဲေျပာင္းေပးခဲ့သည္။

ေသဆံုးသူ၏ ဇနီးျဖစ္သူ မူစတာဖာခါတူ (၆၀)ႏွစ္က တရားလိုျပဳလုပ္၍ အာယုအာလီအား တရားစြဲဆိုသျဖင့္ ေတာင္ဘဇာ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕စခန္းမွ (ပ) ၉/၂၀၁၆၊ ပုဒ္မ ၃၀၂ အရ အမႈဖြင့္လွစ္ အေရးယူ ထားသည္ဟု သိရွိရသည္။

ခိုင္ခန္႕ေအာင္ (ဘူးသီးေတာင္)
Arakan State
https://www.facebook.com/NarinjaraNews

....................................................




နိရဥ္စရာ၊ ဧပြီ ၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်ကြီးထောင့် အလယ်ရွာတွင် သမက်ဖြစ်သူက ဇနီး၏ ဖခင် (ယောက္ခမ) ဖြစ်သူကို မသေမချင်း ဓါးနှင့် ထိုးသတ်မှုတစ်ခု ဧပြီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားရခြင်းမှာ ယောက္ခမဖြစ်သူ ဘင်္ဂလီ လူမျိုး အဘူတော်ယုတ်က သူ၏သမီးအား လင်ယောကျင်္ား ဖြစ်သူ ရှိလျှက် နောက်ထပ်ယောကျင်္ာ တစ်ယောက်နှင့် ပေးစားခဲ့သဖြင့် မကျေနပ်ရာမှ သားမက်ဖြစ်သူ အာယုအာလီ က ဓားမြှောင်ဖြင့် ထိုးသတ်ခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက နိရဥ္စရာသို့ ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် မောင်ကြီးထောင့်ကျေးရွာအုပ်စု၊ အလယ်ရွာနေ ဘင်္ဂလီလူမျိုး အဘူတော်ယုတ် (၆၅)နှစ်အား သမက်ဖြစ်သူ အာယုအာလီ (၂၆) နှစ်က အလယ်ရွာရှိစျေးဆိုင်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဓါးဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

တရားခံဖြစ်သူမှာ သက်သေခံဓါးဖြင့် ဘူးသီးတောင်မြို့မရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့သည်ဟု သိရသည်။

သေဆုံးသူ၏ ရင်ဘတ်၊ ၀မ်းဗိုက်၊ နံဘေးနှင့် လက်မောင်းတို့ တွင် ထိုးသွင်းဒါဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း ထွက်ဆိုသည်ဟု ဘူးသီးတောင်မြို့မရဲစခန်းမှ တစ်ဆင့် သိရသည်။

မှုခင်းဖြစ်ပွားရာနေရာသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အပိုင်နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် ဘူးသီးတောင်မြို့မ ရဲစခန်းမှ တောင်ဘဇာရဲတပ်ဖွဲ့စခန်းသို့ အမှုကို လွှဲပြောင်းပေးခဲ့သည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ မူစတာဖာခါတူ (၆၀)နှစ်က တရားလိုပြုလုပ်၍ အာယုအာလီအား တရားစွဲဆိုသဖြင့် တောင်ဘဇာ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းမှ (ပ) ၉/၂၀၁၆၊ ပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ် အရေးယူ ထားသည်ဟု သိရှိရသည်။

ခိုင်ခန့်အောင် (ဘူးသီးတောင်)
Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment